Monday, January 15, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

လယ်ယာလုပ်သားများဆင်းရဲမွဲတေမှု


မြန်မာနိုင်ငံ၌ တောင်သူလယ်သမား လူတန်းစားသည် လူဦးရေ၏ ၇၀% ကျော် ရှိနေသည်။ ကျေးလက်နေ ပြည်သူအများစုသည် ဆင်းရဲကြသည်။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း မူဝါဒများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု များ အားနည်းခဲ့သောကြောင့် ကျေးလက်နေပြည်သူအများစုမှာဆင်းရဲမွဲတေမှုအများဆုံးဖြစ်နေသောကြောင့်ပြီးခဲ့သောအစိုးရလက်ထက်တွင်  လေ့လာဆန်းစစ်မှုများပြုလုပ်၍ ဆင်းရဲမွဲတေမှု မှ လွတ်မြောက်ရေး အတွက်နိုင်ငံတော်မှဦးဆောင်အကောင်အထည်ဖေါ်ခဲ့သော်လည်းအောင်မြင်မှုများလောက်လောက်လားလားမရခဲ့ပါ။ဆိုရှယ်လစ်ခေတ်၌လယ်ယာမြေတစ်ခုကိုအခြားသောနည်းလမ်းတစ်ခုခုပြောင်းလဲအသုံးပြုရန်မှာအလွန်ခက်ခဲပြီးလုပ်ဆောင်ရသည့်လုပ်ငန်းစဉ်မှာရှည်လျားသည့်အတွက်လယ်ယာမြေပြုန်းတီးမှူများဖြစ်ပေါ်သည့်ပမာဏအလွန်နည်းပါသည်။လွန်ခဲ့သောဆယ်စုနှစ်တာကာလအတွင်းလယ်ယာမြေမူဝါဒများပြောင်းလဲခဲ့ပြီးအချို့ သောလယ်ယာမြေများကိုအာဏာပိုင်များနှင့်ပူးပေါင်း၍ခရိုနီများကသိမ်းဆည်းခဲ့သောကြောင့်လယ်ပိုင်ရှင်ဘ၀မှာလယ်မပိုင်သည့်သူရင်းငှားဘ၀သို့ရောက်ခဲ့သည့်သာဓကများလည်းရှိခဲ့သည်။အချို့ ဒေသများ၌လယ်ယာမြေပြဿနာများမှာယနေ့တိုင်မဖြေရှင်းနိုင်သေးပဲအချို့ လယ်ပိုင်ဘဝမှလယ်ယာမြေမဲ့ဘဝသို့ပင်ရောက်ရှိခဲ့သည့်သာဓကများရှိခဲ့ပါသည်။ကျေးရွာများတွင်လယ်ယာလုပ်ငန်းခွင်များတွင်လုပ်ကိုင်ခြင်းဖြင့်စားဝတ်နေရေးမလုံလောက်သည့်အခါလုပ် နိုင်ကိုင်နိုင်သည့်တောနေမြန်မာလူငယ်လူရွယ်များသာရေကြည်ရာမြက်နုရာတစ်ဖက်နိုင်ငံများသို့ရွှေပြောင်းလုပ်သားများအဖြစ်သွားရောက်ခဲ့ခြင်းကြောင့်မြန်မာလယ်ယာလုပ်ငန်းခွင်တွင်စိုက်ချိန်ပျိုးချိန်ရိတ်သိမ်းချိန်ကာလများ၍လယ်ယာလုပ်သားများရှားပါးရသည့်ပြဿနာဖြင့်ကြုံတွေ့နေရပါသည်။ရေစကြိုဒေသ၌ထန်းတက်နိုင်သည့်လူငယ်လူရွယ် ၈၀၀၀၀ လောက်မလေးရှားနိုင်ငံသို့ရေကြည်ရာမြက်နုရာ သွားရောက်ခဲ့ရာထန်းတက်မည့်သူမရှိသဖြင့် ထန်းလျက်ဈေးပင်တက်ခဲ့ရပါသည်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူ လယ်သမားများကို သင့်လျော်ကောင်းမွန်မည်ဟု ယူဆရသည့် နည်းလမ်းပေါင်းစုံကို အသုံးချ၍ စိုက်ပျိုးစရိတ်၊ လယ်ယာ၊ အမတော်ကြေးများပေးရန် အားထုတ်ကြိုးစားခဲ့ကြ သည်။ သို့သော် ကောင်းမွန်ခိုင်မာသော စနစ်များချမှတ်ရန် အားနည်းခဲ့ခြင်း၊ အောက်ခြေ အလယ်အလတ်အဆင့်များ၌ အစိုးရမှ စီစဉ်ချမှတ်ပေးသော အမတော်ကြေး ထုတ်ပေး သည့် လုပ်နည်းစနစ်၏ အားနည်းချက်အချို့ကို အခွင့်ကောင်းယူအလွဲသုံးပြီး ကိုယ်ကျိုးရှာခဲ့ကြခြင်း၊ ကြွေးတင်လျှင် ရှင်ဘုရင်ဆပ် ဟူသော မြန်မာဆိုရိုး စကားအတိုင်း ခေတ် အဆက်ဆက်ကတောင်သူများသို့ထုတ်ပေးခဲ့သောစိုက်ပျိုးစရိတ်၊ အမတော်ကြေးငွေများကို နိုင်ငံတော်သို့ပြန်ဆပ်ရန် စိတ်ဝင်စားမှုနည်းပါးခြင်း၊ စီမံကိန်းစီးပွားရေးစနစ် ဆောင်ရွက် ခဲ့စဉ်ကတောင်သူလယ်သမားများထံမှစပါးဝယ်ယူရာတွင်ဈေးနှုန်းတွက်ချက်ခဲ့ရာ၌ အခြေခံ မှီငြမ်းပြုခဲ့သောကုန်ကျစရိတ်များမှာအမှန်နှင့်နီးစပ်မှုမရှိသည့်အတွက်စပါးဈေး၊ ဆန်ဈေးတို့ သည်လက်ရှိကမ္ဘာ့ပေါက်ဈေးနှင့်ဆက်စပ်မှုမရှိဘဲတသီးတခြားစီရှိနေခြင်း၊အစိုးရ အစဉ်အ
ဆက်သည် ပြည်တွင်း၌ စားသုံးသူအများစုဝယ်စားနိုင်သည့် ဆန်ဈေးနှုန်း ဖြစ်စေရေးကို အစဉ်တစိုက်အဓိကဦးတည်နေခြင်း၊(ဆိုလိုသည်မှာလူဦးရေ၏၇၀%ရှိသောတောင်သူလယ် သမားများအတွက်သင့်လျော်သည်အကျိုးအမြတ်များခံစားနိုင်ရန်ဖြစ်သင့်သည့်စပါးဈေးနှုန်း များဖြစ်ရမည့်အစားစားသုံးသူမြို့နေတောနေလူတန်းစားများအတွက်သက်သာသောဆန်ဈေးနှုန်းဖြစ်ပေါ်စေရေးကိုမသိမသာဦးတည်နေခြင်း)ဈေးနှုန်းမူဝါဒရေးဆွဲအကောင်အထည်ဖေါ်ရာတွင်အစိုးရမှနည်းလမ်းအမျိုးမျိုးဖြင့်ပါဝင်စွက်ဖက်ခဲ့သောကြောင့်ဆန်ဈေးနှုန်းမှာ အာဆီယံဒေသတွင်းအခြားနိုင်ငံများ၏ဆန်ဈေးနှုန်းမှာအာဆီယံဒေသတွင်းအခြားနိုင်ငံများ၏ဆန်ဈေးနှုန်းအောက်၌သာရှိနေခဲ့ပါသည်။အဆိုပါဆန်ဈေးနှုန်းအစဉ်ကျဆင်းနေရေးကို ဦးတည်နေသည့်အချက်နှင့်ပတ်သက်၍သက်ဆိုင်ရာမူဝါဒချမှတ်သူများဘက်မှပြန်လှန် ငြင်း ဆိုမှုမှာမြန်မာနိုင်ငံ၌တောင်သူလယ်သမားစစ်စစ်ဦးရေသည်၇၀%မရှိဘဲ၃၀%ခန့်သာရှိနိုင်ပြီးကျန်သည့်ရာခိုင်နှုန်းသည်လယ်ပိုင်များမဟုတ်ဘဲလယ်သူရင်းငှားအလုပ်သမားများသာဖြစ်နေ၍ဆန်ကိုပြည်တွင်းဈေးကွက်၌ဝယ်စားနေရခြင်းကြောင့်ပြည်တွင်းဆန်ဈေးကွက်နှုန်းသည်အောက်ခြေဆင်းရဲသားလူတန်းစားများ၏စားနိုင်သည့်ဈေးနှုန်းအဆင့်၌သာအစဉ်ရှိနေစေရန်လိုအပ်သည်ဆိုသော hypothesis အယူအဆကိုသာ အစဉ်ဆွဲ ကိုင်ထား ကြဆဲဖြစ်
သည်။

မြန်မာနိုင်ငံ၌ တောင်သူလယ်သမားစစ်စစ်သည် လူဦးရေ၏ ၇၀% မရှိဘဲ ၃၀% ခန့်သာရှိနေနိုင်ပြီးကျန်သည့်ရာခိုင်နှုန်းသည်လယ်ပိုင်များမဟုတ်ဘဲလယ်သူရင်းငှား အလုပ် သမားများသာဖြစ်နေ၍ဆန်ကိုပြည်တွင်းဆန်ဈေးကွက်၌ဝယ်စား နေရ ခြင်း ကြောင့် ပြည် တွင်း ဆန်ဈေးကွက်၌ ဈေးနှုန်းသည် အောက်ခြေ ဆင်းရဲသား မြို့နေ၊ တောနေ လူတန်းစားအားလုံးစားနိုင်သည့် ဈေးနှုန်းအဆင့်၌ တည်ငြိမ်စွာအစဉ်ရှိနေစေ ရေးသည် အရေးပါသည်ဟု ယူဆရပါသည်။ VOICE (၆/၂၇) သတင်းဂျာနယ်၌ ”အခုလယ်သမား တွေက ဝမ်းစာ စပါးကြိတ်မစားကြတော့ဘူး၊ ဆန်ပဲ ဝယ်စားကြတော့တယ်” ဟု ဖေါ်ပြထားသည်ကိုဖတ်ရှုရသည့်အခါတောနေလူတန်းစားများ၏ဆန်စားသုံးမှုပါရာဒိုင်းဖြည်းဖြည်း ပြောင်းလာ နေပြီလား သုံးသပ်မိပါသည်။

No comments: