Wednesday, February 4, 2015

ဒဏ်ရာဒဏ်ချက်တွေနဲ့ တို့ကျောင်းတော်ကြီး



ဒီနေ့မနက် ကိုးမိုင်ဂေါက်ကွင်း မှာ ၉ ကျင်းရိုက် ပြီးအိမ်ပြန်ရောက်တော့ ၉:၃၀ ရှိနေပြီ--လ္ဘက်ရည်သောက်--ရေတင်--အိမ်ကကိစ္စတွေလုပ်တာနဲ့တင် ၁၀နာရီခွဲသွားရော-၁၁ နာရီမထိုးခင် Gee Ohn ရုံး ရောက်အောင်သွားခေါ် ကျောင်းရောက်တော့ ဆရာကြီးထိုင်စောင့်ရင်း ကျောင်းသူလေးတွေကျောင်းသားလေးတွေ ကော်ရစ်ဒါမှာ
ဖြတ်လျှောက်သွားလာကြတာငေးမောကြည့်မိတယ်--အပေါ်က လေပျံဖြတ်ပျံသွားတော့
ကိုယ်တို့တုံးက T33 တွေဖြတ် ပျံသွားရင်ဘတ်ခွ နဲ့ ပစ် လိုက်ရကွာ လို့ကြုံးဝါးခဲ့တဲ့မုံရွာသားကိုသတိရမိလိုက်ပါရဲ့-
နှစ်ပေါင်း၄၀က ကိုယ်တို့ တတွေလည်းဒီကော်ရစ်ဒါမှာလျှောက်ခဲ့ဘူးပါတယ်--မြတ်လေးစတိုင် ဆေးတံခဲပြီးဂိုက်ထုတ်
ခဲ့ဘူးပါရဲ့ --ခုခေတ်အင်ဂျင်နီယာကျောင်းသူ သမီးလေးတွေက ကိုယ်တို့တုံးက အင်ဂျင်နီယာမမတွေနဲ့ နှိုင်းစာရင် ပိုချော ပိုလှလာတယ်နော် လို့ သာထွန်းကပြောတော့အေးကွ မိန်းခလေးတွေလည်းများလာတယ်ကွနော်-"လို့ပြန်ပြောလိုက်ရတယ်--စန္ဒီလှိုင်တို့ကတော့ အဲလိုပြောတာများကြားရင် ဟွန်း ဆိုပြီးမျက်စောင်း
ထိုးမှာ မြင်ယောင်သေး-- ဟုတ်ပါရဲ့ နောင်တစ်ခေတ် engineering profession မှာအင်ဂျင်နီယာ မမတွေချည်းပဲဖြစ်နေမလား--မသိနိုင်ဘူးနော်--
လူစုံတော့ ကန်သာယာ ဆိုင်မှာကျောင်းတက်တုံးက စားခဲ့တာတွေအထူးမှာစားခဲ့ကြတယ်--ကြက်သားဘိစတိတ်-- ကန်ဇွန်းရွက်ကြက်ဥထိပ်ဆောင်း--ပုဇွန်ကုန်းဘောင် တို့နဲ့ဆိုတော့ ထမင်းသိပ်မစားတဲ့ Gee Ohn ထမင်း နှစ်ခါထည့် တယ်-- မောင်တိုင်ပင်လည်း ၂ ခါ ပဲ-- အစာပိတ်က ကြက်ဥ အွန်မလက် -- စားလို့ကောင်းလိုက်တာမှ
Gee Ohn ယူလာတဲ့ ထမနဲ တောင်မစားနိုင်တော့ဘူး--နောက်ဆုံး ဘလက်ကော်
ဖီ သံပုရည် ညှစ် နဲ့အစာပိတ်လိုက်တာ-- ကောင်းမှကောင်း-- bill မေးလိုက်တော့ ၁၇၆၅၀ ကျပ် တဲ့ -- အားလုံးက ဈေးကြီး
လိုက်တာဟယ် လို့ ပြောလိုက်တော့--လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်က အဆောင်ဟင်းက ငါးဟင်း( ငါးတန်ဆိုတော့ နည်းနည်းညှီတယ်) ဆိုရင် ဖြစ်ဖြစ် လဆန်းလလယ်လောက်ဆိုရင်ဖြစ်ဖြစ် တစ်ယောက်ယောက်က ကင်တင်း မှာထမင်းသွားစားမယ် ဟေ့ ဆိုရင် ၂ ခါမခေါ်ရဘူး အကုန်လိုက်လာကြတာ-- ပြီးရင် split လုပ် အယ်တုံးက
အမေရိကန်စစ်စတမ် ဆိုပြီးခေါ်ကြတယ်--တစ်ယောက် ၂ကျပ် ကျော်လောက်ပဲကြတာလေ--အဲတော့ ဈေးကြီးတာပေါ့နော်--
ထမင်းစားပြီးထလည်းထလိုက်ရော -- ကောင်းဘွိုင် ဦးထုတ်ကြီးနဲ့ ဂိုးကြောင် ကိုတွေ့ လိုက်ရတော့ အားလုံးဝမ်းသာသွား
ကြတယ်--ကိုယ်တို့တုံးက စက်မှုတက္ကသိုလ်လက်ရွေးစဉ် ဂိုးသမား ထွန်းထွန်း လေ--မတိုင်ပင်ပဲနဲ့ ဘောစိကြောက်တဲ့ ကဗျောင် ကို ဝိုင်း ဆဲ ကြပါလေရော---သူ မ လာ လို့-ကဲ--နောက်တော့ ဘော်လုံးကွင်းကိုကားကိုယ်စီမောင်းသွားကြတာပေါ့--
ကွင်းရောက်တော့ ပိုးဝင်သွားပြီဖြစ်တဲ့ ထွင်းထွင်းကဂိုးတိုင် ၂ တိုင်ကြားရောက်သွားပြီ--ဂျီအုန်း
နဲ့ မောင်တိုင်ပင်လည်း ဘိနပ်ချွတ်ပြီး တဒိုင်းဒိုင်းနဲ့ ကန်သွင်းတော့တာပဲ--မာန်ကြွေးရှိတဲ့ ကဗျောင်သာလာ
လို့ကတော့ ကြည့်ကောင်းလိုက်မဲ့ပွဲ-- မိုင်းနင်းက YTUဒေါက်တာဆရာလည်း မောင်တိုင်ပင် တို့ ဖုံးကင်မရာ
တွေကိုရိုက်ပေးလိုက်တာအလုပ်တော်တော်ရှုပ်သွားတယ်--ကွင်းပြင်ပေးတဲ့ ဧရာဝတီ က အင်ဂျင်နီယာ
ဗိုလ်မှုးကိုလည်းကျောင်းသားဟောင်း မောင်တိုင်ပင်တို့အားလုံးကလှိုက်လှိုက်လဲလဲ ဧရာဝတီ ကို ကျေးဇူးတင်ကြောင်း
ပြောပြခဲ့ပါတယ်--တင်းနစ်ကွင်းတွေ ကြက်တောင်ရိုက်ရုံ ဘတ်စကက်ဘောကွင်း ဘော်လီဘောကွင်း စတာတွေလည်းပြင်
ဖို့ကျန်ပါသေးတယ်-YTU မှာ-ကျောင်းသားကျောင်းသူတွေအတန်းတိုင်းပြည့်သွားရင်တော့ campus life ကပြန်လည် ရောက်လာမှာပါ-- ထမင်းစားခန်း ကအကျယ်ကြီးပါ ကိုယ်တိုင် autonomus အုပ်ချုပ်ရတော့မယ်ဆိုရင်
ပြင်ပက ဆိုင် ၄--၅ ခုလောက်လာဖွင့်ခိုင်း--စားပွဲ ကုလားထိုင်တွေထား --ပြင်ပထက်ဈေးသက်သာ
အောင်ရောင်းခိုင်း-- မောင်တိုင်ပင် ချူလာလောင်ကွန် တက္ကသိုလ် ကင်တင်း မှာစားဘူးပါတယ် အခုလည်း NUS က ကင်တင်းမှာလည်းစားဘူးပါတယ်--အယ်လိုမျိုး ကင်တင်းမျိုး ထမင်းစားခန်းမှာ
ဖြစ်လာစေချင်ပါတယ်--အခုကင်တင်းတွေလည်းအဆင့် မြင့်စေချင်ပါတယ် အစားအသောက်ကတော့ အခုထိ ကောင်းနေဆဲပါ--
တို့ကျောင်းတော်ကြီး ဒီလိုဖြစ်လာအောင် လုပ်ခဲ့ရတာ ဝင်းထိန်ဦး မြင့်ဖေ တို့ သငယ်ချင်းဖြစ်နေတော့
ဘယ်လောက်လုပ်ခဲ့ ရသလဲဆိုတာ မောင်တိုင်ပင်သိခဲ့ပါတယ်--ဒါထက်တိုးတက်လာတာပဲ မြင်ချင်ပါ တယ်--မောင်တိုင်ပင်တို့ အာအိုင်တီ ဟာ သူပုန် ကျောင်းဆိုပြီး ဒဏ်ရာဒဏ်ချက်တွေ အများကြီးကျန်
ခဲ့ပါတယ်-- လစ်လျူရှုခြင်းခံရတာ ဆယ်စုနှစ်တစ်စုကျော်ဆိုတော့ ကျောင်းတော်ကြီးမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးပါ မောင်တိုင်ပင်တို့ခေတ်ကဆရာတွေနေအိမ်ဟာရုရှား ဒီဇိုင်းတွေဖြစ်
ပြီး ခန့်ညားလှပပါတယ်--အခုတော့ တို့ဆရာတွေအိမ်တွေမှာ မိုးတွင်းဆို မိုးယို လို့ ပါမောက္ခချုပ်အိမ်
တောင်ပါနေပါတယ်--အခုတော့ ဝထအူး တို့ ပြင်ဆင်ပေးဖို့ ကြိုးပမ်းနေကြပါပြီ---
ကျောင်းတော်ကြီးကိုဒီနေ့ ပြန်ရောက်တော့ ငယ်ဘဝကိုသတိရတယ်တဲ့-- ထွင်းထွင်း ကပြောတာ--ဟုတ်ပ --မောင်တိုင်ပင်လည်း အတွေးပေါင်း အစီအရီ နဲ့ အိမ်သာပြန်ရောက်လာတယ် --စိတ်က
တော့ လေပျံတွေ မကြာခဏ ဖြတ်ပျံတဲ့ ကျောင်းကြီးကိုပဲသတိရနေပြီ မဆီမဆိုင် ဘယ်မုံရွာသားက "ဘတ်ခွ" နဲ့ပစ်ချတာခံရမလဲ လို့------

No comments: