Tuesday, February 24, 2015

ဒေသအလိုက်ရင်းနှီးမြုပ်နှံ့မှုဖြစ်နိုင်ချေများ

မနေ့ကMRTVသတင်းတွင်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်သည့် ဖိုရမ် တစ်ခု နေပြည်တော်မှာကျင်းပ ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ရင်းနှီးမြုပ်နှံ
မှုဆိုင်ရာသတင်းအချက်အလက်များကိုပြုစုထားရန် ပြည်ထောင်စုဝန်ကြီးဦီးတင်နိုင်သိန်း ကညှိနိုင်းဆွေးနွေးသွားကြောင်းတီဗွီသတင်းတွင်ကြားလိုက်ရမိပါတယ်--

ဒါနဲ့ပတ်သက်လို့ မောင်တိုင်ပင်ခေါင်းထဲမှာ အစဉ်သတိရနေစေတဲ့  တရုတ်ပြည် ကလုပ်ဆောင်မှုတစ်ခုကိုပြောပြချင်ပါတယ်။၂၀၀၈ခုနှစ်လောက်က တရုတ်ပြည်မှာပြုလုပ်တဲ့ investment နဲ့ပတ်သက်တဲ့အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကိုမောင်တိုင်ပင်တက်ရောက်ခဲ့ဘူးပါတယ်။ မဖွံဖြိုးသေးတဲ့ ပြည်နယ် province
level တွေအများအပြားတက်ရောက်ကြပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတာက ပြည်နယ်
အလိုက် booths လေးတွေရှိပါတယ်၊အင်္ဂလိပ်စကားပြောနိုင်တဲ့ တရုတ်စကားပြန်ကောင်
မလေးတွေလည်း ရှိပါတယ်။အင်္ဂလိပ်လိုကော တရုတ်လိုကောပြုစုထားတဲ့ သူတို့ ပြည်နယ်မှာ investment လုပ်နိုင်ဖွယ်ရာရှိတဲ့ project database စာအုပ်တွေကိုပြုစုထား
တာပါပဲ။ ငွေရေးကြေးရေးက အစ ကုန်ကြမ်းရရှိနိုင်မှု၊ ကျွမ်းကျင်လုပ်သားရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး (logistic) ၊ရင်းနှီးမြုပ်နှံမှု လုပ်ရင်ပေးနိုင်မြေဧရိယာအ
ကျယ်အ၀န်း၊ ပရိုဂျက် ရဲ့ ခန့်မှန်းတန်ဖိုး (US dollar) စတဲ့ ရင်းနှီးမြုပ်နှံသူအနေနဲ့ at a glance ကြည့်ရှု နိုင်တဲ့ အချက်အလက်အစုံကိုဓါတ်ပုံတွေနဲ့ တကွ ပြုစုထားပါတယ်။ စိတ်ဝင်စားလို့သွားမေးရင်စကားပြန်ကောင်မလေးတွေက မပြီကလာ ပြီကလာ နဲ့ ရှင်းပြတော့တာပါပဲ။ မှတ်မိတာတစ်ခုက Anhui Province ကလိမ္မော်သီးစိုက်ခင်းမှာ orange concentrate ထုတ်လုပ် နိုင်တဲ့ အကြောင်းရေးထားတာပါ။ manufacturing sector ပေါ့။လိမ္မော်စိုက်ခင်းတွေဘယ်နှစ်ဟက်တာရှိတယ်-- တန်ချိန် ဘယ်လောက်ထွက်မယ်-- packaging ကို တရုတ် ပြည်တွင်းဘယ်ပြည်နယ် ကနေတင်ပို့ နိုင်တယ်ကအစပါတယ်။ စာအုပ်တွေက အခန့်ချုပ်ထားတာဆိုတော့ impressed လည်းဖြစ်ပါတယ်။ တချို့ပြည်နယ်ရဲ့ ပရိုဂျက်တွေဆို အမေရိကန်ဒေါ်လာသန်းဆယ်ဂဏန်း ရာ ဂဏန်းအထိတောင်ပါပါတယ်။ ကဏ္ဍ လည်းအစုံပါပါတယ်။မောင်တိုင်ပင်လည်း boothတွေလျှောက်သွား သူတို့ projectစာအုပ်တွေကိုတောင်းယူလာခဲ့တာပင်စင်ယူတော့ရုံးမှကျန်ခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေ စတင်ဖိတ်ခေါ်စဉ်က ဒီလိုကိုယ့်ဒေသအလိုက် potential ဘာရှိလဲဆို
တာ Commerce Journal ထဲမှာတောင်ဖေါ် ပြဘူးပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာရှိ တဲ့  အစိုးရ ဌာနတွေအနေနဲ့ ကိုယ်ဒေသအလိုက်ဒီလို investment data တွေကိုပြုစု ထားလိုက်ရင်ခူးပြီးခပ်ပြီးဖြစ်ပါလိမ့်မယ်။ DICA အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ရုံးတွေ လိုက်ဖွဲ့ မယ်ဆိုရင် ဒီအလုပ်ကတော့ ပထမဆုံး လုပ်ရမဲ့ အလုပ်
လို့ထင်ပါတယ်။ သတင်းနားထောင်ရင်းနဲ့ ခေါင်းထဲပေါ် လာတာတွေကို ချရေးမိ တာပါ--



No comments: