Wednesday, October 22, 2014

Facebook ပေါ်မှ ရေးချင်ရာရာများ

ဆိုင်ကယ်တွေတရားဝင်ခွင့်မပြုသင့်ဘူးလား

၉ မိုင်အိမ်မှာမနက်လမ်းလျှောက်ရတာ risk များတဲ့အကြောင်းပြောပြပြီး ပြီ။ အခုပြောချင်တာက ဆိုင်ကယ်တွေ -- ရန်ကုန်မြို့ လမ်း ကြားတွေတိုင်းမှာ ဆိုင်ကယ်
တက်စီတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ လက်လုပ်လက်စားတွေအများ
ကြီးပါ--၉ မိုင်ဂေါက်ကလပ်က ကယ်ဒီတွေလည်း မလိုက်ရတဲ့အချိန် ဆို-ဆိုင်ကယ် ကယ်
ရီပြေးဆွဲပြီး မိသားစုဝင်ငွေရှာရတာပဲ။ မနက် ၅း၄၅ နာရီ လမ်းစလျှောက်တာနဲ့ လမ်းထဲ
ကို၁၀ ယောက် ၁၅ယောက် တစ်အုပ်စု စီ ၀င်လာတဲ့ လက်လုပ်လက်စားတွေ နေ့စဉ်
၁၀၀ကျော်လောက်ရှိမယ်-- မနက်၃နာရီ ၄ နာရီ လောက်ကထ လာခဲ့ ဟန်တူတယ်။ အိမ်ကလူက ထမင်းပဲ ထည့် ပေးလိုက်နိုင်ပြီး လမ်း ထိပ်က မုံဟင်ခါးဆိုင် အကြော်ဆိုင်မှာ နေ့ လည်စာအတွက်ဝယ်တဲ့သူတွေလည်းရှိရဲ့ ---ပြောချင်တာကတော့ လက်လုပ်လက်စားတွေဟာ တစ်နေ့တစ်နေ့ထမင်းစားရဖို့အတွက်ရှာရဖွေရတာ
နဲ့အတော်ပင်ပမ်းဆင်းရဲ မွမ်းကြပ်နေကြပါတယ်။
ဆိုင်ကယ်တွေကိုနေပြည်တော်မှာတောင်ခွင့်ပြုထားပြီး ရန်ကုန် မှာ လုံခြုံရေး ကြောင့် ခွင့်မပြုပါ။ “ “ “ဆိုင်ကယ်တွေကိုစည်းကမ်းတင်းတင်းကြပ်ကြပ် နဲ့ ရန်ကုန်တစ်မြို့ လုံး မောင်းနှင်သွားလာဖို့ ခွင်ပြု လိုက်မယ်ဆိုရင်“ ဘတ်စ်ကားတွေ လူစီးနည်းသွားမယ်--တစ်ချိန်တည်းမှာ ဘတ်စ် တွေကို လခ စားစနစ်လုပ် E card နဲ့စီး ခိုင်း ငွေပေးချင်လည်း ဒရိုင်ဘာကလက်ခံပေး-- day ticket လုပ်-- လပေး လက်မှတ် လုပ်--စပယ်ယာဆိုတဲ့ သကောင့် သားလူ့ ငနွား ကိုဖြုတ်ပစ်-- ဒါတွေ တပြိုင်နက်တည်း လုပ်ရပါမယ်။ ဆိုင်ကယ်တက်စီဆွဲချင်သလား စနစ်တကျ ကားတက်စီ တွေ လိုစည်း နဲ့ ကမ်းနဲ့ ထား--ခေါင်းဆောင်း မဆောင်းရင် ကြီးလေးသောဒဏ်ငွေဆောင်ခိုင်း-- မန်း လို ဆိုင်ကယ်လမ်း လုပ် နိုင်ရင် လုပ်-- လုပ်ချင်ရင်ပြောပါတယ်-- မလုပ်ချင်ရင်တော့ ၇န်ကုန်မြို့ ကလူအများဟာမွန်းကြပ်နေမှာ ပါပဲ--သူဌေး ခရုီုနီတွေ လူဂျီးတွေ ပဲ အသက်ရှုချောင်နေကြမှာ ပါ---ဘက်ပေါင်း စုံ က စဉ်းစားကြပါ-စကားအလှ ခေါင်းစဉ် အလှလေးတွေနဲ့ သီဝရီတွေဘာတွေနဲ့ ဆွေးနွေးနေ လို့ မပြီးပါဘူး- လုပ်ရင် လည်း သတ္တိ ရှိ ရှိ လုပ်ပါ--ငါတို့ ပဲ တိုင်းပြည်ချစ်ကြတဲ့ကောင် လို့ အလိုလို ဘ၀င်ကိုင်နေပြီး ဟိုနေရာ လေး အဲ လိုလုပ်ပါလား ဒီ လိုလုပ်ပါလား ၀င်ပြီး ဖေါရှော တော့ ၀င်မလုပ် ကြ နဲ့-- သေချာဘက်ပေါင်းစုံကစဉ်းစား--အစ်ကိုကြီး ညီလေး တွေ ဘေး ချိတ်ထား--စည်းကမ်းဟာစည်းကမ်းပဲ---လုပ်နိုင်မလား-----------
ကျန်နေသေးလို့-- ဆိုင်ကယ်စီးပြီးလုမယ်-- accident တွေဖြစ်မယ် လို့ပြောလာရင် မန်းလေး
ကော--ဘန်ကောက်ကော--KL ကော မရှိဘူးလား ရှိတာပဲ -- ပြည်သူ့ရဲတာဝန်လေ-- ကြီးလေး
သောပစ်ဒဏ်သာပေး-- ဟနွိုင်းမှာ ဆိုရင် ဆိုင် ကယ် accident ကြောင့် သေ လိုက်ကြတာ--အရင်က ဦး ထုတ်မဆောင်းဘူး သူဖါသာ သိလာကြတော့ ဦး ထုတ် ဆောင်း လာကြတယ်--
စည်းကမ်း မလိုက်နာ လို့ ဖြစ်တာဖြစ်ပါစေလေ----အရေးကြီးတာအများအတွက်အဆင်ပြေစေ ဖို့ပဲ----

စက်မှုဇုန်မြေကွက်မှသင်္ကြန်အမြောက်

ပြတ်ပြတ်သားသားအရေးယူမယ်တဲ့--ကြောက်ထှာ--စက်မှုဇုန်မှာ မြေကွက်ဝယ်ထားပြီး
ဘာမှမလုပ်ဘူးဆိုရင် ဘယ်နှစ် ကြိမ်မြောက်ပြောတာလဲ မသိ--ဒီတစ်ခါတော့ ပြတ်ပြတ်သားသားအရေးယူမယ်တဲ့-- Channel 7 Good Morning အစီအစဉ်မှာ ကြားလိုက်ရတာ--၀ယ်ထားတဲ့ ခရိုနီသေး --လတ်--ကြီး တွေ မြန်မြန်ရောင်းကြပေတော့--ဟိဟိ--သူတို့စိတ်ထဲမှာတော့“ ဈေးထပ်တက်အောင် တို့ လူကြီးတွေကတော့ လုပ်ပြန်ပြီ “ ဆိုပြီး ကြိတ်ပြုံးလေး ပြုံးနေမှာ မြင်ယောင်သေး--အခုထိမြေကိစ္စနဲ့ပတ်သက်လာရင် ပွင့်လင်းမြင်သာမှု transparency မရှိသေးတဲ့ သူများ ပြောတဲ့စကား တွေကို သူများတွေကတော့ ကန်တော့ပါရဲ့ --ဖင်ထဲတောင်မထည့်တော့တဲ့ သတင်း--မောင်တိုင်ပင်မှာ တော့ အံ့သြတကြီးဖြစ်သွားလို့ အသိပေးလိုက်ပါရစေခင်ဗျား-----


ခေတ်ကတော့ပြောင်းနေပြီပဲ


စဉ်းစားမိတာပါ၊ခေတ်ကတော့တကယ်ပြောင်းလာပြီလား၊ ဟိုး--အရင်တုံး ကဆိုရင် သာမန်ပြည်သူတွေကိစ္စဆိုရင် အာဂျင်ဒါ ပဲ ပါဖို့နေနေ --အလွတ်သဘောတောင်ပြောပေးကြတာမဟုတ်ဘူး--ဒီခလေး ၂ ယောက်ကိစ္စ အမှန်တကယ်ကျူးလွန်ရင်တော့ သူတို့ မိုက်ပစ်နဲ့ သူတို့ခံပေတော့--ဘယ်ပြည်သူသကောင့်သားကမှ သနားကြမှာမဟုတ်ဘူး---
အခုတော့ပြည်သူတွေဆန္ဒက မတရားတာလုပ်ရင် ပြည်တွင်းကကောင်တွေလုပ်လည်းခံမှာ မဟုတ်ဘူး--ပြည်ပကကောင်တွေလည်းမတရားလုပ်တယ်လို့ ကြားရင်ကို မခံ နိုင်ကြဘူး--အခုလို
ချစ်ကြည်ရေးခရီး လာရောက်ချိန်မှာ တပ်ချုပ်က ခလေး ၂ ယောက်ကိစ္စကို တရားမျှမျှတတ နဲ့ စစ်ဆေးဆောင်ရွက်ပေးဖို့ပြောခဲ့ပါပြီ--ဒါဟာပြည်သူ့ဆန္ဒကို တပ်အနေနဲ့ ပထမဆုံးအကြိမ် ကိုယ်တိုင်မေတ္တာရပ်ခံတာဖြစ် လို့ ထိုင်းဝန်ကြီးချုပ်လည်း သူလူတွေကိုလွှတ်ထားရဲတော့မှာ မဟုတ်ပါဘူး-တပ်ချင်းပြောတာမိုလို့ တပ်ကတက်လာတဲ့ ယပက်လက်လည်း သူလူတွေပြန်ကိုင်တွယ်ရပါတာ့မယ်- မလုပ်ဘူးဆိုရင်ကော ? မေးလာရင် ထိုင်းတွေရဲ့ အကျိုးစီးပွား မြန်မာဆီမှာအများကြီးပါ--လောလောလတ်လတ် ဘဏ်ဖွင့်တာပဲ ပြန်စဉ်းစားအုံးမယ် လို့ လုပ်ပစ်လိုက်လို့ ရပါတယ်--ဒါကခလေးတွေး တွေးပြောတာပါ-- နှစ် နိုင်ငံ ချစ်ကြည်ရေး ကအရေးကြီးဆုံးပါ--သူများပြည်တွင်းရေးကိုဝင်စွက်တာမဟုတ်သလိုကိုယ့် ပြည်သူပြည်သားတွေ ကိုမျှမျှ တတ ဖြစ်စေဖို့ အစိုးရက ကြားဝင်ဆောင်ရွက်တာကိုကြိုဆိုပါတယ်-- ကောင်းမွန်သော လုပ်ရပ်တစ်ခုတော့လုပ်ပါလိမ့်မယ် လို့ ပြည်သူတွေကမျှော်လင့်ထား တဲ့ အတိုင်းဖြစ်လာခဲ့ တာမို့ ၀မ်းမြောက်ကြမှာ အမှန်ပါ--လူလူချင်းကိုယ်ချင်းစာတရားများထားပြီး လူ့အခွင့်အရေးများလေးစား လိုက်နာနိုင်ကြပါစေ-------

ခွဲခြားဆက်ဆံခြင်း

အော်. တရုတ် တရုတ် ပီအာစီ -- တို့မြန်တင့် မန္တလေးမှာပီအာစီ ဆို သောက်မြင်ကတ် ရန်ကုန်မှာ လည်းမထူး --စလုံးကြတော့လည်း ပီအာစီ တွေသူတို စလုံးတွေ ဘူးလီး လုပ်တာတွေ ရေးကြ-- မန့်ကြ-- ဆဲကြ--နဲ့ မိုးမွှန်နေတာပဲ-- စလုံးတွေကတော့ သူတို့အာဏာရပါ
တီ ပီအေပီ ကို ဝိုင်းဆဲကြတယ် -- မြန်မာ လည်း အရင်စစ်အစိုးရ လုပ်ရပ် ကြောင့် ပီအာစီ တွေလူဝါးဝ တာတွေကို အမြင်ကတ် ကြတယ် ဝိုင်းဆဲကြတယ်--အခု လက်ရှိ အစိုးရ က လည်း
ပီအာစီ ဆိုရင် သာသာ ထိုးထိုးလေးတွေလုပ်ပေးချင်ကြတယ်. စလုံးအစိုးရ ကလည်း အရင်
က ဖဦးထုတ်. ယပက်လက် နဲ့ ရွှေ. တွေ အလုံးအရင်းနဲ့ဝင်လာမှာ စိုးတော့ ပီအာစီ တွေ ကိုတရုတ် အချင်းချင်းဆိုပြီး ပိုပြီး ဦးစားပေးတယ် အခုတော့ စလုံးတွေ ကိုယ်တိုင်က ပီအာစီ တွေ ဝင်လာရင် သူတို့ တွေအားလုံး တတိယတန်းစား နိုင်ငံသားတွေ ဖြစ်ကုန်တော့မယ်လို့
စိုးရိမ်လာကြတယ်--မလေး နဲ့လူဦးရေ. ဘဲလင်စ်. လုပ်ချင်လို့ တရုတ် ပီအာစီ ခေါ်သွင်းတာ. တရုတ်စကား မင်ဒရင်း ကို ဦးစားပေးပြောတတ် ရမယ် ဘာညာတွေ လုပ်တာကို စလုံး တွေ 
မကြိုက်ရေး ချ မကြိုက်-- အခုတော့မလေး တရုတ်တွေ ကို ခေါ်သွင်း လာပြန် ပီ--အဲတော့ 
တို့ မြန်မာ -- စလုံး -- ဖဦးထုတ် ဗီယက်နန် တွေမှာ တရုတ်လူ မျိုးရေးခွဲခြားချင် တဲ့ စိတ်တွေ ဒေသခံရင်တွေ ထဲမှာ တစ် စ တစ် စ ခိုအောင်းလာတာ ဟာကောင်းတဲ့ လက္ခဏာ တော့ မဟုတ်ပါ --ပီအာစီ ကလည်း ဖင်ခေါင်း က ကျယ်ချင်သလား မမေးနဲ့--ပီအာစီ. မရှိရင် မင်းတို့ထမင်းငတ်သွားမယ်တဲ့ -- စလုံးတွေတောင်ကြိမ်းတာ--၁၉၈၀ တစ်ဝိုက်က ပီအာစီ တွေ
ချီးယို တဲ့ အိမ်သာ တွေမှာ. ကျားမ မခွဲဘူး. တခါးမရှိဘူးနှစ်ပေါင်း ၃၅ နှစ် အကြာ မှာ ဒီနေ့ အခြေအနေ ဖြစ်နေတော့ ဖင်ခေါင်းကျယ်ချင်စရာပဲ. တို့ မြန်မာ ကတော့ ကျသွားပေမဲ့ ပြန်တက်စတော့ ပြု လာပါပြီ--
The Real Singaore ကိုဖတ် မိပြီး ပေါ်လာတဲ့ အတွေးပါ---

ရန်ကုန်က landmark တွေ


ငါ့ကိုဆရာကြီး WHO ကကျော်မျိုးဦး လို့အမည်အသစ်ပေးတယ်. ချိန်းတဲ့နေရာ ကိုကျော်ကျော်ကားမောင်းသွားလို့ တဲ့. နယ်မြေဒေသ
အခြေအနေ ကလည်း ၃ လလောက်အတွင်း အမြဲပြောင်းလဲ နေတာရယ်. စည်းကမ်းမရှိ တဲ့ရန်ကုန်
မှာကားမောင်းရင် ကိုယ့် ဘယ်ကောင်လာတိုက်မလဲ
ဆိုတာရယ် ရှေ့ကကား ဘယ်အချိန် ဒက်စတော့ ရပ်
မလဲဆိုတာရယ်. လက် ညှိးလေးတစ်ချောင်းထောင်
စပယ်ယာ ငနဲသား အမောင် ဘတ်စ်ကား ကဘေးက
ဘယ်အချိန် ဖြတ်ဝင်လာမလဲ ဆိုတာရယ် အမြဲသတိ
ထားနေရတော့ ကားမောင်းရင် ဘေးဘီ ဘယ်ညာ ၂
ဖက် မကြည့်ရဲပါ-- မောင်တိုင်ပင် GPS နဲ့မောင်းရင်
ကောင်းမယ်နဲ့တူတယ်နော် မြေပုံ ဝယ် လို့ရလား. ဟင်. 
မကြာခဏဆိုသလိုရောက်နေတဲ့ သစ္စာလမ်းပေါ်က ဆေးဆရာကြီး အိမ်ကိုကျော်မောင်းသွားပါတယ်. သူ
အိမ် landmark က ဖိုးလမင်းရေခဲမုန့်. သို့သော် နောက်
ပေါ် hotpot ဆိုင်က ၃ထပ် တိုက် ဆောက် လိုက်တော့
မောင်တိုင်ပင် landmark ပျောက်ပြီးလွဲသွား တာပေါ့လေ.

ဘဏ်တိုးနှုန်းမများပါဘူး

တကယ်လည်းဖြစ်နေတာပါ--လူလည်ကြီးသားသမီးတွေ လုပ်နေပါတယ်--ဘယ်အချိန်ဘယ်လိုခံရမလဲ မသိပါ--လက်၇ှိအခြေအနေအချိန်အခါအရ မြန်မာဘဏ်များကယူသောအတိုးနှုန်းမများပါ အားလုံးအတွက်စဉ်းစားပြီး
ရှိသင့် ရှိထိုက်သောအတိုးနှုန်းဖြစ်ပါတယ်--သံယောင်လိုက်ပြီး အတိုးနှုန်း
များတယ် များတယ်အော်မနေကြပါနဲ့-အများပြည်သူမှာ ရွှေလည်းမ၀ယ်ထား နိုင်
ကားဆိုတာလည်းဝေးရော- မြေကတော့ သာ၍ဝေးရာဆီ သို့ပါ-- ဘာလုပ်စားမလဲ   ကိုမသိ
တော့ပါ လို့ အော်နေတဲ့ ဒီခေတ်ကြီးမှာ ပင်စင်စားများ ရှိတာလေးမြုပ်နှံထားလိုသူ
များအတွက် ဘဏ်ဆိုတဲ့အခွင့်အရေးလေးတစ်ခုတော့ ချန်ပေးထားပါ လို့ထပ်ပြီးပြောချင်ပါတယ်


ဘုရင့်နောင်လမ်းတော့ကြောက်သွားပြီ

ဝက်သားတစ်မျိုးတည်းရောင်းတယ်ဆိုတဲ့ အရင်ဆင်မလိုက်ဈေး ဘေး ကလမ်းမှာ “ကရင်မကြီး ထမင်းဆိုင်” ရှိတယ်--အဲဟီမှာ ၀ါးတီးဆွဲ မယ်ဆိုပြီး မနေ့ က lunch အချိန်မှာ ဘော်ဒါ ၃ ယောက် ဂေါက်ရိုက် အပြီး ထွက်လာတာ ဘုရင်နောင်လမ်းမကြီး ကိုလမ်းပြောင်းပြန်ဝင်မိတော့ ရှေ့  မှာ ပြန် “ဂ” ငယ်ကွေ့ ကွေ့
မယ် လေ ဆိုပြီးမောင်းလာ လိုက်တာတစ်ဖက် ယဉ်ကျောမှာ ကားဘယ်လောက်များသလဲ
ဆိုရင်ကားတွေ ကုန်ကားကြီးတွေ ဖင်ချင်းပေါက်ပဲ--ဘယ်အထိ လည်းဆိုတာတောင်
မသိနိုင်တော့ဘူး-- ဒီပုံစံအတိုင်းဆိုရင် ”ဂ” ငယ်ကွေ့  ကွေ့  ပြီး ယဉ်ကျောနောက် ကလိုက်ရင် ညနေတောင်ထမင်းဆိုင်ရောက်မှာ တောင် မဟုတ်ဘူး
ဆိုပြီ ညာကွေ့  ပြန်ကွေ့  ပြီးတခြား လမ်းကျော ၀င်တာတောင် တစ်နာရီကျော်လောက်တန်း
စီရတယ်-- ပထမဆုံး အကြိမ် ဘုရင်နောင်လမ်း ကားကြပ်တာကို နဖူးတွေ့  ဒူးတွေ့ တွေ့
လိုက်တာပါ--”မွန်းကြပ်နေသောလူတွေ နဲ့ ကားကြပ်နေသော ရန်ကုန်ပါ“ လား

မန်မာလိုပြန်သင်အုံးမယ် တဲ့


ရာဇဝင်ဘီးတစ်ပတ်ပြန်လည်လာပြန်ပါပြီ--အထက်တန်းတွေမှာ ဘာသာရပ်တွေကို မြန်မာ လိုသင်အုံးမယ် တဲ့ -- မောင်တိုင်ပင်တို့ ဗိုလ်ကျောင်းထွက်တွေပါ --ဗိုလ်ကျောင်းထွက်တိုင်း အင်္ဂလိပ် လိုရွှတ်ရှက် ဒွတ်ဒက် ရတယ် မထင်ကြပါနဲ့. တကယ် ပထမဆုံးအချိန် နိုင်ငံခြားရောက်သွားတော့ ဟိုကမေးတာ တခြားကိုယ် ကဖြေတာတစ်မျိုး ဖြစ်ခဲ့ပါတယ်-- ပြည်တွင်းမှာ အင်္ဂလိပ်စာ တော်ယုံ တတ်ယုံ နဲ့နိုင်ငံခြား မှာ နားထောင် ခြင်း ပြန်ပြော ခြင်း များမရနိုင် ပါ listening ကအရေးကြီးဆုံးပါ ဘာသာရပ် ကို ဗမာသံနဲ့ပဲ ဖြစ်ဖြစ် အင်္ဂလိပ် လို နားရည်ဝ နေဖို့ မလိုဘူးလားဗျာ--
international forum တွေတက် တိုင်း subject လည်း ကျွမ်းရပါမယ် English လည်းကျွမ်းရ ပါမယ် ဒါမှ သာ ကောင်းကောင်း participate လုပ် နိုင်ပါမယ် ဆွေးနွေးပွဲ တချို့မှာ တခါတရံ ရိုးရှင်းသော topic ကို ကုလားတွေက လုဆွေးနွေးတော့ ကိုယ် က ဘာတွေးလဲ -- သိလား--လူတိုင်းနားလည်နေတာပဲ. ဘာ ဒီကုလားတွေ သမားဂုဏ်ပြနေတာလဲ လို့ တွေးမိတယ်. ဒီကုလားတွေမောင်တိုင်ပင်တွေးသလိုမျိုး တွေးမိပါတယ်. ဒါပေမဲ့ သူတို့က training ground လိုမျိုး သဘောထားဆွေးနွေးလေ့ကျင့်ကြတာ--ကိုယ်တို့ မြန်မာ တွေ exposure တွေ ရဖို့ လိုပါသေးတယ်. တခါ ဆရာဖေ သက်ခင် WHO အစည်းအဝေးတစ် ခု မှာ Myanmar ဆိုတဲ့ name plate ကို သူ့ရှေ့မှာ ဒေါင် လိုက် ထောင် ထားတာ ကို TV မှာမြင်တော့ ကိုယ့် နိုင်ငံ name plate ကို မရိုမသေ လုပ်တယ် ဘာ ညာ comment ရေးကြတယ် တစ်ခုကံကောင်း
တာက တချို့ comment တွေ က ဒီလိုလုပ်တာ panel လူကြီးတွေမြင်အောင် ကိုယ်ဆွေးနွေး လိုပါတယ် ဆိုတာမြင်အောင် international forum မှာ ဒီလိုပဲလုပ်ရတယ် လို့ ပြန်ရေးကြတယ်. တော်သေးတာပေါ့ ဒီလို သိတဲ့ သူတွေ လည်းရှိ လို့-- professional တွေ subject. နိုင် တယ် English နိုင်တယ် ဆို တော့ ဒီ လို ဆွေးနွေး နိုင်တာပေါ့. မိုးကျ တွေ သွားတက်ကြတာ ကြည့် ပါလား name plate က always လှဲရက်လေးပဲတွေ့ ရမှာ-- အဲတော့ပြောရရင် မြန်မာတွေ ယပက်လက်ထက်သာ တာ ဒီတစ်ခုပဲရှိပါတယ်. ကြည့်လုပ်ကြ ပါအုံး--ဘာသာရပ်တွေ မြန်မာလိုသင်ရင်တော့ ခေတ် နောက်ပြန်ဆွဲ ဖြစ်နေပါလိမ့်မယ် ဒီကနေ့ လူငယ်တော်တော် များများ ဖိုရမ် တွေမှာ subject. နိုင်နိုင် အင်္ဂလိပ်စာ ပိုင် နိုင်စွာဖြင့် တန်းတူ ရည်တူ ဆွေး နွေး လာ နိုင် ကို တွေ့ ရပါတယ်--အခု နောင် အနှစ် ၂၀. - ၃၀ မှာ လာ မဲ့ မျိုးဆက်သစ် လူငယ် ခလေး လေး တွေ အတွက် ကိုယ်လူတွေ ကဘယ်လောက် လုပ် နိုင်သလဲ--တခါးပွင့် လာလို့exposure ရခွင့် ရှိလာတော့ မဲ့ အချိန်မှာ မြန်မာလူငယ်တွေကို ဘာသာရပ် မှာ အင်္ဂလိပ် လိုကျွမ်းစေချင်တယ်-- နောင် အနှစ် ၂၀ ကျော်လောက်မှာ လူတလုံး သူတလုံး ဖြစ် လာမဲ့ မြန်မာ လူငယ်တွေ အင်္ဂလိပ်စာ လောက်တော့ ကမ္ဘာ့ အဆင့် မီစေချင်ပါတယ် ---ကိုယ့်အမြင် ကိုယ့် အတွေး ကိုတင်ပြခြင်းပါ. လွတ်လပ်စွာ လူကြီးလူကောင်းပီသစွာ. သဘောကွဲ နိုင်ပါတယ်--


ရန်ကုန်မြို့ တွင်းကအမြန်လမ်းများ

ပြည်လမ်း-- ကမ္ဘာအေးဘုရားလမ်း--စတဲ့လမ်းမကြီးတွေဟာ နောင်ဆိုရင် ရန်ကုန် မြို့မှာ expressway ဖြစ်လာနိုင်တဲ့ လမ်း
တွေပါ -- expressway မှာ လမ်း
ကူးချင်သူတွေအတွက် လူကူး ဂုံးကျော်တံ
တားတွေ ထားပါတယ်. အခုလည်း
ဂမုန်းပွင့် ရှေ့မှာဆောက်နေပါပြီ--
expressway အဝင်အထွက် exist တွေလည်း ထား ထားပါတယ် ဒီအတွက်တော့ အခုဆောက်နေတဲ့ ကားကူးတဲ့ ဂုံး
ကျော်တံတားတွေ ပေါ့---အခုဆိုရင် ပြည်လမ်း ကမ္ဘာအေးဘု
ရားလမ်း တွေပေါ်မှာ ကားတွေအရမ်းရှုပ်လာတော့လူတွေလမ်းကူးရတာ အန္တာရာယ်
တော်တော်များပါတယ်-- လူကူးမျဉ်းကြားတွေထားပြီး peak. အချိန်မှာ လုပ်အားပေးတွေ
နဲ့ ထိန်းပါတယ်. ယဉ်ထိန်းတောင်
ဂရုမစိုက်တာ လုပ်အားပေးတွေ
လောက်တော့ ကားမောင်းသရမ်း
ချင်တဲ့ကောင်တွေက ဂရုမစိုက်ပါ--
ဒီလူကူး မျဉ်းကြားတွေကို ပြန်လည်
သုံးသပ် နေရာချထားပြီး စက္ကန့် ၆၀ စက္ကန့် ၄၀ မီးပွိုင့် များထားပေးရင် လမ်းကူးသူ
တွေအတွက်အဆင်ပြေနိုင်ပါတယ်
တိုင်းပြည်တော်တော်များများ လမ်း
မကြီး တွေမှာ လူကူးမျဉ်းကြားထား
ရင် မီးပွိုင့် နဲ့ ပဲ ထိန်းပါတယ် -- လူကူးမျဉ်းကြား မှာ ကားတွေစည်းကမ်းရှိစွာဖြင့် ရပ်ပေး
လိမ့် မယ် ဆိုပြီး ဒီ အတိုင်းလွှတ်မထားပါ ရန်ကုန်မှာမျဉ်းကြားကကူးရင် ဘယ်ကားများရပ်ပေးတာတွေ့ပါသလဲ. research လုပ်ကြည့်ပါ---ကျနော် တို့တတွေ ကူးရင်လည်း
ရင် တထိပ်ထိပ် နဲ့ပါ-- မဟာမြိုင်
လူကူးမျဉ်းကြားမှာ မရှုမလှ သေဆုံး ရတဲ့ ပြည်သူတစ်ဦး ဖြစ်စဉ် ကို သုံးသပ်ကြည့်ပါ မီးပွိုင့်
နဲ့ နီးတဲ့ လူကူးမျဉ်းကြားတော့ ရွှေ့
သင့်ပါတယ် -- ဥပမာ မြေနီကုန်း
ဒဂုန်စင်တာ ရှေ့ ဖြစ်ပါတယ်--

စည်ဆိုတာ တီးမှ မြည်တာလား

မှတ်မှတ်ရရလေးတွေက ဘဝတစ်လျှောက်လုံးမှာရှိခဲ့ဘူးပါတယ်--ဦးနေဝင်းလက်ထက်ကပါ-- မောင်တိုင်ပင်အဖေက မန်းတက္ကသိုလ်မှာမြန်မာစာပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေ
တုံးကပါ--အဲဒီအချိန်ကပညာရေးဝန်ကြီးက မြန်မာ့ပညာရေးကိုဖျက်ဆီးခဲ့သူလို့အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဒေါက်တာညီညီပါ--
မန်းတက္ကသိုလ်ကိုလာရောက်စစ်ဆေးပါတယ်။အဖေက ဦးမောင်မောင်တင် တို့နဲ့အတူတူ မြန်မာ့စာပေဆိုင်ရာ ပြတိုက်လေးတစ်ခုတည်ထောင်ထားတယ်-အခုရှိလား မရှိလားတော့ မသိဘူး- အဲဒီပြတိုက် ကိုလာကြည့်ရင်း မောင်တိုင်ပင်အဖေ ကိုပြောလိုက်တဲ့စကား ရပ်တစ်ခု ကို အဖေက အမှတ်မထင်ပြန်ပြော လို့ သိခဲ့ရတာပါ-- သူက" ဆရာက စည်လိုပဲ တီးမှ မြည်တာနော် " တဲ့-- အဖေကလည်းသူဘာရည်ရွယ်ချက်နဲ့ပြောမှန်းမသိပါ-- အလုပ်တစ်ခုကို တွန်းတွန်းတိုက်တိုက် လုပ်-- မင်းလုပ်ရင်လုပ် မလုပ်ရင်တော့ဆော်တော့မယ် ဆိုတာမျိုးလား -- အဖေကတော့ သူဘာကြောင့်ပြောတာလည်းဆိုတာမောင်တိုင်ပင်တို့ကို
ရှင်းမပြဘူး စိတ်ဆိုးနေပုံလည်းမပေါ်ဘူး-- အမေ ကို ဧည့်ခန်းမှာ လ္ဘက်ရည်သောက်ရင်း စကားစမြည်ပြောနေတုံးပြောတာကိုကြားရတာ--မောင်တိုင်ပင်အနေနဲ့စဉ်းစားတတ်တဲ့ အရွယ်ရောက်နေတော့ ဒီစကားကိုအဲဒီအချိန်က တွေးခေါ်သုံးသပ်နိုင်တဲ့စွမ်းအား လေးနဲ့စဉ်းစားကြည့်တာပါ--အခုကြီးလာတော့ ပညာတွေအတွေ့အကြုံတွေ စာဖတ်ခဲ့တာကြောင့် ရလာတဲ့ အသိအမြင်တွေ အရ ပညာတတ်တော်တော်များများဟာ
သူတို့ကိုမေးမှ တိုင်ပင်မှ ကူညီပါ လို့ပြောမှ ပြောတတ်တာပဲ--- ဒီခေတ်မှာ ပိုသိသားသေး-- ဘေးထိုင်ပြီးရတာလေးနဲ့စား ရှိတာလေးနဲ့ရောင့်ရဲ နေတဲ့ ပညာတတ်တွေ အများကြီးပါလားလို့ -- ခပ်စွာစွာ ကိုယ့်စည်ကို မြည်အောင် လုပ်နေတဲ့ ပညာတတ်တွေလည်းရှိပါတယ် --- တစ်ခုစဉ်းစားမိပါတယ် --ဒေါက်တာ
ညီညီ ပြောသလို တီးမှ မြည်တဲ့ စည် အဖြစ်နေတာကောင်းလား ကိုယ့်ဖါသာ မြည်အောင် လုပ်တဲ့ စည်ဖြစ်အောင်လုပ်သင့်ပါလား ဒီခေတ် က ကိုယ်တတ်တယ် ကိုယ်ကျွမ်းတယ်လို့ မရှက် မကြောက်ကျေညာပြီဆိုရင် လူတွေက ဟုတ်တာမဟုတ်တာ အပထားနောက်ကတော့လိုက်လာတဲ့လူတွေ follower တွေရှိလာတာပဲ။ တကယ်ကျွမ်းကျင်တဲ့သူတွေက အဲလိုလုပ်ရမှာ ရှက်တတ်တယ်ဗျ၊ ဒါအပြင် မိုးကျ တွေ ကလည်းနရာတကာမှာ ရှိနေလို့ပြောရတာခက်သား------

ဖွဘုတ်နဲ့ မပုတု

DBS CEO ကြီး က CNA interview မှာ social media ဖြစ်တဲ့ Facebook ကိုတစ်နေ့ မီနစ်၂၀လောက် မနက်ပိုင်းမှာ အချိန်ပေးသုံးတယ် တဲ့ အင်တာဗျူးမှာဖြေသွားတယ်-- ဘာ
အလုပ်မှ မရှိ ပင်စင်နာ ရောဂါရှိတဲ့
မောင်တိုင်ပင် လည်းသူ့ လမ်းစဉ်လိုက်ပြီး မနက်ပိုင်း ဘာသာရေး လုပ်ပြီး မှ ဖွဘုတ် ကို
၂၀ မီနစ်တိတိ အသုံးပြုတော့မယ်
ဖွဘုတ်ကပျောက်သွားရင် ဟိုရှာ
ဒီရှာလုပ်နေတဲ့ အ ဖဲ့ မခံရ ရင်အ
ယားမပြေ. အညောင်းမပြေ. ဖြစ်နေတဲ့ " ပန်း" အမည်ပါတဲ့ ငနာ
တွေ. ဆင် လီး ခွေးမျှော်နေသလို 
မျှော် မ နေကြနဲ့. ရိုင်းရိုင်းပြော မှ
နားထဲ ဝင်တယ်. နိုပ်ကွပ် ခံရမှာ
ကြောက်နေတဲ့. "လူဂျီး" တွေလည်း မပူ့ နဲ့. နှမ်းတစ်လုံး
နဲ့. ဆီ. မဖြစ်ပါဘူးလေ. လို့ ခံယူ
ထားတယ်. နောက် ဆောင်ပုဒ်ပြောင်း လိုဂို ပြောင်းတဲ့
"မပုတု" ကလည်း အဝိုင်း လည်
တဲ့ အဆင့် ကမတက်လို့ ဘာတွေ
ပြောင်းပြောင်း. ငါမပြောင်းသော " မပုတု " လို့ပြည်သူတွေ ချစ်စနိုးလေးခေါ်နေ မှာပဲ. ကျေးဇူးတင်ပါတယ်. အခုဘောနပ်
လေး နဲ့ စလုံးကိုမြေးလွမ်းရင်ခေါ် 
လိုက် မကုန်သေးဘူး. ကိုယ့် ကို ကိုယ် ထိန်းချုပ် ကန်သတ် လိုက်
တာ အဲဒါလည်းပါတယ်. အိုးပြော ဂျိုးပြော လုပ်ခဲ့ပေ မဲ့ "မပုတု " က မြန်မာလေ-- ဂျပန် လင် နဲ့ ပေါင်း
ပြီး မိဘ တွေကို စောင့်မ ကြည့်နေလို့ နောင်ဆိုရင်သူတို့
promotion တွေမှာ ၁၅ သိန်း. ၂ သိန်း တို့စာချုပ် ထားသူတွေပြန်
အမ်းတဲ့ promotion တွေ ပါ ပါ
လာမှာ--မပုတု. ကိုအမြဲဆဲနေတဲ့ 
မောင်တိုင်ပင်. နောင်ဆို မဆဲတော့
မှ မဆဲတော့ပါ. တစ်နေ့ ၂၀ မိနစ် ၄၀ကျပ် ဖိုးပဲ တော်ပြီ. ဒါတောင် တစ် လ ၁၂၀၀ ကျပ် ပင်စင် ရဲ့ ၉ % တော် လောက်ပြီ. စလုံးကဘော်ဘော် တွေ နင်တို့ ငါ ကို ဖဲ့ လည်းလက်ညောင်းယုံပဲ ---ဒါဗြဲ----

ထမင်းကြော်နဲ့ဝက်သားဟင်း

မုတ်ဆိတ်ပျားစွဲ တဲ့ -နေ့ -တစ်နေ့ညီလင်မယား
နဲ့အတူ Feel မှာ ဦးနော ပြည်ပလာတာလုပ်တာနဲ့
ကြုံလို့ ဝင်စားဖြစ်ကြတယ် -- စားစရာတွေ
အကြောင်းပြောကြရင်း စမ်းချောင်း ကိုးသိန်းလ္ဘက်ရည် ဆိုင် နားမှာ ဘိတ်ထမင်းကြော် ဝက်သားဟင်း နဲ့စားလို့
ကောင်းကြောင်းပြော ရင်း ဆိုင်က ညနေ ၅
နာရီခွဲ ကျော်မှ ဖွင့်တာဆိုတော့ ဝယ်ပြီးလာ
ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်-
ဒီကနေ့ဝက် သုံးထပ်သားရယ်နံရိုး ရယ် ထမင်းကြော်ဝယ်ပြီးသွားပို့တယ်--ဖြစ်ချင်
တော့ ကိုစိုးညီ ကမိထ္ထိလာသွားနေတယ် ဒါ
နဲ့ ညီလင်မယားက မောင်တိုင်ပင် အိမ်ယူလာပြီး ပေါ့တလပ် ပေါ့ ထမင်းလာ
စားကြတယ် -ဝက် သုံးထပ်သား နဲ့ ထမင်း
ကြော် သူ့ အချဉ်ကပြေပြေလေး-- ညစာထ
မင်းမစားတဲ့ကောင် -- နှစ်ပန်းကန် အသာလေးပဲ---လိုက်ပွဲ နဲ့ မှ ၁၀၀၀ကျပ်ပဲ
အခုတော့ ဘိတ်သား ကြီး တပည့် ဖွင့် ထား
တာ ဓါတ်ဆီ ဆိုင် နားမှာ ညနေ ၅နာခွဲကနေ ည ၁၀နာရီခွဲ လောက်ထိဖွင့်ထားတယ် --- ကောင်းမှ
ကောင်း တစ်ခြားဟင်းတွေ နဲ့လည်းရတယ် လွန်ခဲ့သော ၃-၄ နှစ်လောက်က ကိုးသိန်းနားမှာ ဘိတ်သားကြီး ဖွင့်တုံးကစား ဘူးတယ် -- အခု တပည့် ဖွင့်
တော့ သူ့လက်ရာ မီတယ်--တစ်စီ ဆရာ
တွေ အုံ နေတာပဲ တဲ့--ကြုံ ရင် ဝင်စားကြည့် ပါဘော်ဘော် တို့---
ကြုံရင် ထပ်လာပို့ပေးအုံးမယ်-

တာဝန်သိဖို့ လိုတယ်


ဒီကနေ့မနက်လမ်းလျှောက်ထွက်တော့ Ocean Super Center ရှေ့ ပြည်လမ်းပေါ်မှာ စည်ပင်က
သန့် ရှင်းရေးဝန်ထမ်းတွေလမ်းပေါ်မှာပေကျံနေတဲ့အမှိုက်တွေကိုတမြက်စည်းတွေနဲ့ လှဲထုတ်နေ
တာကိုတွေ့ရတယ်။ မြေကြီးသယ်တဲ့ကားတွေသယ်ပြီးအထွက်မှာ ဘီးတွေအားလုံးကိုရေပိုက်နဲ့
ဆေးမထုတ်တာရယ် မြေကြီးတွေကိုကားပေါ်မှာမဆန့်မပြဲ အပြည့်တင်ပြီးအဖုံးမပါတာရယ်ကြောင့်
လမ်းပေါ်မှာ မြေကြီးတွေကျကုန်ပြီး ညကမိုးရွာတဲ့ အခါလမ်းပေါ်မှာရွှံ့  စေးတွေ အဖြစ် တင်ကျန်ရစ်တော့
ယဉ်တွေလည်း skidding ဖြစ်နိုင်ပြီး ယဉ်အန္တရာယ်လည်းဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်
ငန်းအများအပြား လုပ်နေတဲ့ စင်ကာပူမှာ ဒီလိုမျိုးကိစ္စတွေဖြစ်ရင် developer ကို အကြီးအကျယ်
ဖိုင်းချတဲ့အတွက် အင်မတန်မှ သတိထားလုပ်ကြရပါတယ်။ စည်းကမ်းမလိုက်နာတဲ့အတွက် နောက်က လိုက်သန့်ရှင်းရေးလုပ်နေရတာကိုမြင်ရတော့ နောက်ပိုင်းကာလ ရန်ကုန်မှာ construction လုပ်ငန်းတွေဖွံ့ 
ဖြိုးလာတာနဲ့အမျှ အိမ်ယာဆောက်လုပ်ရေးမှာ monitor လုပ်နေတဲ့ အဖွဲ့ အစည်းများအား
ကောင်းလာဖို့ လိုနေပါပြီ------

တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ်ခွင့်

စနစ်သစ်ပညာရေးမှာတက္ကသိုလ်များ အနေဖြင့်မိမိအစီအစဉ်ဖြင့်စီမံအုပ်ချုပ်ခွင့် ကိုမကြာ
ခင်ကာလများမှာရလာတော့မှာဖြစ်ပါတယ်။မောင်တိုင်ပင်တို့လက်ထက်ကအရည်အချင်း
ရှိသောမော်ကွန်းထိမ်းများရှိသဖြင့် ပါချုပ်များအတွက် ကျောင်းကိုစီမံအုပ်ချုပ်ဖို့အတွက်
အထောက်အကူများရရှိခဲ့ပါတယ်။ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာတဲ့အခါ administrative
လုပ်ငန်းတင်မကတော့ဘူး၊ ၀င်ငွေရှာရတဲ့ အပိုင်းပါ ပါလာပြီဖြစ်တဲ့အတွက် ပါချုပ် များကို
အထောက်အကူဖြစ်စေတဲ့စီးပွားရေးအမြင်ရှိသော CEO များလိုကောင်းလိုလာနိုင်ပါတယ်။ ဘာလို့ လည်းဆိုတော့ကျောင်းကကိုယ့်ဝင်ငွေကိုရှာပြီးကိုယ့် ဖါသာရပ်တည်ရတော့မယ်လေ။မိမိကျောင်းမှာ နိုင်ငံတကာခေတ်မီစာသင်ခန်းမများခေတ်မီပစ္စည်းများတပ်ဆင်ထားခြင်း၊စာကြည့်တိုက်၊အင်တာနက်စသည့်အထောက်အကူပြု facilities များထားရှိထားခြင်း၊အင်ဂျင်နီယာကျောင်းဆိုလျှင် ဓါတ်ခွဲခန်းပစ္စည်းများ၊တွင်ခုံ၊ဖေါက်ခုံ၊၀ဲလ်ဒင်ပစ္စည်းများစသည့် သင်ကြားမှုအထောက်အကူပစ္စည်းများထားရှိခြင်း၊(အထင်သေးလို့တော့မဟုတ်ပါ၊) ဘာသာရပ်ဆိုင်ရာနိုင်ငံခြားသားပါမောက္ခများငှားရမ်းခန့်ထားခြင်း၊(နိုင်ငံခြားတက္ကသိုလ်
များမှာအငြိမ်းစားယူသွားပြီဖြစ်သောပါမောက္ခများရှာဖွေခန့်ထားခြင်းကစရိတ်အကုန်အကျသက်သာနိုင်ပါမည်)ပြည်တွင်းပြည်ပရှိပုဂ္ဂလိကလုပ်ငန်းများမှ သုတေသနများလက်ခံဆောင်
ရွက်ပေးခြင်း၊ စသည်စသည် စိန်ခေါ်မှုများရှိလာနိုင်သည်ဖြစ်ရာပါချုပ်များ နှင့်တကွ
တက္ကသိုလ်ပညာရေးအုပ်ချုပ်ရေးကောင်စီများအနေဖြင့်မည်သို့လုပ်ကိုင်မည်ကိုစဉ်းစားထားရန်လိုအပ်ပါတယ်။ကျောင်းအုပ်ချုပ်ရေးကောင်စီမှာပညာတတ်ပါမောက္ခများသာမက researcher များ၊ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များပါပါဝင်ရတော့မည့်အနေအထားအခင်းအကျင်းဖြစ်လာတော့
မည်ဖြစ်၍ တက္ကသိုလ်ပညာရေးလောကမှဆရာဆရာမများအတွက်ရင်ခုန်ဖွယ်စိန်ခေါ်မှု များဖြစ်
လာနိုင်ဖွယ်ရှိသည်ဟုဆိုရပေမည်။


No comments: