Tuesday, February 24, 2015

တရုတ်ရေနံပိုက်လိုင်း

အခုဆိုရင်တရုတ်ကရင်းနှီးမြုပ်နှံထားတဲ့ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းကြီးဟာမြန်မာပြည်အ
လယ်ပိုင်းကိုဖြတ် ကာ ကျောက်ဖြူ ကနေမူဆယ်အထိ
တည်ဆောက်ပြီးစီးပြီဖြစ်ပြီးနေနံတောင်စမ်းသပ်ပို့လွှတ်နေပြီးဖြစ်ပါတယ်--
ဒါဟာတရုတ်အကျိုးစီးပွားမြန်မာနိုင်ငံမှာရှိနေပြီဆိုတာပြနေပါတယ်--ဒီပရိုဂျက်ဟာအ
လွန်လျှို့ဝှက် လွန်းလှတဲ့ ယခင်အစိုးရလက်ထက်မှာစတင်ခဲ့တာဖြစ်ပြီး ပရိုဂျက်နဲ့ ပတ်
သက်ပြီး  ပြည်သူအများ သိအောင် ပွင့် လင်း မြင်သာမှုမရှိတာကိုလေ့လာတွေ့ ရှိ ရပါတယ်--

အခုချိန်မှာဆိုရင်တရုတ်နဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ဒေသတွေမှာအေးချမ်းမှုမရှိလှပါ
ဘူး-- အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်---တရုတ်အကျိုးစီးပွားက ပြည်တွင်းထဲမှာ ရှိနေတာဖြစ်လို့အရင် ကဘယ်လိုစာချုပ်မျိုးတွေချုပ်ထားခဲ့သလဲ ဆိုတာပြည်သူတွေသိခွင့်မရှိဘူးလား--ဥပမာ စဉ်းစားမိတာကို
ပြောတာပါ--ပြည်တွင်းရှိ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း တစ်နေရာရာ ကိုအကြမ်းဖက်အဖွဲ့အ
စည်းတစ်ခုခု က၀င်ရောက်ဖျက်ဆီးခဲ့တယ် ဆို ပါစို့-- အဲလိုဖြစ်လာရင် မြန်မာဖက်ကလုံခြုံရေး တွေကပဲတာ
ဝန်ယူဖြေရှင်းမှာ လား ?? တရုတ်အကျိုးစီးပွားရှိနေတဲ့ အတွက် တရုတ်ရဲ့ လုံခြုံရေး
တွေကပြည်တွင်း ကိုဝင်ရောက်ပြီးဖြေရှင်း ပိုင်ခွင့် ရှိတယ် ဆိုတဲ့ အချက်များ စာချုပ်တွင်
ပါရှိနေပါသလား ?? ဒါတွေကိုပြည်သူတွေမသိသေးပါ--

အဲလိုဆိုတော့ ရေနံ ဓါတ်ငွေ့  ပိုက် လိုင်းစာချုပ်ကိုပွင့် လင်းမြင်သာစွာပြည်သူတွေကိုအ
သိပေးခွင့်ရှိပါသလား??  ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေ ဒီအချက်တွေကို သိခွင့်  ရပြီး ဘယ်လို

ကြိုတင်ကာကွယ်ထားသင့်သလဲဆိုတာ ၀ိုင်းဝန်းစုပေါင်း မစဉ်းစားသင့်ဘူးလား------

No comments: