Saturday, August 19, 2017

စီးပွားရေးပြောင်းလဲလုပ်ကိုင်ဖို့

မန်မာမှာ credit bureau ထောင်ပြီးပြီလို့ကြားတယ်။ ဘယ်ဌာနလက်အောက်မှာရှိ လည်းမသိဘူး။
Credit bureau ဆိုတာဒီလိုအဓိပ္ပါယ်ဖွင့်ဆိုထားတယ်။
"A credit bureau works for lending institutions to help them make loan decisions in individual cases. The primary purpose of credit bureaus is to ensure that creditors have the information they need to make decisions. ... In the United States, credit bureaus are called consumer reporting agencies (CRAs)." 
SME forum မှာ banking sector ရဲ့ inefficiency တွေကိုထောက်ပြပြောဆိုသွားတယ်။ ဗဟိုဘဏ် ဥက္ကဌ အပါအဝင် efficiency ရှိတဲ့ဒုတိယဥက္ကဌ တွေဘယ်လိုရှိလဲ နောက် BOD member ကော ဒုတိယ ဥက္ကဌနေရာကောရွေးထားတဲ့အထဲမှာ ငွေစာရင်းအဆင့်လောက်မှာ ပဲ လုပ်ဖူးသူတွေပါနေတာတွေ့ရတာကိုထောက်ပြကြပါတယ်--ဗဟိုဘဏ်ဟာခေတ်နဲ့အညီ ဇိုးဇိုးဇတ်ဇတ် လုပ်သင့်တာတွေလုပ်ဖို့ လိုပါတယ်။ NLD အာဏာရအစိုးရကလည်းငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲဖို့ ကိုတွန့်ဆုတ်နေသလိုမျိုးဖြစ်နေပါတယ်။
" ပွင့်လင်းမြင်သာပြီးမှန်ကန်ကောင်းမွန်သည့်ပြည်သူဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့်ဘဏ္ဍာရေးအရင်းအမြစ်များတိုးတက်ပွားများလာအောင်ဆောင်ရွက်ပြီးစီးပွားရေးထုထည်ကြီးထွားလာစေရန် "
စသည်ဖြင့် NLD ရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်အနက်ငွေကြေးကဏ္ဍနှင့်ပတ်သက်၍ အထက်ပါအတိုင်းအတိအလင်းဖေါ်ပြထားပါတယ်။
SME တွေငွေချေးဖို့ကိစ္စမှာ အမျိုးမျိုး မိုးလားကဲလား ပြောနေကြတာတော့ ဖိုရမ် မှာပဲပြော ဖိုရမ်ကထွက်တာနဲ့ပျောက်သွားပါတော့တယ်။ 
Credit bureau မှာ မြန်မာပြည်က SME တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိပါသလား? Credit bureau ကကော ကိုလက်ထရော နဲ့ မဟုတ်တော့တဲ့ ငွေချေးမှုမှာ ဘယ်အပိုင်းကတာဝန်ယူမှာလဲ-- နှစ်ရှည်ချေးငွေ ၄-၅ နှစ်ထိ ချေးဖို့ကိုကော သုံးသပ်ချက်တွေကဘာလဲ?
တခြားမကြည့်နဲ့ မောင်တိုင်ပင် ကျွမ်းကျင်တဲ့ အပိုင်းပြောပြမယ် -- ဆန် export လုပ်တာ SME ကထလုပ်ရင်export financing ဘယ်လိုလုပ်မလဲ-- ကိုယ်ပိုင်ငွေကဘယ်လောက်လဲ ? ဘဏ်ချေးငွေက ဘယ်လောက်လဲ ? 
ဝကခ ကွီးဖြိုး ပြောသလို ဘဏ်ထဲမှာ နေရာကမထ ငွေချေးနေလို့ မရတော့ ဘူး ဘယ်လောက် မာဂျင် လေးကျဉ်းကျဉ်း ဘဏ်တွေက မာကတ်တင်းဆင်းရပါမယ်။ ဆင်းရင်းနဲ့ အိုင်ဒီယာတွေရပါလိမ့်မယ်။ ကိုယ့် ဘဏ်က debit card ATM card သုံးဝယ်ရင် ဘယ်လောက် rebate ပေးမလဲ? ဈေးဝယ်လာသူတွေဆင်းစည်းရုံးလို့ရတယ် သက်လား-- စလုံး က Clementi mall နေရာကွက်လပ်မှာ ဒီအပတ် မှာ Citi bank က marketing ဆင်းတယ်-- နောက်အပတ်ရောက်တော့ UOB ဖြစ်နေရော-- ဘာမှမဟုတ်ဘူး သူတို့ credit card debit card အသစ်တွေ ကိုမိတ်ဆက်ပေးတာ--ဘဏ်တွေထဲဝင်သွားရင်လည်းအသစ်အသစ်သော promotion တွေကရှိနေတယ်--အဲတော့ မောင်တိုင်ပင် ပြောချင်တာက ဘဏ်တွေက active ဖြစ်နေတာ lively ဖြစ်နေတာ က ပြည်သူတွေက ဘဏ်ကိုစိတ်ဝင်စားလာလေလေ အပ်ငွေတွေရလာနိုင်တဲ့အခွင့်အရေးတွေ ရနိုင်တာပေါ့
ကဲ-- ဗဟိုဘဏ်ရေ-- project financing ဘယ်တော့ လုပ်ခွင့်ပြုမှာလဲ? ဘဏ်တွေက commercial banking ကနေ investment bank development bank တွေပြောင်းလုပ်ဖို့ ညွှန်ကြား ဖို့ အချိန်ကျနေပြီလား ဗဟိုဘဏ်ခင်ဗျား တာဝန်ထဲမှာ စီးပွားရေး ထုထည်ကြီးမားလာအောင် လုပ်ရမယ် လို့ manifesto မှာဆိုထားတယ်။ ဘဏ်တွေတစ်ခု နှင့်တစ်ခု merging လုပ်ခိုင်းမလား-- foreign banks တွေ ကို MMK အပြည့်အဝ ကိုင်ခိုင်းပြီး ပေးလုပ်တော့မှာလား-- 
စီးပွားရေးပြုပြင်ပြောင်းလဲ တဲ့အခါ နာတဲ့ အပိုင်းကတော့ နာမှာပဲ-- ငွေထုတ်ကြီးတွေမကိုင်ရအောင် clearing မြန်အောင် လုပ်ကြမယ်ဆိုတာ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက်ကတည်းကလုပ်ခဲ့ကြတာပဲ။ ငွေ ထုတ်တွေ ဆာလာအိတ်ထဲထည့် ငွေ အပေးအယူလုပ်နေကြတုံးပဲ။ cheque တွင်တွင်ကျယ်ကျယ် သုံးဖို့ မလုပ်နိုင်ဘူး-- ဗဟိုဘဏ်ရေ--ငွေကြေးကဏ္ဍ နဲ့ ပတ်သက်ပြီး စီးပွားရေး manifesto ရှိနေတယ်နော်-- စီးပွားရေး တိုးတက်ဖို့ဆိုတာ ဗဟိုဘဏ် အခန်းကဏ္ဍအများကြီးပါဝင်ပါတယ်။ နယက၊နဝက လက်ထက်ကလို ရှေးရိုးစွဲ conservative မလုပ်မရှုပ်မပြုတ်နေနေလို့ ကတော့ သမိုင်းတရားခံဖြစ်သွားနိုင်တယ်နော်

No comments: