Sunday, June 4, 2017

စီးပွားရေးဦးစားမပေးဘူးတဲ့လား ?


စစ်အာဏာရှင်တွေ လက်ထက်တုံးက သိတဲ့သူ တတ်တဲ့သူ စွမ်းတဲသူအားလုံးဟာ issue တစ်ပေါ်လာရင်ဘာမှသိပ်မပြောဘူး။ နှုတ်ဆိပ်နေကြတယ်။ အဲဒါကြောင့်ပဲ မလုပ် မရှုပ် မပြုတ်ဆိုတဲ့စကားပေါ်လာတာလားမသိဘူး။ဘာကြောင့်အယ်လိုဖြစ်နေသလဲဆိုတာဆန်းစစ်ကြည့်ရင် issue တစ်ခုခုပေါ်လာလို့ဘယ်လိုလုပ်သင့်တယ်ဘာညာပြောမိရင် ခင်ဗျားဦးဆောင်လုပ်ပဲ-- ဆိုင်လားမဆိုင်လားမကြည့်-- တိုက်ရိုက်ပတ်သက်သူဘယ်သူလဲဆိုတာမသိ--ကိုင်တွယ်လုပ်နေတဲ့သူကလည်းမကြည်-- မကြည်တော့အပြည့်အဝအကူအညီကမရ-- နောက်ဆုံးမအောင်မြင်တာပဲအဖတ်တင်သွားပါတယ်။ မအောင်မြင်လို့လည်းဘာမှဖြစ်မသွားပါ။ အဲတော့မလုပ်မရှုပ်မပြုတ်ဆိုတာအကောင်းဆုံးအလုပ်ဆိုတာသဘောပေါက်ရင်းတိုင်းပြည်စုံးစုံးမြုပ်တဲ့အထိဖြစ်ကုန်တော့တာပါပဲ။
ဒီကနေ့မောင်တိုင်ပင်တို့အကောင်အိုတွေဟာ မိမိကိုယ်ကိုအကုန်သိအကုန်တတ်နေဘိသည့်သဖွယ်Facebook ပေါ်မှာ ပိုစ့်လေးတွေ့ လိုက်တာနဲ့ဘယ်လိုရှိတယ်၊ဘယ်လိုလုပ်သင့်တယ်၊ဘယ်လိုဖြစ်တတ်တယ် နဲ့ မန့်တော့တာပါပဲ။ အများအမြင်မှာတော့ စဆရက လုပ်တယ်ပေါ့ဗျာ။ခွင့်လွှတ်ကြပါဗျာ။အရင်ကဘယ်အဲဒီလိုပြောရဲမလဲ-- ပြောလိုက်လို့ မတော်ခင်ဗျားဦးဆောင်လုပ်ဗျာဆိုသေရော။ အမယ်အခုခေတ် အကြောင်းအရာတစ်ခုကို မန့်ရင်းတောင်ဦးမျိုးဦး ဦးဆောင်လုပ်ပါ ဆိုပြီးတိုက်တွန်းတာမျိုးလာသေးတယ်။ ဘယ်ရမလဲ စစ်အာဏာရှင်တွေလက်ထက်မှာ ရှင်ကြီးဝမ်းကော ရှင်ငယ်ဝမ်းကောဝင်လာခဲ့ဘူးတော့ဒါမျိုးဘယ်လိုရှောင်ရမလဲဆိုတာ စောမေတို့ ကနောကျေနေပြီလေ။ စဆရက လုပ်တယ်ပဲပြောပြော ဖွဘုတ်ပေါ်မှာပဲကောင်းပါတယ်။အမှန်တော့ ကျနော်တို့လက်ထက်ကအတွေ့အကြုံတွေကိုပြန်ပြောင်းဖေါက်သည်ချတာပါ။ဒီနေရာမှာကျနော်ရိပ်စားမိလာတာတစ်ခုက ကျနော်တို့တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်လာမှုက ရပ်တန့်နေသလိုလို အရှိန်အဟုန်ကနှေးနေသလိုလိုဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီလိုမျိုးဖြစ်လာတာဟာအရင်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ mis-management ကြောင့်ဆိုပြီးအပြစ်ပုံချကြပါတယ်။ အားလုံးအပြည့်အစုံတော့မမှန်ပါဘူး။လူတွေရဲ့စိတ်ဓါတ်လည်းအများကြီးပါပါတယ်။ တခြားနိုင်ငံမှာခေတ္တလာရောက်နေထိုင်နေတဲ့အချိန်မှာ ဥပမာ စလုံး-- သူရဲ့ infrastructure တရားဥပဒေစိုးမိုးမှု၊ နိုင်ငံသားတွေရဲ့ စိတ်နေသဘောထား၊အစိုးရ နဲ့ ပြည်သူတွေကြားက interaction စတာတွေကိုစိတ်အအားမထားပဲလေ့လာကြည့်ရှုတဲ့အခါ ငါတို့တိုင်းပြည်အတွက်ဒီကနေ့လိုအပ်နေတာဟာtake off position လေးပါလာဆိုတာသိလာရပါတယ်။ စလုံးက cruising မှာရောက်နေပြီဆိုတော့ သိပ်တောင်အားထုတ်စရာမလိုတော့ပဲရှိရင်းစွဲအခြေအနေကနေ ကျမသွားအောင် ပညာတတ် အစိုးရအဖွဲ့ဝင်တွေက ထိန်းကျောင်းပေးနေပါတယ်။ဝန်ကြီးတွေ ကcommunity meeting တွေမှာပြောတာတွေ၊ ဝန်ကြီးချုပ်နဲ့ meet the people အစီအစဉ်တွေမှာ မကြာခဏတွေ့ဆုံကြတဲ့အခါပြောတာတွေ၊သတင်းစာခေါင်းကြီးပိုင်းတွေ၊ စတာတွေဟာပြည်သူတွေကို တိုင်းပြည်နဲ့ပတ်သက်လို့ relay လုပ် ပေးနေတာပဲဖြစ်ပါတယ်။ ဒါကိုနားလည်တဲ့သူက early warning ဖြစ်တာကိုသိတော့ မိမိ strategy ကိုပြောင်းပစ်ရင်ပြောင်းလိုက်ရမှာပဲ--ဒါမျိုးတွေဆိုတာအရှိန်အဟုန်ရနေတဲ့တိုင်းပြည်မှာ ဒီလိုပဲလုပ်ကြရမှာဖြစ်ပါတယ်။
ကျနော်တို့ဆီမှာ take off position ရောက်ဖို့နေရာတိုင်းမှာ လုပ်ရမှာပါ။ဒီနေ့ မြန်မာမှာဖြစ်နေတဲ့ပုံစံမျိုး ဗိယက်နမ်မှာလည်းဖြစ်ပြီးခဲ့ပြီးပြီ။ အင်ဒိုနီးရှားမှာလည်းဖြစ်ပြီးခဲ့ပြီးပါပြီ။သူတို့ဖြတ်သန်းခဲ့သလိုမျိုး မြန်မာလည်းအခုဖြတ်သန်းနေဆဲပါတယ်။တိုင်းပြည်အပြင်ဖက်မှာ ၄-၅-၆လလောက်နေပြီးပြန်ရောက်တဲ့အခါ နိုင်ငံရဲ့တိုးတက်မှုကိုခံစားရပါတယ်။တရားဥပဒေစိုးမိုးမှုအားနည်းလာတယ်လို့ဆိုလို့မရပါဘူး။ သတင်းမီဒီယာအားကောင်းလာတော့ယခင်ကလူမသိသူမသိ ဖြစ်ခဲ့ပျက်ခဲ့တာတွေကို ပြည်သူလူထုသိလာအောင်လုပ်လာနိုင်တဲ့အတွက်များလာနေသလိုမျိုးဖြစ်နေတာပါ။ဥပမာ ရန်ကုန်ဆေးရုံကြီးလိုနေရာမျိုးဆိုရင်ကောင်းသတင်းတွေပဲကြားလာပြီ ဆိုးသတင်းတွေကိုတောင်ဖုံးလွှမ်းပစ်ပါတယ်။ လူငယ်လူလတ်အပိုင်းမှာ ပရဟိတ စိတ်ဓါတ်တွေပေါ်ပေါက်လာတာလည်းအားရစရာတွေ့ လာရသလို သူတို့စိတ်ထဲမှာ ပစ္စည်းဥစ္စာ ရှာမယ် ဖွေမယ် ရှာလို့ရလာတာတွေကို sharing လုပ်မယ်ဆိုတဲ့ ပရဟိတစိတ်ဓါတ်တွေတွေ့ လာရပါတယ်။ တချို့လည်းမိမိ တတ်နိုင်သလောက် self study တွေလုပ်ကြပါတယ် မပြတ်စေချင်တာက life Long learning ပါ--ရက်တိုလေးဖြစ်ဖြစ် လုပ်ပေးနိုင်ရင် ကိုယ့် သိမှုတတ်မှု ကိုဖြန့်ကျက် လို့ ရပါတယ်--လူငယ်အချို့ လည်းလမ်းပျောက်နေသလို ဝိုးတဝါး ဖြစ်နေဆဲပါ- အခုခေတ်ကတော့ကျနော်တိုခေတ် လိုစုမယ်ဆောင်းမယ် မရှိတော့ ဘူး-- ရုပ်ဝတ္တုပစ္စည်းတွေရဲ့ဆွဲဆောင်မှု လည်းပါတာပေါ့--
ဒါကြောင့်ပဲတစ်နေက high tea ဝိုင်းမှာ သူငယ်ချင်းတွေဆွေးနွေးကြတာကခိုးထားတဲ့သူတွေ ခရိုနီတွေ သူတို့ပိုင်ဆိုင်မှုတွေကို ဘာကြောင့် sharing မလုပ်နိုင်ကြတာလဲ လို့-- အမေစု US ကပြန်လာပြီး အခွန်အများဆုံးပေးတဲ့ လုပ်ငန်းရှင်၁၅၀ ကျော်ကိုခေါ်တွေ့ပါတယ်။ သူတို့ ကြွယ်ဝမှုတွေကို ပြည်သူတွေကိုအကျိုးပြုနိုင်မဲ့ လုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံဖို့ ပြောခဲ့ပါတယ်။ ခရိုနီတွေ နိုင်ငံတွင်းမှာ သူများမလုပ်ချင်တဲ့ လုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံသွားကြမယ်ဆိုရင် ခရိုနီ အစား တိုင်းရင်းသားလုပ်ငန်းရှင် လို့ပဲပြောင်းခေါ်ရမှာပါ။
မောင်တိုင်ပင်
၁၅-၀၅-၂၀၁၇

No comments: