Saturday, August 19, 2017

ကျေးဇူးတရား

ကျေးဇူးကိုထုတ်ဖေါ်ပြောဆိုခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါတယ်---
မောင်တိုင်ပင်အဖေပင်စင်ယူတော့နေစရာအိမ်မရှိလို့ မန္တလေးတရုတ်တန်းကယောက္ခမတိုက်မှာပြောင်းရွှေ့ နေရပါတယ်--အဖေဘဝကိုမောင်တိုင်ပင်တို့ကြီးလာတော့ပြန်စဉ်းစားတဲ့အခါအဖေကောအမေကောစီးပွားရေးအကွက်မမြင်ကြဘူး--နေတတ်သလိုလေးပဲနေသွားကြပါတယ်--အင်းဘယ်လောက်စိတ်ချမ်းသာစရာကောင်းပါသလဲ ? အမေညီမအလတ် ကစီးပွားရေးသမားပါ--အမြဲ လိုလိုဘာဝယ်ထားလိုက်ပါလား-- ဘာလုပ်လိုက်ပါလား--ပြောနေအကြံပေးနေပေမဲ့အဖေကသူပိုင်တဲ့ဓနဟာ liquid ဖြစ်နေမှကြိုက်ပါတယ်-- သူ့ခေတ်သူအခါရွှေဝယ်ထားလဲရတာပဲ--မြေဝယ်ထားလဲရတာပဲ-- ဒါပေမဲ့ စီးပွားရေးအကွက်မမြင်တတ်တဲ့အပြင်ရှေးခေတ်လူကြီးတွေဘာသာဘာဝပိုက်ဆံတွေကိုဖျာအောက် မှာထားတတ်ကြပါတယ်--ဒါကြောင့်လဲနေဝင်းလုပ်ခဲ့တဲ့တရားမဝင်ငွေစက္ကူကြောင့်အဖေစုဆောင်းထားတဲ့တရားသဖြင့်ရှာရထားတဲ့ ပါမောက္ခလစာစုငွေတွေရာခိုင်နှုန်းတော်တော်များများဟာအကုန်တရားမဝင်ဖြစ်ခဲ့ပါတယ်--
ပင်စင်မယူခင်လေးတင်အဖေဟာစီပီလိုင်းမှာမြေကွက် တစ်ကွက်ဝယ်ခဲ့ပါတယ်--ဒေါက်တာညီညီလက်ထက် မှာတစ်နှစ် extension ပေးဖို့တင်ခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး-- ဒေါက်တာညီညီက နှစ်ခွထွက်သော စကားနဲ့ "ဆရာကစည်လိုပဲတီးမှမြည်တာကိုး " လို့ပြောခံရကတည်းကငါမရနိုင်တော့ဘူးဆိုတာအဖေကသိနေခဲ့တယ်လို့ သူကပြန်ပြောပြပါတယ်--
အဖေဟာမြေဝယ်ယူပြီးဘယ်လိုအိမ်ဆောက်ရမလဲဆိုတာအတော်ခေါင်းရှုပ်နေပုံရပါတယ်--အဲလိုအချိန်မှာအမှတ် ၉ နတ်သျှင်နောင်လမ်းအိမ်ကို " ဟေး ဆရာကိုချမ်းမြ" ဆိုပြီး အသံကျယ်ကျယ် ဟောင်ဖွာဖွာ နဲ့ လူတစ်ယောက်ရောက်လာပါတယ်--အဖေအပြောအရတော့ ရန်ကုန်တက္ကသိုလ် သထုံဆောင်က ဂဠုန်တစ်ကောင်လို့ပြောဘူးပါတယ်--မန္တလေးရောက်တိုင်းလိုလို အမြဲအိမ်ကိုဝင်လာတတ်ပါတယ်--အမေနဲ့ လည်းခင်တော့ " ဆရာကတော် တို့ပင်စင်ယူရင်ဘယ်ပြောင်းနေကြမှာလဲ" မေးတော့ အိမ်မရှိသေးလို့ တရုတ်တန်းက ယောက္ခမအိမ်ကိုခဏပြောင်းနေရမယ် -- ပြီးမှအိမ်ဆောက်ရမယ်-- လို့ပြောလိုက်တယ်--အဲတော့ဂဠုန်ကြီးက အံ့အားသင့်စွာ " ဟင်ဆရာကိုချမ်းမြ ခင်ဗျားအိမ်မဆောက်ရသေးဘူးဟုတ်လား ဆောက်စရာငွေကောရှိရဲ့လား" မေးတော့ "အတော်အသင့်တော့ရှိပါတယ် ဘယ်ကန်ထရိုက်တာ နဲ့ဆောက်ရမလဲ ဆိုတာလိုက်ကြည့်နေတယ်" လို့ ပြောလိုက်ပါတယ်-- အဖေဘယ်လောက်တောင်ရိုးသလဲဆိုရင် ဂဠုန်ကြီး ဟာ အိုးအိမ်ဦးစီးဌာနက အကြီးဆုံးဆိုတာ မသိဘူး--"လုပ်မနေနဲ့ ငွေဘယ်လောက်ရှိလဲဆိုတာသာပြော-- ကျနော် ဆရာဆီလူတစ်ယောက်လွှတ် လိုက်မယ် လို့ပြောပါတယ်-- အဖေက ဂဠုန်ကြီးဘယ်ဌာနမှာလုပ်နေမှန်းလည်းမသိဘူး-- အကူအညီတောင်းရကောင်းမှန်းလည်းမသိဘူး --ဒါနဲ့ တိုတိုပြောရရင် နောက်တစ်ပတ်နေတော့ ဗိုလ်ကြီးကျူးကျော်ဆိုတဲ့ အိုးအိမ်ဦးစီးဌာနမှာ လုပ်တဲ့ ညွှန်မှုး architect ကြီးရောက်လာပါတယ်-- မြေကိုသွားကြည့် --အဖေ တို့အမေတို့ လိုချင်တဲ့ ပုံစံကိုမေးမြန်းပြီး ညွှန်မှုးကမန္တလေးတိုင်းပြည်သူဆောက်လုပ်ရေးနဲ့ချက်ချင်းစီစဉ်ပေးခဲ့ပါတယ်-- နောက် တစ်ပတ်လောက်နေတော့ ဂဠုန်ုကြီးက အဖေရုံးကိုဖုံးဆက်ပြီးကျပ်ငွေ ၃ သောင်းခွဲ ကိုဆောက်လုပ်ရေးအကောင့်ထဲသွင်းခိုင်းလိုက်ပါတယ်--ပစ္စည်းကောလက်ခကောအပြီးအစီးပါ-- အင်မတန်မှကိုတန်ပါတယ်--အဖေ နဲ့ အမေ တို့ခမျာစိတ်ရှုပ်နေတဲ့ အချိန်မှာ ကူညီမဲ့ သူရောက်လာပြီးအဆင်ပြေသွားရတာကိုဘယ်တော့မှမမေ့ခဲ့ ပါ--
နောက်နှစ်ပေါင်းတော်တော်ကြာပြီး ဇော်ဝင်းဦးတို့ နဲ့သိကျွမ်းခင်မင်လာခဲ့ပါတယ်--မိန်းမမောင်နဲ့ကျောင်းနေဖက်တွေဖြစ်နေတော့ ဇော်ဝင်းဦး သူငယ်ချင်း တစ်ယောက်ပြီးတစ်ယောက်နဲ့ ခင်မင်လာခဲ့ရာကနေ feel ကကိုစိုးညီ နဲ့ လည်းခင်မင်ခဲ့ ရပါတယ်--စကားမစပ်မိတာလည်းအတော်ကြာ ပါတယ်--စကားစပ်မိတဲ့တစ်နေ့မှာ ကိုစိုးညီ ဟာ အိုးအိမ်ဦးစီးဌာန ညွှန်ချုပ် ဗိုလ်မှုးကြီးစိုးတင့် ထားဝယ်သားကြီးရဲ့ သားဖြစ်တာကိုတအံ့တသြ သိခဲ့ ရပါတယ်--အဖေ ကတော့ ဂဠုန်စိုးတင့် လို့ပဲသူတပည့်ကိုခေါ်ပါတယ်--အဖေ ကသထုံဆောင်မှာ စစ်မဖြစ်မီက အဆောင်မှုးလုပ်ခဲ့တော့သူ့ကျောင်းသား သထုံဆောင်က ဂဠုန်တွေနဲ့အတော်ခင်ကြပါတယ်--ဂဠုန်ကြီးအိမ်လာလည်ရင် လက်ဘက်သုတ်စားရင်း သထုံဆောင် က ဂဠုန်တွေအကြောင်းစားမြုံ့ ပြန်လေ့ ရှိပါတယ်--
တကယ်တော့ ကိုစိုးညီအဖေ ဗိုလ်မှုးကြီးစိုးတင့်ဟာမောင်တိုင်ပင်တို့ မိသားစု ကိုစိတ်ရင်းစေတနာကောင်းစွာနဲ့ကူညီခဲ့တဲ့ ကျေးဇူးကို မောင်တိုင်ပင်တို့ မောင် နှစ်မ တတွေ မမေ့ကြပါဘူး--
ဦးနောကသူပိုစ်မှာသူအဖေပင်စင်ယူပြီးနောက် ဘယ်တကောင်တမြီးမှ အနားမှာမရှိတော့တဲ့ အကြောင်းရေးထားတာကိုဖတ်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်-- မောင်တိုင်ပင် တို့အဖေကိုယ်တိုင်လည်းသူ့ဘဝမှာ စါဖတ်စါရေးနဲ့အေးအေးချမ်းချမ်းနဲ့ ဘဝကို လောဘမရှိဖြတ်သန်းသွားခဲ့ကြပါတယ်--အခုချိန်မှာမောင်တိုင်ပင်လည်းအဲဒီဘဝမျိုးချင်းနင်းဝင်ရောက်စပြုနေပါပြီ--၂၀၁၂ ကတည်းကလောဘကိုသတ်ပြီးရတာနဲ့ပဲရောင့်ရဲတင်းတိမ် နိုင်အောင်အဖေ လမ်းပြခဲ့တဲ့အတိုင်းနေတတ်သလိုနေခဲ့တော့ လောကဓံတရား ကိုမမှုတော့ပါ--
ဒီအသက်အရွယ်ပိုင်းမှာ နေတတ်သလိုလေးနေ နေနိုင်တာကိုက ထူးတဲ့ ကုသိုလ်ပါ--
ဦးစိုးညီအဖေ ကျေးဇူးကို မောင်တိုင်ပင် တို့ မောင်နှစ်မတတွေမမေ့ကြပါ--
မောင်တိုင်ပင်

No comments: