Sunday, June 4, 2017

ကမ္ဘာကျော်မဲ့မြန်မာအစားအစာ


ကျနော်ကမြန်မာအစားအစာတစ်ခုနှစ်ခုကိုကမ္ဘာကျော်စေချင်တယ်--ကိုရီးယားဆိုရင်ကင်ချီ၊ဂျပန်ဆို ဆူရှီ၊ ထိုင်းဆိုရင် တွန်ယမ်နဲ့ Gao pad khrapow အိန္ဒိယဆိုရင်ပူရီ တိုရှည်၊ အဲလို signature dishes တွေအသီးသီးရှိကြတယ်-
-မြန်မာမှာလည်း signature dishes တွေရှိပါတယ်ဒါပေမဲ့ standard တစ်ခုရှိစေချင်တယ် consistence ဖြစ်စေချင်တယ် -- ဥပမာ ထိုင်း dishes ဖြစ်တဲ့ကြက်သားပင်စိမ်း ( ခေါင်ပက်ခရာပို) ဆိုရင် ဘယ်Food court မှာစားစားဒီပုံစံ ဒီအရသာပဲ-- 
ဟင်္သာတ မုံဟင်းခါးမှကောင်းတယ်--တောင်ငူမုံဟင်းခါးမှာအရသာရှိတယ် --ဆိုတာမဖြစ်သင့်ဘူး--standardization ရှိသင့်တယ် လိုယူဆပါတယ်-- ဟင်္သာတမုန်ဟင်းခါးက ငှက်ပျောအူမပါဘူး- ငါးသလောက်ဥ နဲ့ချက်တယ်--ဒါမျိုးလည်းမဖြစ်စေချင်ဘူး--ငါးကျဉ်းငါးခူ နဲ့ချက်ရမယ် ငှက်ပျောအူထည့်ရမယ် စတာတွေကို စီးပွားကူးသန်းကစါးသုံးသူရေးရာဌာန က standardised မလုပ်သ့င်ဘူးလား?
မောင်တိုင်ပင်
၁၇-၀၅-၂၀၁၇

No comments: