Thursday, January 11, 2018
ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)
ကုန်သွယ်လယ်ယာကိုဖျက်သိမ်းခြင်း
နိုင်ငံတော်ပိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကိုမြန်မာဆန်စပါးနှင့်ပတ်သက်၍နိုင်ငံတော်မှ မလုပ်ကိုင်တော့ဟုကျေညာခဲ့ပြီးနောက်ချက်ချင်းယတိဖြတ်မဖျက်သိမ်းသေးပဲအချိန်အတန်ကြာထားရှိပါသေးသည်။အင်ဒိုနီးရှားနိုင်ငံမှ BULOG မလေးရှားနိုင်ငံမှ BERNAS တို့ကဲ့သို့ ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍ regulatory authority အနေဖြင့်ထားရှိမည်လားဟူသောမျှော်လင့်
ချက်မျိုးအစ ပထမ ပိုင်း၌ထားရှိခဲ့ ပါသေးသည်။အဘယ်ကြောင့်ဆိုသော်ကုန်သွယ်လယ်ယာအဖွဲ့အစည်းသည်လူ့စွမ်းအားအရင်းအမြစ်၊ဆန်စက်၊ဖွဲနုဆီစက်၊သိုလှောင်ရုံ၊    ဓါတ်ခွဲခန်း၊သုတေသနဌာန၊သင်တန်းကျောင်းစသည့်ဆန်စပါးလုပ်ငန်းအထောက်အကူပြုပစ္စည်းကိရိယာများနှင့်အခြေခံအဆောက်အအုံများအပြည့်အစုံရှိနေသည့်ပြင်စပါးဝယ်ယူသည်မှစ၍ဆန်ကိုပြည်ပတင်ပို့သည်အထိ လုပ်ငန်းစနစ်များ၊နည်းစဉ်များ၊ဆန်စပါး standard codes များ၊ပြည်ပဈေးကွက်အဆက်အသွယ်များ၊ရောင်းဝယ်ရေးစာချုပ်စာတမ်းများလက်ဝယ်ရှိနေသည့်အတွက်ပုဂ္ဂလိကအပိုင်းမှဆန်စပါးလုပ်ငန်းများလုပ်ကိုင်ကြသည့်အခါအထိန်းအကွပ်အနေဖြင့်လုပ်ကိုင်ပေးနိုင်သည်ဟုယူဆထားသောကြောင့်ဖြစ်ပါသည်။
သို့သော်ပုဂ္ဂလိကဆန်စပါးလုပ်ငန်းကိုထိုအချိန်ကဦးဆောင်နေသည့်ပုဂ္ဂိုလ်များ(ယနေ့တိုင်အဆိုပါပုဂ္ဂိုလ်များမှာဆန်စပါးလောက၌ရှိနေဆဲဖြစ်ပါသည်)၏သဘောထားမှာကုန်သွယ်လယ်ယာအဖွဲ့အစည်းဆက်လက်ရှိနေခြင်းသည်ပုဂ္ဂလိကပိုင်းမှဆန်စပါးလုပ်ငန်းလုပ်ကိုင်ရာတွင်ဆူးညှောင့်ခလုတ်သဖွယ်အဟန့်အတားအဖြစ်ရှိနေသောကြောင့်လုံးဝဖျက်သိမ်းသင့်ပြီးနိုင်ငံတော်အတွက်လိုအပ်ချက်ကိုပုဂ္ဂလိကအပိုင်းမှထိထိရောက်ရောက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်စွမ်းအားရှိကြောင်းကိုအဆုံးအဖြတ်ပြုနိုင်မည့်စစ်အစိုးရခေါင်းဆောင်များဆီရောက်အောင်နားသွင်းခဲ့ကြပါသည်။အကြောင်းတိုက်ဆိုင်စွာပင်စစ်အစိုးရခေါင်းဆောင်များကလည်းကုန်သွယ်လယ်ယာအဖွဲအစည်းမှပုဂ္ဂိုလ်များသည်နိုင်ငံတော်နှင့်လယ်သမားများအပေါ်မသမာမှုများပြုလုပ်နေကြကြောင်း၊(အမှန်စင်စစ်နောက်ပိုင်း၌နိုင်ငံတော်၏အခြားအဖွဲ့အစည်းမှပုဂ္ဂိုလ်အချို့ ၏မမှန်မကန်သောလုပ်ရပ်သည်ကုန်သွယ်လယ်ယာမှခိုးသည်မသမာမှုလုပ်သည်ဟုထင်မြင်ယူဆခဲ့သောပုဂ္ဂိုလ်များထက်ပငအဆမတန်ချမ်းသာကြွယ်ဝနေကြကြောင်းကိုနောက်ပိုင်းအခါများ၌သိသာထင်ရှားလာခဲ့ပါသည်)ထိုစဉ်ကကမ္ဘာဆန်ဈေးကျနေချိန်ဖြစ်ရာဆန်သင်္ဘောတစ်စီးတင်ပို့ရာမှရသောဝင်ငွေသည်ကျောက်မျက်ပြပွဲတစ်ပွဲလုပ်သလောက်ပင်မရတော့သည်ကတကြောင်းကုန်သွယ်လယ်ယာကိုဖျက်သိမ်းပစ်ရန်အားသန်ခဲ့ခြင်းဖြစ်ဟန်တူပါသည်။သို့သော်ကုန်သွယ်လယ်ယာ၏ထိုစဉ်ကရှိနေသောmacro level ရှိ strength ကိုစစ်အစိုးရခေါင်းဆောင်များကသတိပြုမိဟန်မရှိသည့်ပြင်ထိုစဉ်ကပုဂ္ဂလိကဆန်စပါးလုပ်ငန်းမှဦးဆောင်သူများ၏မလိုတမာစကားများကိုနားယောင်မိခဲ့သောကြောင့်လုံးဝဦးသုန်ဖျက်သိမ်းရေးဆီကိုဦးတည်ခဲ့ခြင်းဖြစ်ပါသည်။ကုန်သွယ်လယ်ယာ၏လူစွမ်းအားအရင်းအမြစ်အပါအ၀င် assets အားလုံးမှာအစိပ်စိပ်အမွှာမွှာကွဲ
ထွက်သွားပြီးယနေ့မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း၏ပကတိအခြေအနေကိုmacro levelမှသုံးသပ်ကြည့်လျှင်မည်သို့အခြေအနေဖြစ်နေသည်ကိုမြင်နိုင်ပါသည်။
ထိုစဉ်ကကုန်သွယ်လယ်ယာ၏အခြေအနေကိုSWOT analysis လုပ်ပါကအောက်ပါအတိုင်းတွေ့ ရှိရမည် ဖြစ်ပါသည်။
Strength
-ဆန်စပါးလုပ်ငန်း၌နှစ်ပေါင်းများစွာအတွေအကြုံရှိသော institution ဖြစ်ခြင်း
-ဆန်စက်၊ဖွဲနုဆီစက်၊သိုလှောင်ရုံ၊ဓါတ်ခွဲခန်း၊သုတေသနဌာန၊သင်တန်းကျောင်းစသည်
 infrastructure များလက်ဝယ်ရှိနေခြင်း 
-မန်နေဂျာ၊အင်ဂျင်နီယာ၊ကျွမ်းကျင်ဝန်ထမ်းများ၊စာရင်းကိုင်များ၊အထောက်အကူပြုဝန်
 ထမ်းများတာဝန်ထမ်းဆောင်လျှက်ရှိခြင်း
-ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍လုပ်ထုံးလုပ်နည်းများ၊လုပ်နည်းစနစ်များ၊ခေတ်မီစွာ
 ရေးဆွဲထားရှိပြီးလိုက်နာကျင့်သုံးလျှက်ရှိခြင်း
-ဆန်စပါးနှင့်ပတ်သက်၍သုတေသနပေါင်းများစွာလုပ်ကိုင်ခဲ့ပြီးအရည်အသွေးထိန်း
သိမ်းရေးဆိုင်ရာနည်းလမ်းများ၊နည်းစဉ်များကိုရေးဆွဲလိုက်နာကျင့်သုံးလျှက်ရှိခြင်း
-ဆန်စပါးနှင့်ပတ်သက်၍  Standard codes  များ၊ မြန်မာ့စံချိန်စံညွှန်းများကိုခေတ်
နှင့်လျော်ညီစွာရေးဆွဲပြဌါန်းသတ်မှတ် ထားရှိခြင်း
Weakness
-ကုန်သွယ်လယ်ယာ၏လုပ်ငန်းများသည်တစ်နိုင်ငံလုံးဖြန့်ကျက်လျှက်ရှိ နေသောကြောင့်
span of control  သည်ကျယ်ပြန့်စွာရှိနေခြင်း၊အသားကျနေသောတစ်စုံတစ်ခု ကိုပြင်ဆင်
 မည်ဆိုပါကကုန်သွယ်လယ်ယာသည်မီးရထားတွဲ ကြီး နှင့်တူပြီးပြန်လှည့်ရန်အချိန်တစ်ခု
 ယူရခြင်း
-စပါးဝယ်ယူရေးကာလ၌ကုန်သွယ်လယ်ယာအောက်ခြေ၀န်ထမ်းများဖြစ်သည့်စပါးအ၀ယ်
 ဒိုင်ဝန်ထမ်းများနှင့်တောင်သူလယ်သမားများအကြားအချိန်အတွယ်ကိစ္စ၊အရည်အသွေး
ကိစ္စများနှင့်ပတ်သက်၍မကြာခဏအငြင်းပွားရခြင်း
-ကုန်သွယ်လယ်ယာစပါးများကိုဒေသရှိဆန်စက်များတွင်ကြိတ်ခွဲသည့်အခါအရည်အသွေး
 အချင်အတွယ်နှင့်ပတ်သက်၍ မကြာခဏပြဿနာများဖြစ်ခဲ့ခြင်း
-စပါးဝယ်ယူရေး၊ကြိတ်ခွဲရေး၊သိုလှောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်တာဝန်ရှိအ
 ထက်အဆင့်မှမန်နေဂျာများသာမကဒေသအာဏာပိုင်အဖွဲအစည်းများ၏အမိန့်များကိုပါနာ
 ခံရသောကြောင့်မကြာခဏဆိုသလိုလုပ်ထုံးလုပ်နည်းနှင့်ဆန့်ကျင်လုပ်ကိုင်ရသည်များပေါ်
 ပေါက်ခဲ့ ခြင်း
-ကုန်သွယ်လယ်ယာအောက်ခြေ၀န်ထမ်းများမကြာခဏဆိုသလို အလွဲသုံးစားလုပ်ခြင်း၊
 လာဘ်ပေးလာဘ်ယူကိစ္စများတွင်ပါဝင်ပတ်သက်နေခြင်း
-စပါးဝယ်ယူရာတွင်ရာသီချိန်ကာလအတွင်း ကွင်းဒိုင်များဖွင့်၍လယ်သမားများထံမှစပါး
 ခြင်း
-ယင်းသို့ဆောင်ရွက်ရာတွင်အခါမဟုတ်မိုးရွာသွန်းမှုကြောင့်စပါးများရေစိုပျက်စီးမှုများဖြစ်
 ပေါ်နိုင်ခြင်း၊ ကုန်သွယ်လယ်ယာ အောက်ခြေဒိုင်ဝန်ထမ်းများအနေဖြင့်လုပ်ထုံးလုပ်နည်း
 များအတိုင်းမဆောင်ရွက်နိုင်သဖြင့်စပါးများရေစိုမိုးမိပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ ခြင်း
Opportunity
- ကုန်သွယ်လယ်ယာသည်ဒေသတွင်းရှိအလားတူဆန်စပါးအဖွဲ့ အစည်းများအကြားအတွေ့
 အကြုံရှိသော institution ဖြစ်၍ သြဇာရှိသောအဖွဲ့အစည်းအဖြစ်ရပ်တည် နိုင်ခြင်း
-အာဆီယံအရံဆန်ကိစ္စတွင်နှစ်စဉ်သတ်မှတ်ခဲ့သောအရေအတွက်အတိုင်းလိုအပ်သည့်အ
 ချိန်၌လိုအပ်သလိုထောက်ပံ့ပေးနိုင်ခြင်း
-ဒေသတွင်းဆန်စပါးအဖွဲ့အစည်းများအချင်းချင်း အလုပ်ရုံဆွေးနွေးပွဲများတာဝန်ယူကျင်းပ
 ခြင်း၊ FAO, UNDP စသည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက် နိုင်ခြင်း
-ဆန်စပါးလုပ်ငန်းဆိုင်ရာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ခြင်း အခြားနိုင်ငံများ၌ပြု
 လုပ်သောသင်တန်းများသို့သင်တန်းသားစေလွှတ်နိုင်ခြင်း
-ASEAN Food Security ကိစ္စများတွင်ဝင်ရောက်တာဝန်ယူနိုင်ခြင်း
Threat
-ကုန်သွယ်လယ်ယာသည်ကြီးမားကျယ်ပြန့်သောနိုင်ငံပိုင်အဖွဲ့အစည်းဖြစ်၍အချိန်မရွေး
 ဖျက်သိမ်းခံရနိုင်ဖွယ်ရှိခြင်း
-ကုန်သွယ်လယ်ယာသည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံးသောလူတန်းစားတစ်ရပ်ဖြစ်
 သည့်တောင်သူလယ်သမား များနှင့်ထိတွေ့ ဆက်ဆံရသောအဖွဲ့အစည်းဖြစ်၍ အချိန်မရွေး
 ပေါက်ကွဲနိုင်သည့်အနေအထား၌ရှိနေခြင်း
-ကုန်သွယ်လယ်ယာသည်ဆန်စပါးလုပ်ငန်းတစ်ခုလုံး၏ရိတ်သိမ်းချိန်လွန်အပိုင်းကိုဆောင်
 ရွက်ရသည်ဖြစ်ရာစိုက်ပျိုးထုတ်လုပ်မှု၏အကျိုးဆက်ကိုခံရနိုင်ဖွယ်ရှိနေခြင်း
-ကုန်သွယ်လယ်ယာသည်ဆန်စက်ပိုင်အသင်း၊ဆန်ကုန်သည် အသင်းများနှုင့်လည်းထိတွေ့
 ဆက်ဆံရသည်ဖြစ်ရာအဆိုပါအသင်းများ၏အကျိုးစီးပွားကိုထိခိုက်လာနိုင်သည့်လုပ်နည်း
 စနစ်များလည်းရှိနေနိုင်ခြင်း
အထက်ပါ SWOT analysis ကိုသုံးသပ်ကြည့်ပါကကုန်သွယ်လယ်ယာသည်ထိုစဉ်အချိန်ကလုံးဝဖျက်သိမ်းပစ်သင့်သောအဖွဲ့အစည်းဖြစ်သင့်သလားဆိုသည်အချက်၌ strength နှင့်opportunityတွင်မည်သည့်အားသာချက်များရှိနေပြီးweakness၌တိုင်းပြည်စီးပွားရေး ပျက်လောက်သည့်အနေအထားများဖြစ်ပေါ်နေသလားဆိုသည်ကိုဆန်းစစ်ကြည့်နိုင်ပါသည်။Threatကတော့ကုန်သွယ်လယ်ယာရှိနေခြင်းကြောင့်တိုင်းပြည်စီးပွားရေးဆုတ်ယုတ်လာနိုင်ခြင်း၊တောင်သူလယ်သမားနှင့်အုပ်ချုပ်သူအကြားစည်းလုံးညီညွတ်ရေးပျက်စေလောက်အောင်အဖွဲအစည်းတစ်ရပ်အနေဖြင့်ရှိနေခြင်း၊ပုဂ္ဂလိကအသင်းအဖွဲ့များအတွက်ဆူးညှောင့်ခလုတ်ကန်သင်းများဖြစ်နေခြင်းကြောင့်များလားဟုစောကြောနိုင်ပါသည်။ယနေ့မည်သည့်ခရိုနီတွေကုန်သွယ်လယ်ယာassetsများနှင့်ကြီးပွားချမ်းသာနေသည်ကိုကြည့်သောသူတိုင်းမြင်နိုင်ပါသည်။ဆန်စပါးလုပ်ငန်းကိုပုဂ္ဂလိကကပြောင်းလဲလုပ်ကိုင်စေရာတွင်ကမ္ဘာအဆင့်မီမဆိုထားနှင့်ဒေသတွင်းအဆင့်မီနိုင်ငံတစ်ခု၏ဆန်စပါးလုပ်ငန်းအနေအထားသို့ပင်မရောက်ရှိနိုင်သည်ကိုသုံးသပ်မိပါသဖြင့်ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်းပြောလိုပါသည်။ပါဝင်သည့်stakeholdersများအားလုံးမျှမျှတတအကျိုးမခံစားရပဲstakeholdersအစုတစ်ခုသာလျှင်အကျိုးခံစားခွင့်ရနေသည့်သဘောကိုတွေ့နေရပါသည်။ကုန်သွယ်လယ်ယာပိုင်ဆန်စက်၊သိုလှောင်ရုံအချို့ မှာလည်းသက်ဆိုင်ရာမူလပိုင်ရှင်များလက်ဝယ်သို့စနစ်တကျလွှဲပြောင်းမပေးနိုင်သည်ကများပါသည်။ဝန်ထမ်းအများစုမှာလည်းဟိုဌာနရောက်ဒီဌာနရောက်နှင့်အချို့ ဘ၀ပျက်ခဲ့သည်အထိအခြေအနေဆိုးခဲ့ပါသည်။သို့သော်အင်ဂျင်နီယာနှင့်မန်နေဂျာအချို့ တို့မှာပုဂ္ဂလိကကုမ္ပဏီအချို့ တို့တွင်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီးယခုအခါဆန်စက်အသစ်များတည်ဆောက်လာသည့်အခါဆန်စက်အင်ဂျင်နီယာများလိုအပ်ချက်ရှိလာခဲ့ပါ
သည်။ ကုန်သွယ်လယ်ယာရှိစဉ်ကကုန်သွယ်လယ်ယာအတွက်လိုအပ်သည့်HRDအတွက်နှစ်စဉ်ကျွမ်းကျင်သူများကိုစနစ်တကျမွေးထုတ် နိုင်ခဲ့ပါသည်။
No comments: