Wednesday, October 22, 2014

စိတ်ဒဏ်ရာကိုကုစားခြင်း

လူသားတစ်ယောက်အဖြစ်မွေးဖွားလာပြီးလူဘဝပတ်ဝန်းကျင်မှာ လိုက်လျော
ညီထွေရှိအောင်နေတတ်တယ်ဆိုရင် လူသားတစ်ယောက်အနေနဲ့နေပျော်ပါတယ်--ဘဝတစ်လျှောက်မှာရိုက်ခပ်မှုဆိုတာ ပုံစံအမျိုးမျိုး နဲ့လာတာကြောင့်ဒီဒဏ်တွေကို
ခံနိုင်ကျော်လွှားဖို့အားထုတ်မှုတွေဟာလူသား တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး--
စိတ်ဒဏ်ရာကုစားဖို့ဆိုတာ စိတ်ကိုအရင်ထိမ်းနိုင် ဖို့ လိုပါတယ်--စိတ်ဓါတ်ကျရောဂါ ဆိုတာဘာကြောင့်မှန်းမသိတခါတရံအလိုလိုပေါ်လာတတ်ပါတယ် --စိတ်ဓါတ်ကျရောဂါ
နဲ့အတူတူ ည တွေမှာ အိပ်မရတဲ့အဖြစ်တွေ ဒွန်တွဲ ပါလာတတ်ပါတယ်--လူတွေက ကိုယ်
ကျန်းမာရေး ကိုပဲ ဂရုတစိုက်ကုစားလေ့ရှိပါတယ် စိတ်ကျန်းမာရေး ကိုကုစားရကောင်းမှန်းမ
သိပါဘူး ဗုဒ္ဓဘာသာဝင်တွေမှာ စိတ်ကိုကုစားတဲ့ သမထဝိပသာနာ တရားကို လိုက်စားပြီး ကုစား နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေပါတယ်. မိမိစိတ်ကို နိုင်အောင်ထိန်းနိုင်ရင် ကိုယ်မှာဖြစ်နေ တဲ့ အနာရောဂါတစ်ချို့ပျောက်ကင်းနိုင်တယ် လို့ယုံကြည်ကြပါတယ်--
၁၉၉၃ ခုနှစ်ဇနီးရုတ်တရက်ကွယ်လွန်သွားတဲ့အချိန်မှာ သူ့အမေက"နေမယ်ဆိုရင်နေနိုင်သေး
တာပဲ--အခုမှ ဘဝ ကစခါစရှိသေးတယ် ဖြစ်ရလေသမီးရယ်" ဆိုပြီး ငိုပါတယ်--သမီး က ၁၇ နှစ် ၁၀ တန်း ဆိုတော့ မောင်တိုင်ပင် ဘယ်လိုစိတ် ထိန်းရသလဲဆို ရင်ငါ့ မှာ ဒီသမီးကိုလူ
တစ်လုံးသူတစ်လုံးဖြစ်လာအောင်လုပ်ပေးဖို့ တာဝန် ရှိပါသေးလားဆိုပြီး မိမိစိတ် ကို တာဝန်
ဆိုတာနဲ့ကုစား လိုက်ပါတယ်--အလုပ်ဖြစ်ပါတယ်--၆လ. ၉လ လောက်တော့ ခံစားရပါတယ်-- ကံကောင်းတာက ဆရာသမားကောင်းတွေ ရှိတယ် ခံစားနားလည်ပေးတဲ့ တပည့် တွေရှိ
တယ် ဒီလိုနဲ့ ဇနီးဆုံးပါးသွားပြီးနောက်ပိုင်းအလုပ်ကိုစနစ်တကျလုပ်တတ်တဲ့ဆရာသ
မားကြောင့် အလုပ်မှာ အောင်မြင်လာပါတယ်. သို့ပေမဲ့ သမီးဖြစ်သူအပေါ် အဖေတစ်ယောက်
ဆိုတဲ့ မေတ္တာ တရားအပိုင်းမှာ နည်းနည်း လစ်ဟင်းခဲ့ တယ်နဲ့တူတယ် -- သမီးဖြစ်သူက အခုချိန်မှာ အဖေကသမီးကို ဂရု မ စိုက် ခဲ့ ဘူး အလုပ်ပဲ လုပ်နေတာပဲ လို့ ပြောတာကိုခံရပါ
တယ်ပြန်စဉ်းစားရင် နဝတ နယက လက်ထက်တွေ မှာ ရုံးမှာ ဝန်ကြီးတွေတောင် အိပ်ရတော့ ကိုယ်လည်းဘာကောင်မို့လဲ-- အိပ်ရတာပေါ့-


-နေ့မအား ညမနား ဆိုတဲ့ human value တန်ဖိုး မရှိတဲ့ စလိုဂမ် တွေအောက်မှာ ကျွန်သဘောက် လိုလုပ်ခဲ့ ရတာကို တိုင်းပြည်အတွက် ဆိုတဲ့ အပြောလေးပဲရှိတာပါ။-- သူတို့တစ်တွေပဲချမ်းသာပြီး. ဒီကနေ့ မောင်တိုင်ပင် ပင်စင်ယူချိန် မှာသမီးတို့သာ စလုံး မှာ အလုပ် မ လုပ်ရင်ကိုယ့် ဘဝရှေ့ရေးတွေးတောင် မတွေးရဲဘူး--
ပြန်ပြောရရင် အခုလည်း စိတ်ဓါတ်ကျရောဂါ-- ညအိပ်မရတာတွေတစ်ခါတစ်ခါ ပြန်ပေါ်လာ
တတ်ပါတယ် --စိတ်မှာ ရောဂါ ဖြစ်လာရင် ငါ့ မှာ တာဝန်တစ်ခုခုတော့ ရှိနေပါလား ဆိုတဲ့အတွေးနဲ့ကုစားပါ-လူသားဆန်တဲ့ လူတစ်ယောက်အဖို့သူမှာ ယူရတဲ့ တာဝန်ဆိုတာအများကြီးပါ---ဒါမှမဟုတ်
inhaul exhaul ထွက်သက်ဝင်သက် ကိုမှတ်ပြီး စိတ်ကိုတစ်နေရာ တည်း မှာရှိနေအောင်ကု
စားပါ-- စိတ်ကို စိတ် နဲ့ ပဲ ကုစား မှ ရပါမယ် မိမိစိတ်အမြင် ကို အကောင်းမြင်တတ်တဲ့ အပိုင်းမှာထားပါ. မောင်တိုင်ပင် စိတ်ဒဏ်ရာ ခံစားဘူး လို့ဘယ် လိုကျော် လွှားမလဲ ဆိုတာ သိနေပေမဲ့. ငါ ကိုယ့်ငါ sucide လုပ် ပစ် လိုက်ရင် အားလုံးတော့အေးဆေးသွားလိမ့် မယ် လို့ အတွေးအမြင် မျိုး မပေါ်လာတတ်ပါဘူး--နောင်လည်းပေါ်လာမှာ မဟုတ်ပါ--ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ တရားများမြောက်များစွာရှိပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ တရားတွေလည်း၇ှိပါတယ်--နားထောင်မှတ်သား လိုက်နာကြည့်ပါ--စိတ်ဒဏ်ရာ ကိုကျော်လွှား နိုင်ခဲ့တယ် ဆိုတဲ့အတွေ့အကြုံ ကကိုယ်မှာ ရှိနေပြီလေ-------
L

No comments: