Wednesday, October 22, 2014

ပေါင်းဆန်ဆိုတာဘာလဲ

ဆီးချိုသမားတွေ fatty liver သမားတွေအတွက်မြန်မာနိုင်ငံမှာ အဆင့်မြင့် ပေါင်းဆန် parboiled rice ကိုစူပါမားကတ်တွေမှာရောင်းချနေပါပြီ---
ဒီကနေ့မြန်မာ့ပေါင်းဆန်မိတ်ဆက်ပွဲ ကိုတက်ရောက်ခဲ့ပါတယ်၊ UMFCCI မင်္ဂလာခန်းမမှာ
ကျင်းပပြုလုပ်ခဲ့တာပါ၊ အမှန်ကတော့ဒီပွဲကိုတက်ရောက်ခဲ့တာဟာဦးသောင်းဝင်းကိုဂုဏ်
ပြုချင်လို့ပါ၊ ဦးသောင်းဝင်းရဲ့ မဆုတ်မနစ်သောယုံကြည်ချက်နဲ့ဆန်စက်ပိုင်ရှင်များအသင်း
မှာစည်းရုံးဆောင်ရွက်နိုင်ခဲ့ လို့ယခုလိုအောင်မြင်မှုရခဲ့တာပါ။ သူလည်းMAPCO မှာဒါရိုက်
တာတစ်ဦးပါ။
လွန်ခဲ့သော၃ နှစ်လောက်ကဦးသောင်းဝင်းဟာပေါင်းဆန်ထုတ်လုပ်ဖို့ကိုရူးသွတ်ခဲ့သူပါ။
ပွင့်ပွင့်လင်းလင်းပြောရရင်ကုန်သွယ်လယ်ယာအတွေ့အကြုံကိုအခြေခံပြီးစဉ်းစားတာ
ကြောင့် ဦးသောင်းဝင်းရူးသွတ်တယ်လို့စဉ်းစားမိခဲ့တာပါ၊ အမှန်တော့ခေတ်ကပြောင်းနေပါ
ပြီ၊ဆန်စက်လောကမှာကုန်သွယ်လယ်ယာ ၀ယ် သယ် သို ကြိတ် လုပ်ငန်းတွေနဲ့အတူ
ဖြတ်သန်းခဲ့ရတဲ့ ဆန်စက်ပိုင်ရှင် ကြီးတွေနေရာမှာ လူငယ်ဆန်စက်လုပ်ငန်းရှင်များအစား
ထိုးဝင်ရောက်နေပြီဆိုတာသတိမပြုမိတာလည်းပါတာပေါ့၊ (ဥပမာပြရရင် ဦးမျိုးသူရအေး)
၃နှစ်ကျော်လောက်ကြာတဲ့အခါမှာတော့ ပေါင်းဆန် တစ်နှစ် ထုတ်လုပ်မှု တန်ချိန် ၄ သိန်း
လောက်နဲ့ ၂၀၁၅ ကုန်လောက်ကြရင် ပေါင်းဆန်ထုတ်လုပ်နိုင်တဲ့ ဆန်စက် ၃၀လောက်
ဖြစ်လာတော့မယ်ဆိုတာသိရပါတယ်--
စပါးစိုက်ပျိုးထုတ်လုပ်မှုမှာစပါးအထွက်တိုးအောင်တစ်ဖက်တစ်လမ်းကဆောင်ရွက်နေသ
လိုဆန်အထွက်နှုန်း(recovery) တိုးဖို့လည်းလိုပါတယ်၊ ပေါင်းဆန်ထုတ်လုပ်မှုကြောင့်ဆန်
ပမာဏတိုးတက်လာနိုင်ပါတယ်၊ ဒါလည်းသုံးသပ်ကြည့်ရင်စပါးအထွက်တိုးအောင်လုပ်သ
လိုမျိုးလို့ယူဆနိုင်ပါတယ်။
နောက်တစ်ခုကမောင်တိုင်ပင်တို့အရွယ်တွေအားလုံးနားလည်ထားတာက parboiled rice
ကိုပြုတ်ဆန်လို့ဖြစ်ပါတယ်။ဒါကလည်းကုန်သွယ်လယ်ယာ management မှာပြုတ်ဆန်ဆို
တဲ့ နံမည် ကခေါ်ရတာဆိုးပါတယ်။ ဒီ process ကပြုတ်တာ(soaking)သိပ်မှမလုပ်တော့
တာပဲ။ ပေါင်းတာ (steaming)ပဲလုပ်တာဆိုတော့ ပေါင်းဆန် လို့ပြောင်းခေါ်ကြရအောင်
ဆိုပြီးပေါင်းဆန် လို့ပြောင်းခေါ်ခဲ့တာပါ။ ဦးတိုးကြည် လက်ထက်မှာ လို့ ထင်ပါတယ်။ တကယ်တော့ပေါင်းဆန်ဆိုတာကနံမည်လေးကောင်းပါတယ်၊ ပြုတ်ဆန်ဆိုတာ အနံ့ရှိပြီး
အရောင်မညီညာဘူး၊ဒါကြောင့် ပေါင်းဆန် ဆိုတာ crystal rice, pearl rice လို့လည်း
ခေါ်ကြပါတယ်။
ပေါင်းဆန်ဟာ glycemic index 40 လောက်ပဲရှိပါတယ်၊ Emata white rice ဆိုရင်
၈၀-၉၀ လောက်ရှိပါတယ်၊ index မြင့်ရင်ဆီးချိုသမားနဲ့ မတည့်ဘူးလို့ဆိုနိုင်ပါတယ်၊
brown rice basmati rice တို့လည်း glysemic index နိမ့်ပါတယ်။ နောက်တစ်ခု
က oil content အလွန်နည်းပါတယ်။ နေ့စဉ်ဆန်စားနေတော့ အဆီ စားသလိုမျိုးဖြစ်
နေတာပေါ့--ဆရာဒေါက်တာဦးခင်မောင်ဝင်းပြောတာမှတ်သားဘူးပါတယ်၊ ဆန်အစား
များရင် fatty liver ဖြစ်တာပေါ့ တဲ့၊ ဒါကြောင့် ပေါင်းဆန် စားရင် fatty liver ဖြစ်ဖို့
အခွင့်အလန်းနည်းသွားပြီလေ။
၃နှစ်အတွင်းပေါင်းဆန်ထုတ်လုပ်တဲ့ဆန်စက်တွေအစီအရီ ပေါ်လာ ပါပြီ။ ပြည်တွင်းက
စားသုံးသူတွေ ပေါင်းဆန် ကိုပြောင်းလဲစားလာဖို့ promotion လုပ်ဖို့ လို နေပါပြီ။
market research လုပ်ရပါမယ်။ အရင်ဆုံး Facebook ထဲမှာ parboiled rice page
ဖွင့်ဖို့ပါ။ မောင်တိုင်ပင်တို့ လည်း တတ်သမျှ မှတ်သမျှတွေရေးပေးပါမယ်။ဈေးကွက်
ပေါက်ဖို့အတွက်စဉ်းစားမိတာကတော့-----
(၁) ကျန်းမာရေးရှုဒေါင့်ကဆန်ဖြူ လုံးတီးဆန် ထက်ဘယ်လိုကောင်းသလဲဆိုတာဖေါ်
ပြရန်
(၂) product labeling ကိုသေချာလုပ်ရန်--ထမင်းချက်နည်းအပါအ၀င်ဖေါ်ပြပါ--ပေါင်း
ဆန်လုပ်ထားတဲ့ မူရင်းဆန်အမျိုးအစားဖေါ်ပြပါ--
(၃) ထုပ်ပိုးမှုကို ပထမတန်းစားလုပ်ပါ--၂ကီလို ၅ ကီလို ၁၀ ကီလိုစသည်ဖြင့် လုပ်ပါ။
ထုပ်ပိုးမှုပစ္စည်းကို အကောင်းဆုံးအသုံးပြုပါ -- ကာလာ ၄ ရောင်ရိုက်ပါ။
(၄) ဆွေးနွေးပွဲအမျိုးမျိုး ပြုလုပ်ပါ။ MRTV 4 Skynet တို့မှာပြပါ။parboiled rice cooking
ကို OCEAN,City Martစသည့်ဈေးဝယ်စင်တာများမှာ သရုပ်ပြချက်ပြပါ--ထမင်းကိုမြည်း
ခိုင်းပါ--
(၅) research အနေနဲ့ cup rice ထမင်းကိုဗူးတွင်ထည့်ထားပြီးရေနွေးထဲနှစ်လိုက်ယုံနှင့်
ပေါင်းဆန်ထမင်းပူပူ စားလို့ရအောင်စမ်းသပ်ကြည့်ပါ။တစ်နှစ်အတွင်းမြန်မာတွေ ပေါင်းဆန် စားလာပါ လိမ့်မယ်။
MRF, Rice Miller’s Association, MAPCO အားလုံးယခုလို ပေါင်းဆန် ကို ၃ နှစ်လောက်အတွင်း အဆင့်မြင့်မြင့်ထွက်ပေါ်လာအောင်လုပ် နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါကြောင်း---

No comments: