Tuesday, February 24, 2015

မြေပါမစ်လေး

မောင်တိုင်ပင်ရင်ဖွင့်ချင်တယ်၊ရင်ဖွင့်စရာဆိုလို့ဖွဘုတ်ကြီးရှိနေလို့တော်ပါသေးရဲ့--မောင်တိုင်ပင် ဟာစီးပွားကူးသန်းကိုလက်ထောက်အင်ဂျင်နီယာကနေဝင်ခဲ့တာဖြစ်ပြီး တဆင့်ပြီးတဆင့်တာဝန်
ယူခဲ့ရတာနောက်ဆုံးဒုတိယညွှန်ကြားရေးမှုးချုပ်အဆင့်ကနေပင်စင်ယူခဲ့ပါတယ်။ကံမကောင်းတာက
မောင်တိုင်ပင် ကအရပ်သားဖြစ်နေတော့ညွှန်ချုပ်မဖြစ်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီတုံးက
 အရပ်သားဆိုရင်သစ္စာမရှိဘူး၊မယုံကြည်ရဘူးပေါ့၊ဒါပေမဲ့ဗျာ--လူကောင်းအကြီးအကဲတွေအောက်
မှာလက်တွဲလုပ်ခဲ့ရတော့စိတ်ချမ်းသာစွာနဲ့ပဲပင်စင်ယူခဲ့ရပါတယ်၊မောင်တိုင်ပင်မတိုင်ခင်ကတာဝန်ခံ
ခဲ့ရသူတွေရဲ့နံမည်သတင်းကမလှခဲ့တော့အပြင်ကလာတဲ့ မိုးကျအသစ်ဆိုရင်နံမည်သတင်းကောင်းနိုင်
တယ်လို့ယူဆလို့ စီးပွားကူးသန်းရဲ့သန္ဓေဖြစ်နေတဲ့မောင်တိုင်ပင်ကို သဘောမတူတာလည်းဖြစ်နိုင်
ပါတယ်။လာဘ်ပေးလာဘ်ယူကင်းရှင်းပြီးစီမံခန့်ခွဲမှု ပုံစံစနစ်အသစ်တွေကိုအစားထိုးလုပ်ကိုင်နိုင်ခွင့်
ရခဲ့လို့ကိုယ်ရောစိတ်ပါပင်ပမ်းခဲ့ပေမဲ့လုပ်ရကိုင်ရတာစိတ်ချမ်းသာခဲ့ပါတယ်။ မောင်တိုင်ပင်လုပ်သက်
၃၄ နှစ်စီးပွားကူးသန်းမှာလုပ်ကိုင်ခဲ့ပါတယ်။

ကဲ--မောင်တိုင်ပင်ရင်ဖွင့်လိုတဲ့အဓိကအကြောင်းကိုရောက်လာပါပြီ၊ သိကြတဲ့အတိုင်းအဆင့်အလိုက်
နှစ် ၄၀ ကျော်စစ်အစိုးရ ခေတ်တစ်လျှောက်မှာ အထက်ပိုင်းကမိုးကျတိုင်းလိုလို လည်ပတ်ရင်လည်
ပတ်သလိုမြန်မာနိုင်ငံနေရာအနှံ့တွေမှာမြေကွက်တွေရကြပါတယ်၊ယနေ့ DDG အဆင့်လောက်ထိ
တာဝန်ယူခဲ့ရသူပင်စင်စားတွေလက်ဝယ်မှာတရားဝင်ဝန်ထမ်းတွေပေးတဲ့ဒဂုံမြို့သစ်မှာမြေကွက်တွေ
ရကြပါတယ်။တချို့လည်းပင်စင်ယူပြီးနောက်အစိုးရဆီကရတဲ့မြေကွက်တွေမှာအိမ်ဆောက်နေထိုင်
ပြီးသားသမီးတွေမြေးတွေနဲ့ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်--မောင်တိုင်ပင်-- မင်းကောစီးပွား ကူး
သန်းမှာအလုပ်လုပ်စဉ်က အစိုးရကပေးတဲ့မြေကွက် မရခဲ့ဘူးလားလို့မေးစရာရှိလာနိုင်ပါတယ်။
ရခဲ့ပါတယ်ခင်ဗျာ-- ပါမစ်ခေါ်တဲ့စာရွက်လေးတစ်ရွက်ကတော့ ၂၀၀၂ ခုနှစ် ကုန်သွယ်လယ်ယာရုံးမီး
လောင်စဉ်ကပါသွားခဲ့လို့ အစအနပျောက်ခဲ့ပြီး မြေကွက်ကြီးအမှတ် ၁၆၀ မြေကွက် အမှတ် ၉၉၁ ဆို
တာလောက်ကို အိမ်ယူသွားလေ့ရှိတဲ့ ဒိုင်ယာရီမှာ မှတ်ထားလို့သာသိခဲ့ရတာပါ၊ ပါမစ် covering letter
ကိုလက်မှတ်ထိုးထားတာက ဗိုလ်မှုးမောင်မောင်အေး ဆိုတာပဲမှတ်မိတယ်။မောင်တိုင်ပင်မှာလုပ်သက်
တစ်လျှောက် ဒီမြေကွက် တစ်ကွက်ပဲတရားဝင်ရခဲ့တာဖြစ်ပါတယ်၊

ကဲ--မောင်တိုင်ပင်--မင်းလုပ်ပိုင်ခွင့်ရှိတုံးက ဘာလို့မလုပ်လဲလို့မေးစရာရှိပါတယ်၊ ကုန်သွယ်လယ်ယာက
နေဦးစီးပြောင်းတာကြောင့်ရယ်--အလုပ်များတာရယ်--ရုံးမီးလောင်လို့စာရွက်စာတမ်းတွေပါသွားတာရယ်
ကြောင့်လည်း ပါမစ်အသစ်ပြန်ရအောင်မလိုက်ဖြစ်တာလည်းပါတာပေါ့--ဒါကမောင်တိုင်ပင်ဆင်ခြေပါ။
ဖြစ်ချင်တော့မောင်တိုင်ပင်တို့ကိုချပေးထားတဲ့မြေကွက်တွေကိုအခုအစိုးရလက်ထက်မှာ ပြန်သိမ်းသွား
တယ်လို့ကြားလိုက်မိပါတယ်--အော်အများနဲ့ပဲလေ--ငါနဲ့ မထိုက်လို့မရတာပဲလို့ဖြေပါတယ်။သိတဲ့အတိုင်း
မြေကွက်တွေက ဟော့ဖြစ်လာတော့ ဟိုလူကတင်ပြ ဒီလူကတင်ပြနဲ့ အစိုးရကသိမ်းတယ်လို့ပြောတဲ့မြေ
ကွက်တွေကို ပြန် release လုပ်လိုက်တယ်လို့ကြားပြန်ကော--ဒီမြေကွက်တွေပေါ်မှာ ခရိုနီကုမ္ပဏီတွေ 
စပါးစိုက်ကြတယ်လို့သိထားရပါတယ်။-- နောက်ကံဆိုးတာက release လုပ်တယ်ဆိုတဲ့ မြေကွက်ကြီးတွေ
ထဲမှာနံပါတ် ၁၅၉ နဲ့ ၁၆၀ မပါပြန်ဘူးတဲ့-- အဲတော့ ပင်စင်ယူပြီးနောက်ပိုင်း အစိုးရကပေးလို့ရပါတယ်ဆိုတဲ့မြေ
ကွက်ဈေးကောင်းလာတဲ့အချိန်မှာ သူသူငါငါ ပြန်လည်စိတ်ဝင်စားလာကြတော့ မောင်တိုင်ပင်လည်း
စိတ်ဝင်စားလာတာကိုတော့ ကိုယ်ရေးကိုယ်တာကိုရှေ့တန်းတင်လာပါလားလို့ မထင်စေချင်ပါ။သက်ဆိုင်
ရာတာဝန်ရှိသူတွေကိုဆက်သွယ်တော့လည်းပင်စင်စားဆိုတော့ အရေးတယူမရှိလှဘူး။ဒါနဲ့ ရေးချင်ရာရာ
ကိုတင်ပြနိုင်တဲ့ ဖွဘုတ် မှာတင်ပြလိုက်ရတာပါ-------




No comments: