Tuesday, February 24, 2015

ကိုယ့်ဘဝကိုယ့်အကြောင်း

မှတ်မှတ်ရရလေးတွေက ဘဝတစ်လျှောက်လုံးမှာရှိခဲ့ဘူးပါတယ်--ဦးနေဝင်းလက်ထက်ကပါ-- မောင်တိုင်ပင်အဖေက မန်းတက္ကသိုလ်မှာ မြန်မာစာပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတုံးကပါ--
အဲဒီအချိန်ကပညာရေးဝန်ကြီး က မြန်မာ့ပညာရေးကို ဖျက်ဆီးခဲ့သူ လို့အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဒေါက်တာညီညီပါ--
မန်းတက္ကသိုလ်ကိုလာရောက်စစ်ဆေးခဲ့ပါတယ်-- အဲဒီအချိန်ကအဖေ က  ဦးမောင်မောင်တင် တို့နဲ့အတူတူ မြန်မာ့
စာပေဆိုင်ရာ ပြတိုက်လေးတစ်ခုတည်ထောင်ထားတယ်--ဘယ်သူကမှ ပြတိုက် ထောင်လို့ညွန်ကြားတာမဟုတ်ဘူး -- ကိုယ့် initiative နဲ့ကိုယ်ထောင်ထားတာ---အခုရှိလား မရှိလားတော့ မသိဘူး- အဲဒီပြတိုက် ကိုလာကြည့်ရင်း မောင်တိုင်ပင်အဖေ ကိုပြောလိုက်တဲ့စကား ရပ်တစ်ခု ကို အဖေက အမှတ်မထင်ပြန်
ပြော ပြ လို့ သိခဲ့ရတာပါ-- သူက" ဆရာက စည်လိုပဲ တီးမှ မြည်တာနော် " တဲ့-- အဖေကလည်းသူဘာရည်
ရွယ်ချက်နဲ့ပြောမှန်းမသိပါ-- အလုပ်တစ်ခုကို တွန်းတွန်းတိုက်တိုက် လုပ်-- မင်းလုပ်ရင်လုပ် မလုပ်ရင်တော့
ဆော်တော့မယ် ဆိုတာမျိုး တီး မှအသံထွက်တာ -- အဖေကတော့ သူဘာကြောင့်ပြောတာလဲဆိုတာမောင်တိုင်ပင်တို့ကို
ရှင်းမပြဘူး အဲလိုပြောခံရလို့ စိတ်ဆိုးနေပုံလည်းမပေါ်ဘူး-- အမေ ကို ဧည့်ခန်းမှာ လ္ဘက်ရည်သောက်ရင်း စကားစမြည်ပြော
နေတုံးပြောတာကိုကြားရတာ--မောင်တိုင်ပင်အနေနဲ့စဉ်းစားတတ်တဲ့ အရွယ်ရောက်နေတော့ ဒီစကားကို
အဲဒီအချိန်က တွေးခေါ်သုံးသပ်နိုင်တဲ့စွမ်းအားလေးနဲ့စဉ်းစားကြည့်တာပါ--ချီးကျူးတာလား ခြိမ်းခြောက်တာလား ဝေခွဲမရဘူး--အခုကြီးလာတော့ ပညာတွေ
အတွေ့အကြုံတွေ စာဖတ်ခဲ့တာကြောင့် ရလာတဲ့ အသိအမြင်တွေ အရ ပြောင်းလဲတွေးတောလာတယ်--ပညာတတ်တော်တော်များများဟာ
သူတို့ကိုမေးမှ တိုင်ပင်မှ ကူညီပါ လို့ပြောမှ ပြောတတ်တာပဲ--စည်လိုအသံထွက်လာတာပဲ----- ဒီခေတ်မှာ ပိုသိသားသေး-- ဘေးထိုင်ပြီး
ရတာလေးနဲ့စား ရှိတာလေးနဲ့ရောင့်ရဲ နေတဲ့  ပညာတတ်တွေ မြန်မာမှာ အများကြီးပါလားလို့ -- ခပ်စွာစွာ ကိုယ့်
စည်ကို မြည်အောင် လုပ်နေတဲ့ ပညာတတ်တွေလည်းရှိပါတယ် --- တစ်ခုစဉ်းစားမိပါတယ် --ဒေါက်တာ
ညီညီ ပြောသလို တီးမှ မြည်တဲ့ စည် အဖြစ်နေတာကောင်းလား   ကိုယ့်ဖါသာ မြည်အောင် လုပ်တဲ့ စည်
ဖြစ်အောင်လုပ်သင့်ပါလား လို့-- ဒီခေတ်က ကိုယ်တတ်တယ် -- ကိုယ်ကျွမ်းတယ်-- လို့မရှက်မကြောက်ကျေညာပြီ ဆိုရင်လူတွေက ဟုတ်တာ မဟုတ်တာ အပထား  နောက်ကေတော့ လိုက်လာတဲ့သူတွေ ရှိနေတာ  လူသဘော လူ့မနော ကို အကဲခပ်တတ်ရင် EQ ကောင်းရင် ကိုယ့် နောက်လိုက် followerbတွေရှိလာတာပဲ-- တကယ်ကျွမ်းတဲ့သူတွေ က အယ်လိုလုပ်ရမှာ ရှက်တတ်တယ်ဗျ --နောက်   ဒီခေတ် က မိုးကျ တွေ နေရာတကာမှာ ရှိနေလို့ပြောရတာခက်သား------ 

No comments: