Thursday, August 24, 2017

ပဲလောက ဂယက်ထမှု နှင့် ဒိုမီနို သီအိုရီ

မြန်မာရဲ့ economic model ကရိုးရှင်းပါတယ်။ စပါးစိုက်မယ်၊ပဲစိုက်မယ်၊နောက်ပိုင်းငါးဖမ်းမယ်။စားကုန်ထုတ်လုပ်တယ်လို့ဆိုရပါမယ်။ စားကုန်တွေကို value adding တစ်ဖွဖွပြောနေပေမဲ့ ဆန်ကြိတ်ခွဲရေးကဏ္ဍကလွဲရင် လယ်သမားဆီကဝယ် နည်းနည်းပါးပါး process လုပ် SQ, FAQ စသည်ဖြင့် grade ၃-၄-၅ ဆင့်လောက်ခွဲပြီးprimary products အနေနဲ့ပြည်ပတင်ပို့နေတာကြာပါပြီ။ပဲမျိုးစုံတင်ပို့မှု တန်ဖိုးကဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုတန်ဖိုးထက်များပါတယ်။တော်ပါသေးတယ်။ ဆန်တင်ပို့မှုက ဝယ်လိုအားကောင်းနေဆဲပါ။တရုတ်က ပိတ်ထားပေမဲ့ ဘင်္ဂလားဒက်ရှ်လိုနိုင်ငံကလည်းဆန်ဝယ်လိုအားကြီးနေဆဲပါ။

အားလုံးလည်းသိကြပါတယ်။အခုဆိုရင်စီးပွားရေး မှာ ဟော့ ဖြစ်နေတဲ့သတင်းလို့ပြောရပါမယ်။အိန္ဒိယအစိုးရကပထမပဲစဉ်းငုံတင်သွင်းမှုကို ကန့်သပ် လိုက်ပါတယ်။အခုနောက် ၁-၂ ရက်အတွင်း မတ်ပဲ နဲ့ ပဲတီစိမ်းတင်သွင်းမှု ကို ပါ ကန့်သပ်လိုက်ပါတယ်။ ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေအော်ကုန်ကြပါတယ်။ ပဲစဉ်းငုံစိုက်ပြီးအိန္ဒိယကိုတင်ပို့နေတဲ့အာဖရိက က မိုဇမ်ဘစ်၊ တန်ဇန်နီယား၊မါလာဝီ စတဲ့ ၃ နိုင်ငံက ကုန်သွယ်ရေးဝန်ကြီးတွေ လောလောဆယ် အိန္ဒိယကိုရောက်နေပြီးပဲတင်ပို့ ဖို့ ကိစ္စတွေကိုအိန္ဒိယအစိုးရနဲ့ ခေါင်းချင်းဆိုင်အကြိတ်အနယ်ဆွေးနွေးနေကြပါတယ်။အိန္ဒိယအစိုးရကတောင်မြန်မာစီးပွားကူးသန်းဝန်ကြီးဘာကြောင့်မလာပါလိမ့်ဆိုပြီးစဉ်းစားနေမလားမသိဘူးနော်--မောင်တိုင်ပင်တို့ လုပ်ခဲ့စဉ်ကာလကဒီလိုကိစ္စမျိုးပေါ်နေပြီဆိုရင် လာစမ်း ကုန်သည်စက်မှုအသင်းနဲ့ ပဲနှမ်းအသင်းက လူကြီးတွေဘာပြောချင်လဲ-- ဝန်ကြီးနဲ့ လိုက်ခဲ့ ဆိုပြီးဒုံးဆိုင်းသွားကြမှာပါ။ ခင်ဗျားတို့ ကုန်သည်စက်မှုအသင်းက သူတို့ chamber နဲ့ဆွေးနွေး -- ဝန်ကြီးက သူတို့ ကုန်သွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးအဖြေရှာမယ်ဆိုပြီးလုပ်ကြမှာပါ။ဘာတွေညာတွေ ပါတီတွေ ပြောမနေပါနဲ့ တိုင်းပြည်စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ လမ်းကြောင်းမှာအဟန့်အတားသဖွယ်ဖြစ်နေရင် ဖြေရှင်းပေးဖို့အတွက်ဒီလိုပဲဆွေးနွေးကြရမှာပါ။

ဟာ-- ဒီကိစ္စဟာကုန်သည်တစ်စု ခွက်ပျောက်တဲ့ကိစ္စပါကွာ-- မောင်တိုင်ပင်--မင်းကလာပြီးရေးကြီးခွင်ကျယ်လာလုပ်နေသေးတယ်။ ကျနော်ပြောခဲ့ပါပြီ။ ကျနော်တို့ စီးပွားရေးမော်ဒယ်ဟာ ရိုးရှင်းပါတယ်။ စိုက်ပျိုးရေးကို အခြေခံတယ်ဆိုတာ--အခုကိစ္စက မြန်မာပြည်မှာ ပဲကုန်သည်တစ်စု ခွက်ပျောက်တာမဟုတ်ဘူး။ နောက်ကပဲစိုက်တဲ့တောင်သူလယ်သမားတွေပါ ပါနေပါတယ်။ အောက်တိုဘာလလောက်ဆို ပဲစိုက်ဖို့ စပါတော့မယ်။ အရင်ကဆိုရင်ပဲစိုက်တဲ့လယ်သမားနဲ့ ပဲကုန်သည်တွေအကြား မသိသာတဲ့ ဆက်နွယ်မှုရှိပါတယ်။အရင်တုံးကတော့ အိန္ဒိယ နဲ့ စင်ကာပူကပဲကုန်သည်တွေဟာ မြန်မာရဲ့ပဲစိုက်ပျိုးမှု အခြေအနေတွေကိုစုံစမ်းထောက်လှန်းပြီး ပဲပေါ်ချိန်မှာ ဈေးကွက်ကစားကြပါတယ်။ဒါပေမဲ့မြန်မာကုန်သည်တွေက နောက်ပိုင်းမှာပိုလည်ပတ်လာပြီး အိန္ဒိယနိုင်ငံထဲကပဲစိုက်ပျိုးထုတ်လုပ်တဲ့သတင်းအချက်တွေကိုစုဆောင်းလာပါတယ်။မြန်မာပဲကုန်သည်တွေဟာခြေလှန်းသွက်လာပြီးအိန္ဒိယရဲ့ ပဲစိုက်ပျိုးမှုအခြေအနေ နဲ့ပဲတင်သွင်းမှုအခြေအနေတွေ နယ်မြေတွေအထိ ဆင်းပြီးဈေးကွက်သတင်းထောက်လှန်းကြပါတယ်။  စီးပွားကူးသန်းကောမာစ်ဂျာနယ် ကနေသတင်းအချက်အလက်တွေမျှဝေ ခဲ့ကြပါတယ်။ ဒါကြောင့် ပဲစိုက်တဲ့ ဒေသတွေမှာလယ်သမားအဆင့်အထိ ကောမာစ်ဂျာနယ် ဖတ်ကြတယ် လို့ သတင်းကြားသိရပါတယ်။ အဲတော့ ကျနော်တို့တောင်သူတွေကို ဘာတိုးစိုက် ဘာလျှော့စိုက်စသည်ဖြင့်သတင်းအချက်အလက်များပေးရပါတော့မယ်။ potential market ရဲ့ အခြေအနေတွေကိုတွက်ဆပြီး အစိုးရအဖွဲ့တာဝန်ရှိသူ စီးပွားကူးသန်းအနေနဲ့ လုပ်ရပါတော့မယ်။ဒါကြောင့်နောက်ကတောင်သူလယ်သမားတွေပါ ပါလာမှာဖြစ်လို့ အိန္ဒိယက ကျေညာချက်တဲ့ ပဲစဉ်းငုံ၊မတ်ပဲ၊ပဲတီစိမ်း ကိစ္စဟာမြန်မာ့စီးပွားရေးကိုအဓိကရိုက်ခတ်လာနိုင်ပါတယ်။ယနေ့ပဲ ပဲကုန်သည်တွေ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံတင်ပြမယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းကုန်စည်ဒိုင်ကလည်း ရန်ကုန် မှာပဲဈေးကွက်ကို မဖွင့်ပဲပိတ်ထားမယ် လို့ ကြားသိရပါတယ်။ဒါကလည်း distorted pricing မဖြစ်အောင်ကာကွယ်ရတာပါ။

အဲတော့ပဲစိုက်မဲ့ရာသီမရောက်လာမီ ပဲဈေးကွက်အခြေအနေတွေ ဘာဖြစ်လာနိုင်သလဲဆိုတာ စီးပွားကူးသန်းနဲ့စိုက်ပျိုးရေး ဝန်ကြီးဌာနများအနေဖြင့် UMFCCI နှင့် ပဲနှမ်းအသင်းတို့ နှင့်အတူအိန္ဒိယအစိုးရမှ တာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းဆွေးနွေးသင့်နေပါပြီ။သံတမန် လယ်ဗယ် လောက်မှာပြောနေလို့ကမထိရောက်ပါ။ ဒီလိုလုပ်တဲ့အတွက် သူတို့စားသုံးသူတွေဈေးသက်သက်သာသာ နဲ့ဝယ်စားနိုင်သော်လည်း အိန္ဒိယလယ်သမားတွေကတော့ ဈေးတွေကျကုန် လို့အော်နေပါပြီ-- tip for tap သူတို့ပိတ်တဲ့အတွက် ငါတို့လည်းပြန်ပိတ်မယ် လို့ လုပ်မရပါဘူး။ အိန္ဒိယကဆေးတွေကို ဈေးနှုန်းသက်သက်သာသာ ဖြင့်အရည်အသွေးမှီမှီ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းနေတာပါ။ ပဲကိစ္စကိုအစိုးရမှ ပဲကုန်သည်တစ်စုလောက်ပဲထိခိုက်နိုင်တာပါဆိုပြီးလစ်လျူရှုထားလို့မရပါဘူး။နောက်ကွယ်မှာ ပဲစိုက်တဲ့တောင်သူလယ်သမားတစ်ရပ်ရှိနေပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင် မြန်မာစီးပွားရေးဟာဒိုမီနိုအကျိုးသက်ရောက်မှုများဖြစ်လာနိုင်စရာရှိ နိုင်ပါတယ်---

No comments: