Saturday, August 19, 2017

ကျောင်းတုံးကအကြောင်း

ချီးစိန်အတွက်မှန်နာစပ်တီးကို မောင်တိုင်ပင်ပဲရေးလိုက်တော့မယ်--ဖစ်ရှင်ပါ--ကျောင်းတုံးကသူကိုယ့်သူစက်မှုအငြိမ့်မင်းသမီးဆိုပြီးတော်တော်ကြီးကျယ်တယ်--ငါကိုစကားတောင်မပြောဘူး-- အခုကြီးမှ မန်ကျ သွားပြီး အကိုမောင်တိုင်ပင် နဲ့ခေါ်တာ--ဒါတောင်နံမည်အမှန်မခေါ်ချင်ဘူး-- ဟင်းပြောလိုက်ချင်ဘူး--
သိတယ်မဟုတ်လား-- ဆြာဂျီးရည်စားစာပေးခံရတာသူလည်းမလွတ်ဘူး--တစ်ရက်ဂျပုကဂျောင်ပိတ်ဖမ်းပြီး building 2 အကွယ်လေးမှာရည်စားစာပေးပါလေရော-- ဖြစ်ကြောင်းရယ်ကုန်စင်ပြောရရင်--အမှန်တော့ ဗစ်တာအောင်မြင်တို့ကနောက်ပြီးစာအိပ်အလှလေးထဲကရည်စားစာကိုထုတ်--သူတို့လကုန်ရက် ၃၆၉ မှာ ထမင်းသွားစားစရာပိုက်ပိုက်မရှိတော့ လို့ ဂျပုရဲ့ Orient နာရီကိုအင်းစိန်ကတရုတ်အပေါင်ဆိုင် (ကြုံစိန်ဦးလေးဆိုင်) မှာသွားပေါင်ထားတာ ၂၀ကျပ်ရတယ် အဲဒီလက်မှတ်ကိုပြောင်းထည့်ထားတာ နောက်အောင်မြင်က ဉာဏ်တော်တော်ပြေးတယ် " ညီမလေးရယ် အစ်ကိုတို့ မှာ အရေးတကြီး သုံးစရာလို လို့ အပေါင်ဆိုင်မှာပေါင်လိုက်ရပါတယ် အစ်ကိုတို့ ကို ခင်ရင် ပြန်ရွေးပေးပါလာကွာ"-- လို့စာတစ်စောင်လည်းရေးလိုက်သေးတယ် -- သူရယ်လို့တော့မဟုတ်ဘူး-- ဘယ်သူဖြစ်ဖြစ်မကောင်းသူထိပ် ပေါ့ ဂျပု ကရည်စားစာ ၂၀ လောက်အဆင်သင့် လုပ်ထားတာ--၁၉၆၉-၇၀ တစ်ဝိုက်လောက်ကပေါ့--
ဂျပုပေးတော့ ချီးစိန်ကမူစကီလုပ်နေသေးတယ် -- ဂျပုရုပ်က မယူရင် ဖက်နမ်းမယ့် ပုံပေါက်နေတော့ ကြောက်တော့ ကြောက်သား --ငါလိုနံမည်ကြီးစက်မှုစိန်ကို ဒီအီးပေါက်ရင်ဖုန်ထ တဲ့ ဂျပုက စာလာပေးရသလားဆိုပြီးလဲစိတ်မှာခုတုတု နဲ့ ယူလိုက်ရတယ်--ဂျီဟောကိုအတန်းပြီးလို ပြန်သွားတော့ စာ ပါသွားတာပေါ့--အဆောင်ရောက်တော့ ဂင်ယု တို့ကိုကြော်း တာပေါ့ (ရခိုင်အသံထွက်ပါ)ပြောပြောဆိုဆို ပဲ unit operation စာအုပ်ကြားတဲ့ ညှပ်ထားတဲ့ ဂျပုစာကို ဂင်ယုပစ်ပေးလိုက်တယ်--" ဟိုလူစဉ်မမှီတဲ့ ကောင်ပေါ့ -- ငါ့ ချောင်ပိတ်ပြီးစာလိုက်ပေး လို့ ယူလိုက်ရတယ်-- အမှန်တော့ သူကလည်းယူချင်ချင် mechanical ကငတိတွေဆိုတော့ အဟီး chemical က မမတွေကစိတ်ဝင်စားပြီးသား--ဟုတ်လား--
ဂင်ယုကဖေါက်ပြီး " နင့်ဟာကအပေါင်လက်မှတ်ကြီးပါလား --အမယ် စာတိုလေးလည်းရေးထားသေးတယ်--ဟယ်နင့်ကိုရွေးခိုင်းတာတော့--" လို့ပြောလိုက်တော့ " ပြစမ်းပြစမ်း " ဆိုပြီး ဗစ်တာအောင်မြင်ရေးထားတဲ့ စာကိုဖတ်ပြီး "ဟယ်တော့ ငါတော့သွားရွေးပေးမှကောင်းမယ်နဲ့ တူတယ်နော်" တဲ့ -- ချီးစိန်တို့များ ရိုးတာ--
သူစာပေးတိုင်းတို့ ကလိုက်ရွေးပေးရမှာလား--ဟိုသူရည်းစားက ဖဲရှုံး လို့ လက်ဝတ်လက်စားတွေ ချွတ်ပေးလိုက်ရတဲ့ အစ်မ လိုဖြစ်နေလိမ့်မယ်" လို့ဓါတုမေဂျာ ကမုံမြို့  သူကတစ်ယောက်ကဝင်ပြောလိုက်ပါသေးတယ်-- 
အေးလေ--" ငါပဲသိမ်ထားလိုက်မယ် " ဆိုပြီး စက်မှုစိန် က ပိုက်ဆံအိတ်လေးထဲ ထည့် ထားလိုက်တယ်--နောက် တနင်္လာနေ့ မနက်ပိုင်း Mechanical ကငတိတွေ 1-3-3 ရှေ့ မှာ ဆရာအလာစောင့်နေကြတုံး ဂျပု ရယ် ဗစ်တာရယ် ထိန်လင်းရယ် ဒီမနက်ပဲ ဂျပု စာပေးခဲ့တဲ့ Textile က မဲပု အကြောင်းပြောနေတုံး ချီးစိန် နဲ့ ချီးယု ၂ ယောက်သားမျက်လွှာလေးတွေချပြီးရောက်လာကြတယ် -- ချီးယု က Leo dog ကျော်ဝင်းတို့အုပ်စုကိုကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့ ကံကောင်းတယ်-- လှအောင်ကအဆောင်မှာ အိပ်တုံး--ဂျီအုန်း ပဲ ရှိနေလို့ တော် တော့တယ်--
လှအောင်ကြီးများရှိနေလို့ ကတော့ " အမလေး ဂေယု နေ့ ငါချေ့ တယ် " လို့များအော် လိုက်ရင်တော့ သောက်ကျိုးတော့ နည်းတော့ မှာပဲ ဆိုပြီး ချီးစိန် ကို မြန်မြန်လုပ်ဆိုတဲ့ သဘောနဲ့ လက်ကုတ် လိုက်ပါတော့တယ်--ချီးစိန် လည်းအိတ်ထဲက Orient နာရီကိုထုတ် ဂျပုရှေ့ ရပ်ပြီး " ရော့-- နင့်နာရီ " ဆိုပြီးထုတ်ပေးလိုက်တော့ ဂျပု ခမျာသူ့ နာရီကြီးလာပေးတာဆိုတော့ ကြောင်းအမ်းအမ်းနဲ့ဘုမသိဘမသိယူလိုက်ရတာပေါ့--
လက်သည်တရားခံ ဗစ်တာဆီက "ခွီး" ကနဲအသံကြားလိုက်ရတော့ ငနပ်ကြီးဝင်းထိန်ဦး ဒီကောင်လက် ချက် ဆိုတာတန်းသိလိုက်တယ်--
အဲဒီချိန်မှာ ခွေးခြင်္သေ့ ကျော်ဝင်း နဲ့ ဂျီအုန်း က ဘာလဲ ဘာလဲ နဲ့ စပ်စု လိုစိတ် နဲ့ ချီးစိန် တို့ နားကပ်လာတော့နဂိုကမှ ကျော်ဝင်းတို့အုပ်စု ကို အသေကြောက်တဲ့ ချီးယု ခမျာ စက်မှုစိန်ကို လက်ဆွဲ ပြီး LCR ထဲပြေးဝင် သွားပါလေရော--
ဗစ်တာကအကြောင်းစုံရှင်းပြတော့မှဂျပုလည်း သဘောပေါက်သွားတယ်--အင်း စဉ်းစားကြည့်ရင်ချီးစိန်အပေါ်အကြွေး ၂၀ ကျပ်တင်ခဲ့တာ ၁၉၇၀ ခုနှစ်ကတည်းကဆိုရင် ၄၇ နှစ်ရှိခဲ့ပြီ-- ဂင်ယုကော ချီးစိန်ကော ရှက်တာနဲ့ ပြန်မတောင်းရဲပဲ မသိချင်ယောင်ဆောင်ခဲ့တယ် -- ကဲ-- ဂျပု နဲ့ ချီးစိန် အကြွေး၂၀ ကျပ်တင်ခဲ့ရာမှာ ၂၀၁၇ ခုနှစ်ထဲ ပြန်ဆပ်ဖို့ အချိန်တန်ပါပြီ -- မောင်တိုင်ပင် ရန်ကုန် ပြန်ရောက်လာရင် ဖူးဆန်း မှာ ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီး အကြွေးဆပ်ကြမယ်- ဒီအကြွေးကြီး သံသရာကိုသယ်မသွားလိုပါဘူး တဲ့ --
မောင်တိုင်ပင်
၁၆-၀၆-၂၀၁၇

No comments: