Sunday, June 4, 2017

အမေးနွားကျောင်းသား

ဝင်းထိန်အူးကိုမေးချင်တယ်ဆြာဂျီးကပြည်တွင်းမှာနေတယ်--မိတ်ဆွေအပေါင်းသင်းများတယ်--ပေါက်ပေါက်ရောက်ရောက်ရှိတယ်၊မဟုတ်မခံစိတ်ဓါတ်ရှိတယ်-- အမေစုကိုအရမ်းလေးစားတယ်-- အထင်ကြီးတယ်--ယုံကြည်တယ်--အခုသိတဲ့အတိုင်းငါကပြည်ပမှာမတတ်သာလို့ လာနေပေမဲ့မြန်မာပြည်သတင်းတွေသိချင်ရင်ဖွဘုတ်ကြည့် လို့မရတော့ဘူး--အရင်တလောက တို့ဖွဲ့ထားတဲ့ Engr မှာမင်းတို့ကိုမကြည်တဲ့ကောင်ကိုငါကလက်ခံလိုက်တယ်ဆိုပြီးအကျယ်အကျယ်မငြိမ်းဖွယ်တောင်ဖြစ်ခဲ့တယ် မဟုတ်လား--ငါ့အကောင့်သူခိုးကလက်ခံလိုက်တာ။ နောက်မှ ငါ့အကောင့်ခိုးထားတဲ့ကောင်ကိုချောင်ပိတ်ပြီးဖမ်းလိုက်တော့မှငါ့အကောင့်ပြန်ရတယ်-Engr ကိုငါကဝင်တောင်မကြည့်ဘူး။အဲလောက်စိတ်ဝင်စားတာ။-ထားပါတော့ --ငါပြောချင်တာက ဒါမဟုတ်ဘူး-- ဖွဘုတ်အပါအဝင်သတင်းတွေက fake တွေ လုပ်ကြံသတင်းတွေများတော့ဒီပိုစ်လေးကိုမင်းကို tag တွဲပြီးတင်လိုက်ရတာပါ- series လိုက်လာမယ်-- interaction ပေါ့ကွာ--ဒါကအတည်ပေါက်ရေးမှာ ဟိုဂျယ် တွေကိုရေးသလိုရေးမှာမဟုတ်ဘူး--
မေးချင်တာ ပညာရေး ကျန်းမာရေးအတွက်နှစ်စဉ်လိုအပ်မဲ့အဆောက်အဦးတွေကို ဆောက်လုပ်ရေးဝန်ုကြီးဌာနကတာဝန်ယူဆောက်သွားတော့မယ်ဆိုတဲ့သတင်းဖွဘုတ်မှာ ပြန့်နှံ့ လာတယ်--အဲတော့ ပုဂ္ဂလိကတွေရဲ့ စားကွက်ကိုဝင်နှိုက်တယ်လို့ စွပ်စွဲကြတယ်--
ငါနားလည်တာကပညာရေး ကျန်းမာရေးကကျောင်းတွေဆေးရုံတွေဆောက်ဖို့ တင်ဒါခေါ်တဲ့အခါ အင်ဂျင်နီယာမရှိတဲ့အတွက် tender, program, specification cost, တွေ တွက်ချက်ပေးဖို့ တင်လာတဲ့ tender တွေအတွက် evaluation လုပ်ပေးဖို့ ကိုဆောက်လုပ်ရေးကိုခိုင်းတာဖြစ်တယ်--တင်ဒါအောင်တဲ့ ကုမ္ပဏီ ကဆောက်လုပ်ရေး လုပ်ငန်းလုပ်နေတုံး သို့မဟုတ်လုပ်ပြီးတဲ့အခါမှာ ဆလရ က third party inspection အနေနဲ့ လုပ်ဖို့ ဒါမှမဟုတ် ဆလရ အသိအမှတ်ပြုတဲ့ consultant co တစ်ခုခု ကိုthird party inspection အနေနဲ့ လုပ်ပေးဖို့ ဆိုတာသိရတယ်--ဒါအမှန်ပဲမဟုတ်လား-- ပုဂ္ဂလိက ကုမ္ပဏီတွေ ရဲ့စားကွက်ဝင်လုတာမဟုတ်ဘူး --မဟုတ်လား
မောင်တိုင်ပင်
၂၄-၀၅-၂၀၁၇

No comments: