Wednesday, January 17, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

နိုင်ငံတော်မှဆန်စပါးလုပ်ငန်းလုပ်ကိုင်ရာတွင်ပုဂ္ဂလိကပါဝင်မှု


စီမံကိန်းစီးပွားရေးကာလအတွင်းဆန်စပါးလုပ်ငန်းလုပ်ကိုင်ခွင့်ြ့ပုရာတွင်ပုဂ္ဂလိက အပိုင်းမှ လုပ်ငန်းအဆင့်တော်တော် များများတွင် ပါဝင်လုပ်ကိုင်ခွင့်များရရှိခဲ့ပါသည်။ စပါး ဝယ်ယူရေး၊ သယ်ယူပို့ဆောင်ရေး၊ စပါး၊ ဆန်သိုလှောင် ရေး၊ ဆန်ကြိတ်ခွဲရေး၊ ထုပ်ပိုးရေး၊ သင်္ဘောတင်ရေးစသည့်လုပ်ငန်းအဆင့်များတွင်ပါဝင်လုပ်ကိုင်ခွင့်ရရှိခဲ့ကြပါသည်။စပါးဝယ်ယူရေးတွင် ကွင်းဒိုင်၊ သိုလှောင်ရုံဒိုင်များမှ အချိန်မီ အမိုး၊ အကာအောက် ရောက်ရှိရေး အတွက်ပုဂ္ဂလိကပိုင်ကားများ၊ရေယာဉ်များကိုအသုံးပြုကြရပါသည်။သို့သော်နှုန်းထားများမှာ ဒေသအာဏာပိုင်အဖွဲ့အစည်းများမှသတ်မှတ်ထားသောနှုန်းထားများဖြင့်သာကုန်သွယ်/လယ်ယာကပေးချေပါသည်။ပုဂ္ဂလိကပိုင်သိုလှောင်ရုံများကိုငှားရမ်းခြင်း၊ဆန်စက်များတွင် အဖွဲ့ပိုင်စပါးများကြိတ်ခွဲခြင်း၊ထုပ်ပိုးပစ္စည်းများပေးသွင်းခြင်း၊သင်္ဘောတင်အတွက်ခေါက်တိုကားများငှားရမ်းခြင်းစသည့်နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းကြီး၏ supply chain တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်ခွင့်များ ရရှိခဲ့ပါသည်။

၂၀ဝ၃ ခုနှစ်၊ ဧပြီလ (၂၃)ရက်မှစ၍ ဆန်စပါးမူဝါဒပြောင်းလဲ လုပ်ကိုင်ပြီဖြစ် သော်လည်း ပုဂ္ဂလိက လက်ဝယ်သို့ လုံးလုံးလျားလျားရောက်ပြီဟုမဆိုနိုင်သေးပါ။ လုပ်ကိုင် ခွင့်ပြုထားသော ပြည်တွင်းဆန်ဈေးတက် လျှင် ခွင့်ပြုထားသမျှလုပ်ငန်းများနှောင့်နှေးမည်၊ ရပ်ဆိုင်းမည်ကို မကျေညာသော်လည်း ပါဝင်ပတ်သက်နေသူ stakeholders များအနေဖြင့် ကျီးလန့်စာစားလုပ်ကိုင်နေရ၍ တိုးတက်ဖွံ့ဖြိုးမှုရှိသင့်သလောက် မရှိသေးသည် ကိုတွေ့ရ ပါသည်။ ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်နေသည့် လုပ်ငန်းရှင်များဘက်ကလည်း အစိုးရ၏ ယုံကြည်မှု ကိုရရှိရန်အတွက် သူတို့၏လုပ်ရပ်များ ကို ခိုင်ခိုင်မာမာတည်ဆောက်ရန် လိုအပ်သော်လည်းအတွေ့အကြုံမရှိသောကြောင့်win-winအခြေအနေကိုရအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးသဖြင့်နိုင်ငံတော်ကမယုံမရဲရှိနေသေးဆဲဖြစ်ပါသည်။ဤသို့ဆောင်ရွက်ရန်မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်၏အခန်းကဏ္ဍ သည် အလွန်အရေးပါပါသည်။ အသင်းချုပ်အတွင်း အသင်းသား အချင်းချင်း စုစည်းညီညွှတ်မှု ရရှိရန်နှင့် နိုင်ငံတော်မူဝါဒချမှတ်သူများကိုမြန်မာဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍ အခြေအနေအမှန်ကိုတင်ပြနိုင်ရန် လွန်စွာအရေးကြီးပါသည်။

ဆန်စပါးနှင့်ပတ်သက်ပြီးလုပ်ရန်အလုပ်များစွာရှိပါသည်။ဥပမာပြရလျှင် ယခင်က macro level ၌ ဆန်ထွက်ရှိမှုကိုတွက်ချက်ရာတွင် အခြေခံသည့်အချက်သည် ဆန် တစ်တန်ရရန်စပါးတင်း(၇၅-၈၀)ဖြစ်သည်ဟုစီမံကိန်းဆိုင်ရာပုံသေနည်းကိုအခြေခံခဲ့ကြပါသည်။ယနေ့အခြေ အနေ၌စပါးအရည်အသွေးညံ့ဖျင်းလာသောကြောင့် ဆန်တစ်တန်ရရန် စပါး တင်း (၉၀)အသုံးပြုရသည်ဟုပြောဆိုနေကြသော်လည်းခိုင်မာသောလေ့လာစူးစမ်းမှုများမပြုလုပ်ပဲဒေသအသီးသီး၌စပါးအမျိုးအစားအမျိုးမျိုးကိုကြိတ်ခွဲရရှိသည့်milling-log များကိုကြည့်၍လက်တန်းပြောဆိုနေကြခြင်းဖြစ်နိုင်ပါသည်။ဤအချက်မှန်မမှန်ကိုPTAC တွင်အခြေခံအချက်အလက်ဖြစ်သောကြောင့်ဤပြောဆိုချက်၊ယူဆချက်သည်မှန်မမှန် ဆန်းစစ်ရန်လိုအပ်ပါသည်။

နောက် အချေအတင်ပြောနေရသောအချက်တစ်ရပ်မှာမြန်မာနိုင်ငံရှိ ဆန်စက်ကြီး များသည် ဆန် တစ်တန်ရရန် စပါးတင်း (၈၀) အသုံးပြုပြီး မြန်မာ (၂၅) မှတ် ဆန်ကြိတ်ရ မည့်အစား ဆန်တစ်တန်၊ စပါး တင်း (၉၀-၁၀ဝ) အသုံးပြုပြီး တန်းမြင့်ဆန်များ ကြိတ်ခွဲ ထုတ်ယူနေသည့်အတွက်ဆန်တစ်တန်ရရန်စပါးတင်းအသုံးပြုရမှုများပြားလာသောကြောင့်   ပြည်တွင်းဆန်ဈေးများကြီးမြင့်လာသည်ဟုဆန်ကုန်သည်များဘက်က စွပ်စွဲပြောဆို ခဲ့ ကြပါသည်။ ဆန်စက် ပိုင်ရှင်များဖက်ကလည်း မြန်မာနိုင်ငံ၌ ဆန်စားသုံးမည့် ပုံစံပြောင်းလဲလာသည်ကို မသိ၍ပြော ကြခြင်းဖြစ် ကြောင်း၊ လက်လုပ်လက်စား စားသုံးသူများပင်လျှင် ယခင်ဆိုရှယ်လစ်ခေတ်က ကဲ့သို့ သမဝါယမဆန် ဟု ခေါ်ခဲ့သည့် မြန်မာ(၂၅%)ဆန်အဆင့်ကိုမစားကြတော့ကြောင်း၊ အနည်းဆုံး (၁၅) မှတ်အဆင့်ရှိ သည့် ဆန်ဖြူဖြူဖွေးဖွေးကိုစားလာကြသည်ကိုသတိပြုမိသင့်ကြောင်း၊ ပြန်လှန်၍စောဒက တက်ကြပါသည်။ဤကဲ့သို့မြန်မာနိုင်ငံ macro level ၌ဆန်စားသုံးမှုပါရာဒိုင်းပြောင်းလဲလာ မှုအပေါ်တိတိကျကျလေ့လာဆန်းစစ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။ဆန်စပါးလုပ်ငန်းတွင်တစ်လျှောက်လုံးလုပ်ကိုင်လာသူကွယ်လွန်သူကုန်သည်ကြီး ဦးငြိမ်းကလည်း ဤအချက်ကို ထောက်ခံပြော ဆိုခဲ့ဘူးပါသည်။

No comments: