Saturday, August 19, 2017

ဖျာအောက်ကငွေတွေ

ကျနော်တို့မြန်မာတွေဟာဖျာအောက်မှာပဲကိုယ်ပိုင်ငွေတွေထားတတ်ပါတယ်--တောမှာနေတဲ့သူတစ်ယောက်ကိုဘဏ်မှာငွေအပ်ထားဖို့စည်းရုံးခဲ့ပါတယ်--သူနေတဲ့ရွာကနေဘဏ်ရှိတဲ့မြို့ ကိုသွားဖို့ကားခ ၂၀၀၀ ကုန်ပါတယ်--ဘဏ်က ၃ လနေတော့အတိုးထည့်ပေးတဲ့အခါ " အဘရေ--ဘဏ်စာအုပ်ထဲမှာ ငွေ၈၀၀၀၀ ကျော်ဘယ်ကရောက်လာမှန်းမသိဘူး" ဆိုပြီးလာပြပါတယ်--ဘဏ်မှာအပ်ထားရင်အပ်တဲ့ငွေ ပမာဏပေါ်မူတည်ပြီး အတိုးဆိုတာရတဲ့အကြောင်းသူမသိပါဘူး--ကြောက်လို့သာဘဏ်အပ်ခိုင်းတာကိုလုပ်ရတာပါ-- ကျနော်ကပစ္စည်းလေးလုပ်ထားချင်တာ လို့ပြောသေး
တယ်-- အခုခေတ်ရွှေဈေးနဲ့ ဘဏ်အပ်ထားတာမှာ ဘဏ်အပ်ထားတာကပိုကိုက်ကြောင်းသူသိလာပါပြီ--
ဘဏ်ကိုသွားရတာတော့ တော်တော်ကြောက်ကြပါတယ် --၅-၆ ခေါက်လောက်သွားပြီးလုပ်ရတာဘာမှမခက်ဘူးဆိုတာသိလာပါတယ်--အရင်ကအိမ်သော့ခတ်ပြီးဟိုဟိုဒီဒီမသွားရဲပါဘူး--အိမ်မှာငွေတွေပစ္စည်းတွေရှိနေတာကိုး--အခုတော့ ပစ္စည်းကကိုယ်နဲ့မကွာယူသွားလို့ရတော့ အိမ်ကိုစိတ်မချစရာ မ ရှိတော့ဘူး--
ဒါကတောကလူတွေနဲ့ဘဏ်အကြားထိတွေ့မှုပါ-- ဘဏ်ကိုလာရမှာ ကြောက်အောင်မလုပ်သင့်ပါ--ဘဏ်ကအတိုးပေးတယ်ဆိုတာသူတို့အတွက်ထူးဆန်းနေပါတယ်--
ကဲ-- အတိုးနှုန်းလျော့သွားရင်ဘာတွေဖြစ်လာမလဲ တဲ့အတိုးနှုန်းနည်းသွားတဲ့အတွက် ကိုယ့်ငွေတွေထုတ်ပြီအပြင်မှာ ရင်းနှီးမြုပ် နှံမယ်ဆိုရင်သူတို့ ဘာလုပ်ကြမလဲ??စောစောက တောကလူကတော့ အနည်းအကျဉ်းလောက်ပြန်ထုတ်ပြီး အိမ်မှာ ကုန်ခြောက်ဆိုင်လေးတည်မလား လို့စဉ်းစားထားတယ် တဲ့--အရင်တုံးကဘဏ်တွေဟာ spread ၅% လောက်မှာ လုပ်သာကိုင်သာရှိပါသေးတယ်-- ကဲ spread ၃ % လောက် အတိုးနှုန်းချပစ်မယ်ဆိုရင် ဗဟိုဘဏ်က ဘဏ်တွေ liquid ဖြစ်အောင် ရတဲ့ အမြတ်ထဲက reserve တွေထားခိုင်းတတ်ပါတယ်-- ဒါတွေကို ဗဟိုဘဏ်က လျှော့ချပေးနိုင်ပေမဲ့ ဘဏ် တွေရဲ့ risk management ကိုလာထိခိုက်နိုင်ပါတယ်--ဘဏ်ရဲ့ ကုန်ကျစရိတ်တွေထပ်လျှော့ကြရအောင်? ဘဏ်တွေ အငယ်နဲ့ အကြီး merging လုပ်မလား?management cost သက်သာလာနိုင်ပါတယ်--အပ်ငွေ နဲ့ ချေးငွေ ဟန်ချက်ညီညီ တိုးတက်လာဖို့ ဘဏ်တွေအနေနဲ့ ဘာတွေပြုပြင်ပြောင်းလဲရမလဲ? Commercial bank အားလုံး ၂၂ ခုရှိနေတော့ မြန်မာနိုင်ငံအတွက်များနေသေးတယ်--အပေါင်ထားတာဟာများသောအားဖြင့် အိမ်ခြံမြေဖြစ်နေတဲ့ အတွက် အိမ်ခြံမြေကွန်ဒို ကဏ္ဍ bubble ဖြစ်သွားခဲ့ရင် ဘဏ်ရဲ့ချေးငွေ လုပ်ငန်းအပေါ်အနည်းနှင့်အများထိခိုက်မှုရှိ နိုင်ပါတယ်--
ပြည်သူအပ်ငွေတွေအပေါ်အခြေမခံတဲ့ investment bank, development bank တွေပေါ်လာအောင် ဗဟိုဘဏ်က ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ? မကြာခင် ကတရုတ်ဖွင့်ထားတဲ့ အာရှ investment bank နဲ့ မြန်မာသူဌေးကြီးတွေဘယ်လိုဆက်သွယ်ဆောင်ရွက်မလဲ?
အတိုးနှုန်းနည်းနည်းနဲ့ project based loan တွေထုတ်ပေးနိုင်အောင် ဗဟိုဘဏ် ကဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ ? CHDB သည် commercial bank အနေနဲ့ရှိသင့်သလား ? Investment bank မဖြစ်သင့်ဘူးလား? တခါလာမဲပြာပုဆိုး နဲ့ဖေါက်ထွက်မလုပ်ကိုင်ကြဘူးဆိုရင် ဘဏ်လောက ကဒုံရင်းဒုံရင်းပဲဖြစ်နေလိမ့်မယ်--
ကဲနောက်ဆုံးပြောချင်တာက foreign banks တွေရဲ့မြန်မာ့ စီးပွားရေး ကို ဘယ်လို့ pump လုပ်ပေးနိုင်မဲ့အခြေအနေတွေကိုလည်း စဉ်းစားအကောင်အထည် ဖေါ်သုံးသပ်သင့်နေပါတယ် --လူငယ်တွေနဲ့ ပြောင်းလဲလာပြီဖြစ်လို့ စောင့်ကြည့်ပါအုံးလို့ Voice က ကိုဇေယျသူကပြောပါတယ်--သမားရိုးကျပုံစံ တစ်ခါလာလည်းမဲပြာပုဆိုး ပုံစံနဲ့ ပဲဖြစ်နေရင်ဘယ်သူလာလာ စီးပွားရေးကဒီအတိုင်းပဲဖြစ်နေမှာပါ-- ဖေါက်ထွက်လုပ်ကိုင်တတ် ပြီး calculated risk နဲ့ အရာရာ ကို ချိန်ဆလုပ်ကိုင်တတ်ရင်တော့ နှစ်ကုန်လောက်မှာ အရိပ်အရောင်လေးတော့ မြင်ရနိုင်ဖွယ်ရှိပါတယ်--
L

No comments: