Tuesday, December 15, 2009
အချောင်သမားစိတ်ဓါတ်
အလွန်အရေးကြီးပါတယ်။တစ်နှစ်ကစင်ကာပူကိုခဏသွားလည်တော့ ချန်ဂီ လေဆိပ်မှာတွေ့ရတာလေးဖေါက်သည်ချ
ချင်ပါတယ်။လေယာဉ်တစ်စီးတည်းစီးလာတဲ့ မြန်မာအမျိုးသမီးငယ်လေး(ကျောင်းလာတက်
တာနဲ့တူပါတယ်) တစ်ဦး immigration ရှေ့မှာ လေယာဉ်ခရီးသည်တွေအားလုံးတန်းစီဖို့လုပ်
နေတုံးအမျိုးသမီးငယ်လေးဟာကြားဖြတ်ဝင်လိုက်ပါတယ်။
အမှန်တော့ခလေးမလေးဟာ လူလယ်လုပ်ပြီးကြားဖြတ်ဝင်တာတော့မဟုတ်ပါ။ ဘာလုပ်ရမှန်းမသိယောင်နနဖြစ်နေပြီး
လူတွေတန်းစီးနေတာတွေ့တော့ ကြားဝင်ပြီးတော့စီလိုက်တာနဲ့တူပါတယ်။အနားမှာရှိတဲ့
လုံခြုံရေးကသူမကိုဆွဲထုတ်ပြီးစာရေးသူနောက်ကိုလာပို့ပါတယ်။
ခလေးမလေးကကြောက်
နေတာနဲ့ နိုင်ငံခြားမှာ ဒီလိုပဲတန်းစီရတယ်။immigration ကောင်တာရှေ့မှာ ၀ိုင်းအုံနေလို့
မရဘူး၊ အ၀ါလိုင်းမှာရပ်နေ အန်ကယ်ကိုစစ်ပြီးမှသမီးလာရပ် ပြီးမှပတ်စ်ပို့ပြလို့မှာရတယ်။ ခလေးမလေးကမြန်မာလိုပဲအောင်းမေ့ နေတဲ့ပုံစံပဲ။
မြန်မာမှာဆိုရင်တော့ဒီလိုမျိုးတန်းမစီပဲ ကြားဝင်ရင်ခလေးမလေးဖြစ်တာကတကြောင်း၊အော်
သူတစ်ယောက်ရှေ့ က၀င်သွားလို့ဘာမှမဖြစ်ပါဘူးလေ ဆိုပြီးဘယ်သူကမှပြောမှာမဟုတ်ဘူး။
စင်ကာပူ၊မလေးရှား ဘာလုပချင်ချင်အကုန်တန်းစီကြရပါတယ်။စည်းကမ်းရှိရပါတယ်။ စည်းကမ်းရှိတဲ့ စင်ကာပူက ပင်နီစူလာ ပလာဇာ မှာ toilets တွေဟာ အခြား plaza နဲ့ shopping mall တွေ ရဲ့ toilets တွေနဲ့ ဆိုရင် အရမ်းကွာတာပဲ။ ကွမ်းသွေးတွေ၊ဆေးလိပ်
တိုတွေ နဲ့ညစ်ပတ်နေတာပဲ၊ ဂျာနယ်တစ်ခုမှာရေးထားတာဖတ်လိုက်ရတယ်။ မြန်မာက သွားတဲ့သူတွေက ရှက်ကြတယ်။ စင်ကာပူမှာရှိနေတဲ့ မြန်မာတွေကတော့ ရိုးနေလို့လားမသိ ဘာမှ ပြောသံတော့မကြားရဘူး။
စင်ကာပူမှာ အချောင်ဝင်လုပ်လို့ မရဘူး။ ရန်ကုန်မှာ ကြီးကြီးငယ်ငယ် အချောင်သမား
စိတ်ရှိတဲ့သူတွေတော်တော်များရှိတယ်။ နိုင်ငံကြီးသားမဟုတ်ကြဘူး။ ရန်ကုန်မြို့ကမာရွတ် မီးပွိုင့် rush hour မှာအချောင်သမားစိတ်ရှိတဲ့သူတွေတော်တော်များများတွေ့ရပါတယ်။
တန်းအရှည်ကြီးကားတွေစီနေရင်တစ်ဖက်ယာဉ်ကျောကမောင်းသွားပြီးရှေ့ရောက်မှ အချက်ပြမီးအတင်းပြကာတန်းစီထားတဲ့ယာဉ်ကျောထဲအတင်းဝင်တော့
တာပါပဲ။ စိတ်ဆပ်တဲ့သူနဲ့တွေ့ရင် ၀င်ခွင့်မပေးရင် ယာဉ်တိုက်မှုဖြစ်ရော။ ဒါပေမဲ့ မြန်မာတွေ
ကသည်းခံကြတယ်ဗျ။ အလျှော့ပေးလိုက်တဲ့ကားကများပါတယ်။အလားတူရွှေဂုန်တိုင်မီးပွိုင့်
တို့ဘာတို့မှာလည်းတွေ့ရတတ်တယ်။
နောက်တစ်နေရာ က နာနတ်တောမီးပွိုင့် အစွန်ဆုံးယာဉ်ကျောကိုနာနတ်တောဖက်ကွေ့ဖို့
လမ်းပေးထားတယ်။ ဒါပေမဲ့ ဘတ်စ်ကားတွေကကွေ့ဖို့လုပ်ထားတဲ့ ယာဉ်ကျောကနေမီး
ပွိုင့်မီးနီကိုစောင့်နေတော့ ကွေ့ချင်တဲ့ကားတွေကမကွေ့နိုင်တော့ဘူး။စောင့်နေရရော။ လွန်
ခဲ့သောနှစ် တစ်နှစ်က ယာဉ်ထိန်းတစ်ယောက်ကွေ့ရမဲ့ လိုင်းဝင်လာတဲ့ဘတ်စ်ကားတွေကို
ဝီစီမှုတ်ပြီးနာနတ်တောလမ်းဘက်ကွေ့ခိုင်းတာကိုကြုံရဘူးတယ်။
ဘတ်စ်ကားတွေမှာနောက်
နားကျကျကားတွေကယာဉ်ကျောထဲအတင်းဝင်ကြတော့တာပေါ့။ ရှေ့ရောက်နေတဲ့ ယာဉ်တွေ
ကတော့ဘတ်စ်လမ်းကြောင်းမဟုတ်ပေမဲ့ကွေ့လိုက်ရတော့တာပေါ့။
ဒါပေမဲ့ ဒီယာဉ်ထိန်း ကို နောက်ပိုင်ုးမတွေ့တော့ဘူး။ မှန်တာလုပ်လို့ထင်တယ်။ အများမိုးခါးရေမသောက်လို့လားမသိပါ။ ဘတ်စ်တွေကို lesson ပေးခဲ့တဲ့သူ့ကို အထက်ကလူ
တွေကပြန် lesson ပေးလိုက်တယ်နဲ့တူတာပဲ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မီတီအနေ
နဲ့ ဒီလိုအချောင်သမားစိတ်ဓါတ်နဲ့ပြုမူတဲ့ ယာဉ်တွေကိုချောင်းဖမ်းသင့်ပါတယ်။ တွေ့ပါတယ်၊
ကွေ့ရမဲ့လမ်းကြောင်းပေါ်ဖြတ်မောင်းမိတဲ့ ကားတွေ၊ မီးနီမီးဝါဖြတ်တဲ့ကားတွေကို ခွေးတွေစာကလေး ဖမ်းစားဖို့ချောင်းနေသလိုမျိုးချောင်းဖမ်းနေကြတာကို။ ရန်ကုန်မြို့ပေါ်
ကားမောင်းကြတဲ့သူတိုင်းတွေ့ကြပါတယ်။အမှန်တော့
ယာဉ်ထိန်းတွေဟာဒီလိုအချောင်သမား
စိတ်ဓါတ်နဲ့ ယာဉ်ကျောထဲဖြတ်ဝင်တာ၊ ဖွင့်ပေးထားတဲ့ယာဉ်ကျောပေါ် ပိတ်စောင့်တဲ့ ဘတ်စ်ကားတွေကို ချောင်းဖမ်းဖို့ကောင်းပါတယ်။ ဒီလိုစည်းကမ်းဖေါက်ဖျက်တဲ့ယာဉ်တွေဟာ မြန်မာလူငယ်တွေအချောင်သမားစိတ်ဓါတ်ဖြစ်ပေါ်အောင်လုပ်တဲ့အတွက် ပိုအပြစ်ကြီးတယ်လို့ထင်ပါတယ်။
လူငယ်တွေအချောင်သမားစိတ်ဓါတ်ဖျောက်ကြရအောင်လား ?နိုင်ငံခြားရောက်လို့ အကျင့်ပါသွားရင်တော်တော် ရှက်စရာကောင်းပါတယ်။အများ မိုးခါးရေမသောက်တဲ့
အထဲမှာပါအောင်လုပ်ယူပြီး မြန်မာ ဖြစ်ရတာကိုဂုဏ်ယူစမ်းပါ။
Wednesday, December 9, 2009
အများမိုးခါးရေမသောက်သူ
ဝန်ထမ်းဖြစ်ပေမဲ့ အကြောင်းပေါ်လို ရုံးတွေ ဌာနတွေကိုသွားပြီး ၀န်ထမ်းတွေ နဲ့ဆက်ဆံရမယ်ဆို ရင်တော်တော် ကြောက်တယ်။ ကိုယ်သွားလိုတဲ့ရုံး
ရဲ့အကြီးအကဲဆီ ဖုန်းဆက်ပြီးသွားရင်ရမယ်ဆိုတာသိပါတယ်။ ဒီလိုမျိုးလုပ်ရတယ်ဆိုတာမျိုးကိုမလုပ်ချင်တာပါ။ဒါပေမဲ့ဒီကနေ့ဒါမျိုးပဲ
လုပ်နေရတာပဲမဟုတ်လား၊ ရုံးတွေနဲ့ ဆက်ဆံချင်ရင် အသိအရင်ရှာရတယ်၊ ဒါမှအဆင်ချောမယ်၊မရှိရင်တစ်ဆင့်
ပြီးတစ်ဆင့် အသိရှာရတယ်။ ဂ၇၀ ပစ္စည်း လေးတစ်ခုခုလည်းယူသွားရတယ်။
ကိုယ်တို့အလုပ်စ၀င်ခါစကရုံးတွေကိုသွားရင်ပြေပြေပြစ်ပြစ်ဆက်ဆံတာ
ကိုကြုံ ရလို့ ရုံးပြင်ကန္နားသွားရတာဟာစိတ်အနှောက်အရှက်
မဖြစ်တာကတော့အမှန်ပါပဲ။ကိုယ့်ဆီလာလည်းချောချောမောမောပဲလုပ်ပေးလိုက်တာပဲ။
ဒီလိုအကျင့်ပျက်တာဟာလုပ်ခ လစာပေါ် လုံးဝမူုတည်ပါတယ်လို့ပြောရင် ၁၀၀ ရာခိုင်နှုန်းမ မှန်ပါဘူး။ လုပ်ခလစာနည်းပေမဲ့ ကိုယ်တာဝန်ကိုယ်ကျေပြွန်အောင်တာဝန်ထမ်းဆောင်နေတဲ့
ဝန်ထမ်းတွေလည်းအများကြီးတွေ့ဘူးပါတယ်။ ကိုယ်ကျင့်တရားသိက္ခာနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။
တလောက blog တစ်ခုထဲ ၀င်ကြည့်ခဲ့ပါတယ်။blog ပိုင်ရှင်က သူ အကြည်ညိုဆုံး ပုဂ္ဂိုလ်များစာရင်း မှာ(၁)ဗုဒ္ဒမြတ်စွာဘုရားသခင်၊(၂) ဗိုလ်ချုပ်အောင်ဆန်း၊
(၃) အများမိုးခါးရေမသောက်သူ လို့ဖေါ်ပြထားတာကိုဖတ်လိုက်ရပါတယ်။ တော်တော်လေး ခါးသီးတဲ့ အတွေ့အကြုံတွေရှိခဲ့ဘူးတယ်နဲ့တူပါတယ်။ စာရေးသူစိတ်ဝင်စားတာက အများမိုးခါးရေမသောက်သူ လို့ဆိုထားတာကိုပါ။ ဗိုလ်ချုပ်အောင်ဆန်း
ကဲ့သို့ကြည်ညိုတယ် လို့ နှိုင်းထား သလိုပါပဲ။ ဘုရား နဲတော့ ဂိုဏ်းသင့်မှာစိုးလို့ မနှိုင်းသင့်ပါဘူး။အများမိုးခါးရေကိုမသောက်သူတော်တော်ရှားပါလိမ့်မယ်ထင်တယ်။
များများသောက်တာနဲ့ အာစွတ်ရုံလောက်သောက်တာ တော့ကွာပါမယ်။ ဒါကြောင့်
မင်းကောမသောက်ဘူးလားလို့ ကိုယ့်ကို ကိုယ်တောင်မမေးရဲလောက်အောင်ပါပဲ။
ဒါပေမဲ့ လောကကြီးမှာရှိလိမ့်မယ် လို့ယုံကြည်ပါတယ်။
အလယ်အလတ်လူတန်းစား ပညာတတ်လူငယ်တွေအတွက် capacity building ကို မြှင့်တင်ရာမှာ နေရာတစ်ခုကပါနေတဲ့ ရန်ကုန်က Egress အဖွဲ့ အစည်းဟာ အောင်အောင်မြင်မြင် သင်တန်း တွေပေးနေတာကိုတွေ့ ရပါတယ်။ ကျနော်ထင်တယ်၊လူငယ်တွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိအောင်လေ့ကျင့်ပေးတာ တွေအပြင်စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတိုးတက်လာအောင် လုပ်
ဖို့ လေ့ကျင့်ပေးမှု အစီအမံတစ်ခုများလိုနေပြီလား မသိပါ။ အများမိုးခါးရေမသောက်ပဲ ခေတ်ရေစီးကြောင်းကိုကြံ့ကြံ့ခံနိုင်ဖို့လေ။ ကိုယ်လုပ်ပေးလိုက်လို့တစ်ဖက်သား
စိတ်ချမ်းသာသွားတာကိုမြင်တွေ့ရပြီး ကိုယ့်စိတ်ထဲမှာ ပီတိဖြစ်ရတဲ့ခံစားချက်မျိုးခံစားနားလည်
တတ်ဖို့ပါ။ ကိုရီးယား ဒရာမာဇာတ်လမ်းတချို့ မှာတောင်တစ်ခါတစ်ရံကြည့်မိလိုက်သလိုပါပဲ။
ဒါပေမဲ့ခေတ်ရေစီးကြောင်းကလည်းတားလို့မရဘူးဗျ။ လူတွေကလည်းရုံးပြင်ကန္နားက၀န်ထမ်းတွေကိုချဉ်းကပ်ပြီဆိုရင် ဂ၇၀ လေးတော့ယူလာကြတာပဲ။ အထက်ကလူတွေကလည်း မင်းတို့မရစ်ကြနဲ့ လုပ်ပေးကိုင်ပေးလိုက်၊ မြန်မာပီပီ သဒ္ဒါတရားကြောင့် သူတိုကသဒ္ဒါလို့ပေးရင်တော့ယူ လို့
ဆိုတော့ ဒါက အကျင့်ပါလာပြီး လူတိုင်းစိတ်ထဲမှာ သူတော့ တစ်ခုခုတော့ပေးရမှာပဲလို့ ယူဆပြီး ပေးတဲ့ အကျင့် ယူတဲ့ အကျင့်တွေကိုဖျောက်မ ရနိုင်ဖြစ်နေကြတော့တာပါပဲ။
ဟေ့ကောင်- ပီတိကထမင်းစားသလိုစားလို့ရတာမဟုတ်ဘူးကွ - လို့တောင်ပြန်ပြောခံရမလား
မသိဘူး။ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုဂုဏ်ယူတတ်ဖို့လိုပါတယ်။အများမိုးခါးရေ
မသောက်ဖို့ လုပ်ကြပါ။ ဒီကနေ့လူငယ်တွေအဖို့ ပြင်မယ် လေ့ကျင့်မယ် ဆိုရင်ရပါသေးတယ်။
ဒီကနေ့ ကိုယ့်နိုင်ငံ ကလူငယ်တွေစိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေတိုးတက်မှ နောင်အနှစ် ၂၀ ၃၀ ကြရင် corruption free နိုင်ငံအဖြစ်ရောက်မှာပါ။
Tuesday, December 8, 2009
အမွေမီမြေး နှင် အမွေမမီမြေး
အမွေမမီမြေးဆိုသည်မှာ ၄င်းတို့၏မိဘများသည် ဘိုးဘွားတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ မသေမီ ရှေးဦးစွာ သေဆုံးကြသောကြောင့် အမွေမမီမြေး ဟုခေါ်ဆိုကြောင်းသိရပါသည်။
အမွေမီမြေးသည် ၄င်းတို့၏ဦးကြီး၊ ဦးလေး၊ အဒေါ်စသည့်ဆွေမျိုးများနှင့်ပြိုင်၍ ဘိုးဘွားများ အမွေဆက်ခံပိုင်ခွင့် မရှိပေ။
အမွေမမီမြေးမှာမူယင်းကဲ့သို့ဆွေမျိုးများနှင့်ပြိုင်၍ အမွေကိုဆက်ခံပိုင်ခွင့်ရှိကြောင်းမြန်မာဓလေ့ထုံးတမ်း ဥပဒေ များတွင်ဖေါ်ပြထားသည်။
Sunday, December 6, 2009
လူ့ဘ၀၏ ၆ ပုံ ၁ ပုံ
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို
ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။
Saturday, December 5, 2009
ဆန်အရည်အသွေးနဲ့ပတ်သက်ပြီးဘာမှမလုပ်ကြသေးဘူး
ဆန်စပါး အထူးပြုဦးဆောင်ကုမ္ပဏီတွေ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုတယ်ဆိုတာဟာလည်း သူ့ဒေသ နဲ့သူတာဝန်ယူ လုပ် ကိုင်သွားကြမှာကိုယုံကြည်လို့ ဒီလိုအခင်းအကျင်းတွေ လုပ်ခွင့်ပြုခဲ့တာပဲ မဟုတ်ပါလား။ ကုန်စည်စီးဆင်းမှု ဟာလည်း ဆန်လိုဒေသနဲ့ ဆန်ပိုဒေသတွေအတွင်း ဟန်ချက်ညီညီ နဲ့ သဟဇာတ ဖြစ်သွားအောင် ဆောင်ရွက်ရ မှာက ဒီဆန်စပါးအထူးပြု ဦးဆောင်ကုမ္ပဏီတွေပဲ လုပ်ရမှာမဟုတ်ပါလား။ ညီညွတ်မျှတသွက်လက်တဲ့ supply chain mechanism ကို တည်ဆောက်လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာဆန်စပါး လုပ်ငန်း ကို ၂၀၀၉ ခုနှစ်ထွက်စပါးသီးနှံကစလုပ်ကြကိုင်ကြတော့မှာဖြစ်လို့ ၀ယ်လိုအားရောင်းလိုအား မျှချေ ကို တည်တည် ငြိမ်ငြိမ် ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။
ဒီအချိန်မှာဘယ်နိုင်ငံကတော့ ဆန်ဘယ်လိုဝယ်မယ်၊ ဘယ်နိုင်ငံကရောင်းမယ်ဆိုတဲ့ကမ္ဘာဆန်ဈေးကွက်သတင်း တွေပလူပျံအောင် ထွက်ပေါ်လာလျှက်ရှိတယ်ဆိုတာ ကောမာစ်ဂျာနယ် မှန်မှန်ဖတ်ရင်သိနိုင်ပါတယ်။
နိုင်ငံတကာ ဆန်ပွဲစားတွေကလည်းဒီအချိန်ဆိုရင်ခြေချင်းလိမ်နေကြပါပြီ။ ၂၅မှတ်ချင်းတူတူ မြန်မာ့ဆန်ဟာ ထိုင်း၊ဗီယက်နမ်၊အိန္ဒိယ၊ ဆန်တွေနဲ့ ယှဉ်ရင် ဘာကြောင့်ယခင်ကထက်ဒါလောက်ဈေးကွာခြားရတာလဲ၊ မြန်မာ ဆန်ကုန်သည်တော်တော်များများ ဒီနှစ်ထဲမှာ ကမ္ဘာကိုခြေဆန့်ခဲ့ ကြပြီးပါပြီ။ ပွဲစားကုမ္ပဏီတွေ ဆန်တစ် တန် ပေါ်မှာ ဘယ်လောက်စားကြတယ်ဆိုတာခန့်မှန်းလို့ရပြီလို့ထင်ပါတယ်။
အရည်အသွေးကိုမှန်မှန်ကန်ကန်လုပ်ပြီးကမ္ဘာဆန်ဈေးကွက်မှာ မြန်မာ့ ဆန်နံမည်ပြန်ယူကြရအောင်။ အခြေ အနေအရကတော့ မြန်မာဟာ ၂၅မှတ်ဆန်ကိုပဲ ပို့နေရအုံးမှာပါ။ တလောကဂျာနယ်တစ်ခုမှာ ပေါင်းဆန် ၂၅မှတ် ကို ပြည်ပတင်ပို့မယ်ဆိုပြီး ဖေါ်ပြထားတာ ဖတ်လိုက်ရပါတယ်။ ပေါင်းဆန်လုပ်လိုက်ပြီဆိုရင် အကျိုးအကြေ အတော်နည်းပါတယ်၊ ၂၅မှတ်ဆိုရင်ရောစရာ ပေါင်းဆန်ကွဲရဖို့ တော်တော်ခက်ပါလိမ့်မယ်။ ဒါကြောင့် ပေါင်းဆန်ဆိုရင် ၁၀မှတ် လောက်ပဲကြိတ်ပါတယ်။ ၂၅မှတ်ဆိုတာဆန်ကွဲ ဘီ ၂၃၄ က ၂၅%၊ ဘီ ၁၂ က ၁၅% အားလုံးပေါင်းရင် ၄၀% လောက်ပါ။ head rice recovery ၃၅%လောက်ရရင် ၂၅မှတ်အတွက် recovery ကောင်းတယ် လို့ပြောရ ပါ တယ်။ ပေါင်းဆန်ကြိတ်ရင် head rice recovery က ၅၀%ကျော်လောက်ရပါတယ်။ head rice နဲ့ whole kernel တွေများနေပြီးရောစရာ ဆန်ကွဲမရှိတော့ ၁၀မှတ်ဆန်လောက် ဖြစ်သွားတာပေါ့။ ဒါကြောင့် ပေါင်းဆန် လုပ်ရင်တန်းမြင့် spec ပဲရမှာဖြစ်ပါတယ်။
ပြည်တွင်းမှာလည်းလယ်ယာထွက်ကုန်နဲ့ပတ်သက်လို့ အရင်က ပဲမျိုးစုံလုပ်နေတဲ့ကုန်သည် တွေကပဲမျိုးစုံ လုပ်ရတာငွေရင်းများပြီး ဈေးအတက်အကျက ခန့်မှန်းရခက်တာနဲ့ ဆန်ကိုပြောင်းလုပ်ကိုင် ဖို့တာ စူနေတဲ့ ကုန်သည်ကတာစူနေပါပြီ။ကုန်သည်တော်တော်များများရဲ့စိတ်ဘ၀င်မှာ နိုင်ငံတော်အနေနဲ့ ဆန်ုကိုလွတ် လွတ် လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီလို့မှတ်ယူလာကြတဲ့အတွက် ဆန်ရောင်းဝယ်ရေး အပေါ်မှာစိတ်ဝင်စား လာကြတာ မဆန်းပါဘူး။
လွန်ခဲ့သော ၄၇နှစ် ၁၉၆၂ခုနှစ် ကနိုင်ငံတော်ကောင်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ မှ အရှေဖျားတိုင်းပြည်များ သို့စေလွှတ်ခဲ့သည့် ဆန်အမျိုးအစာသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းနှင့်အဆင့်အတန်း မြင့်သောဆန်များ ပိုမို တင်ပို့ရောင်းချနိုင်ရေးအတွက်ဈေးကွက်များရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့အစီရင်စာ ကိုစာရေးသူ လေ့လာ ဖတ်ရှုတော့လွန်ခဲ့သော နှစ်၄၀ ကျော်ကာလကတည်းက မြန်မာဆန်ကို ယိုးဒယားဆန်နဲ့ ကမ္ဘာဆန်ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချ တဲ့အခါမှာ မြန်မာဆန်များရဲ့ အားနည်းချက်များကို စူးစမ်းလေ့လာဖေါ်ထုတ်ခဲ့တဲ့ မစ်ရှင်ရဲ့ အစီရင်ခံစာဖြစ်ပါတယ်။
စိတ်လှုပ်ရှားဖွယ်ကောင်းတာက မစ်ရှင်၏အစီရင်ခံစာထဲမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ့ဆန်ရဲ့ အားနည်းချက် တွေဟာ ယနေ့တိုင်ရှိနေဆဲ အရည်အသွေးနဲ့ပတ်သက်လို့ ဖြေရှင်းနေရဆဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ အဲဒီအချိန်က ဟောင်ကောင်မှာရှိတဲ့ကုန်သည်တွေနဲ့ မစ်ရှင်အဖွဲ့ဝင်တွေနဲ့ဆွေးနွေးတဲ့အခါ ဟောင်ကောင်က ကုန်သည်တွေက မြန်မာဆန်နဲ့ ပတ်သက်ပြီးအောက်ပါအချက်တွေ ကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။
- ယိုးဒယားဆန်နဲ့ယှဉ်ရင် မြန်မာဆန်ဟာဆန်လုံးညီညာမှုမရှိခြင်း၊
- မြန်မာဆန်ဟာဆန်ရောင်မှေးမှိန်ပြီးဖွဲများကပ်နေခြင်း၊
- မြန်မာဆန်များမှာ စံနမူနာဆန်နှင့်တင်ပို့သည့်ဆန် များနှင့် ကိုက်ညီမှုမရှိခြင်း၊
သမီးသိပြီဖြစ်သောအများကြီးမောတဲ့သားသမီးဇော
စာရေးသူစဉ်းစားမိတယ်။ သမီးကသူ့ခလေးကို သူတတ်နိုင်သမျှအကောင်းဆုံးတွေပဲဖြစ်စေချင်တော့ ပိုက်ဆံကိုစနစ်တကျစု၊ စင်ကာပူမှာမွေး၊ (ဖအေကိုဒုက္ခ မပေးချင်တာ လည်းပါတယ်) ခလေးအတွက်လိုမဲ့ ပစ္စည်းတွေကြိုတင်ဝယ်၊ ဒါတွေဟာ မိဘမဖြစ်သေးပေမဲ့ ဗိုက်ထဲကခလေးအတွက် မေတ္တာစေတနာတွေပါ။ စာရေးသူတို့လင်မယားကတော့ သူ့ကိုမမွေးစဉ်ကကော၊ မွေးတုံးကာလမှာကော၊ မွေးပြီး တဲ့နောက်ပိုင်းမှာကော၊ ဒီလိုမစဉ်းခဲ့မိတာကတော့အမှန်ပါ၊ တစ်ခုတော့ရှိတယ်။ ခလေးကိုထိုးရမဲ့ ကာကွယ်ဆေးတွေကိုတော့ စနစ်တကျ မှတ်သားပြီးအချိန် မှန်မှန်ထိုးပေးခဲ့ပါတယ်။ ခလေးနဲ့ ပတ်သက်တဲ့မှတ်တမ်း စာအုပ်လေးလည်းထားရှိခဲ့ပါတယ်။ ဘယ်နေ့ကဘာဆေးထိုးတယ်၊အလေးချိန်ဘယ်လောက်ရှိတယ်၊ အားလုံးမှတ်သားထားခဲ့ပါတယ်။ အိမ်အကြိမ် ကြိမ် ပြောင်းခဲ့ရတော့ သေတ္တာတစ်ခုခုထဲမှာတော့ ရှိနေပါလိမ့်မယ်
ထင်တယ်။
အဲဒီအချိန်တုံးကဘာစဉ်းစားမိခဲ့သလဲဆိုတော့အော်ငါတို့မိဘတွေဟာရှေးကျတော့ ငါတို့ကို ဒီလိုကာကွယ်ဆေး တွေကြိုတင်ထိုးရကောင်မှန်းမသိကြဘူး၊ ခလေးရဲ့ ဘ၀တစ်သက်တာ ကျန်းမာရေး စိတ်အေးနိုင်အောင် လုပ်ဖို့ဆိုတာက ကျန်းမာရေးအသိပညာလည်း ပြည့်စုံဖို့လိုပါတယ်လို့ အတွေးပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုံးက အာလ်ထရာဆောင်း ဆိုတာမပေါ်သေးတော့ ဘာလေးမွေးမယ်ဆိုတာ တောင်ကြိုတင်မသိခဲ့ရဘူး။ သမီးအမေကော၊ စာရေးသူကော၊ ကြိုတင်ပြီး နို့ဘူးဝယ်တာ၊ အနှီးဝယ်တာတွေ လုပ်ဖို့ခေါင်းထဲမှာမရှိကြဘူး။ သမီးမွေးတော့ ဒပ်ဖရင်မှာ၊ မိန်းမအစ်ကို က ဆရာဝန်ဆိုတော့ မွေးခန်းထဲဝင်လို့ရတယ်။ ခေတ်တစ်ပတ် ပြန်လည်တယ်လို့ဆိုရမယ်။ အခုလည်း ဘကြီး ကတူမကိုစိတ်ပူလို့ထင်ပါရဲ့။ မွေးချိန်နဲ့ကိုက်ပြီး အင်္ဂလန်ကနေ စင်ကာပူကိုလာအုံးမယ်။ အခန်းပြင်မှာစောင့်နေတဲ့ စာရေးသူကမွေးခန်းထဲမှာ ဇနီးလုပ်သူ ဗိုက်နာလွန်းလို့ အော်ဟစ်ညည်းတွားနေတာကို အတိုင်းသားကြားနေရတယ်။ ဇနီးရှိတုံးက သူအော်ခဲ့တဲ့အကြောင်းကို ပြန်ပြန်ပြောပြီး စ တော့သူ မအော်ပါဘူးလိုပြောတယ်။ အတင်းငြင်းတယ်။
ဒါနဲ့ခဏနေတော့ ခလေးငိုသံကြားရပြီး ယောက်ဖ မွေးခန်းထဲကထွက်လာပြီး မိန်ခလေး လို့ပြောတယ်။ စာရေးသူစိတ်ထဲမှာ တော်တော် ပျော်သွားတယ်။ ကိုယ်ကသမီး လိုချင်တာကိုး။ သမီးကတော့ ဆေးပညာတိုးတက်လာတာကြောင့် ကိုယ်ဝန် ၅ ၆ လမှာပဲ ယောင်္ကျားလေး ဆိုတာသိခဲ့ရတယ်။ သားမက်ကေ တာ့ ယောင်္ကျားလေး လိုချင်တာ ဆိုတော့ ကြိတ်ပျော်နေတာပေါ့။ သမီးကအဖေလိုပဲ မိန်းခလေး လိုချင်တာလေ။ ဘာပဲဖြစ်ဖြစ် တစ်ရက်နှစ်ရက် လည်းနေရော သူ့သားမှ သားဖြစ်နေပြန်ရော။ သားသမီးဟာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သားသမီးပါပဲ။ ခလေးတွေထားတဲ့ အခန်းထဲ ယောက်ဖနဲ့ အတူသွားကြည့်တော့ သမီးကအိပ်နေပြီ။ ချက်ကြိုးဖြတ်ထားရာက ကျန်တဲ့ ချက်နဲ့ Babyခင်လှရီ လက်မှာပတ်ပတ်တဲ့ အ၀တ်လေးကို သမီး record book မှာ သိမ်းထားတယ်။ယနေ့ ၂၁ရာစုမှာတော့ ခလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးကွက်တွေမှာအပြိုင်အဆိုင်ဝယ်လို့ရနေပါပြီ။ နေရာတကာမှာ သူ့ခလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ သမီးကတော့ ရန်ကုန်ခဏပြန်လာတုံးကတောင် ခလေးအတွက်ပစ္စည်းတွေဝယ်ပြီး သေတ္တာတစ်လုံးနဲ့ သယ်သွားသေးတယ်။ အများကြီးမောတဲ့ သားသမီးဇောလေ။ ခေတ်တွေတိုးတက်လာတာ နဲ့အမျှ အကောင်းဆုံးရုပ်ဝတ္တူ ပစ္စည်းတွေနဲ့ သားသမီးတွေကို ဆင်ချင်တာမိဖတွေရဲ့ စေတနာပါ။ ရုပ်ဝတ္တူပစ္စည်း တွေပေါများတဲ့ဒီခေတ်မှာတော့ ပိုက်ဆံတတ်နိုင်ရင် ခလေးအတွက် လိုချင်တဲ့ ရုပ်ဝတ္တူပစ္စည်းတွေ ကိုဝယ်သုံးနိုင်ကြပါတယ်။ စာရေးသူတို့ခေတ်တုံးကတော့ ရုပ်ဝတ္တူပစ္စည်းတွေ ဒီကနေ့ခေတ်လောက်မတိုးတက်ပေမဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာစေတနာ ကတော့ ဒီကနေ့ခေတ်မှာရှိနေတာထက်တော့ မလျှော့ပါဘူး။
Sunday, November 29, 2009
ကိုယ့်ပုဆိန် ကို သွေးကြစို့
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
--
Monday, November 16, 2009
မသေခင် ဖြည့်ဆည်းရမည့် ဘ၀ အရည်အသွေးများ
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။
လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။
မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။
ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။
ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။
ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။
ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။
မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။
ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။
အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။
သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။
အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။
ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။
သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။
ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။
ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။
ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။
မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။
ဝန်ခံချက် အများသူငါသံဝေဂ ယူ နိုင်ပါစေ
Thursday, November 12, 2009
လူ့လက္ခဏာ
လူတွေထဲမှာ နတ်ဘုံကလာခဲ့ရင် ရုပ်အဆင်းအင်္ဂါလှပကြတယ်။နတ်တွေဟာစုတေခါနီးရင် အိပ်ပျော်သလိုဖြစ်သွားပြီး ကာလမခြား လူ့ပြည်က အမေရဲ့ ၀မ်းဗိုက် ထဲမှာသွေးစက်ကလေး
ကနေ ကာလရေကြည် စဖြစ်လာတာ။ ကံအရှိန်ကအထောက်အပံ့ပေးတာကြောင့် ရုပ်ကော
နမ်ကော တပြိုင်နက်တည်း ဖြစ်လာတာပါ။
အားလုံးအကြောင်းညီညွတ်တဲ့အခါ ကာလရေကြည်ကနေရေမြုပ်ဖြစ်၊ ရေမြုပ်ကနေ မုံ့ကျွဲသဲ
လိုအသားဆိုင်ဖြစ်၊ ကံအရှိန်ကြောင့်ပဲ ခေါင်း၊ခြေ၊လက်တွေဖြစ်ပေါ်လာပြီး နမ်ရုပ် စဖြစ်လာတာပါ။
မြတ်စွာဘုရားရဲ့ လက္ခဏာတော် ၃၂ ပါးရှိတဲ့ အနက်ဘုရားရဲ့မျက်လုံးတော်ဟာ အလှအပဆုံးပဲ
ဒီခေတ်ဒီအချိန်မှာမျက်လုံးလှတဲ့ ခလေးမွေးဖွားခဲ့ ရင် ခလေးအရှိန်ကြောင့် မိဖတွေတော်တော်
ချမ်းသာလာလေ့ရှိတယ်။မျက်လုံးတည်ဆောက်ပုံကိုကြည့်ပြီး လူကဲခတ်လို့ရတယ်။မြတ်စွာဘု
ရားသခင်ရဲ့လျှာတော်ဟာလည်းပါးလွှာပြီးနှုးညံ့ပျော့ပြောင်းပါတယ်။စကားပြောရင်ဆဲ
တာဆိုတာမရှိသိမ်မွေ့ညှင်သာစွာပြောတတ်တယ်လို့ကျမ်းဂန်တွေထဲမှာ
ဆိုထားပါတယ်။
ခလေးရဲ့အသားအရေနှုးညံ့နေအောင်ကံအရှိန်က လုပ်ပေးနေတာဖြစ်ပါတယ်။လက်သန်းထိပ်
ကလက်ခလည် အပေါ်လိုင်းကိုမှီနေရင်ဖြစ်စေ၊ကျော်နေရင်ဖြစ်စေ၊ဒီခလေးဟာတော်တော်စေ
တနာကောင်းတတ်ပါတယ်။ လက်ချောင်းတွေအဖျားရှုးနေရင် ဒေါသတအားကြီးတတ်ပါတယ်
ပိန်ပေမဲ့ လက်ခုံလေးတွေပြည့်နေရင်ကောင်းတယ်၊ ချမ်းသာတတ်တယ်။ဝတဲ့လူတိုင်းလက်ခုံ
မပြည့်တတ်ဘူး။လက်ခုံလေးတွေချိုင့်နေရင် ဆင်းရဲတတ်တယ်။
အမိဝမ်းတွင်းသန္ဒေ္ဓ္ဓတည်နေချိန်မှာခလေးနှလုံးနဲ့ မိခင်ချက်တိုင်ကဆက်ထားတာပါ။ခလေးစား
ချင်တာမိခင်နှလုံးမှာပေါ်လာပြီး မိခင်တွေချဉ်ချင်းတတ်ကြတာပါ။ အမျိုးသမီးတစ်ယောက်
ကိုယ်ဝန်လွယ်ထားရချိန်မှာ အိမ်ဘေးက ငန်းကြီးကို လည်လိမ်ချိုးပြီး သွေးသောက်ချင် တဲ့
ဆန္ဒပေါ်လာခဲ့လို့ လူအလစ်မှာ လုပ်လိုက်မိတယ်တဲ့။ မွေးလာတဲ့ ခလေးကတော်တော်ဆိုး
ပြီး ကြီးလာတော့ ထောင်တွေဘာတွေကျ ကုန်တယ်။ ဒါဆရာတော် ဟောတဲ့တရားထဲမှာပါ
တာ။တကယ်တော့ သစ်ခေါက်တွေခွာစားချင်တာ၊ အမဲသားစားချင်တာ၊ အသီးအနှံစားချင်
တာတွေဟာ ဗိုက်ထဲက ခလေးရဲ့ ချဉ်ချင်းပါ။
လူ့အချိုးအစားအရပ်အမောင်းဟာ အချိုးညီညီရှိရပါမယ်။မတ်တပ်ရပ်ရင်ဒူးခေါင်းကိုကိုင်ကြည့်
နိုင်ရပါမယ်။ လူတွေထဲမှာ တစွပ်ထိုးလုပ်တတ်တဲ့သူဟာ အရပ်အမောင်း အချိုးအစား မကျန
တတ်ပါဘူး။ လူအရေပြားကြမ်းတမ်းနေတဲ့ သူဟာရှေနောက် မစဉ်းစားတတ်ပဲ ထင်ရာလုပ်
တတ်ကြပါတယ်။ အရေပြားနှုးညံ့နေရင် ဆရာက်ုချဉ်းကပ်တတ်ပြီး ရှေနောက်ဆင်ချင်ကာ
အေးအေးဆေးဆေး နေတတ်ကြပါတယ်။
မြတ်စွာဘုရားသခင်ရဲ့သွားတော်များဟာပေါက်တာညီညာပြီးကျဲခြင်းထပ်ခြင်းမရှိပဲ အချောင်း
၄၀ ရှိပါတယ်။ ကြာနီကန်ဆရာတော်ရဲ့ အထုပ္ပတ္တိကိုလေ့လာကြည့်တဲ့အခါ ဆရာတော်မှာ
သွားအချောင်းပေါင်း ၄၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်းဆရာတော်ရဲ့ဂုဏ်သတင်း
ဟာကျော်ဇောခဲ့တာပါ။ သွားတွေထပ်နေရင် အဲဒီလူဟာ ကူလီကူမာပြောတတ်ပြီးအလှည့်
အပတ်များတတ်ပါတယ်။
ခလေးသန္ဒေ္ဓတည်တာနဲ့ မိဖကိုအကျိုးပေးတတ်ပါတယ်။အချို့ ကခလေးသန္ဓေရှိတာနဲ့ မိဖ
လုပ်သူတွေချမ်းသာလာကြပါတယ်။ အချို့မိဖတွေကတော့ ကွဲကုန်တတ်ကြပါတယ်။ဒါ
ကြောင့်လူတွေအကြောင်းကိုသိတဲ့ ပုဂ္ဂိုလ်တွေရှေ့သွားတောင်မရပ်ရဲပါဘူး။ ကိုယ့်အကျင့်
စရိုက်ကို ဖတ်ယူ လိုက်မှာ စိုးလို့ပါ။ တကယ်တော့ မြတ်စွာဘုရားသာလျှင် အားလုံး ပြီးပြည့်စုံတဲ့လက္ခဏာတော် ၃၂ ပါးရှိတာပါ။ဒါကလည်းလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့် ခဲ့တဲ့ အရှိန်အဟုန်ကြောင့်ပါ။ ရိုးရိုးလူတွေမှာ မပြည့်မစုံ ရှိနေတာကတော့
ဘ၀ကံအကျိုးပေးတရားအပေါ်မူတည်နေပါတယ်။
(၀န်ခံချက်/ ပိုင်းလော့ဆရာတော် ရဲ့ ဟောကြားချက် ကို ပြန်လှန်လေ့ကျင့် ရင်းရေးထားခြင်းပါ။)
Tuesday, October 20, 2009
မြေဖြူရောင်ဆန်
အလယ်ဖြူ white centre
Sound Grains
- Cells are densely packed with starch granules
- grains are very difficult to break
Fragile Grains
- Starch granules are small and floury not hard
- Air spaces between granules
- break easily
ဒုတိယစပါးနှံ၌ဖြစ်ပေါ်ခဲ့သောစပါးစေ့များသည် မြေဖြူရောင်ဆန်ဖြစ်ပေါ်ရန်အခွင့်အလန်းအများဆုံး ဖြစ်သည်ကို တွေ့ရှိရပါတယ်။ စပါးနှံတည်ဆောက်မှု (panicle architecture) သည်စပါးအမျိုးအစားတစ်ခုနှင့်တစ်ခု မတူညီ နိုင်ကြသည်ကိုလည်း လေ့လာတွေ့ရှိ ရပါတယ်။ ဥပမာ IR8 အမျိုးအစား စပါး၏ စပါးနှံတည်ဆောက်မှု နှင့် IR60 အမျိုးအစားစပါး၏ စပါးနှံတည် ဆောက်မှုတို့သည်တစ်ခု နှင့် တစ်ခု မတူညီကြပါ။
Grains are connected on primary branches
and on secondary branches
Grains on secondary branches are reported
to be much weaker sinks than on primary branches
IR8 IR60
12 primary branches 8 primary branches
30 secondary branches 10 secondary branches
IR6 ၌ secondary branches ၃၀ ခက်ရှိပြီး စပါးစေ့ပေါင်း ၁၂၀ ကျော်ရှိပါတယ်။
IR60 ၌ secondary branches ၁၀ ခက်ရှိပြီး စပါးစေ့ပေါင်း၄၀ ကျော်ရှိတာကိုလေ့လာတွေ့ရှိရပါတယ်။
(ခ) အပိုင်းတွင်ရှိသောစပါးစေ့များသည် ဒုတိယအနှံ(secondary branches) တွင် ဖြစ်ပေါ်ရခြင်းကြောင့်Chalky မြေဖြူရောင်ဆန်များဖြစ်နိုင်ပါသည်
Dr. Fitzgerald ကစပါးပင်သည် တစ်နှစ်ခံ ပင်မပင်မဟုတ်ကြောင်း၊ အားအလွန်နည်းသောနှစ်ရှည်ခံပင်ဖြစ် ကြောင်း၊ ဒုတိယအနှံ၌ဖြစ်ပေါ်ခဲ့သော ကော်ဓါတ်အစေ့အဆံလေးများသည် ဖွံ့ထွားရန်အချိန်လုံလောက်စွာ မရ ရှိပဲဖြတ်တောက်လိုက်သလိုမျိုး ဖြစ်ခဲ့ခြင်းကြောင့်ကော်ဓါတ်အစေ့အဆံလေးများကိုသိပ်သည်းစွာ ဖြစ်ပေါ်အောင် မတည်ဆောက်နိုင်ပဲလျှော့ရဲစွာတည်ဆောက်ခဲ့သောကြောင့် chalky များဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အချိန် ဖြတ်တောက်ခံရခြင်းသည် ပတ်ဝန်းကျင်အပူချိန်တက်လာသောကြောင့်ဖြစ်ပါတယ်။ Dr Fitzgerald က စပါးအမျိုးအစားအလိုက် ပတ်ဝန်းကျင်အပူချိန်ကိုခံနိုင်သော heat stress response မျိုးများကိုရွေးချယ် စိုက်ပျိုး သွားရန်လိုအပ်ကြောင်း ပညာရှင် မှ မှတ်ချက်ချသွားပါတယ်။
- To develop markers that enable breeders to select
- To develop markers that enable breeders to select against chalk and select for densely filled grains that are translucent and that resist breakage.
- We introduce and popularise the concept of the ‘yield of edible rice rather than simply yield measured as paddy.
- Yield as paddy means nothing to farmers, consumers or marketers if grain such as this is beneath the hulls.
ကျမ်းကိုး/
- Chalky & Translucent Rice Grains differs in starch composition and structure & cooking properties
- Chalky Rice by Gio Braidotti
- Chilkiness; Rice Production and Utilization
- Chalky Grain; Rice Chemistry and Technology
- Time Rice Today Oct Dec 2004
Thursday, October 15, 2009
ဘာလေးဖြစ်ဖြစ် ချစ်ရမှာပဲ
မနက် ၉ နာရီလောက် ဆေးရုံကနေဆက်တယ်နဲ့တူပါတယ်။ ဖေ့ ယောင်္ကျားလေးတဲ့ ။ဟ မျောက်လေးပေါ့ကွာ လို့ပီတိစိတ်နဲ့ ပြန်ပြောလိုက်ရတယ်။ ကိုယ်အတွက်ကတော့ ဘာလေးဖြစ် ဖြစ်သတင်းကောင်းပေါ့။ ဖုံးကခဏပဲ ပြောလိုက် ရပြီးပြတ်သွားတယ်။
၁၁ နာရီလောက်ကြတော့ သမီးလေး လိုချင်တဲ့ သမီးက ယောင်္ကျားလေးတဲ့ဆိုပြီး သူဖြစ်ချင်တာ မဖြစ်ရတဲ့ လေသံ နဲ့ပြောတော့ ပီတိဖြစ်နေတဲ့ အဘိုးကဟာ ဘာဖြစ်ဖြစ်ပေါ့ ကွာ အမေအားကိုးရတာပေါ့ လိုပြန်ပြောရတယ်။ Mickey Mouse အရူး (ငယ်ငယ်လေးကတည်းက Mickey Mouse ရုပ်ပုံ မြင်ရင်မနေနိုင်ဘူး) သမီးကအိမ်နံမည် Mickey ခေါ်မယ်နော်ဆိုပြီးပြောတော့တာပဲ။ တူမလေးတစ်ယောက်ရဲ့ သားလေးကလည်း Mickey လိုခေါ်တော့ Mickey Junior ပေါ့ကွာ လို့ပြောလိုက်ရတယ်။ ဘာဖြစ် ဖြစ် my baby is BOY ဆို ပီးG Talk မှာတင်ထားတော့မှ အော်သူလည်းဘာဖြစ်ဖြစ် ချစ်ရတော့မှာပဲလေ။
လောလောဆယ်ခလေးကျန်းမာဖို့ အရေးကြီးတယ်လေ။ စလုံးမှာက ကိုယ်ဝန်ရှိရင် ခလေးဘိုက်ထဲမှာရှိတုံး down syndrome လိုရောဂါမျိုးရှိ မရှိ ဘိုက်ထဲမှာရှိတဲ့ အရည်ကိုစုတ်ပြီး စစ်ဆေးပေးတယ်လေ၊ မလိုချင်ရင် ဖျက်ချနိုင်တာပေါ့။ ဒါပေမဲ့စင်ကာပူက blog တစ်ခုမှာ ဖတ်လိုက်ရတာ က အဲဒီလိုရှိနေရင် အဖေတို့အမေ တို့ကဖျက်ချရက်ပါ့မလားတဲ့ ဘယ်လိုပဲဖြစ်နေနေ ဘုရားပေးတဲ့ သားသမီးကိုကျွေးမွေးစောင့်ရှောက်ရမှာက အဖေ အမေတို့ရဲ့တာဝန်ပါ လို့ရေးထားတာဖတ်ရတော့ မြန်မာလူမျိုးတွေ ထားရှိ တဲ့ မိဖရဲ့မေတ္တာတရားကို လေးစားမိပါတယ်။
မြေးရတော့မယ်ဆိုတော့ သမီးကိုပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဘ၀ရဲ့ ပုံရိပ်ကိုပြန်ပြောင်းကြည့်မိပါတယ်။ ပညာတတ် အဖိုးအဖွားတွေ၊ ပညာတတ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတာကြောင့် သမီးကိုလည်း ပညာတတ် ဖြစ်စေချင် ပါတယ်။ တလောကသူ့အမေ သမီးအတွက်မေးထားတဲ့ ဗေဒင်စာရွက်ကိုပြန်လှန်ဖတ်ကြည့် တာ့ ဘွဲ့ ၄ ခုရမယ်လို့ဟောထားတယ်။ မှန်သားပဲ။ သမီးဘွဲ့ ၄ ခုရနေပြီပဲ။
အခုသူတာဝန်ရောက်ပြီ။ မြေးလေးကိုဘယ်လို ပြုစုထိန်းကျောင်းမလဲ? စင်ကာပူက ခလေးတွေဆိုးတယ် ဆိုတဲ့အကြောင်းညည်းလေ့ရှိတဲ့ သမီး child rearing ဘယ်လိုလုပ်မလဲ ? ဘယ်လိုယဉ်ကျေးအောင်သင်ပေးမလဲ ? ပြောတာတစ်ခုရှိသေးတယ်၊ အဖေ လာပြီးသင်ပေး တဲ့။ တော်တော်ပဲကောင်း။
Tuesday, October 6, 2009
အစားကောင်းလေး စားရရင် မိတ်ဆွေတွေကို ကျွေးချင်
တုံးပါ။ရွယ်တူသူငယ်ချင်းတွေတရားစခန်းဝင်ကြတာတွေကြားတော့ကိုယ်လည်းဝင်
ချင်လာတယ်။
ငါများနောက်ကျနေပြီလားဟုပူပန်မိတယ်။ရုံးအလုပ်တွေများနေ
လို့ဆိုပြီးမဆီမဆိုင်ကိုယ့်ထမင်းကျွေးတဲ့အလုပ်ကိုယိုးမယ်ဖွဲ့ခဲ့သေးတယ်။
ဒီလိုနဲ့ ဂေါက်သီးရိုက်တုံး ဂေါက်ရိုက်ဖေါ်မိတ်ဆွေ ကိုတင်ဦးတို့ နဲ့တရားအ
ကြောင်းဘာဘာညာညာပြောရင်းအသက်ကလေးရလာတော့ တရားထိုင်ကြည့်ချင်တယ်ကွာဆိုပြီးထုတ်ပြောမိတယ်။
ကိုတင်ဦးကကိုယ်ထက်ဝါရင့်တော့ ဆရာ တရားမထိုင်ခင် တရားကိုအရင်နာအုံး၊
တရားစာအုပ်တွေဖတ်အုံးဆိုပြီးပြောတယ်။ အေးလေ ငါ ဘယ်စာအုပ်ဖတ်ပြီးဘာ
လုပ်ရမှာလည်းလို့မေးတော့ မေတ္တာရှင် (ရှင်ဇ၀န)ရဲ့ mp3 ခွေတွေနဲ့မဂ်တားဖိုလ်
တားအန္တရာယ်များ စာအုပ်ပို့ပေးလိုက်မယ်။အဲဒါတွေကိုအရင်နားထောင်အုံး၊ဖတ်
အုံးလို့ပြန်ပြောတယ်။
ဒါနဲ့သူပို့ပေးတဲ့ mp3ခွေထဲကကော့သောင်း၊ဘိတ်၊ရွှေပြည်သာမှာရှိတဲ့ကျောင်းတွေ
မှာဆရာတော်ရှင်ဇ၀နဟောကြားတော်မူသောခေါင်းစဉ်အမျိုးမျိုးနဲ့ တရားတွေကို
နားထောင်ဖြစ်ခဲ့ပါတယ်။ဟောကြားတဲ့တရားတွေထဲမှာ သုတ္တန်တွေလည်းပါသ
လိုဝိပသာနာအလုပ်ပေးတရားတွေလည်းပါပါတယ်။ ဆရာတော်ဟာဝိပသာနာ
တရားဟောတဲ့အခါ ရှင်းရှင်းလင်းလင်းရှိပြီးအခြေခံတွေကိုပိုင်ပိုင်နိုင်နိုင်သရုပ်ခွဲ
ပြောပြနိုင်ပါတယ်။ပါဠိတွေသိပ်မပါပဲ မြန်မာစကားနဲ့ကွင်းကွင်းကွက်ကွက်ပေါ်
အောင်ဟောကြားပေးနိုင်ခဲ့တာကြောင့်တရားနားထောင်တာအရသာခံတတ်
လာပါတယ်။တနည်းပြောရရင်တရားခွေနားထောင်ရတာမပျင်းတော့ပဲနားထောင်
ပြီးရင်းနားထောင်ချင်လာပါတယ်။
ကိုတင်ဦးကဆက်လက်ပြီးသညာသိနှင့်ပညာသိစာအုပ်နဲ့ မိုးညှင်းပိုင်းလော့ဆ
ရာတော်ရဲ့ တရားခွေတွေနဲ့ကိုဆက်ပို့ပေးပါတယ်။မေတ္တာရှင်(ရှင်ဇ၀န) ရဲ့စာအုပ်ပါ။
စာအုပ်ဖတ်လိုက် တရားနားထောင်လိုက်နဲ့မိမိရဲ့ပိုနေတဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်။
အခုဆိုရင် ရှင်ဇ၀နရဲ့တရား အပုဒ် ၂၀၀ ကျော်ကိုနားထောင်(တရားနာ)
ပြီးဖြစ်ပါတယ်။သုတ္တန်ကောဝိပသာနာအလုပ်ပေးတရားတွေဖြစ်ပါတယ်။
ဝိပသာနာတရားတွေကိုတော့အကြိမ်ကြိမ် နားထောင်ဖြစ်ပါတယ်။ရှင်ဇ၀န
ကအခြေခံကျကျဟောတာဆိုတော့ ဆိုတော့နားလည်လွယ်ပါတယ်။နောက်
တဆင့်တက်ပြီး အခုအချိန်မှာ ပိုင်းလော့ဆရာတော်တရားတွေဆက်နားထောင်
ဖြစ်ပါတယ်။
ဒီလိုနဲ့ဒီကနေ့မနက် ဂေါက်သီးရိုက်တော့ ကိုတင်ဦးမလာဘူး၊ ရုံးချိန်ရောက်တော့ရုံးလိုက်
လာတယ်။ လာရခြင်းအကြောင်းကတော့ မြောက်ဦးဆရာတော်ရဲ့ တရားခွေလာ
ပေးတာ။ သူနားထောင်ရတာအလွန်ကြိုက်တော့ကိုယ့်မိတ်ဆွေအစားကောင်း
လေးလာကျွေးတဲ့သဘောပါပဲ။ အခုတလောကိုတင်ဦးနဲ့ စာရေးသူနဲ့ ကတွေ့လိုက်ရင်တရား
အကြောင်းပြောဖြစ်တာများတယ်။ သူပြောတဲ့ တရားခွေ နံပါတ် ၈၈ ကနေ ၉၄ ထိ
အလုပ်ပေးတရားကိုနားထောင်ရအုံးမယ်။ သူ့အပြောကတော့ကြက်သီးတောင်တဖြန်းဖြန်းထတာဆိုလာပဲ။
မိတ်ဆွေကောင်း ဆိုတာကောင်းတာလေး စားရရင် share လုပ်ချင်တဲ့သဘောပါ။
Monday, October 5, 2009
၂၅မှတ်ဆန်ပဲပို့နေအုံးမှာလား
တာကတကြောင်း၊ သိတဲ့အတိုင်းပဲစိတ်မပါရင်မလုပ်ချင်တဲ့ စာရေးဆရာတွေရဲ့ ဇီဇာကြောင်မှုတွေကြောင့်တကြောင်းမရေးဖြစ်တာပါ။
ဒါပေမဲ့ အကျိုးရှိတဲ့ အလုပ်
တော့နေ့တိုင်းလိုလိုလုပ်ဖြစ်တာကကျေနပ်စရာပါ။ ဘာလဲဆိုတော့ ရှင်ဇ၀န နဲ့ပိုင်းလော့ဆရာတော် တို့ရဲ့ဝိပသာနာတရားခွေတွေကိုကြည့်ဖြစ်နားထောင်ဖြစ်ပါ
တယ်။ ဆရာတော်ရှင်ဇ၀နကတရားနာတာဟာတရားကျင့်တာနဲ့တူတူ ပဲလို့ဟော
ပြောတဲ့အတွက်အော်ငါတရားကျင့်ဖြစ်ပါလားဆိုပြီးကိုယ်ကိုကိုယ်ကျေနပ်မိပါ
တယ်။ဝိပသာနာနဲ့ပတ်သက်လို့ ကိုယ်ဘယ်လောက်သိသလဲဆိုတာ ပြန်လှန်စာရေးကျင့်ရပါအုံးမယ်။
ရေးချင်တာကတော့ဆန်စပါးအကြောင်းပါ။ဆန်ကိုပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပြည်ပတင်ပို့ခွင့် ပြုလိုက်တော
့ ဆန်စပါးလုပ်ငန်းကိုယခင်က မလုပ်ဘူးသေးတဲ့ လုပ်ငန်းရှင်တွေဝင်ရောက်လုပ်ကိုင်ဖို့တာစူလာကြပါတယ်။
ကုန်သွယ်လယ်ယာ
ပိုင်ဆန်စက်တွေကို အပြိုင်လေလံဆွဲကြသလို ဆာတာကေး၊ ဘူလာ၊ ထိုင်း REC၊
တရုတ်ဆန်စက်တွေကိုပြည်တွင်းမှာတည်ပြီး လုပ်ငန်းလုပ်ကိုင်ဖို့ အသီးသီးပြင်ဆင်နေကြတာလည်းကြားသိရပါတယ်။
ဒီလိုအချိန်နဲ့ ကိုက်ပြီးစာရေးသူလည်း မြန်မာဆန်စပါး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး စာအုပ်ကိုကောမာစ်ဂျာနယ်တိုက်ကနေထုတ်ခဲ့ပါတယ်။ ရည်
ရွယ်တာကတော့ ဆန်စပါးအထူးပြုဦးဆောင်ကုမ္ပဏီတွေအတွက်ပါ။ ကုန်
သွယ်လယ်ယာလက်ထက်တုံးကတော့ ဆန်စပါး supply chain ကိုဝယ်ယူ
ရေးကနေစပြီးတည်ဆောက်ခဲ့တာပါ။ကုန်သွယ်လယ်ယာလက်ထက်တုံးကတော့
တစ်ပြည်လုံးပေါ့။ အခုဆန်စပါးအထူးပြုကုမ္ပဏီတွေကတော့ သူဦးဆောင်ရမဲ့
နယ်မှာ မျိုးစပါး သွင်းအားစုပံ့ပိုးတာကအစ စိုက်တာပျိုးတာတွေအလယ်
သိုလှောင်ကြိတ်ခွဲ တင်ပို့တာအဆုံး supply chain တစ်ခုလုံးကိုတည်ဆောက် ရမှာ ဖြစ်တော့စိန်ခေါ်မှုတွေပိုများလာတာပေါ့။
ဆန်အထူးပြုကုမ္ပဏီတွေသက်ဆိုင်ရာ ဒေသတွေမှာ ဘာတွေလုပ်သင့်တယ်ဆို
တာအကြံပြုချင်ပါတယ်။ ပြည်ပတင်ပို့ တဲ့မြန်မာဆန်အရည်အသွေးဟာ နှစ်ပေါင်းများစွာ မြန်မာ၂၅မှတ်အဆင့်မှာပဲ ရှိနေ ခဲ့တာဟာစာရေးသူတို့ညံ့လို့
ပဲလို့ပြောရမလိုဖြစ်နေပါတယ်။တစ်လောကပဲခူးတိုင်း(နောက်) ပြည်ခရိုင်အင်းမ
တစ်ဝိုက်ကစိုက်ပျိုးထွက်ရှိတဲ့ဆန်နမူနာတွေကိုစစ်ဆေးသုံးသပ်ပေး
ဖို့သူငယ်ချင်းလုပ်ငန်းရှင်တစ်ဦးကလာပြပါတယ်။
ပြည်မြို့နယ်က စိုက်ပျိုးထွက်ရှိတဲ့ ရွှေပြည်တန် နဲ့ ဆင်းသွယ်လတ်စပါးကကြိတ်
ထားတဲ့ဆန်တွေကိုတွေ့လိုက်ရတော့ ဆန်ရည်ဆန်သားသာမက လုံးရှည် လုံး
သွယ်အဆင့်ကိုမှီတဲ့တွက် အလားအလာအလွန်ကောင်းတဲ့ဆန်ဖြစ်နေတာကို
တွေ့လိုက်ရတော့ တော်တော်ကျေနပ်မိပါတယ်။ ဗိုက်ဖြူ ၀မ်းဖြူဆိုတာလုံးဝမ
တွေ့ရသလိုဆန်ဟာလည်း extra long grain ( 7mm above) whole kernel များတော်တော် ပါဝင်နေတာကိုတွေ့ ရပါတယ်။ဒီလိုအရည်အသွေးမျိုးသာတပြည်
လုံးစိုက်နိုင်လို့ကတော့ ထိုင်းတွေလန့်မယ်ဆိုရင်လန့်လောက်ပါတယ်။ cooking quality eating quality တော့ထမင်းချက်မစားရလို့ မသိနိုင်ပေမဲ့ အရောင်အသွေးက translucent ဖြစ်တော့စားကောင်းလိမ့်မယ်လိုတထစ်ချ
ယုံကြည်မိပါတော့တယ်။
Saturday, September 5, 2009
မြေးလေးကို လွယ်ထားရသော သမီးအတွက် ပေးစာ
မိခင်ဆုံးရှုံးလို့ ကြေကွဲဝမ်းနည်းနေတဲ့ သမီးက အိမ်ရောက်ရောက်ချင်းပဲ အဖေကို စကားတစ်ခွန်းပဲ ပြောပါတယ်။ "ဖေဖေရယ် နောက်မိန်းမ မယူပါနဲ့နော် " အဲဒီစကားဟာ ကျွန်တော်အတွက်ဘယ်တော့မှမေ့လို့မရတဲ့စကားပါ။ ဒါကြောင့်သမီး ကိုအမေနေရာကကော အဖေနေရာကကော ပြုစုစောင့်ရှောက်ခဲ့တာပါ။ အမေ မရှိတော့ ငါသာ တစ်စုံတစ်ခုဖြစ်သွားရင် သမီး ဟာမိဘမဲ့ဖြစ်သွားနိုင်တယ် လို့စိုးရိမ်မိပြီး သမီးကို tough ဖြစ်အောင် train လုပ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာကtough ဖြစ်အောင်သာလုပ်တာပါ။ အမိမဲ့ ဆိုပြီး bully လုပ်မခံရအောင်ပါ။ ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ ကတော့ tough မဖြစ်ပါ။ စင်ကာပူမှာ သမီး ကိုယ်ဝန်သွားပြတော့ မီးယပ်ဆရာဝန်မကြီး ကို စကားစမြည်ပြောရင်း " I train my daughter to be tough" လို့ ပြော တော့ သူမ က " It seems that she is not tough" ဆိုပြီးပြန်ပြောတယ်။ အဲတော့ ကျွန်တော်က mentally she is tough but not physically cos she's stubborn " လို့ပြန်ပြောလိုက်တော့ she's no longer be stubborn cos she has to take into account of your grandchild" လိုပြန်ပြောတော့ ရယ်ရသေးးတယ။် မိဘဆိုတာ ကိုယ်သားသမီးအတွက်အစဉ် ထည့်တွက်ထားပြီးသားပါ။ ဆင်စီးလို့မြင်းရံစေချင်တာပါ။ သမီးဟာဖေဖေ train လုပ်သလိုမာကျောပါတယ်။ determined လည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးတည်းသောသမီးတို့ အစဉ်အလာအတိုင်း less consider for other people ဖြစ်တယ်။ ဆိုလိုချင်တာက သူများအတွက် အနည်းငယ်ပဲ ထည့်စဉ်းစားတတ်တယ်။ သမီး အခု ဆို ရင်သမီးရဲ့ ရင်သွေးလေးကိုလွယ်နေရပြီ။ မိဘရဲ့နေရာကနေကိုယ်ချင်းစာတတ်နေပြီ။စွန့်လွှတ်ရဲ ရမဲ့နေရာကို ရောက်နေပြီ။အကြိုက်ဆုံးဆိုတဲ့ အစားအစာတွေ ကိုယ်ဝန်ကြောင့် မစားနဲ့ဆိုရင်မစားပဲ နေတတ်နေပြီ။ သမီး ၁၇ နှစ်သမီးမှာမေမေ ဆုံးတာပါ။ မေမေ ကသမီးကို ခတ်ပျော့ပျော့ ဆုံးမတတ်ပေမဲ့ ဖေဖေ ကတော့စည်းကမ်း စနစ်ကြီးစွာနဲ့ ဆုံးမတတ်တယ်။ ဖေဖေသွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာတဲ့ သမီး အနေနဲ့ ဘယ်လောက် စည်းကမ်း ကြီးပစေ သမီးမမှုတော့ဘူး။
Saturday, August 29, 2009
ခေတ်ဟောင်းက ပညာတော်သင် ခရီး
မောင်တိုင်ပင်ရဲ့ IELTS အမှတ်က ၆.၅ ဖြစ်တော့ အင်္ဂလိပ်စာသင်တန်းး ကင်းလွတ် ခဲ့တယ်။ နောက်မှ သိရ တယ်၊ အင်္ဂလိပ်စာ သင်တန်း တက်ရရင် အင်္ဂလိပ်မိသားစုအိမ်တွေမှာ၃ လ လောက် နေရမှာနော်။ home stay ပေါ့။ အဲဒီအခွင့်အရေးတော့လွတ်သွားပါတယ်။ ၁၉၈၃ခုနှစ် စက်တင်ဘာလလယ်လောက် ကျောင်းဖွင်ခါနှီး ၅ရက် လောက်အလိုမှာ ရန်ကုန်က ထွက်ခွာခဲ့ရတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ အလုပ်ဝင်မဲ့ ဒေါ်ရင်ရင် မေနဲ့ လေယာဉ်ပျံတစ်စီးတည်းပဲ။ British Airways ကိုဘန်ကောက် ကနေဆက်စီးရတာပါ။ နယူးဒေလီမှာ လေယာဉ်ဆီ ဖြည့် ဖို့ရပ်နားနေတုံးဒေါ်ရင်ရင်မေ နဲ့စကားစမြည်ပြော ရင်းဘီဘီစီကိုလာလည်ဖို့ သူမက ကြို တင်ဘိတ်ခဲ့ပါတယ်။မောင်တိုင်ပင် ရဲ့ဇနီး က ဒေါ်ရင်ရင်မေနဲ့တစ်ကျောင်းတည်းထွက်လေ။
ဟိုတယ်မှာ ပစ္စည်းတွေနေရာချထား ပြီး ကားကိုတစ်နေရာမှာရပ်ထားခဲ့တယ်။ ယောက်ဖတွေ
jet lag ဖြစ်ပြီး အရမ်း အိပ်ချင်တာနဲ့ ဟိုတယ်မှာ စောစောအိပ်ရာဝင်ခဲ့ပါတယ်။
နောက်တစ်နေ့ မိုးလင်းတော့ လန်ဒန်မြို့ ထဲ ရှောက်ကြည့်ရင်း McDonald ဟန်ဘာဂါ နဲ့ အင်္ဂလိပ်အစားအစာ fish and chips ကိုပထမ ဆုံးဝယ်စားမိတယ်။ fish and chips အနံ့
ထုံးစံအတိုင်းပဲ ဟိုကြည့် ဒီကြည့်နဲ့ အားငယ်တဲ့စိတ်ကို ဖုံးဖိရင်း ဘာမှ မဖြစ်သလို ဟန်ဆောင်
Thursday, August 27, 2009
စိတ်ဖြစ်တဲ့ဌာန (၆) ခု
လာတိုက်လျှင်စက္ခုဝိဥာဏ်စိတ် ဖြစ်ပေါ်လာမည်။ စက္ခုပသာဒသည် အခံဓါတ်၊ ၀ဏ္ဏ အဆင်းရုပ်က အတိုက်ဓါတ်၊ စက္ခုဝိဥာဏ်စိတ်က အပေါ်ဓါတ် ဟုမှတ်ရပါမည်။
စက္ခုဓါတ် ----------------------ရူပါဓါတ်----------------------စက္ခုဝိဥာဏ်ဓါတ်
အခံဓါတ်------------------------အတိုက်ဓါတ်----------------------အပေါ်ဓါတ်
မျက်စေ့-------------------------အဆင်း---------------------------မြင်သိစိတ်
အဲတော့ ငါ၊လူ၊ယောင်္ကျားး၊ မိန်းမ က မြင်တာလား? ဓါ တ် ၃ ပါးတိုက် ဆိုင်ပြီးတော့ မြင်တာလား၊
နားအတွင်းမှာ လက်စွပ်ကွင်းသဏ္ဌာန် သောတအကြည်ရုပ်ရှိတယ်။ မှန်ချပ်ကလေးကဲ့ သို့သူလာတိုက်လျှင် ကြားတတ်သော သတ္တိရှိသည်။ ကြား သိစိတ်လေး သောတ၀ိဥာဏ် ဓါတ်
ဖြစ်ပေါ်လာတတ်တယ်။
သောတဓါတ်-----------------သတ္တရုပ်------------------သောတ၀ိဥာဏ်ရုပ်
အခံဓ်ါတ်----------------------အတိုက်ဓါတ်-------------------------အပေါ်ဓါတ်
နား---------------------------- အသံ-------------------------------ကြားသိစိတ်
နှာခေါင်းအတွင်းမှာ ဆိတ်ခွံသဏ္ဌာန်ဃာနပသာဒအကြည်ရုပ်လေးရှိတယ်။ အနံ့မျိုးစုံလာတိုက်ရင် နံသိစိတ်လေးဖြစ်ပေါ်တယ်။
ဃာနဓါတ်--------------------ဂန္ဓါဓါတ်-----------------------ဃာန၀ိဥာဏ်ဓါတ်
အခံဓါတ်---------------------အတိုက်ဓါတ်-------------------------အပေါ်ဓါတ်
နှာခေါင်း---------------------အနံ့ ---------------------------------နံသိဏိတ်
ပါးစပ်ထဲက လျှာပေါ်မှာ ကြာရွက်ဖျားသဏ္ဍာန် ဇိဝှာပသာဒအကြည်ရုပ်ရှိတယ်။ လျှာ ----အရသာ-------စားသိစိတ် ဖြစ်ပေါ်တတ်တယ်။
ဇိဝှာဓါတ်----------------ရသဓါတ်--------------------ဇိဝှာဝိဥာဏ်ဓါတ်
အခံဓါတ်----------------အတိုက်ဓါတ်------------------------အပေါ်ဓါတ်
လျှာ---------------------အရသာ----------------------------စားသိစိတ်
လူခန္ဓာကိုယ်မှာတို့ ထိကြည့် မိရင် နာတတ်တဲ့နေရာ ကာယပသာဒရုပ်ရှိတယ်။ တိုတို ပြောရရင် ဆိတ်ကြည့် လို့ နာတတ်တဲ့နေရာတိုင်းမှာ ကာယဓါတ်ဆိုတာရှိတယ်။
အတွေ့အထိ ကြောင့်ထိသိစိတ်ဖြစ်ပေါ်ရတာပါ။
ကာယဓါတ်-------------ဖေါဠဗ္ဗာဓါတ်------------------------ကာယ၀ီဥာဏ်ဓါတ်
အခံဓါတ်----------------အတိုက်ဓါတ်------------------------အပေါ်ဓါတ်
ကိုယ်-------------------အတွေ့အထိ-------------------------ထိသိစိတ်
မနောအကြည်ဓါတ်ကလေးကို ဓမ္မာရုံ ကလာတိုက်တဲ့အခါ တွေးကြံသိစိတ်ဖြစ်တယ်။မနောဓါတ်ဟာနှလုံးထဲမှာ ရှိတယ်။ ဟာဒယ၀တ္တု လို့ခေါ်တဲ့ နှလုံးခွက်ထဲမှာ နှလုံးသွေး တစ်လက်စွမ်းခန့် နှလုံးခွက်ထဲမှာ ရှိတယ်။ မနောဓါတ်ဟာ နှလုံးထဲမှာရှိတယ်။ ရှေ့ ဖြစ်ကိုတွေးတာ အတိတ်အကြောင်းကိုတွေးတာတွေအားလုံး မနောဓါတ်ကနေဖြစ်တာပါ။ မနောဝိဥာဏ်စိတ်ဆိုတာဖြစ်ပေါ်လာရတယ်။
မနောအကြည်ဓါတ်-------------ဓမ္မာရုံ--------------------မနောဝိဥာဏ်စိတ်
အခံဓါတ်-----------------------အတိုက်ဓါတ်--------------အပေါ်ဓါတ်
စိတ်ကူးကြံစည်လို့ ရတဲ့ အာရုံတွေဟာဓမ္မာရုံတွေပဲဖြစ်တယ်။ ဒါကြောင့် စိတ်ကူးကြည့်လိုက်လို့ပေါ်လာတဲ့ အဆင်း၊အသံ၊အနံ့၊ အရသာ၊အတွေအထိ၊တွေအားလုံး
ဓမ္မာရုံထဲမှာ ပြန်ပါလာတတ်ပါတယ်။
သိပ္ပံမှာ သိစိတ်ကဥနှောက် က နေလာတယ်။ ဗုဒ္ဓါဝါဒမှာ သိစိတ်က နှလုံးအိမ် မှာဖြစ်တယ်။ ရောဂါနဲ့သေသွားတဲ့ လုနာက်ု အသက်ရှိ မရှိ နလုံးမှာပဲစမ်းသပ်ပါတယ်။နှလုံး၏သားမှာ
ဝိညာဉ်သိစိတ် ရှိနေသေးရင် မသေသေးဘူးပေါ့။
်
Wednesday, August 26, 2009
ဘ၀၏ ပုံရိပ်ကို ပြန်စောင်း ကြည့်မိခြင်း
PSC ကခေါ်သမျှအင်တာဗျုးကိုဖြေရင်း ကုန်သွယ်ရေး (၁) က လက်ထောက်အင်ဂျင်နီယာ ရာထူးကိုလျှောက် လိုက်မိတော့တယ်။ အဖေ အစ်ကို ဘကြီးစံမင်း ကဆန်စက်မှာ စက်ပတ်ကြိုးနဲ့ ချိတ်မိပြီး ခေါင်းနဲ့ သမံတလင်း နဲ့ဆောင့်မိပြီး ကွယ်လွန်သွားတာပါ။ အဲတော့ အဖေ ကဆန်စက်အင်ဂျင်နီယာ လုပ်ရမှာဆိုတော့  သိပ်တော့ ဘ၀င်မကျဘူးပေါ့။ ဒါပေမဲ့ စာရေးသူက တမင်းသာစားနေတာ ဆန်ဘယ်လိုကြိတ်သလဲဆိုတာဘာမှ မသိဘူး။ PSC မှာ အင်တာဗျူးဖြေရမယ်ဆိုတော့ (စာရေးသူတို့ခေတ်ကရေးဖြေမရှိဘူး) ဆန်စက်ဟာဘယ်လိုလုပ်စပါး ကြိတ်သလဲဆိုတာသိအောင်လုပ်ရမယ်ဆိုပြီး ဟာဂျီခင်မောင်ဦး ( Textile ကမလှသီ မူစလင်ကုလားမနဲ့ စချင် လို့ ကျောင်းမှာနောက်ခေါ်တာ၊ အမှန်တော့ ဗုဒ္ဓဘာသာပါ) နဲ့တိုင်ပင်တော့ အဘိုးကြီး ထွန်းလှိုင် ယောက်ဖ ဆန်စက် ကိုသွားကြည့်မယ် ဆိုပြီး ထွန်းလှိုင်ဆီသွားကြတယ်။ အဲဒီတုံး က အဖေရဲ့ မောရစ်မိုင်နာကားလေး မောင်းပြီး မြစ်ငယ်ကို ၃ ယောက်သားသွားကြတာပေါ့။ ထွန်းလှိုင်ယောက်ဖ ကတော့ ဆန်စက်ဘယ်လိုကြိတ် သလဲ ဆိုတာ ရှင်းပြပါတယ်။ အဲဒီရောက်တော့မှ ဘကြီး ချိတ် မိပြီးအသက်သေဆုံးတဲ့အထိဖြစ် ခဲ့ ရတဲ့ စက်ပတ်ကြိုးဆိုတာ ဒီလို ရှိတာပါလားလို့သိခဲ့ရတာပါ။
သေချာပြင်ဆင်သွားပေမဲ့ PSC မှာ ဘာမှ ဆန်စက်အကြောင်းမမေးပါဘူး။မန္တလေးပြန်လာပြီး မေ့မေ့ပျောက်ပဲ နေနေတုံး ကုန်သွယ်ရေး (၁) မှာ အလုပ်ဝင်ဖို့ ခေါ်စာရောက်လာပါလေရော။ အလုပ်ဝင်ဖို့ ရန်ကုန် မလာခင် အဖေ ကယနေ့ ထက်တိုင်မမေ့ နိုင်တဲ့ စကားတစ် ကိုဆိုပါတယ်။ သူလည်းနှစ်ပေါင်း၃၀ ကျော် တက္ကသိုလ်မှာ ဆရာလုပ်လာတော့ ၀န်ထမ်းအတွေ့အကြုံဆိုတာရှိမှာပါ။ အဖေ က " ငါ့သားအလုပ်လုပ် ရင် အလုပ်ကို ဘယ် တော့မှ မျက်ချေမပြတ်စေနဲ့ " သူကတော့ အတွေ့အကြုံ အရ သားကို ဆုံးမနှစ်သိမ့် စကားဆိုလိုက်တာ ဖြစ်ပေမဲ့ စာရေးသူ ၀န်ထမ်းဘ၀ ဖြတ်သန်းလာခဲ့ ရတဲ့ ခရီးကို ပြန်စဉ်းစားမိတိုင်း အဲဒီစကားစုဟာ စိတ်ထဲမှာ အမြဲပဲပေါ် လာတတ်ပါတယ်။ အဲတာကြောင့် ပဲ အရပ်သားဝန်ထမ်းဘ၀မှာ ဒုတိယအမြင့်ဆုံး ရောက်ခဲ့ရတာပါ လား လို့ ထင်မိပါတယ်။
ဝန်ထမ်း ဘ၀မှာဒီအဆင့်အထိရောက်ခဲ့ ရတာဟာ အခြားမြင်ဆရာ၊ကြားဆရာ၊ သင်ဆရာတွေ ကြောင့်လည်း အများကြီးပါပါတယ်။ စည်းကမ်းစနစ်ကြီး ပြီးစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့ ဆရာတွေအောက်မှာ လုပ်ကိုင် ခွင့် ရပေမဲ့ အကျင့်ကောင်းတွေကို အတုခိုးလုပ်တတ်ဖို့တော့လိုပါတယ်။ ကွယ်လွန်သူ ဆရာဦးစောအောင် ရဲ့လုပ်နည်းလုပ်ဟန်တွေကိုစာရေးသူအများဆုံးအတုခိုးပါတယ်။ ဒါပေမဲ့ ဆက်ဆံရေး (dealing) ကိုတော့ သူ့ ထက်ပိုကောင်းအောင် လုပ်ခဲ့နိုင်ပါတယ်။ စည်းကမ်းစနစ်ကျတော့ အင်္ဂလိပ်လူမျိုး consultant ဖြစ်တဲ့ Dr. Deny ကတောင်ဦးစောအောင်ကို ရှိန်ပါတယ်။
ဆန်စက်တွေရှိရာကို မော်တော်၊ ကားတွေစီးပြီးသွားရတာပျော်စရာအလွန်ကောင်းပါတယ်။ ဇုန်မန်နေဂျာ ဦးတင် စိုးနဲ့ သံလျှင်ဇုန်မှာ ၂ - ၃ နှစ်လောက်တွဲလုပ်ခဲ့ ရတာတွေကိုသတိရနေဆဲပါ။ ၀မ်းနည်းစရာတစ်ခုကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက် ခရမ်းချောင်းထဲ မော်တော်နဲ့ စုန်ဆန်သွားလာခဲ့ကြတယ်။ စပါးအ၀ယ်ဒိုင် (ကွင်းဒိုင်) တွေ မှာလည်းညအိပ်ခဲ့ဘူးတယ်။တောသူတောင်သားတွေဟာတော်တော်ဆင်းရဲတာ ကိုအဲဒီအချိန် ကတည်း က သတိပြုမိတယ်။ အချို့ အင်္ကျီတောင်မ၀တ်နိုင်ကြဘူး။ ရင်လျှားနဲ့ ပဲနေကြရတယ်။ခလေးတွေဆိုတာ ကိုယ်တုံးလုံးတွေပဲ။ ၂၀၀၈ ခုနှစ်လောက် က မိုဃ်းတွင်းကြီး ခရမ်းချောင်းကိုမော်တော်စီးပြီး ဘုရားပျို ရွာ ကို ဂိုဒေါင် အခြေအနေတွေကိုစစ်ဆေးဖို့သွားခဲ့တော့ ချောင်းတစ်လျှောက်မှာ နှစ်ပေါင်း ၃၀ က အတိုင်းပဲ၊ မိန်းမ တွေဟာရင်လျှားနဲ့ ယောင်္ကျား တွေခလေးတွေဟာအရင်အတိုင်းပဲ။ဘာမှ ပြောင်းလဲတိုးတက်တာ မတွေ့ရ တော့ ရင်ထဲမှာ မချိတင်ကဲဖြစ်ရပါတယ်။ချောင်းဘေးကတဲတွေဟာလည်းနှစ်ပေါင်း ၃၀ ကအတိုင်းပဲ။ သို့ပေမဲ့ ဘုရား ပျိုရွာရောက်တော့ ရွာသူရွာသားတွေရဲ့စေတနာကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကအတိုင်း ပဲဆိုတာ ၀မ်းသာအားရစွာ တွေ့ကြုံရပါတယ်။
Tuesday, August 25, 2009
အာရှတန်ဖိုး
ဆေးကျောင်းသူမင်းသမီးဟာ Harvard Law Schoolကျောင်းတက်နေတဲ့ဥပဒေကျောင်းသားသူငယ်ချင်း နဲ့အတူ ကလပ်တစ်ခုကိုရောက်နေပါတယ်။ အဲဒီအချိန်မှာ ကလပ်ထဲမှာ ရောက်နေတဲ့ အမေရိကန်တစ်ယောက် ဟာ နှလုံးရောဂါကြောင့် သတိမေ့ပြီး လဲကျသွားပါတယ်။ အားလုံးခြေမကိုင်မိလက်မကိုင်မိဖြစ်နေချိန်မှာ လူနာ တင်ကားခေါ်သူက ခေါ်၊ ရင်ဘတ်ကိုလက်နဲ့ဖိသူကဖိနဲ့အားလုံး ပြာယာခတ်နေကြပါတယ်။ ဆေးကျောင်းသူ မင်းသမီးကလူနာကို စစ်ဆေးကြည့်ပြီး ချက်ချင်းဘဲ သိလိုက်ပါတယ်။ ဒီလူနာဟာ ဦးနှောက်ထဲ အောက်စီဂျင် ရောက်မလာရင် ၁၀ မိနစ်အတွင်း အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါနဲ့မင်းသမီးက ချက်ချင်းပဲ ၀ီစကီနဲ့ပလပ်စတစ်စုတ်တံကို တောင်းပြီး၊ သူ့အိတ်ထဲမှာပါတဲ့ အိတ်ဆောင်ဓားကို ထုတ်လိုက်ပါတယ်။ လူနာရဲ့ လည်ပင်းတစ်ဝိုက်ဝီစကီလောင်းပြီး လည်ပင်းကိုဓားနဲ့ဖောက်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဥပဒေ ကျောင်းသားသူငယ်ချင်းက မင်းမှာ ဆေးကုသခွင့်လိုင်စင်မရှိဘူး၊ ဒါကြောင့် ဒီအသက်ကယ်တဲ့လုပ်ရပ်ကို မလုပ် မိဖို့ အတန်တန်တားပါတယ်။
မင်းသမီးဟာ သူငယ်ချင်းရဲ့ သတိပေးချက်ကြောင့် ၁ မိနစ် - ၂ မိနစ်လောက်တွေ ဝေသွားပါတယ်။ ဒါပေမယ့် ချက်ချင်းယတိပြတ်ဆုံးဖြတ်ပြီး လည်ပင်းကို အပေါက်ဖောက်၊ ပလပ်စတစ်စုတ်တံနဲ့လေကို မှုတ်သွင်း တော့တာပါဘဲ။ ဒီလိုမှုတ်သွင်းတဲ့လေကြောင့်ဦးနှောက်က အောက်စီဂျင်ရပြီး၊ လူနာဟာ ခြေလှုပ်လက်လှုပ်နဲ့ အသက်ပြန်ရှုလာပါတယ်။ အဲဒီအချိန်မှာ လူနာတင်ကားရောက်လာတာနဲ့စနစ်တကျလူနာကို လူနာတင်ကား ပေါ်တင်ပြီး ဆေးရုံကို အပြေးမောင်းသွားခဲ့ပါတယ်။ ဇာတ်လမ်းကို အတိုချုပ်ရရင် မင်းသမီးဟာ ဆေးကုသခွင့် လိုင်စင်မရှိဘဲ လူနာကို ကုသခဲ့တဲ့အတွက် မင်းသမီးနဲ့Harvard Medical School ကိုလူနာနဲ့လူနာငှားထားတဲ့Law Firm ကတရားစွဲရန် ပြင်ဆင်တော့တာပါဘဲ။ မင်းသမီးကိုလည်း ကျောင်းတက်ခွင့်ချက်ချင်းရပ်ဆိုင်းစေခဲ့ပြီး Harvard Medical School ရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက အမှုစစ်ဆေးခြင်းကိုခံရပါတယ်။
စာရေးသူပြောချင်တာက ကော်မတီက မင်းသမီးကို စစ်ဆေးတဲ့အခါမှာ မင်းသမီးနဲ့ကော်မတီဥက္ကဋ္ဌ အပြန်အလှန်ပြောတဲ့စကားကိုပါ။ "မင်းလိုင်စင်မရှိဘဲ ဆေးကုသတဲ့အတွက် အစစ်အဆေးခံနေရပြီ၊ နောက် တစ်ကြိမ် ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်ကော မင်းဒီအတိုင်းပဲ လုပ်မှာလား "ဆိုတဲ့မေးခွန်းကို မင်းသမီးက ဒီလို ပြန်ဖြေခဲ့ပါတယ်..
"ကျွန်မဆေးကုသခွင့်လိုင်စင်မရှိဘဲ လူနာအသက်ကို ကယ်ခဲ့မိတဲ့အတွက် အပြစ်ရှိလိမ့်မယ်ဆိုတာကို အစကတည်းက သိပါတယ်။ နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုးကြုံခဲ့ရင်လည်း ဒီအတိုင်းပဲ လုပ်မိမှာပါဘဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကလူနာရဲ့အသက်ကို တန်ဖိုးထားလို့ဖြစ်ပါတယ် "
ကဲစာဖတ်သူ ဒီအဖြေကို ကြည့်ရင် အရှေ့နှင့်အနောက်ကွာခြားချက်ဘယ်လောက်ကြီးမားတယ်ဆိုတာ သတိပြုမိပါလိမ့်မယ်။ စာရေးသူဒရမာဇာတ်လမ်းကိုကြည့်ရင်း မင်းသမီးရဲ့အဖြေကို ကြားမိလိုက်တဲ့အခါ ရင်ထဲ မှာ ကြက်သီးတဖြန်းဖြန်းထသွားမိခဲ့ရပါတယ်။ ဒါဟာ အရှေ့တိုင်းသားအာရှသားတွေရဲခံယူချက်အစစ်အမှန် ပါ။ လူ့အသက် လူ့ဘ၀ထက်တန်ဖိုးရှိတဲ့အရာမရှိနိုင်တော့ပါ။ ဥပဒေတွေ၊ ချုပ်နှောင်မှုတွေကြောင့် လူ့အသက်ဟာ တန်ဖိုးမရှိတော့တဲ့အနေအထားကို ရောက်သွားပါတယ်။ လူ့အခွင့်အရေးဆိုတာ ဘယ်မှာပါလဲ၊ ဥပဒေကို လျစ်လျူရှုအမှုမထားဘဲ လူ့အသက်လူ့တန်ဖိုးကို အလေးထားတတ်တဲ့ " အာရှတန်ဖိုး "ကို ပေါ်လွင်အောင် ရိုက်ပြ နိုင်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကို ချီးကျူးပါတယ်။ ရင်ထဲမှာ ရှိန်းကနဲ ဒိန်းကနဲဖြစ်သွားလောက်အောင် အပြစ် ကင်းစင်တဲ့ မျက်နှာပေးလေးနဲ့အဖြေပေးသွားတဲ့ မင်းသမီးလေးရဲ့ အမူအရာလေးကိုလည်း တစ်သက်မမေ့နိုင် တော့ပါ။
ဒါကြောင့် အာရှမှာ လူလာဖြစ်ရတဲ့ စာရေးသူတို့ရဲ့ဘ၀ကို အချိန်ပေးလေ့လာဆန်းစစ်မိပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လူလာဖြစ်နေတာကို ဂုဏ်ယူမိတဲ့စိတ်တွေ တဖွားဖွားပေါ် ပေါက်လာတယ်။ ဘယ်လောက်ပင် ရုပ်ဝတ္ထုတွေ ခေတ်မီတိုးတက်ပါစေ၊ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုကတော့ လူလူချင်း လူသားတန်ဖိုးကို ထားတတ်ဖို့ပါဘဲ။
Monday, August 24, 2009
ဆန်စပါးဦးဆောင်ကုမ္ပဏီများ ဦးတည်ရမည့် VISION
နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးဘုတ်အဖွဲ့ (State Agricultural Marketing Board, SAMB) ပြည်ထောင်စုမြန်မာနိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ် ရေးဘုတ်အဖွဲ့ (့Union of Burma Agricultural Marketing Board, UBMAB) ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် ၁ ၊ လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ် ရေး ကော်ပိုရေးရှင်း၊ (Agricultural & Farm Produce Trade Corporation) မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး (Myanmar Agricultural Produce Trading) စသည်ဖြင့်အမည်အမျိုးမျိုးဖြင့် အစိုးရ အဆက်ဆက်ပြောင်းလဲ လုပ် ကိုင်ခဲ့သော်လည်း ဆန်စပါးလုပ်ငန်း နှင့်ပတ်သက်၍supply chain mechanism တစ်ခု ကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ခိုင်ခိုင်မာမာတည်ဆောက်လုပ်ကိုင်နိုင်ခဲ့ပြီး လုပ်ငန်းစဉ် တစ်ခုလုံး supply chain management ကိုလည်းစနစ်တကျ အကောင် ထည်ဖော်လုပ်ကိုင်နိုင်ခဲ့ပါသည်။၂၀ဝ၃ခုနှစ် ဧပြီလ မှစတင်ကာမြန်မာနိုင်ငံ၌ဆန်စပါးမူဝါဒ ပြောင်းလဲခဲ့ပြီး ယခင်နိုင်ငံတော်က လုပ်ကိုင်ခဲ့သည့် ဆန်စပါး လုပ်ငန်းတစ်ခုလုံးကို ပုဂ္ဂလိကအပိုင်းမှ ပြောင်းလဲလုပ်ကိုင်ရန်ဖြစ်သော်လည်း ပြည်တွင်းဆန်ဈေး ကိုတည်ငြိမ် အောင်မထိန်းနိုင် ခဲ့သည့်အတွက် ပီပီပြင်ပြင် ဖြစ်မလာပဲ မရေမရာအခြေအနေ၌ သာလုံးလည်လိုက် လျက်ရှိ ကာ အချိန်ကာလအားဖြင့်တွက်ပါက ၆နှစ်ကြာခဲ့ပါသည်။ထိုစဉ်ကာလ၌ ဆန်စပါးလုပ်ငန်း ကိုပုဂ္ဂလိက အပိုင်းမှ တဖြည်းဖြည်းကူးပြောင်း လုပ်ကိုင်လျက်ရှိသော် လည်း ဆန်စပါးနှင့်ပတ်သက်၍ supply chain mechanism ကို မတည်ဆောက်နိုင် သည့်ပြင် supply chain management မှာလည်းပီပီပြင်ပြင်ဖြစ် မလာဘဲကြုံသလိုသာ လုပ်ကိုင်နေကြသည်ကိုတွေ့ရပါသည်။
ဆန်စပါးလုပ်ငန်းသည်၂၀ဝ၈ခုနှစ်ကုန် ၂၀ဝ၉ခုနှစ် အစပိုင်းကစ၍ ပါရာဒိုင်း အပြောင်းအလဲဖြစ်ခဲ့ပါသည်။ နိုင်ငံတော်မှ ပံ့ပိုးကူညီအားပေးမှုကြောင့် ဆန်စပါးအထူး ပြုဦးဆောင်ကုမ္ပဏီများ ဆန်ပိုဒေသများတွင် အခြေခံ ၍ပေါ်ထွန်းလာခဲ့ပါသည်။ ဆန်စပါးအထူးပြု ဦးဆောင်ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ခံသည့်ဒေသ များ၌ ဆန် စပါးလုပ်ငန်းနှင့်ပတ်သက်၍supply chain mechanism များကိုတည်ဆောက်လုပ်ကိုင် သွားကြရန် တာဝန်ရှိပေသည်။မိမိတာဝန်ခံရာဒေသအတွင်းရှိ တောင်သူများကိုပင် ထောင်ပေးခြင်း၊ စိုက်ပျိုးထွက်ရှိ လာ သော စပါးများကိုပေါက်ဈေးဖြင့်ပြန်လည်ဝယ်ယူခြင်း၊ ဓာတ်မြေဩဇာ အပါအဝင်သွင်း အားစုများပံ့ပိုးပေးခြင်း အတွက်လောက်သာ တည်ထောင်ထားခြင်းမဟုတ်ကြောင်း သဘောပေါက်နားလည်ထားရန်လိုအပ်ပါသည်။
မိမိတာဝန်ခံသည့်ဒေသ၏ ဆန်စပါးsupply chain mechanism ကို တည် ထောင်ရန် vision ထားရှိရ မည်ဖြစ်သည်။ကုန်သွယ်လယ်ယာခေတ်ကတည်းက မြန်မာ စပါး၏ကြိတ်ခွဲမှုအရည်အသွေး(milling quality)ကို ထိန်းသိမ်းမြှင့်တင်ရန် အပိုင်း၌ အလွန်အားနည်း ခဲ့ပါသည်။ ထိုစဉ်ကစိုက်ပျိုးရေးကဏ္ဍသည် စပါးအထွက် တိုးရေး၌ သာ အာရုံစူးစိုက်ခဲ့ပြီး၊ ဆန်ဖြစ်အောင် ကြိတ်ခွဲရာတွင် "မကျိုးမပဲ့သောဆန်" များများ ရရှိရေးကို အာရုံမစိုက်နိုင်ခဲ့ပါ။တစ်နည်းပြောရလျှင်ဆန် အရည်အသွေး တိုးတက် ကောင်းမွန်ရေး ကိုအလေးမပေး နိုင်ခဲ့ပါ။ ထိုကြောင့် မြန်မာဆန်သည် ပြည်ပ၌ ယှဉ်ရောင်းရာတွင် အဆင့်ချင်းတူသည့်တိုင် ထိုင်းနှင့် ဗီယက်နမ်ရသော ဈေးထက်အမြဲ လျော့နည်းခဲ့ပါ သည်။
ယနေ့ထိဆန်စပါးလုပ်ငန်း၌စပါးအရည်အသွေးနှင့် ပတ်သက်၍ ကြုံတွေ့ နေရ သောပြဿနာများမှာ ဆန်နီစပါးများခြင်း၊မျိုးရောနှောခြင်း၊ မျိုးကွဲများခြင်း၊ မြေဖြူရောင် ဆန်များ ပါဝင်မှု များခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူများ အတွက် ဆွဲဆောင်မှုမရှိခြင်း၊head rice recovery အရ နည်းခြင်း၊ ဆန်ဝါများဖြစ်ပေါ်ခြင်း၊ အဆစ်ကျိုးစပါးများဖြစ်ပေါ်ခြင်း၊ဆန်အရောင်အသွေး မလှပခြင်း၊ ဆန်၏ အရောင် သည် translucent မဖြစ်ခြင်းစသည့် ဆန်အရည်အသွေး နှင့်ပတ်သက်၍ အားနည်းနေသည့် အပိုင်း များရှိနေဆဲဖြစ်ရာ ဆန်စပါးဦးဆောင် ကုမ္ပဏီများသည် ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ထိန်းသိမ်း ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ စပါးအခြောက်ခံခြင်း၊ ဆန်ကြိတ်ခွဲခြင်း၊ထုပ်ပိုးခြင်း၊ရောင်းဝယ်ခြင်း၊ ပြည်ပတင်ပို့ ခြင်းစ သည့်လုပ်ငန်းစဉ်များ ပါဝင်သည့်supply chain mechanism ကိုတည်ဆောက်သွားကြရန်လိုပါသည်။ ထို့ ကြောင့် ဆန်စပါးဦးဆောင်ကုမ္ပဏီများသည် ဆန်စပါးsupply chain mechanism တစ်ခု ပီပီပြင်ပြင် ဖြစ်ပေါ် လာစေရေးအတွက် လုပ်ငန်းစဉ်များကို တစ်ဆင့် ပြီး တစ်ဆင့်ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ ဆန်စပါး လုပ်ငန်း (Rice industry)သည် မြန်မာနိုင်ငံ၌အကြီးမားဆုံးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
Sunday, August 23, 2009
ခန္ဒာ ငါးပါးကို ပရမတ်အမြင်ဖြင့် ကြည်ရှုခြင်း
ပါ။ခန္ဓာ ၅ ပါး ပရမတ်အမြင်နဲ့ ကြည့် ရမှာဖြစ်တယ်။ (မီးပျက်သွားလို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတာပါ)
ရူပက္ခန္ဓာ ဟာဖေါက်ပြန်သော သဘောတရား သာဖြစ်တယ်။ အတုံး အလုံး အခဲ ဘာမှ မဟုတ်ဘူး။ ဥပမာ
ပြရရင် ရေမြုပ်နဲ့ တူတယ်။ အဝေးကကြည်ရင်အတုံး အလုံး အခဲ လိုလို နဲ့  တွေ့ ပေမဲ့ လက်နဲ့ ချေ ကြည့်လိုက်
ရင် အနှစ်အသားတွေမတွေ့ ရတော့ဘူး။ဝိပသာနာဥာဏ်နဲ့ ကြည့် လိုက်တော့ သဘောတရားပဲ ရှိတာကိုတွေ့
ရမယ်။
ဝေဒနက္ခန္ဓာ ကိုရေပွက်နဲ့ တူတယ်လို့ ဥပမာပေးတယ်။ ရေကန်ထဲမှာ မိုးပေါက်တွေကျ နေ ရင် ရေတစ်ပွက်
ဖြစ်လိုက် တစ်ပွက်ပျောက်လိုက် နဲ့ တစ် စက္ကန့် အတွင်း ဖြစ်တယ်ပျက်တယ် ဆိုတာ ကုဍေ ၁ သိန်းကျော်
တယ်။ ငါ အကြာချည်း ခံစားနေရပါလားလို့ ထင်ချင်ထင်မယ်။ခံစားနေရတာမဟုတ်ဘူး၊ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတာပါ။
သညက္ခန္ဒာ ကတော့ တံလျှပ်နဲ့ တူတယ်။ သညာစေတသိတ် ဟာမှတ် သားတတ်သော သဘောတရးရှိတယ်။
ယေင်္ကျား မိန်းမ ငါ ကမှတ်တာမဟုတ်ဘူး။ သညက္ခန္ဓာကမှတ်တာဖြစ်တယ်။ စားစရာအမည်၊လူနံမည်၊ အိမ်အ
မှတ် စတာတွေကို ငါ ကမှတ်နေတာမဟုတ်။ သညာရဲ့ အလိမ်ကိုခံနေရတာဖြစ်။
သင်္ခါရက္ခန္ဓာ ဟာစေတနာ ဦးဆောင်တတ်ပြီး တိုက်တွန်းတဲ့သဘောတရား၊ နှိုးဆော်တတ်သောသဘေတရား
ရှိတယ်။စေတသိတ် ၅၂ လုံးထဲ က ဝေဒနာစေတသိတ် ၂ လုံးနှုတ် ရင်စေတသိတ် ၅၀ ကျန်မယ်။ ကောင်းတာ
ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လုပအောင်တိုက်တွန်း တာဟာသင်္ခါရက္ခန္ဓာ ဖြစ်တယ်။ ဥပမာနဲ့ ပြောရရင်သင်္ခါရက္ခန္ဓာ
ဟာ ငှက်ပျောပင်နဲ့ တူတယ်။ ငှက်ပျောပင်စည်ကို အဖတ်တွေခွာပစ်လိုက်တဲ့အခါ ဘာအနှစ်သာရ မှ မရှိတာ
ကိုတင်စားပြောလိုတာကြောင့် ငှက်ပျောပင်နဲ့တူတယ်လိုဆိုလိုတာဖြစ်ပါတယ်။
နောက်ဆုံးခန္ဓာ တစ်ခုကတော့အာရုံကိုသိတတ်သော သဘောရှိတဲ့ ၀ိဥာဏက္ခန္ဓာ ဖြစ်ပါတယ်။တကယ်တော့
ခန္ဓာ ဖြစ်အောင်လုပ်တာဟာ အကြောင်း ၃ ပါး ဖြစ်တဲ့ အ ၀ိဇ္ဇာ၊ တဏှာ၊ ကံ တြို့ဖစ်ပါတယ်။ခန္ဓာ ရဲ့ ဒုက္ခ
ကိုမသိတဲ့ အ၀ိဇ္ဖာ၊ ခန္ဓာလိုချင်တဲ့ တဏှာ၊ ပြုလုပ်သော ကုသိုလ် အကုသိုလ် စေတနာ ကံ တို့ကြောင့် ခန္ဓာ
တွေ တစ်ဘ၀ ပြီး တစ်ဘ၀ ဖြစ်လာတာပါ။
Friday, August 21, 2009
ဝိပသာနာတရားအားထုတ်ခြင်း
တော်တော်လုပ်ရလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြန်လှန်လေ့ကျင့်ခဏ်းဆိုတာလုပ်ဖို့ လိုလာပါတယ်။ ကျွန်တော်စဉ်းစားမိတယ်၊
ပြန်လှန်လေ့ကျငိ့ခန်းလုပ်တာကို ဘလောဂ် ထဲမှာ လုပ်လိုက်ရင် ငါလည်းပြန်ဖတ်လို့ရမယ်၊ ဘလောဂ် ကိုလာလည်သူတွေလည်း ဖတ် လို့ရမယ် လို့ ထင်တာကြောင့် ဘလောဂ်မှာရေးခဲ့တာပါ။ ကိုယ်နဲ့ မတန်မရာကိုရေးနေပါလားလို့ မထင်မိကြပါနဲ့။
ဝိပသာနာ ကို စ လေ့လာ တော့ ပညတ် နဲ့ ပရမတ် ဆိုတာ ပထမဆုံးတွေ့ပါတယ်။ လူ၊ ငါ၊ မိန်းမ၊ ယောက်ျား၊ ကြက်ငှက်၊ စတာတွေဟာ ပညတ်တွေ ပါ။ ပရမတ် ဆိုတာ တကယ်ရှိတာ စိတ် ၊စေတသိတ်၊ ရုပ်၊ နိဗ္ဗန် ဆိုတာတကယ်ရှိပါတယ်။ စေတသိတ် ဆိုတာ စိတ်ကိုမှီ ပြီးဖြစ်တာ လို့ဆိုပါတယ်။ စိတ်ဆိုတာမူရင်းသဘော ကတော့ အင်မတန်ဖြူစင်ပါတယ်။ စိတ်ဟာ အာရုံကိုသိတတ်ပေမဲ့ သူ့မှာ ချစ်ခြင်းမုန်းခြင်းမရှိပါ။
ဒါပေမဲ့ ဆိုးယုတ်တဲ့စေတသိတ် နဲ့ တွဲမိရင် ဆိုးယုတ်တဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ကောင်းတဲ့စေတသိတ်တွေနဲ့ပေါင်းမိရင် ကောင်းတဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဥပမာပြရရင် လူတစ်ယောက် မိန်းမချောချောလေးမြင်လိုက်ရင် စိတ် က တော့လူ လို့ပဲသိတာပါ။ တစ်ဖက်ကစွဲလမ်းစရာတွေကိုတွေ့အောင်ရှာတတ်တဲ့ လောဘစေတသိတ် နဲ့ပေါင်းမိပြီးနှစ်သက်စွဲလမ်းတဲ့စိတ်တွေပေါ်လာတာပါ။
နောက်ဥပမာတစ်ခုက ကြည်ညိုစရာသံဃာတစ်ပါးကိုတွေ့ လိုက်ရပြီဆိုရင် စိတ် ကတော့ သံဃာလို့ ပဲသိလိုက်တာပါ။ ကြည် ညိုတတ်တဲ့ သဒ္ဒါစေတသိတ် နဲ့ပေါင်းမိကာကြည်ညို စိတ် လှုဒါန်း လိုချင်စိတ်တွေဖြစ်လာတာပါ။
ဝိပသာနာကိုစလေ့လာတော့ ခန္ဓာ ၅ ပါးကိုစတွေ့တာပါပဲ။
ရူပက္ခန္ဓာ = ဖေါက်ပြန်တတ်သောသဘောတရား
ဝေဒနက္ခန္ဓာ = ခံစားတတ်သောသဘောတရား
သညက္ခန္ဓာ = မှတ်သားတတ်သောသဘောတရား
သင်္ခရက္ခန္ဓာ = တိုက်တွန်းနှိုးဆော်တတ်သောသဘောတရား
ဝိညာဏက္ခန္ဓာ = သိတတ်သောသဘောတရား
ငါဆိုတာမရှိဘူး။ မိန်းမဆိုတာမရှိဘူး။ ယောင်္ကျားဆိုတာမရှိဘူး။ ခန္ဓာ ၅ ပါးဆိုတဲ့သဘောတရားပဲရှိတာ။ ပရမတ်ဥာဏ်နဲ့ကြည့် ရင်
သဘောတရားပဲရှိတာ။ ရုပက္ခန္ဓာမှာ ဖြစ်တာ ပျက်တာတွေဟာ အလွန်မြန်လှပါတယ်။ တစ်စက္ကန့်အတွင်း ဖြစ်တာပျက်တာမြန်လွန်း လို့
လူတွေကဖြစ်နေတယ် အသက်ရှင်နေတယ် ထင်နေကြတာပါ။ တစ်စက္ကန့်အတွင်း ဖြစ်ပျက်ဟာ ကုဋ္ဋေပေါင်း ၁ သိန်းကျော်ရှိ
တယ်လို့ဆိုပါတယ်။ သိပ္ပံသဘောအရပြောရ ရင်တစ်သျှုးတွေဟာ စက္ကန့် နဲ့ အမျှဖြစ်လိုက် ပျက်လိုက်ရှိနေတယ်ဆိုတာဖတ်ရဘူးပါ
တယ်။ထိခိုက်အနာတရဖြစ်ရင် dead tissues တွေအပေါ်မှာ တစ်သျှုး အသစ်တွေဖြစ်လာတာ ဒါမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။
ဝိပသာနာရှုတယ်ဆိုတာဥာဏ်ပညာပါမှ ဖြစ်မယ်။ဥာဏ်ပညာဖြင့် ထိုးထွင်း ပြီးပေါက်ရောက်အောင် ထင်နိုင်မြင်နိုင်ရင် ကိစ္စ ပြီးနိုင်
မယ်လို့ဆိုပါတယ်။ တကယ်တော့ ခန္ဓာဆိုတာ အပေါင်းအစု ပါ။ ရူပက္ခန္ဓာမှာ ကောင်းတာ မကောင်းတာ ဖေါက်ပြန်တာဟာသူ့
ဖါသာဖြစ်တာ ငါ ဆိုတာနဲ့ ဘာမှ မဆိုင်ဘူး။ မရှိတာကို အရှိ ထင်တာ (ပညတ်ကို ပရမတ် ထင်တာ) အရှိကို မရှိ ထင်တာ (ပရမတ်ကို
ပညတ် ထင်တာ) ဒါတွေအားလုံးဟာမောဟတွေပံ။
ဒီပြန်လှန်လေ့ကျင်ခဲ့တဲ့ ၀ိပသာနာတရားတွေ အားလုံး မေတ္တာရှင် (ရြှွှေပည်သာ) ရှင် ဇ၀န နဲ့ မိုဃ်းညှင်းပိုင်းလော့ ဆရာတော် တို့
ရဲ့ တရားခွေတွေ စာ အုပ်တွေနားထောင်ပြီး ပြန်လှန်လေ့ကျင့် ခဲ့တာပါ။
Wednesday, July 29, 2009
မျိုးဆက်သစ်လေးတွေရဲ့ ဘွဲ့နှင်းသဘင်
မသွားတော့ဘူး။စင်ကာပူ NUSရဲ့ဘွဲ့နှင်းသဘင်ဟာတစ်ပတ်လုံးလုပ်နေတာလို့သိရ
တယ်။ မြင့်ဖေသမီးကလည်း IT နဲ့ Master ဘွဲ့ယူမှာဆိုတော့ သူငယ်ချင်း
နှစ်ယောက်ပြန်တွေ့ကြရအုံးမယ်။ သားမက်ကတော့ YITက mechanical နဲ့ BE
ဘွဲ့ ရခဲ့ပြီး NUS မှာ building science နဲ့ M Sc လာတက်တာ။
high rise အထပ်မြင့်တွေမှာ မီးသတ်တဲ့စနစ်တတ်ဆင်တဲ့ ကုမ္ပဏီမှာအလုပ်လုပ်
နေတာဖြစ်တယ်။
မောင်တိုင်ပင်တို့ခေတ်တုံးက convocation လို့ ခေါ်တယ်။ အခုတော့
commencementတဲ့။ ထူးထူးခြားခြားဘာတွေ့ရလဲဆိုတော့ မြန်မာ
တွေအယောက်၂၀ကျော်လောက်ဘာသာရပ်အသီးသီးမှာMaster
ဘွဲ့တွေယူကြတယ်။လူမျိုးပေါင်းစုံမျိုးဆက်သစ်လူငယ်လေးတွေဘွဲ့ယူတဲ့နေ့မှာ
ပျော်ရွှင်နေကြတာကိုမြင်လိုက်ရတော့ကိုယ်လည်းငယ်မူပြန်သလိုခံစားရတယ်။
RIT စတက်ခါစmain building ကြီးရဲ့ အလယ်မြက်ခင်းပြင်ပေါ်မှာ ဘွဲ့နှင်းသဘင်
လုပ်တော့ ဦးရုံးမိုကRectorဆရာ တွေကအမေရီကန် MIT က အောင်လာကြတာ
များတော့ဘွဲ့ဝတ်စုံရဲ့hoodတွေcapတွေကအရောင်စုံပါပဲ။ကြည့်လို့လည်းကောင်းတယ်။
ဒီNUSဘွဲ့နှင်းသဘင်မှာလည်း ဆရာတွေဝတ်လာတဲ့ဝတ်စုံတွေဟာ design အမျိုးမျိုးနဲ့အရောင်စုံပါပဲ။
မောင်တိုင်ပင်အဖေ ကတကသိုလ်ကဆရာဆိုတော့ ဘွဲ့ နှင်းသဘင်ဟာမျက်စေ့ထဲမှာရိုးနေသလိုပဲ။ဘွဲ့ နှစ်ခု ရခဲ့ပေမဲ့ ဘွဲ့နှင်းသဘင်မတက်ခဲ့ဖူးဘူး။ ပညာဆည်းပူးခဲ့ပြီးနောက် achievement တစ်ခုအဖြစ် ဘွဲ့တက် ယူမှာဆိုတော့မိဘတွေကတကူးတကနဲ့ စင်ကာပူထိတောင်လာကြတယ်။ဂုဏ်ယူစရာပါပဲ။
Tuesday, July 28, 2009
တရားမထိုင်ခင် တရားအရင်နာပါ
ကလောင်အမည်မေတာရှင် (ရွှေပြည်သာ) ၊ဆရာတော် ရှင်ဇ၀န နဲ့ မိုးညှင်းပိုင်းလော့ဆရာတော် တို့ရဲ့ mp3 အခွေ၊ ဆရာတော်ရှင်ဇ၀နရဲ့ မဂ်တားဖိုလ်တားအနရာယ်များစာအုပ် တို့ကိုလာပေးတယ်၊ အရင်ကတရားစာအုပ် ဖတ်ရင် စိတ်ဝင်စားမှုနည်းတယ်။ ဒီတစ်ခါတော့ စိတ်ပါဝင်စားစွာတစ်ခေါက်ဖတ်ကြည့်တယ်။ ဖတ်ရင်းနဲ့မှတ်ချင် စိတ်ပေါ်လာလို့ စာအုပ်မှာမှတ်ခဲ့တယ်။ စာအုပ်ကိုအကြိမ်ကြိမ်ဖတ်တာ ဘယ်နှစ်ကြိမ်ရှိပြီလည်း ဆိုတာမမှတ်မိ တော့ဘူး။
ဒါနဲ့အမေအကြောင်းပြန်စဉ်းစားကြည့်မိတယ်။ အမေကမိုးကုတ်ဝိပသာနာကိုလုပ်တယ်၊အားထုတ်တယ်။အမေနဲ့
အဖေ တို့မိုးကုတ်ဆရာတော်ကြီးနဲ့ ရေစက်မဆုံ မိခဲ့ရတာကိုယခုတိုင်မှတ်မိနေသေးတယ်။ ခလေးတုံးက တစ်ရက် အမေက တောင်မြို့ အမရပူရမှာရှိတဲ့ မိုးကုတ်ဆရာတော်ကျောင်းဆီကိုလိုက်ပို့ဖို့ အဖေကိုပြောတော့ အဖေကကျောင်းပိတ်ရက်လည်းဖြစ်နေ မောရစ်မိုင်နားကားလေး မောင်းပြီးအမေအလိုအတိုင်း အမရပူရကို မောင်းသွားကြတာ တစ်နာရီကျော်ကျော်လောက်ကြာတော့အမေနဲ့ အဖေ မျက်စိမျက်နှာပျက်ပြီး ပြန်ရောက် လာကြတယ်။
အမေပြန်ပြောတာက ငါတို့လည်းကျောင်းထဲကားရောက်ရော ကပိယလုပ်တဲ့ မိန်းမကြီးတစ်ယောက် ရှိုက်ကြီး တငင်နဲ့အော်ငိုတာကြားတာနဲ့ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ လို့မေးတော့ဆရာတော်ကြီး အခုပဲပျံလွန်တော်မူ သွားပြီ ဆိုတာသိလိုက်ရတယ်။ အမေကငါတို့ ကားကျောင်းထဲလည်းရောက်ရော ငိုသံတွေကြားပြီး ဆရာတော် ကြီးပျံလွန်တော်မူသွားတော့ ဆရာတော်ကြီးကို ငါတို့မဖူးထိုက် ဘူးနဲ့တူတယ်လို့ စိတ်မကောင်းစွာနဲ့မှတ်ချက် ချခဲ့တယ်။
ဒါနဲ့ အဖေကအမေ ကိုမိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့ တိတ်ခွေတွေကို ငှားပြီးကူးပေးခဲ့ တယ်။ အမေလည်းမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့စာအုပ်တွေ အတွဲလိုက်ဝယ်ဖတ်ပြီး တရားအားထုတ်ခဲ့ တယ်။ မောင်တိုင်ပင်တို့ကငယ်သေးတော့ အမေတရား ခွေဖွင့်နားထောင်တာ၊ တရားထိုင်တာလောက်ပဲ မှတ်မိ တော့တယ်။တရားစာအုပ်တွေတော့ အမေ အမြဲဖတ်နေတာတွေ့ရတယ်။အဲဒီတုံးကတိတ်ရီကော်ဒါ ဆိုတာတော်တော် ရှားသေးပေမဲ့ အဖေကစိတ်ရှည်စွာပဲအမေကိုတရားခွေတွေဖွင့်ပေးခဲ့တယ်။
ရှင်ဇ၀နနဲ့ မိုးညှင်းပိုင်းလော့ဆရာတော်တို့ ရဲ့တရားတွေကို mp3 နဲ့သာမက ipodနဲ့တောင်ကူးပြီး လက်ဆောင် ပေးလို့မောင်တိုင်ပင်မိတ်ဆွေ ကိုတင်ဦး ကို အရမ်းကျေးဇူးတင်မိပါတယ်။ ဆရာတော် ၂ ပါးကိုဖူးချင်ပေမဲ့ ယနေ့ထိတော့အခွင့်အရေးမရသေးဘူး။ တရားကိုနာရင်းနာရင်း ကြိုက်နှစ်သက်လာလိုက် တာတစ်နေ့မှာ တရားတစ်ပုဒ်မနာရသေးရင်တစ်ခုခုလိုနေသလိုပါပဲ။ လမ်းလျှောက်ရင် mp3နားကြပ်နဲ့လျှောက်တော့ တွေ့တဲ့ သူတွေ ကဒီအဖိုးကြီး ခေတ်ဆန်နေလိုက်တာ လမ်းလျှောက်ရင်း သီချင်းနားထောင်နေတယ်လို့ ထင်နေကြမှာ သေချာတယ်။ ရုံးကိုအသွားကားပေါ်မှာလည်း ဆရာတော် ၂ ပါးရဲ့ တရားတွေကိုအကြိမ်ကြိမ် ဖွင့်နားထောင် တော့ ယဉ်မောင်းသူတောင် နားညည်းမလားမသိ။ ခနာငါးပါးအကြောင်း၊စိတ်အကြောင်း၊ စေအသိတ် အကြောင်း၊ပညတ်အကြောင်း၊ သညာအကြောင်း သိသလိုလို ခံစားလာရပေမဲ့  တကယ်တော့ ဘာမှမသိ သေးပါ။ ပညာပြည့်စုံတဲ့ ဆရာတော် ၂ ပါးကိုတော့အရမ်းကျေးဇူးတင်မိပါတယ်။ ဆရာတော် ၂ ပါးရဲ့ဟောကြား ချက်က အင်မတန်မှ ရှင်းလင်းပြီးတော့ ပညာဥာဏ်သာလိုက်နိုင်လို့ကတော့ ချက်ချင်း တစ်ခုခု တော့ရ နိုင်လိမ့်မယ်လိုခံစားမိပါတယ်။ဆရာတော် ၂ ပါး ရဲ့ဝိပသာနာတရားတွေကိုနားထောင်မိထား တော့ မိုးကုတ် ဆရာတော်ကြီးရဲ့ တရားစာအုပ်ကိုဖတ်ကြည့်တာအရင်လိုနားမလည်တာမျိုးမခံစားရတော့ဘူး၊ ဒါတော့လက် တွေ့ပဲ။ တရားတော့မထိုင်သေးဘူး၊ ဆရာတော် ၂ ပါးရဲ့ တရားတွေကိုပဲ ဆက်နားထောင်ဖို့ လိုလိမ့်အုံးမယ် ထင်တယ်။ ဆရာတော်တွေက မြတ်စွာဘုရား နဲ့ ပစေကဗုဓာ ၂ပါးပဲ တရားမနာပဲ မဂ်ဖိုလ် ရတယ်လို့ဟောထား တယ်၊ မောင်တိုင်ပင်ကတော့ ၀ိပသာနာ မဟုတ်ပဲ သမထလမ်းကြောင်းရောက်သွားမှာလည်းစိုးရိမ်တယ်လေ။
Monday, July 20, 2009
စင်ကာပူ က သူငယ်ချင်းများ
ဒီတစ်ခေါက်တော့ပင်စင်ယူ ပြီဖြစ်လို့ စင်ကာပူမှာအချိန်အတော်ကြာနေနိုင်ခဲ့ပါတယ်။ PRဖြစ်နေတဲ့ သမီး ကပထမဆုံးကိုယ်ဝန်ရှိနေ၊ သူ့အမေ ကလည်း မရှိတော့ အမေ့ကိုယ်စားသူ့လည်းကြည့်ရင်း တစ်နှစ်တစ်ခါ ဆေးစစ်နေကြ ဖြစ်တော့ ဆေးလည်းစစ် ချင်၊ ဒါနဲ့ပဲ စင်ကာပူ ကို LPR အချိန်ကာလမှာပဲ ပြည်ပထွက်ခွင့် တင်ပြပြီး ရောက်ခဲ့ပါတယ်။
စင်ကာပူမှာအလုပ်လုပ်နေသူ တွေအများဆုံးနေ နေကြတဲ့ Clementi ကHDB တိုက် ၃၆၂ ရဲ့ ၅ထပ်မှာ နေခဲ့ရ
ပါတယ်။စင်ကာပူမှာနေတဲ့မြန်မာတွေရဲ့ life style ကိုလေ့လာရတာပေါ့။ သမီးကလည်း စ လုံးတွေအကြောင်း
ပြောပြပါရဲ့။ဗမာတွေအားနာတတ်တာကို အခွင့်ကောင်းယူပြီး bully လုပ်တယ်။ အထင်သေးတယ်။ သမီး တို့
လိုမြန်မာတွေကတော့ နေသေးသပခြုံထဲကပေါ့။ သူနိုင်ငံမှာနေပြီး သူ့ကျေးဇူးကန်းတာတော့မဟုတ်ဘူး၊ ငါတို့
တိုးတက်လာခဲ့ရင်ဆိုပြီးထားတဲ့စိတ်ကိုပါ။ ကိုယ်တိုင်ကြုံရတာကတော့ စ လုံးကလူငယ်တွေ ဒေါင့် မကျိုးဘူးဆို
တာတော့ တွေ့ ရတယ်။ VOICE က အောင်ထွတ် ရေးသလိုပဲ အနောက်ကိုတော့ တော်တော်ဆရာတင်ပြီး Asia
value ဆိုတာပျောက်နေတယ်။ အခုတော့ တရုတ်က တက်လာတော့ တရုတ်ကို ဆရာကြီးနေရာ မှာ ထားဖို့ ပြင်
နေပြီ။ မန်ဒရင်းလိုပြောရမယ်တို့ ဘာတို့လုပ်နေပြီလေ။ ထားပါတော့။
သမီးကိုစည်းကမ်းနဲ့နေတတ်အောင် ငယ်ငယ်ကတည်းက train လုပ်ထားတော့ စည်းကမ်းဘောင်မှာနေရတာ
သူ့အတွက်အကြောင်းမဟုတ်တော့ဘူး။ဒါပေမဲ့ တာဝန်မကျေဘူးလို့ထင်မှာကိုကြောက်တော့ စ လုံးတွေ ရဲ့
bully လုပ်တာကို တော်တော်ခံရတယ်။ ကိုယ်ဝန်သွားပြတော့ စိတ်ပိုင်းဆိုင်ရာဆရာဝန်ကို စ လုံးတွေ bully လုပ်တာကိုတော်တော် ခံပြင်းကြောင်းပြောပြတော့ ဆရာဝန်က စ လုံးတိုင်းမရိုင်းပါဘူးလိုပြန်ပြောတယ်။ မိတဆိုးသမီးမို့ သူများဗိုလ်ကျတာမခံရအောင် ကိုယ်မှန်တယ် ထင် ရင် fight သာ fight လို့ သင်ထား train လုပ်ထားပေမဲ့ တစ်ခါတစ်ခါ fight လွန်းလို့ ငါသင်ထားတာလွန်နေပြီလားလို့ ကိုယ့် ကိုတောင်သုံးသပ်မိပါရဲ့။
စင်ကာပူမှာ အလုပ်ကသင်ထားတော့ စ လုံးဝန်ထမ်းအချို့  အပါးဝရင် အထက်လူကြီးနဲ့ တွေ့ခွင့်တောင်ပြီး
complaint လုပ်တော့တာပါပဲ။ ဒါတွေကအလုပ်ကသင်ထားတာလေ။ customerကိုလေးစားရမယ်၊
တန်ဖိုးထားရမယ်၊customer က complaint လုပ်ရင် အထက်လူကြီး ကခေါ်ဆူတာခံရမယ်။ ဆိုးဆိုးဝါးဝါး
လုပ်မိ ရင် အလုပ်တောင်ပြုတ်နိုင်တယ်။
စင်ကာပူရောက်တာနဲ့ ဥာဏ်ဝင်းရွှေ ဆီဆက် ကြည့်တယ်။ ဆိုက်ဆိုက် မြိုက်မြိုက်ပါပဲ။ ၀မ်းသာအားရနဲ့ ပြော
တော့တာပါပဲ။ ဒီကောင်လည်းပင်စင်ယူပြီး charity အလုပ်တွေလုပ်နေတယ်။ မြန်မာပြည်နာဂစ်ဖြစ်တော့ စင်
ကာပူကြက်ခြေနီ နဲ့ အတူတူ လာပြီး ဆေးရုံတွေဆောက် cyclone shelter တွေဆောက်နဲ့ မြန်မာပြည် ခဏ ခဏရောက်တယ်။ ဒါနဲ့ Saturday နေ့လည် ၁ နာရီ ပင်နီဆူလာ ပလာဇာ ကတော်ဝင်ဆိုင်ကိုလာဖို့ချိန်း လိုက်တယ်။မြင့်ဖေလည်းရောက်နေတယ်လိုပြောတယ်။MES အင်ဂျင်နီယာအသင်းအစည်းအဝေးလာတက် တာ လို့သိရတယ်။
စနေရောက်တော့ သမီးကအဖေကိုစိတ်ပူလို့ MRT နဲ့ လိုက်ပို့တယ်။ သိန်းအောင်ကော်ကြီး က အရင်ရောက်
လာတယ်။ မတွေ့တာကြာတော့ရောက်တတ်ရာရာတွေ အတော်ပြောဖြစ်ကြတယ်။ လေကြောင် ဥာဏ်ဝင်းရွှေ က နောက်ကျမှ ရောက်လာတယ်။သူငယ်ချင်းတွေ အချင်းချင်း တွေ့ ကြ ရင် ငယ်နံမည်တွေခေါ်ပြီး မင်းနဲ့ ငါနဲ့
ပြောကြရတဲ့ အရသာ ဟာဘယ်ဟာနဲ့မှ မတူဘူးဆိုတာ မျိုးဆက်သစ်တွေကြီးလာရင်သိလိမ့်မယ်။
လေကြောင်ရောက်လာတော့ ဆရာကြီး ကပင်နီဆူလာဘေး က ကော်ဖီဆိုင်ခေါ်သွားတယ်။ ကာတွန်းမြင့်ဖေ
ကတော့မရောက်သေးဘူး၊ ကတ်ပက်ဆီနိုမှာသောက်ရင်း လေကြောင်ကိုမေးရသေးတယ်။ ဗမာပြည်မှာ လို လက်ဘက်ရည်ကြမ်း တစ်တစ်အိုးနဲ့ (အခုတော့ ကတ်ပတ်ဆီနို တစ်ခွက်နဲ့) ကြာကြာထိုင်လို့ ရရဲ့လား လို့--
မြန် မာတွေများတဲ့ ပင်နီဆူလာနဲ့ နီးလို့လားတော့ မသိဘူး NWS ကရတယ်လို့ပြောတာပဲ။ဒါနဲ့ မထူးတော့ပါ
ဘူး၊ နှငိတောမှ ပြန်တော့ မယ်ဆိုပြီး ထိုင်နေတုံး မြင့်ဖေရောက်လာတယ်။ လေးယောက်သားဆုံကြတော့ မြင့်
ဖေလည်း သမီး ဘွဲ့နှင်းသဘင်ကိုလာတာဖြစ်နေရော။ စကားစပ် မိ ကြတော့ သားမက်နဲ့ တစ်နေ့တည်း တစ်ချိန်
တည်း NUS မှာ အတူတူပဲ။
အောင်ကစင်ကာပူမှာ ဂျင် ဖြစ်နေပြီ။ ကားတစ်စီးနဲ့ လျှောက်သွားနေတာ စ လုံးကတောင် လမ်း မသိရင်ဆရာ
တင်ရတယ်။ ခက်တာ က ဒီကောင်က မြန်မာပြည် ကအကျင့်မဖျောက်နိုင်ဘူး၊ ကွမ်းတစ်မြုံ့ မြုံ့ဝါးတာရယ်၊ အ
လုပ်ဆိုပြီး ထမင်းစားပြီးရင် ကားကို လမ်းဘေးတစ်နေရာ ထိုးပြီး afternoon nap ယူတာရယ်ပါ။ လေကြောင်က အကြောင်းသိ ဆိုတော့ ဖေါ်ကောင်လုပ်တာပေါ့။သူငယ်ချင်းတွေအကြောင်းဖေါ်ကောင်လုပ်ရတာတော့ မကောင်းပါဘူး၊ မြန်မာပြည် က WTO တို့ ရွှေသွားတို့ မျောက်ဖြူ တို့ အကြောင်းတွေလည်းပါရဲ့။ blog ရေးတတ်ခါစဆိုတော့ မသွက်သေးဘုး၊ ရေးစရာတွေကျန်နေသေးတယ်။
မြန်မာ ဆန်စပါးအရည်အသွေး
post harvest ဟုခေါ်သည့် ဆန်ကြိတ်ခွဲထုတ်လုပ်သည့်အပိုင်း တိုဖြစ်ပါသည်။ပွင့်လင်းစွာတင်ပြရ လျှင်မြန်မာ နိုင်ငံအနေဖြင့် စပါးထုတ်လုပ်မှုအ ပိုင်းသာလျှင်အရေးပါသည်ဟုအများကယူဆကြသည်။တစ်ဧကစပါး ဘယ် လောက် ထွက်သည်ဆိုသည်သာအဓိကစဉ်းစားကြသည်။ဆန်ဘယ်လောက်ထွက်နိုင်သည် ကို ဂဏန်း အတွက် အချက်ပေါ်တွင်သာတွက်ချက်ကြသည်။ တကယ်တော့ စပါးဘ၀ မှ ဆန်ဖြစ်သည်အထိ လုပ်ရသည့်လမ်းကြောင်း တစ်လျှောက်လုပ်ငန်းအဆင့်များကိုဂရုတစိုက် မလုပ်ကိုင်နိုင်ပါက ဆန်တော့ဖြစ်လာပါ မည်။ ဆန်ကွဲဖြစ်သွားချင် လည်း ဖြစ်သွားနိုင်ပါသည်။ အရည်အသွေးညံ့သော ဆန်ဘ၀သို့လည်း ရောက်ချင်ရောက်သွားနိုင်ပါသည်။
ဆန်၏အရည်အသွေးသည် စပါး၏အရည်အသွေးပေါ်တွင် အများကြီးမူတည်သလို ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းအဆင့်များစနစ်တကျဆောင်ရွက်နိုင်မှုအပေါ်တွင်လည်းမူတည်ပါသည်။ ယနေ့လူကြိုက်များနေသော ဆန်၏အရည်အသွေးဟူသည်အောက်ပါအချက်များနှင့်ကိုက်ညီသည်မကိုက်ညီသည်ဆိုသည့် အချက်များအပေါ် မူတည်သည်။
- ဆန်၏အလျားသည်အဆင့်လွန်အလျားရှိသလား( ဥပမာ ရ မီလီမီတာကျော်)
- ဗိုက်ဖြူ ၀မ်းဖြူကင်းစင်ပြီး ဆန်အရောင်အသွေးသည် translucent ဖြစ်သလား၊
- မစီးသောမဖွယ်သော စားကောင်းသောဆန်ဖြစ်ရဲ့လား ( လူမျိုးတစ်ဦးချင်းအကြိုက်တော့မတူညီနိုင်ပါ)
- ဆန်ကွဲနည်းရဲ့လား (ယခုအခါတန်းမြင့်ဆန်သည်ဆန်ကွဲလုံးဝမပါတော့ပါ)
- အရောင်အသွေးညီညာသောဆန်ဖြစ်ရဲ့လား (ဆန်ဝါ၊ဆန်နီကင်းစင်ရန်)
- စားချင်စဖွယ်အနံ့ရှိရဲလား ( လူမျိုးတိုင်းအနံ့ရှိသောဆန်ကိုမကြိုက်ပါ)
- ဆန်ထွက်အောက်တန်းကောင်းရဲ့လား( အရေးကြီးဆုံးဖြစ်ပါသည်)
- ဆန်စေ့မှာဖွဲကပ်နေပါသလား (wet polishing)
ဖြည်းနဲ့တိုးလာခဲ့ရာယနေ့ စပါး၈၅-၉၀တင်းခန့်ကြိတ်ရသည်ဟုဆန်စက်လောကတွင်ပြောဆိုနေသံကြားရ
ပါသည်။အဆိုပါအချက်သည် စပါး၏ milling quality ကျဆင်းလာသည်ဆိုသည့် အချက်ကိုမီးမောင်း ထိုးပြ နေခြင်းပင်ဖြစ်ပါသည်။ milling quality သည်ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်မှု
အပေါ်များစွာမူတည် သည့်အပြင် စပါး၏နဂိုမူလဗီဇအရည်အသွေး (intrinsic quality) အပေါ်တွင်လည်းမူ တည်ပါသည်။
မြန်မာဆန်စပါး ၏ hardness သည်ပျမ်းမျှခြင်းအားဖြင့် ၃-၄ ကီလိုဂရမ်ခန့်သာရှိပါသည်။ မာကျောသော
ပြုတ်ဆန်၏ hardness သည် ၈ ကီလိုဂရမ် ကျော်ရှိပါသည်။ထိုင်းဆန်စပါး ၏ hardness သည် ၅-၆ ကီလို ဂရမ်ခန့်ရှိပါသည်။ထိုကြောင့် အကြိတ်ခံသည်ဟုပြောရပါသည်။ ဆန်၏ hardnessသည်အချက်များစွာအပေါ် မူတည်ပါသည်။ chalky ဆန်များပါကအကြိတ်မခံပါ။supply chain mechanism တွင် စပါး စိုက်ပျိုး ထုတ်လုပ် သည်မှ ဆန်အဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီးထုပ်ပိုးသည် အထိ လုပ်ငန်း အဆင့်များ၊ ရောင်းဝယ်မှုလုပ်ငန်း( marketing, export) အဆင့်များပါ ၀င်ပါသည်။ ဒေသအလိုက်ဖွဲ့စည်းထားသောဆန်ဦးဆောင် ကုမဏီများ သည် ဒေသအလိုက် လုပ်ငန်းအဆင့်များကိုအကောင်အထည်ဖေါ်ရန်လိုပါသည်။