Sunday, June 4, 2017

ဒေါက်တာဘွဲ့ရနှင့်စကားပြောကြည့်ခြင်း


Ph D ရလာတဲ့ဝန်ထမ်းတွေနဲ့စကားပြောကြည့်တဲ့အခါကိုယ်လက်ရှိ ရထားတဲ့ position အပေါ်မကျေနပ်ကြသူတွေများပါတယ်--ရာထူးမရလို့လည်းမဟုတ်ဘူး--သူတို့တွေဟာဘာသာရပ်အပိုင်းမှာဖင်ပြန်ခေါင်းပြန်လေ့လာခဲ့ကြသူတွေဖြစ်တော့ ပြဿနာတစ်ခုကိုချဉ်းကပ်လေ့လာတဲ့အခါဘက်ပေါင်းစုံဖြစ်နိုင်ခြေများကိုလေ့လာအဖြေထုတ်တတ်လာပါတယ်--ကွယ်လွန်သူဒေါက်တာတင်စိုးပြောခဲ့သလို ဒါကလည်းလုပ်ခဲ့ဘူးသူတွေကြမှသဘောပေါက်နားလည်ကြမှာပါ--
ဒေါက်တာဘွဲ့ရပြီးဌာနမှာပြန်တာဝန်ထမ်းဆောင်ရတဲ့အခါ သူ့အတွေးအခေါ်အယူအဆတွေဟာအပြောင်းလဲချည်းပြောင်းလဲသွားပါပြီ--ပြဿနာတွေကိုချဉ်းကပ်လေ့လာတဲ့နေရာမှာဝင် participate လုပ်ချင်ကြပါတယ်-- လုပ်နိုင်တဲ့ capacity ကော competency ကောရှိကြပါတယ်-forum တွေတက်ချင်ကြပါတယ်--သို့သော်အသက်အားဖြင့်သော်လည်းကောင်း အတွေ့အကြုံအားဖြင့်သော်လည်ကောင်းဌာန အကြီးအကဲနေရာရောက်နေသူများအနေဖြင့် ထိုပုဂ္ဂိုလ်များသည် ကိုယ့် ကို assist လုပ်ပေးနိုင်သူဟု အမြင်မျိုးမြင်သင့်ပါတယ်--အဆိုပါပုဂ္ဂိုလ်မျိုးကို ဘယ်နေရာတွင်သုံးသင့်တယ် -- ဘာခိုင်းသင့်တယ် ဆိုတာ သိဖို့ လိုပါတယ်-- country paper ရေးခိုင်းဖို့ forum topic နှင့်ဆိုင်သော power point ပြုစုပေးဖို့ လောက်ကိုတော့ မခိုင်းသင့်တော့ပါ-( မောင်တိုင်ပင် ကုန်သွယ်လယ်ယာ မှာတုံးက လူကြီးတွေ ပြည်ပသွားသမျှ country paper တွေ power point တွေဒိုင်ခံရေးပေးလုပ်ပေးခဲ့ ရဘူးတဲ့သာဓကအတွေ့အကြုံ တွေရှိခဲ့ ဘူးပါတယ်)
အရင်အခြေအနေ နှင့် ယနေ့ လတ်တလောအခြေအနေအတော်ကိုကွာသွားပါပြီ--Ph D ရထားသူတစ်ယောက်ချဉ်းကပ်လေ့လာပုံနှင့် academic qualification မရှိသူတို့ ချဉ်းကပ်ပုံကအတော်ကွာခြားပါတယ်--နိုင်ငံခြားမှ အဝင်အထွက်များလာပြီး တိုင်းပြည် အရေးအရာများနှင့်ပတ်သက်၍ institution များ agency များနှင့်ဒူးတိုက်ဆွေးနွေးမှုတွေပိုများလာပါတယ်--ဌာနရဲ့ မူဝါဒတွေ operational procedures တွေကို approach ကောင်းကောင်း နှင့်ဆွေးနွေးခွင့်ရရှိလာသည့်အခါ ဘာအခွင့်အလန်းတွေရှေ့ မှာရှိနေတယ်ဆိုတာသိလာပါတယ်--
သို့သော်Ph D ရသူ ဝန်ထမ်းသည်ကိုယ်ကိုတိုင်လည်းထက်မြက်နေအောင်အစဉ်လုပ်ထားရပါမည်-- အနည်းဆုံး တစ် နှစ်လျှင် international journal တွေမှာ paper ၂ စောင်လောက်တော့ ရေးသင့်ပါတယ် -- ဆိုချင်တာက ကိုယ့်ကိုကိုယ် တုံးမသွားအောင်ဂရုစိုက် ဖို့ လိုပါတယ်--PhD ရလာသူဆိုပြီးအမြင်ကတ် လို့လည်းမရသလို ချောင်မှာ ထိုးထား လို့ မရပါ--သူတို့ကိုနေရာပေးသုံးတတ်ဖို့ လိုပါတယ်။
မောင်တိုင်ပင်
၂၁-၀၅-၂၀၁၇
ဝန်ခံချက်// ကျနော် ဒေါက်တု နှင့်စကားပြောခြင်းမဟုတ်ပါ--

No comments: