Friday, January 19, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

ပြည်တွင်းဆန်ဈေးကွက်


ဆန်ရောင်းဝယ်မှုလုပ်ငန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်းနှင့် ဘုရင့်နောင် အတွက် အချက်အချာဖြစ်သည့် hub သည် ဝါးတန်းဆန်ကုန်စည်ဒိုင်ဖြစ်ပါသည်။ တနင်္ဂနွေမှအပ နေ့စဉ် နံနက် (၆းဝ၀) နာရီမှ (၁၀း၃၀) နာရီအထိဖွင့်လှစ်ပြီး ပြည်တွင်းဆန် အရောင်းအဝယ်လုပ်ငန်းများပြုလုပ်ကြပါသည်။ ဆန်ကုန်သည် အသင်း CEC များက ကြီးကြပ်တာဝန်ယူဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းသည် ခေတ် အဆက်ဆက် ပြည်တွင်းဆန်စပါးရောင်းဝယ်မှုလုပ်ငန်း၌ ဩဇာကြီးမားသော အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါသည်။ (နောက်ပိုင်း MRF ဖွဲ့စည်းတည်ထောင်လာသည့်အခါ မြန်မာနိုင်ငံဆန် စပါးကုန်သည်အသင်းသည်အဓိကClusterအဖြစ်ပါဝင်လာပါသည်)မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်း၌ဆန်စပါးရောင်းဝယ်မှုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသူ အသင်းဝင်ပေါင်း (၁၃၀ဝ၀) ကျော်ပါဝင်ရာ စီးပွားရေးအခြေပြုသည့် civil society ဖြစ်သော် လည်း အင်အား ကြီးမားသော NGO တစ်ခုဟု ဆိုနိုင်ပါသည်။

ဆန်လိုဒေသများ၊အခြားတိုင်း/ပြည်နယ်များအတွက်ဆန်ရောင်းဝယ်မှုအချက်အချာhubသည်ဘုရင့်နောင်ဖြစ်ပါသည်။ယခင်ကဆန်စီးဆင်းမှုသည်ဧရာဝတီတိုင်းမှရန်ကုန်သို့စီးဆင်းပြီး၊ ရန်ကုန်ဘုရင့်နောင်မှ တဖန် နယ်စပ်အတွက် မြဝတီ၊ မြိတ်၊ ကော့သောင်းသို့ စီးဆင်းပါသည်။ဆန်လိုဒေသဖြစ်သည့် မန္တလေး၊ နေပြည်တော်၊ ရှမ်းတောင်၊ ကယားစသည့် ဒေသများသို့လည်းစီးဆင်းပါသည်။သို့သော်ရွှေဘိုပေါ်ဆန်းဘေးကြားပေါ်လာပြီးနောက်ရန်ကုန်ဘုရင့်နောင်သို့ပြန်စီးဆင်းပါသည်။ရွှေဘိုတစ်ဝိုက်မှဆန်စားသုံးသူများသည်အဆီများသည့်ပေါ်ဆန်းဘေးကြားကိုစားလေ့မရှိပဲ တောင်ထိပ်ပန်း၊မနောသုခ၊စသည့်ဖွယ်သောဆန်များသာစားလေ့ရှိကြပါသည်။ယခင်ကနယ်စပ်ဒေသများသို့စီးဆင်းသည့်ဆန်ကိုစောင့်ကြည့်ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ကြသော်လည်းတရုတ်နယ်စပ်ဆန်ပို့ကုန်များလည်းရှိလာ ပြီဖြစ်သည့်အတွက်တရုတ်နယ်စပ်ထိ ဆန်များစီးဆင်းခဲ့ပါသည်။ယခင်ကအထူးသဖြင့်ဆန် ချော(ဇီယာ၊ပေါ်ဆန်း)များနယ်စပ်သို့ရောက်သည့်အခါတစ်အိတ်ကျပ်(၁၅၀ဝ၀)ကျော်အမြတ်ရနိုင်သောကြောင့်လောဘဇောတိုက်သည့်ကုန်သည်များကတရားမဝင်တင်ပို့ရန်နည်းမျိုးစုံဖြင့်ကြိုးစားကြတယ်လို့သတင်းတစ်ရပ်ကဆိုပါသည်။ယခင်ကပြည်တွင်းဆန်ဈေးနှုန်းသည်အိမ်နီးချင်းနိုင်ငံများ၏ဆန်ဈေးနှုန်းများထက်နိမ့်နေသောကြောင့်တရားမဝင်မှောင်ခိုထွက်ရှိမှုကိုထိန်းချုပ်ရန်ကြိုးစားကြသော်လည်းနောက်ပိုင်းထိုင်းဆန်များဈေးနှုန်းသည်မြန်မာဆန်ထက်သက်သာစွာပြည်တွင်းသို့တန်ချိန်အနည်းငယ်ဝင်ရောက်တတ်ပါသည်။

No comments: