Sunday, January 14, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

မြန်မာ့ဆန်စပါးလုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ


မြန်မာ့ဆန်စပါးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံအားသာချက်  (Strength)  များအပေါ် တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ မြေဩဇာနှင့်ပြည့်စုံသော စိုက်ပျိုးနိုင်သည့်မြေဧရိယာကျယ်ပြန့်စွာရှိနေခြင်း၊စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများလုပ်ကိုင်ရန်အခြေအနေပေးသည့်မုတ်သုံရာသီဥတုရှိနေခြင်း၊ရေအရင်းအမြစ်များကိုကောင်းစွာဖော်ထုတ်အသုံးချနိုင်ခြင်း၊လယ်ယာလုပ်သားအများစုရှိနေခြင်း၊လူမှုစီးပွားအရင်းအနှီးများ ခိုင်မာစွာတည်ဆောက်ထားရှိနိုင်နေခြင်းစသည့်အားသာချက်များသည်တိုင်းပြည်တိုးတက်ချမ်း
သာလာအောင်လုပ်နိုင်ချေများစွာရှိကြောင်းကို ဖော်ပြလျှက်ရှိပါ သည်။

  မြန်မာဆန်စပါးလုပ်ငန်းပါဝင်ပတ်သက်သူ stakeholders ပေါင်းများစွာရှိပြီး သူ့ အခန်းကဏ္ဍနှင့် သူ ဆောင်ရွက်လျက်ရှိပါသည်။ ဥပမာ - ဒေသတစ်ခုရှိ ရွှေဆိုင်ပိုင်ရှင် သည် လယ်သမားများ၏ Cerdit Supporter ဖြစ်နိုင်ပါသည်။ သူသည် စပါးပေါ်ချိန် လယ်သမားကိုရွှေရောင်းပြီးစပါးစိုက်ချိန်လယ်သမားငွေလိုချိန်တွင်ရွှေပေါင်ခံကာလယ်သမားကို ငွေထုတ်ပေးပြီး စပါးလှောင်ချင် လှောင်မည် စသည်ဖြင့် ဆန်စပါး Supply Chain တွင် တစ်နည်းမဟုတ်တစ်နည်းပါဝင်ပတ်သက်လျက်ရှိပေသည်။ မြန်မာ ဆန်စပါး လုပ်ငန်း ထုတ်လုပ်မှုကွင်းဆက်နှင့်ကွင်းဆက်တွင်ပါဝင်သူများ  (Myanmar Rice Supply Chain   and stakeholders )ကိုကြည့်ပါကstakeholdersလုပ်ငန်းစဉ်များအလိုက် သူ့အပိုင်းနှင့်သူ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်ပါ သည်။





No comments: