Tuesday, February 24, 2015

ရင်းနှီးမြုပ်နှံမှု မှာအမြင်မတူခြင်း

မောင်တိုင်ပင်တို့နိုင်ငံကိုကြည့်လိုက်ပါ၊ရင်းနှီးမြုပ်နှံမှုကဝင်တော့ဝင်လာတယ်၊ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်
ထင်သလောက်မဖြစ်လာသေးဘူးဆိုတာကတော့ အထင်အရှားပါပဲ၊မြေဈေးကြီးတယ်၊လျှပ်စစ်ဓါတ်အားလုံလုံ
လောက်လောက်မထုတ်လုပ်နိုင်ဘူး၊ကျွမ်းကျင်လုပ်သားရှားပါးနေတယ်၊အဆင့်မီပညာရှင်မရှိဘူး၊ဥပဒေလွှမ်း
ခြုံနိုင်မှုမှာအားနည်းနေတယ်၊investment risk မြင့်မားလွန်းတယ်၊doing business အပိုင်းမှာအားနည်းနေ
တယ်၊ဆန္ဒပြမှုတွေက လိုတာထက် ပိုများနေတယ်၊၊ပြည်တွင်းက local partner တွေကရင်းနှီးမြုပ်နှံမှုထည့်ဝင်
ရာမှာ သူတို့ပိုင်မြေကို ရှယ်ယာအနေနဲ့ထည့်ဝင်ခြင်းအပေါ်မှာပြည်ပရင်းနှီးမြုပ်နှံသူက property ကိုရှယ်ယာ
အနေနဲ့ထည့်ဝင်တာဖြစ်လို့သဘောမကျကြဘူး၊သူတို့ access လုပ်ချင်တာကဖြစ်ချင်တာက ပြည်တွင်းထည့်ဝင်
သူရဲ့ လုပ်ငန်း cash flow ဘယ်လိုရှိသလဲဆိုတာလောက်ပဲစိတ်ဝင်စားတယ်၊

ဒီနေရာမှာပြည်ပရင်းနှီးမြုပ်နှံချင်သူ နဲ့ ပြည်တွင်းလုပ်ငန်းရှင် ခရိုနီတွေနဲ့တော့ရှယ်ယာထည့်ဝင်မှု အချိုးအပေါ်
အမြင်သဘောထားခြင်းမတူကြဘူးဗျ၊ပြည်ပရင်းနှီးမြုပ်နှံသူတွေကလည်း လုပ်ငန်းရှင်ခရိုနီတွေပိုင်တဲ့မြေဆို
တာအစိုးရဆီကပေါပေါလေးနဲ့ရထားတာ၊ အခွင့်အရေးတစ်ရပ်အနေနဲ့ရထားတာဆိုတာသိနေကြတယ်၊ခရိုနီ
တွေဘက်ကလည်းသူတို့ပိုင်မြေတွေကို true value နဲ့ မသတ်မှတ်ပဲ market value အနေနဲ့ တန်ဖိုးသင့်စကား
ပြောဆိုညှိနိုင်းကြတာဆိုတော့ ဘယ်လိုမှအဆင်မပြေပဲ လန်သွားကြတာများပါတယ်၊တချို့ဆိုရင်မြေကအင်မ
တန် တန်ဖိုးရှိတဲ့နေရာဖြစ်ပေမဲ့ ပိုင်ဆိုင်မှုကြတော့ ၃ -၄ ဦးဖြစ်နေတတ်တယ်၊အဲဒီလိုကြရင်ဦးဆောင်ဆွေးနွေး
သူက potential investor နဲ့ဆွေးနွေးမယ်၊ဆွေးနွေးရရှိချက်တွေကိုသူ့အစုစပ်တွေကိုပြန်တင်ပြရင်တစ်မျိုးဖြစ်
သွားရော၊ ဒါကြောင့် potential investor နဲ့မဆွေးနွေးခင် ကိုယ့်အချင်းချင်း ကြားမှာ policy နဲ့ပတ်သက်ပြီး
သေချာဆွေးနွေးထားစေချင်တယ်၊ရန်ကုန်မြို့နေရာကောင်းတွေရထားတဲ့ ခရိုနီများအနေနဲ့ယခုတင်ပြချက်တွေ
အရမိမိတို့ဘာလိုချင်လဲဆိုတာသေချာတွက်ချက်ထားစေချင်တယ်၊နိုင်ငံတကာလျှောက်သွားပြီးဘယ်နိုင်ငံမှာ
ရင်းနှီးမြုပ်နှံရင်ကောင်းမလဲဆိုတာလိုက်ကြည့်ရှုနေကြတဲ့ potential investor တွေနောက်မှာ သေချာပြင်ဆင်
တွက်ချက်ပေးနိုင်တဲ့ firm တွေဆီကအကြံဥာဏ်ရယူပြီးမှ လာတာပါ၊ ဂျပန်က ကုမ္ပဏီအကြီးကြီးတစ်ခုဆိုရင်
မောင်တိုင်ပင် တို့ ULS Co က ပင်စင်ယူထားတဲ့ အစိုးရအရာထမ်းကြီးတွေနဲ့ ဖွဲ့ စည်းတည်ထောင်ထားတာဖြစ်
လို့လာဘ်ပေးလာဘ်ယူမှုရှိနိုင်တယ်လို့သုံးသပ်ပါတယ်၊ investment proposal တင်ပြဖို့ လုပ်တဲ့အခါ ဌာနေ ကုမ္ပဏီခွဲကို headquarter က ဒီကုမ္ပဏီ နဲ့ မလုပ်ပါနဲ့ လို့တောင်တားတယ်လို့သိရပါတယ်၊ဘယ်ကုမ္ပဏီလဲ
ဆိုတာမောင်တိုင်ပင် နဲ့တွေ့မှမေးကြည့်ပါ၊ ဆိုလိုချင်တာက Investment လုပ်မဲ့သူတွေဟာ information ကိုအကုန်ရယူပြီးမှ ရတဲ့ အချက်တွေပေါ်အခြေခံပြီးမှ access လုပ်ကြပါတယ်ဆိုတာသိအောင်လို့ပါ၊အတွေ့
အကြုံလေးတွေမျှဝေပေးတာပါ--


No comments: