Wednesday, October 22, 2014

မွန်းကြပ်နေသောပြည်သူများနှင့်ကားကြပ်သောရန်ကုန်



မောင်တိုင်ပင် ရန်ကုန်ပြန်ရောက်သည်မှာ တစ်လတင်းတင်း ဒီနေ့ပြည့်ပါပြီ-မောင်တိုင်ပင်သည်ပင်ကိုယ်
အားဖြင့်အေးအေးဆေးဆေးနေတတ်သူ--စိတ်သဘောထားကောင်းမွန်အောင်နေထိုင်ပြုကျင့်ပြီး--အရာရာကိုကိုယ်ချင်းစာစိတ်ဖြင့်ကြည့်ကာ အကောင်းမြင်တတ်သူဟုမိမိကိုယ်ကိုမိမိသုံးသပ်ပါတယ်-မှန်လားတော့မသိ--မောင်တိုင်ပင်အစိုးရအလုပ်လုပ်ခဲ့စဉ်ကလုပ်ဖေါ်ကိုင်ဖက်တပည့်တပန်းများ၊ လုပ်ငန်းအရဆက်သွယ်ပြောဆိုလုပ်ကိုင်ခဲ့ရသောကုန်သည်ပွဲစားသူဌေးသူကြွယ်များခရိုနီ ခရိုနက် ခရိုနီ ကြီးငယ်လတ်များ နိုင်ငံခြားသားများကတော့ဘယ်လိုမြင်ကြမလဲတော့မသိပါ --

ဘဏ်ဖက်ကိုပြောင်းလာတော့လည်းအစပိုင်းကတော့လုံးဝမပျော်ပိုက်ပါ--သို့သော်လုပ်ရင်းကိုင်ရင်းဘဏ်
ကိုစီမံအုပ်ချုပ်ရာတွင် ဘက်ပေါင်းစုံမှာစိန်ခေါ်မှုများ ကိုရင်ဆိုင်လိုက်ရသည့်အခါ လုပ်ရကိုင်ရသည်
ကိုပျော်ပိုက်လာပါတယ်။ စိန်ခေါ်မှုနဲ့ အတူု side effect  က stress ဆိုတာပါလာတတ်ပါတယ်-- မသိစိတ်ထဲ
မှာတော့ဘဏ်ကိုစီမံအုပ်ချုပ် ရာမှာလွဲမှားသွားလို့ငွေကြေးဆုံးရှုံးမှု များရှိခဲ့ရင်မင်းတို့စည်းစိမ်ပြုတ်လျော်
ရမယ်ဆိုတဲ့ အစွဲကြီးကတော့အစဉ်ချောက်လှန့်နေတတ်ပါတယ်။ ဘဏ်မှာလုပ်စဉ်က liquidity ratio ၂၀%အောက်ရောက်သွားလို့ ဗဟိုဘဏ်က ပြစ်ဒဏ်သတ်မှတ်ပြီး လျော်ကြေးပေးလိုက်ရ
တဲ့အခါ နေမထိ ထိုင်မသာတစ်နုန့်နုန့်ခံစားနေရပြီးညကြရင်အိပ်မပျော်တာ၃ - ၄ ရက်
လောက်ကြာခဲ့ပါတယ်။ Chief Accountant တို့မျက်နှာတွေကတော့ ဇီးရွက်တောင်မကတော့
ဘူး--ကျွန်းရွက်ကြီးတွေလောက်တောင်ဖြစ်လာသလားမသိဘူး၊ သူတို့တာဝန်ဖြစ်နေမှာ စိုး
လို့ စိုးရိမ်နေကြတာ။တကယ်တော့ ဘယ်သူမပြုမိမိ မှုပါ-၀န်ထမ်းတွေကိုလျော်ရတဲ့ငွေကြေး ကာမိအောင် ဘောနပ်စ်လျှော့ယူခိုင်းလိုက်ပါတယ်--ဒါဟာလုံးဝတော့မတရားပါဘူး management မှာ တာဝန်ရှိပြီး senior တွေကပဲလျော်ရမှာပါ--

- ဘဏ်မှာလုပ်စဉ် အမ်ဒီစားပွဲပေါ် မနက်ဆိုရင်ရောက်လာတာက ကော်ဖီမဟုတ်ပါဘူး--B4 စာရွက်အကြီးကြီးနဲ့ ဘဏ်အခြေအနေကိုဖေါ်ပြထားတဲ့စာရင်ဇယားပါ။ အမ်ဒီလုပ်စမှာတော့ မသိပါဘူး၊ စားရင်ဇယားတွေဂဏန်းတွေပဲတွေ့တယ်၊ နားလဲမလည်ဘူး၊တစ်ပတ်လောက်နေတော့ဘဏ်စာကြည့်တိုက်ကိုင်တဲ့အစ်မကြီးတစ်ယောက်က ဘဏ်ဥပဒေစာအုပ်တွေ၊ ဘဏ်လောကအကြောင်းရေးထားတဲ့ စာအုပ်တွေ လာပေးတယ်။ သူပြောချင်တာကတော့ ဆရာကြီး ခင်ဗျားဘဏ်အုပ်ချုပ်ရတော့မှာ--ဒါတွေသိအောင်လုပ်ထား လို့ လာပြောသလိုပါပဲ--ပထမဥပဒေတွေဖတ်တယ်၊ နောက်တော့ နေ့စဉ်တင်လာတဲ့ B4 စာရွက်က ကိန်းဂဏန်းတွေကိုနားလည်အောင်လုပ်တယ်၊ မောင်တိုင်ပင်ထင်တယ်၊ တစ်လလောက်အကြာမှာ ဘဏ်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာကိန်းဂဏန်းတွေကို ကြည့်ပြီး ခန့်မှန်း လို့ရတာပေါ့-- GM လုပ်သူကလည်းလာလာသင်ပါတယ်၊ ဥက္ကဌအရင်လုပ်သွားတဲ့ ဆရာ ကလည်းဘဏ်ကိုလာလည်ရင်း ဘဏ်အကြောင်းတွေကြားညှပ်ပြောပြောသွားတတ်ပါတယ်။

အဆိုပါဆရာက အမ်ဒီလုပ်ဖူးတယ်၊ BCS လည်းဖြစ်တယ်၊ ဒါကြောင့်သူကအစိုးရအလုပ်က
နေပင်စင်ယူတော့ ဘဏ်မှာ ဥက္ကဌဖြစ်ခဲ့တယ်။ မောင်တိုင်ပင်ကြတော့ အမ်ဒီ ပဲဖြစ်ပြီး ဥက္ကဌ ကကုန်သွယ်ရေးက ဒီဂျီ တစ်ယောက်က တာဝန်ယူ ရ ပါတယ်။မောင်တိုင်ပင် ပင်စင်
ယူပြီးတာနဲ့ဘဏ်ကိုပြောင်းလိုက်တော့ အရင်ဆရာလိုရာထူးပဲ လုပ်ရမှာလို့ထင်နေတာ၊ ဒါပေမဲ့ ကြာလာတော့တစ်ဆင့်နိမ့် နဲ့ဖြစ်နေတာကို သိလာရတယ်။ အစပိုင်းမှာ မောင်တိုင်ပင် အစပိုင်းမှာ
ပြောခဲ့သလို သဘောကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ ဘာမှမပြောပါဘူး၊ လုပ်ခါစပိုင်းမှာကိုယ်
လက်ကိုယ်ချေလုပ်ကိုင်လို့ရပါတယ်။ BOD မှာတင်ပြရတဲ့အခါတော့ နည်းနည်းအချေအ
တင်လေးတွေတော့ပြောရတာပေါ့လေ--အစိုးရရှယ်ယာပါတယ်ဆိုပြီး တစ်ခြားပုဂ္ဂလိကပို်င်
ဘဏ်တွေလိုလုပ်လို့တော့မရဘူး--မောင်တိုင်ပင် စီးပွားရေးအကွက်ဘယ်လောက်မြင်မြင် သိတယ်မဟုတ်လား ခေါက်ရိုးကျိုးနေတဲ့ ၀န်ထမ်းတွေ အားလုံး ကိုကြောက်နေကြတယ်--သူတို့လို ဖန်နေတာများလို့ ထင်နေကြတယ်--BOD သဘောတူဖို့ဆိုတာမလွယ်ဘူး--အစိုးရရှယ်ယာပါတဲ့ တစ်ခြားဘဏ်တွေလောက်တောင်လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရဘူး လို့ထင်လာတယ်။ ၃ နှစ်လောက်အုပ်ချုပ်ခဲ့တဲ့အတွင်း ဘဏ်ကိုရောက်လာတဲ့ မိုးကျတစ်ယောက်က“အာရကေ“ယူ
တယ်ဆို တဲ့ သတင်းက
ထွက်လာရော--ဘဏ်မှာ ” အာရကေ” အပေးအယူက “ချေးငွေ” ကိစ္စမှာ ပဲ ဖြစ်လေ့ရှိတယ်။
မိုးကျ တစ်ယောက်က ဘဏ် ကိုငွေချေးချင်တဲ့ သူကိုခေါ်လာတယ်။ မောင်တိုင်ပင် ကိုပေးရတယ်ပေါ့--အခန်းထဲတွေဘာတွေ ခွင့်မတောင်းပဲဝင်လာပြီး “ဆရာကြီးနေကောင်းလား “ ဘာညာ
နဲ့ပြောတော့ အလိုက်အထိုက်ပြောရတာပေါ့-- “ငါနေကောင်းမကောင်း မင်းအပူ ပါ လား “လို့ ပြော လိုက်ချင်တာ--လုပ် လို့မရဘူးလေ-အခုဆိုရင်တော့ တွယ်မှာ ပဲ--သူက စကတည်းကကျွန်တော် ဗိုလ်မှုး ဘယ်သူဘယ်ဝါ ပါဆိုလုပ်ကတည်းက သောက်မြင်က ကတ်နေပြီ--ဘဏ်ရောက်လာတဲ့ မိုးကျရယ်၊ ပွဲစား မိုးကျ ရယ်ပေါင်းပြီး အစ်ကိုယ်ကြီး ညီလေးတွေရှုပ်လိုက်ကြတာ ဘဏ်တစ်ခုလုံးခြာခြာလယ်သွားပါတယ်။ ငွေချေးသူ ပိုက်ဆံလာထုတ်တော့ ဘဏ်ရှေ့ ကနေစောင့်နေတယ်၊ အောက်မှာ ရုတ်ရုတ်ဖြစ်နေတာမောင်တိုင်ပင် က မသိဘူး၊ GM ကတော့အောက်ဆင်းဝင်ရှင်းပေးတယ်။ ငွေချေးသူတဲ့သူ ကိုငွေထုတ်ပေးပြီး နောက်ဖေးဘေးပေါက်ကနေ ပေးထွက် ခိုင်းလိုက်တယ်။ ကြိမ်း လိုက်ဝါးလိုက်တာကလည်း လူမိုက်ငှားသတ်ခိုင်းမယ် ပါရဲ့ -တောင်းတာကလည်း ပုံးအစိတ်လောက်ရှိတယ်--ချေးတာကမှ ၅၀၀ လောက်ကို-အဲဒီမှာ ဘဏ် အမ်ဒီတွေကော လူကြီးနံမည်တွေအကုန်သုံးတော့တာ--ဒီကကောင်က အဲလိုထုတ်သုံးလေ-- ရစ်လေ ဘယ်သူသွားတိုင်မလဲ သွားတိုင် ဆိုပြီး ခပ်တင်းတင်းပဲ--နောက်ဆုံးတော့ ဘဏ်ကိုရောက်လာတဲ့ မိုးကျကို ပေါင်းပြီး သူတို့အချင်းချင်း ခွင်ရိုက်လုပ်သွားတာ-- -- မလွယ်ပါ  ဘဏ်ကိုမိုးကျ တစ်ယောက်ရောက်လာတာ--လက်လန်ပါလေရော-- မောင်တိုင်ပင် ကိုပေးရတယ်ဆိုပြီးသတင်းကထွက်လာတော့ ခေါင်းနပမ်း ကြီးသွားတဲ့ အပြင် ရုံးထဲမှာ ဒီကောင်မောင်တိုင်ပင် ဆိုတဲ့ကောင် ပြောလိုက်တာကတော့ကျယ်ကြီး  လုပ်တော့သောက်တလွဲ ဒီပုတ်ထဲ က ပဲ လို့ ပဲထင်နေတြတာ-- ဘယ်လိုကံကောင်းသလဲဆိုတော့--ဘဏ်ကထွက်သွားတဲ့ စာရေးကအလုပ်ထွက်ပြီး တက်စီ မောင်းနေတာ--တစ်ရက်တော့ ဗမာစကားကောင်းကောင်းမပြော နိုင်သေးတဲ့ တရုတ်မကြီး ၂ယောက် က တစ်နေရာသွားဖို့ ငှားတယ်။ လမ်းမှာ ပြောကြတာမောင်တိုင်ပင် နံမည် ရာထူးရော ဘဏ်နံမည်လည်းပါလာတော့ နားစွင့်မိတာပေါ့ --သွားတဲ့နေရာက မောင်တိုင်ပင် အိမ်မဟုတ်ဘူးဆိုတာသိတယ်။ ပေးမဲ့ငွေက ပုံး သုံးဆယ်--တိန်တိန် ကိုမည် လို့--သူတို့သွားတဲ့နေရာပို့ပြီး ဘဏ် ကိုပြန်ပြေးလာပြီး သူ့ဘော်ဒါတွေကိုပြောတော့ အဲဒီအိမ် က ဘဏ်က မိုးကျ အိမ်ဖြစ်နေတာကိုး-- နောက်ဇတ် သိမ်းသော် တိုင်တဲ့ သူကပေါ်လာတော့ သူစရိတ် နဲ့ သူသွားတော့တာပါပဲ။ သူတို့ လို မိုးကျ ထဲကငှက်ကထ တစ်ယောက် ကပဲ လာပြောသွားတယ်။

ဒီမုန်တိုင်းတွေပြီးသွားတဲ့ အချိန်ကျတော့ မောင်တိုင်ပင်အေးအေးဆေးဆေး ပဲစီမံခန့်ခွဲနေရ ပြီး technically ဖြစ်ပေါ်လာတဲ့ ပြသာနာတွေပဲ ရှင်းရင်း ရှင်းရင်းနဲ့ ဘဏ်ကိုအနာ၈ါတ်မှာ ဘယ်လိုသွားသင့်တယ် ဆိုတာ
မျိုးစဉ်းစားခဲ့ ပါတယ်။ အဲဒီအချိန်မှာ စီးပွားကူးသန်းက ပင်စင်ယူမဲ့ ပုတ်ကို တစ်ယောက်ရောက်လာ
တယ်--အမှန်တော့သူကိုတစ်နှစ်လောက်လက်တွဲ လုပ်ပြီးမှာ ဖြည်းဖြည်းလွှဲသင့်တာပေါ့လေ--ဒါပေမဲ့ သူ
ကရွှေကျီး  ကိုယ်နဲ့ လည်းတူတူ လုပ်ခဲ့ဘူးတယ်--သူ့အကြောင်းလည်းသိနေတယ်--အခွင့်အရေးဆိုတာ
တစ်ကြိမ် ပဲလာတယ်  နှစ်ကြိမ်မလာဘူး--၉ ၂ ခုနှစ်အလုပ်ထွက်စာတင်စဉ်တုံးက အခွင့်အရေး ကိုကောင်းကောင်းအသုံးမချပဲတွေဝေ မိ လို့လွတ်သွားခဲ့ ပြီး ဇနီးပါဆုံးရှုံးခဲ့ ရတယ်  ဒီတစ်ခါတော့ မဖြစ်
ချေဘူးဆိုပြီး နေပြည်တော် အပြေးအလွှားသွားပြီး ထွက်စာ တင်လိုက်တော့ ၂၀၁၂ မတ်လ ၃၁ ရက်နေ့
ထိ လုပ်ပေးပါဆိုပြီး ရုံးစာထွက်လာပါတယ်--မောင်တိုင်ပင် လည်း ဧပြီ ၁ရက်နေ့ အလုပ်လွှဲ ပြီးသင်္ကြန် မတိုင်ခင် စင်ကာပူအရောက်လှမ်းခဲ့ တာဒီကနေ့ ထိ သွား လိုက် လာလိုက် နဲ့ မြေး ၂ ယောက်နဲ့ပဲ ပျော်
ပျော်နေ နေတာ ဒီတစ်ခေါက် ရန်ကုန်ပြန် လာတော့ မွန်းကြပ် လိုက်တာဗျာ--


--မနေ့က မိတ်ဆွေသား မင်္ဂလာဆောင်ဆွမ်းကျွေး ဖိတ်လို့ မဟာစည်သာသနာရိပ်သာသွားပြီးအပြန် ရွှေဂုန်တိုင် ဂုံးကျော်ဖက်သွားမှာ မို လို့ ဘယ်ကွေ့ အချက်ပြ လုပ်ပြီးစောင့်နေတာ ဘယ်သကောင့်သား ကားတွေမှ ရှေ့ မှာ ဆွဲထားတဲ့ အ၀ါရောင်မျဉ်းကွက် yellow box မှာ ရပ်မပေးဘူး။ မီး ကလည်းသူတို့ ဖက် နီ နေတာ၊ ရပ်ပေးရကောင်းမှန်းလည်းမသိကြဘူးနဲ့တူပါတယ်၊ ဒါနဲ့ သကောင့်သား တက်စီ တစ်စီးက ရှေ့ ကကားယောင်နနအဖိုးကြီးမောင်းနေတာဆိုတော့ ဘေးကနေပန်းကျော်တက်လာတယ်-အမောင်သကောင့်သားကတော့ အတင်းတိုးဝင်တာပဲ၊ ပါ လာတဲ့ ဘေးကမိတ်ဆွေကလည်း လက်ညှိးထောင်ဆလံပေးတော့မှ လူလိုသိတဲ့ နားလည်တဲ့ ကားတစ်ချို့  ကရပ်ပေးတယ်၊ သူနောက်က လိုက်ထွက်မှ ပဲချောချောမောမောတစ်ဖက်လမ်းရောက်သွားတော့တယ်--အင်း--သွေးတိုးမှတ်တော့ ၁၀ မှတ်လောက်အနည်းဆုံးတက်မှာ သေချာတယ်၊တစ်ခုတော့ကောင်းတယ်ဗျ--မောင်တိုင်ပင်ခေါင်းထဲမှာ ဘယ်လမ်း ဘယ်အချိန်ကားနည်းနည်းချောင်တယ် ဆိုပြီး memory သွင်းထားတယ်-- ဒါပေမဲ့ ဒီ data ကအမြဲတန်းမ မှန်ဘူးဗျ-- ဥပမာမိုးရွာခဲ့ ရင် VIP လာခဲ့ ရင် အကုန်လွဲကုန်ရော--မနက်ရောက် လို့တစ်နေရာသွားစရာလိုရင် traffic route plan ကိုလုပ်ရတယ်--တစ်ခါတစ်လေမှန်သွားရင် စောရောက်နေရော၊ punctual ဖြစ်တတ်တဲ့မောင်တိုင်ပင်ကတော့ အချိန်စောထွက်တာများတယ်--တစ်နေ့ကလူကြီးတစ်ယောက်နဲ့ပြောဖြစ်တယ်--သူလည်း TRP ဆွဲပြီထွက်လာတာပဲ- တစ်ရက်တော့ အချိန်ကနာရီဝက်လောက်စောရောက်နေရော--လူကြီးစောရောက်နေတော့ အားလုံးကပြာကုန်ကြတာပေါ့--သူလည် အချိန်ကိုက်ထွက်တာပဲ-- traffic ကသူ့အလိုလိုချောနေတော့စောရောက်သွားတာပေါ့-- အဲဒါရန်ကုန်မြို့  ရဲ့ မြို့ ပြအခြေအနေပဲ--တစ်ရက်များဆိုရင်အရင် timing ကိုက်ထားတဲ့အတိုင်းထွက်တာ-- ၉ နာရီပြုလုပ်တဲ့ နိုင်ငံခြားသား ပါတဲ့ အစည်းအဝေးကို ၁၀ နာရီခွဲမှ ရောက်သွားတယ်--မျက်နှာ ပူပူ နဲ့ပဲဝင်ရတာပေါ့--Monday ဆိုရင် ခါတိုင်းထွက်နေကြအချိန် ထက် ၃၀-၄၅ မိနစ်စောထွက်ပါ--သောကြာနေ့ ညနေများတော့ မောင်တိုင်ပင် နေတဲ့ OCEAN Super Center နားများ ၆ နာရီလောက်ယောင် လို့တောင်မလာနဲ့-- သွေးတိုးမှတ် ၁၀ မှတ်လောက်တက်သွားမှာ အသေအချာပဲ--ပြောချင်တာက yellow box တွေမှာကားမရပ်မိပါစေနဲ့ --ကား၁၀စီးမှာ ၂စီးလောက်ပဲ လိုက်နာတာတွေ့ လို့ yellow box စည်းမျဉ်း ကို ၂၀ %လောက်ပဲ လိုက်နာသေးတယ်လို့ပြောလို့ရပါတယ်--မဟာစည်လိုနေရာမျိုးမှာ yellow box မှာ ရပ်ပေးဖို့ လိုပါတယ်-- တချို့  yellow box ကယဉ်သွားယဉ်လာ နည်းပါတယ်--ပြည်လမ်းပေါ်မှာ ခရိုနီတစ်ယောက်ရုံးရှေ့ အချိုးကိုကွန်ကရစ်တုံးတွေနဲ့ပိတ်ထားပါတယ်--မာတင်လမ်းထဲအ၀င်တောင် ပြန်ပိတ်ထားတယ်။ အခုတစ်ခါ ခရိုနီ ရုံးရှိတယ်ဆိုပြီးကွန်ကရစ်တုံး တွေပြန်ဖယ် လိုက်တယ်--အဲတော့ကွေ လို့ ရနေပြန်ရော--လူပုဂ္ဂိုလ် ပေါ် လိုက်ပြီး ယဉ်စည်းကမ်းက လုပ်တတ်သဗျ-- ဗိုလ်ချုပ်ခင်မောင်သန်းရှိတဲ့ မာတင်ရိပ်သာလမ်း အရင်သူအာဏာရှိစဉ်က ဖွင့် ထားသဗျ-- သူအာဏာလက်ရှိ လည်းမဟုတ်ရော--အရင်ကပြန်ပိတ်သွားတယ်-- ခရိုနီ ရုံး နောက်ဖေးဖက်က၀င်လို့ ရပြန်တော့ ပြန်ဖွင့် ပြန်ရော အခုပိတ်ထားသလား ဖွင့်ထားသလားတော့မသိပါ--ဆိုလိုချင်တာက research သေချာလုပ်ပါ--ကားတွေများရင်ဖွင့်ပေးရမှာပါ-နောက်တစ်ခုကတက်စီယဉ်မောင်းတွေ--သူတို့ လိုင်စင်တွေဟာ နယ် လိုင်စင်ဖြစ်နေမလားတော့မသိ ဘူး--တစ်နေရာသွားမယ်ပြောလိုက်ရင်မသိဘူး-- ကိုယ် ကအကောင်းဆုံးလမ်းပြပေးရတယ်--လမ်းမသိဘူး--ဒီ လိုတက်စီ ဒရိုင်ဘာတွေအများကြီးပဲ--ယာဉ်စည်းကမ်း လမ်းစည်ကမ်း လိုက်နာရကောင်းမှန်းလည်းမသိ--ဥပမာ yellow box လိုမျိုး--စည်းကမ်းမရှိ လို့ ကားကြပ်တယ်လို့ လူတိုင်းလိုလို သိထားကြတယ်--တလောက ကိုယ့် ဘတ်စ်ကားတွေက စည်းဖေါက်တာနည်းကြောင်း မထသ ကလူတစ်ယောက်ကပြောတယ်--၅၁ လမ်း ကစာရင်းကြည့်ပြောတာကိုး--ဘတ်စ်ကားပိုင်ရှင်က ဗိုလ်ချုပ် မိသားစုတွေများနေတော့ အစ်ကိုယ်ကြီး ညီလေး လုပ် လိုက်ရင် အမှုကပျောက်သွားရော--တစ်ခါ လမ်းထွက်တိုင်းစည်းတစ်ခုခုဖေါက်တဲ့ ဘတ်စ်ကား က ၁၀စီးမှာ ၆စီးလောက်တွေ့ ရတယ်-- တက်စီဆိုတာတော့ မပြောနဲ့-- ဒါကြောင့် လည်းလူတွေအမြင်မှာ စည်းကမ်းပျက် လို့ ကားကြပ်တာပဲ လို့ပြောကြတာကိုး--သတင်းစာထဲမှာ တလောက စီးကူးက အကြံပေးက ကားကြပ်တာအကြောင်းရေးထားတယ်--သူကတော့ ကားတွေတင်သွင်းခွင့် ပေးတာကို defend လုပ်တာနဲ့ တူပါတယ်-ဒါပေမဲ့ သူရေးထားတာ research သဘောဆန်ဆန် ရေးထား လို့ ဖြတ်တောင်သိမ်းထားသေး---ရန်ကုန်မှာ မွမ်းမကြပ်ချင်ရင် အိမ်ထဲကအိမ်ပြင် ကားမောင်းမထွက်နဲ့ သင်ပါမွမ်းကြပ်သွားမယ်--တစ်ခုကောင်းတာလေးတော့ရှိလာတာခုတလောတွေ့ရတယ်--ကားကွေ့ ရတာ ထွက်ရတာ ၀င်ရတာသင်အခက်အခဲရှိနေရင် ဆလံလေးပေး လက်လေးတစ်ချောင်းထောင်လိုက်ပါ--၈၀% လောက်သောကားမောင်းသူများက အခွင့်အရေး ပေးလာတဲ့ စိတ်ဓါတ်တွေကို တွေ့ လာရတာပါ။ လွန်ခဲ့သောနှစ် ၂၀ လောက် ကအင်ဒိုနီးရှားမှာ ဒီလိုမျိုးစိတ်ရှည်ရှည်မောင်းကြတာကိုတွေ့ ဘူးပါတယ်--ဒါပေမဲ့ ရန်ကုန်မှာ တော့ အချိန်ရှိ ပါတယ်--ညနေပိုင်းတော့သွားမလုပ်လေနဲ့-- အရက်ခိုးဝေနေတဲ့မျက်ထောင့်နီ နဲ့ ကြည့်ခံ ရပြီး မသကာ မကြားတကြားတောင်ဆဲတာတောင်ခံ ရလိမ့်မယ်။တစ်လောကနိုင်ငံတကာသတင်းတစ်ခုမှာ ဖတ် လိုက်ရတယ်--Walmart တို့ Metro တို့ Super Market တို့ကိုမြို့ ပြင် မှာသွားဖွင့်တဲ့အကြောင်း-- ကားရပ်ဖို့နေရာက အစ ကျယ်ကျယ်ဝန်းဝန်းစီမံထားကြောင်း shuttle bus တွေလည်းစီစဉ်ထားကြောင်း ဖတ် လိုက်၇တယ်--City Mart တို့OCEAN တို့ဂမုန်းပွင့် တို့ ကို ရန်ကုန်မြို့ ပြင် လျှပ်စစ် လိုင်းခွဲ ရုံ နားကလမ်းခွဲ ဒါမှ မဟုတ် ညောင်နှစ်ပင် ဒါမှ မဟုတ် အမြန်လမ်း toll gate နားမှာ သွားဖွင့် လိုက်ရင်ကောင်းမလား လို့--ရန်ကုန်မှာကားစီး နိုင်တဲ့ သူများလာပြီလေ-- မစီးနိုင်တဲ့ သူက shuttle bus ပေါ့---ဆွစ်ဇာလန် ရောက်တုံးကစနေ တနင်္ဂနွေမှာ ပြင်သစ် ကို shuttle bus နဲ့ သွားဈေးဝယ်ကြတယ် လို့ ပြောဘူးတယ်--စဉ်းစားသင့်တာကိုပြောတာပါ---လူတွေလူတွေ ပြည်သူတွေအားလုံးကတော့မွမ်းကြပ်နေကြတာအမှန်ပါ။ ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်လာတော့ မွမ်းကြပ်တဲ့ ဒဏ် ကိုခံရလွန်းတော့ လူတွေလည်း အပြုံးလေးမပျက် သည်းခံစိတ်လေးတွေမွေးလာကြတယ်နဲ့ တူတယ်။မွမ်းကြပ်နေသောစိတ်တွေကို ထွက်ပေါက်တစ် ခုကတော့ မိုဘိုင်းဖုန်းကနေ ဖွဘုတ် လိုဟာမျိုးသုံးလာကြပြီး ထွက်ပေါက်အဖြစ် အသုံး ချလာတာဖြစ် လို့ အကြောင်းတစ်ခုခု မရေး လိုက်နဲ့ အောက်မှာ ကွန်မင့် အများစု ကတော့ မွမ်းကြပ်နေသောစိတ်ကို ဖြေဖျောက်တဲ့ အနေနဲ့ ဆဲမယ် ဖဲ့မယ် ဆန့် ကျင်မယ် လုပ်လာကြတာအများဖြစ်လာကြတာကိုတွေ့ ရပါတယ်။ ပျော်စရာရှိရင် အရမ်းပျော်ကြပြီး ဆဲစရာရှိ လာရင် လည်း စိတ်လွတ် ကိုယ် လွတ် ဆဲလာတာကိုထွက်ပေါက် တစ်ခု အလားတွေ့ ရပါတယ်။မောင်တိုင်ပင် လည်းမွမ်းကြပ်နေသောစိတ်ကိုပြေပျောက်စေတဲ့ အနေနဲ့ အချိုးမပြေတာလေးတွေရှာဖတ် share လုပ် ဒါမှ မဟုတ်ကိုယ်တိုင်ရေး-- နဲ့ ကိုယ်ရဲ့ မွမ်းကြပ်နေသောစိတ်ကိုဖြေဖျောက်နေရပါတယ်--နေ့ တိုင်း လည်းပဲ မိမိ စိတ်ကို ကွန်ထရိုး ဖြစ်စေတဲ့ တရားထိုင်ခြင်းကို လည်းမှန်မှန်လုပ်ဖြစ်ပါတယ်--အခုချိန်မှာတော့ ဥပေက္ခာပြုခြင်း ကို အများဆုံး လုပ် နိုင်လေ ကောင်းလေဆိုတာသိလာရပါတယ်--ဒါကြောင့် လည်း နှမ်း တစ်လုံးနဲ့ ဆီ မဖြစ်ပါဘူးလေ လို့ မောင်တိုင်ပင် အားမရတဲ့အခါ သုံးလေ့သုံးထ ရှိခဲ့ တာပါ---အကောင်းဆုံးကတော့ ကိုယ် အိမ် ကိုယ့်ယာမှာ သက်သာသလိုနေထိုင်ခြင်းကသာမွမ်း ကြပ်နေသော စိတ် ကိုဖြေဖျောက်ရာရောက်ပါတယ်---



                                                                                               






No comments: