Sunday, June 4, 2017

ဖစ်ရှင်မဟုတ်သောအဖြစ်အပျက်


၂၀၁၆ ခုနှစ်ဧပြီလ သင်္ကြန်ကာလအတွင်းတာချီလိတ် ဇင်းမယ် ကနေ ဘန်ကောက်ကို မောင်တိုင်ပင်မိတ်ဆွေ ဇော်ဝင်းဦးတို့ လင်မယားနဲ့အတူခရီးထွက်ခဲ့ရာ ဘန်ကောက် Amari Watergate hotel မှာ ၂ ရက်တည်းခိုခဲ့ပါတယ်--ဟိုတယ်က ထုံးစံအတိုင်း bed and breakfast ပါ။ ဘန်ကောက် ကနေစင်ကာပူ ခရီးဆက်ရမှာဖြစ်တော့ ၂ ရက်မြောက်နေ့ ဟိုတယ် မှာ နံနက်စာ စားပြီးထွက်ကြမယ်လို့ချိန်းဆိုခဲ့ပါတယ်။
မောင်တိုင်ပင်လည်းနံနက်စောစော နိုးတတ်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး ပဌါန်းရွတ်ဖတ်ကာbreakfast စားဖို့အောက်ဆင်းခဲ့ပါတယ်။စားနေတုံးမှာ ပဲဇော်ဝင်းဦး တို့လင်မယား ၂ ယောက်ရောက်လာပါတယ်။မောင်တိုင်ပင်လည်းသူတို့ကိုမစောင့်တော့ပဲအခန်းဆီတက်လာပြီးအဝတ်အစားတွေသိမ်းဆည်းပြီးအဆင်သင့်ပြုလုပ်ထားပါတယ်။ ချိန်းဆိုထားတဲ့ အချိန်ရောက်တော့ ဟိုတယ် lobby ကိုဆင်းလါပါတယ်။ခဏနေတော့ ဇော်ဝင်းဦး တို့ လင်မယားလည်းဆင်းလာပါတယ်။အခန်းအသီးသီးကCheck out လုပ်ပြီးဟိုတယ် ကိုစီစဉ်ထားခိုင်းတဲ့ ကားနဲ့ပဲလေဆိပ်ကိုဆင်းလါပါတယ်။
ရုံးပိတ်ရက် ဆန်းဒေးလည်းဖြစ်နေတော့ လေဆိပ်အသွားလမ်းခရီးဟာရှင်းနေပါတယ်။ နာရီဝက်လောက်ကြာတော့ ကားမောင်းသမားရဲ့ hand phone မြည်လာပါတယ်။ဘန်ကောက်မှာ ဟိုတယ်ကစီစဉ်ပေးတဲ့ limousine ကားတွေမှာဒရိုင်ဘာတွေက ဖုံးပြောလေ့ မရှိကြပါဘူး။အဲလိုဖုံးလာတော့ မောင်တိုင်ပင်လည်းဘာဖြစ်လို့ပါလိမ့် လို့ စဉ်းစားနေမိပါတယ်။ကားဒရိုင်ဘာ ထိုင်းလိုတစ်ခွန်းစ နှစ်ခွန်းစပြောပြီး သူ့ ဖုန်း ကိုဇော်ဝင်းဦးဆီ လှမ်းပေးလိုက်ပြီး ပါးစပ်က " hotel GM " လို့ပြောလိုက်ပါတယ်။
အဲတော့ မှမောင်တိုင်ပင်လည်းအရမ်းစိတ်ဝင်စားသွားပြီးဘာဖြစ်လို့ပါလို့ ဘာတွေများပြောနေပါလိမ့်ဆိုပြီးးနားစွင့်ထားလိုက်ပါတယ်။ ဇော်ဝင်းဦးက ပြန်လှန်ပြောတာ သိပ်မရှိပါဘူး။ yes yes နဲ့ပဲစကားထောက်ပေးပြီး နောက်ဆုံးကြမှ thank you very much ဆိုတဲ့စကားပဲကြားလိုက်ရပါတော့တယ်။
ဇော်ဝင်းဦးလည်း မောင်တိုင်ပင်ကိုပြုံးပြ လိုက်ပြီး Amari hotel က GM လှမ်းဆက်တာ ဆရာမျိုးရေ လို့ဖြစ်ကြောင်းရယ်ကုန်စင်ကိုပြောပြပါတယ်။
" မနက်ကဆရာမျိုး breakfast စားပြီးအခန်းပြန်တက်သွားတော့ စုစု ကထုံးစံအတိုင်း salad အရင်စစားတယ်။ salad အရွက်တွေ ရွေးထည့်ပြီးစားမလိုကြည့်လိုက်တော့ ice berg ဆလပ်ရွက်မှာ ဖန်ကွဲစကြီးကပ်နေတာတွေ့ လိုက်ရတယ်။ ဖန်ကွဲစကတော်တော်ကြီးတော့ catering manager ကိုခေါ်ပြလိုက်ပြီး--
' ငါ့အတွက်တော့ကိစ္စမရှိပေမဲ့မင်းတို့က 5 stars hotel ဆိုတော့ ဒါမျိုးတွေဂရုစိုက်သင့်တယ်'
ဆိုပြီးပြောပြလိုက်တော့ catering officer လည်းပြာပြာသလဲဖြစ်သွားပြီး salad ပန်းကန် ကိုသူကိုယ်တိုင်လဲပေးပါမယ်ဆိုပြီး ယူသွားကာအသစ်ထည့်လာပါတယ်။ ပါးစပ်ကလည်း ဆောရီးဆောရီးချင်းမိုးမွှန်အောင်ပြောကာတောင်းပန်ပါတယ်။
ဆရာမျိုးရယ် စုစု တောင်မနေတတ်တော့ဘူး။ ဘူးဖေစားပွဲတွေထိ လိုက်လာပြီး ကိုယ်တိုင်ယူပေးတယ်-- ကော်ဖီငှဲ့ ပေးတယ်-- နောက်စု ကအားနာလာပြီး ရပါတယ်။ ငါဖါသာလုပ်ပါမယ် ' လို့ပြောလိုက်ရတယ်။
ဇော်ဝင်းဦးက" ဒီကစ္စဟာအသေးအဖွဲလေးဆိုတော့မေ့မေ့ပျောက်ပျောက်ပါပဲ-- checkout လုပ်တော့ လည်းဘာမှ complain မလုပ်ခဲ့ပါဘူး " လို့ပြောပါတယ်--
ခုနက ဟိုတယ်က GM ကဆက်ပြီးတောင်းပန်တာပါ။ ကျနော်တို့ ၃ ယောက်လုံး ၂ ရက်တည်းခဲ့တဲ့အခန်းခတွေကိုအားလုံး hotel complimentary လုပ်လိုက်ပြီး debit card ထဲပြန်ထည့်ပေးပါမယ်--လို့ လှမ်းပြောတာဖြစ်ပါတယ်။ 
ဟိုတယ်က checkout လုပ်ပြီး ထွက်သွားပြီဆိုတော့ ဒရိုင်ဘာကနေတဆင့် GM ကိုယ်တိုင်ဖုံးဆက်တောင်းပန်တာဖြစ်ပါတယ်။ အမှန်တော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးဟာအသေးအဖွဲလေးဖြစ်ပေမဲ့ customer ကိုဂရုစိုက်ရမယ်ဆိုတဲ့ အသိက ဟိုတယ်ဝန်ထမ်းအားလုံးစိတ်ထဲမှာ ရှိနေလေတော့ အားနာယူရတဲ့အထိတောင်းပန်ခဲ့ပါတယ်--
မှတ်ချက်// တစ်နေ့ က ရန်ကုန်ဆူးလေရှန်ဂရီလာဟိုတယ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကိုစောင်းမြောင်းရေးသားခြင်းဖြစ်ပါကြောင်းဝန်ခံပါတယ်-- ဖစ်ရှင်ဆရာကြီးကရေးတော့ ဖစ်ရှင်ထင်နေပါအုံးမယ် ဖစ်ရှင်မဟုတ်ပါ-- ကိုယ်တိုင်ကြုံခဲ့ ရသော အဖြစ်အပျက် ဖြစ်ကြောင်းဝန်ခံပါတယ်--မယုံရင်မေးကြည့်နိုင်ပါတယ်။--
မောင်တိုင်ပင်
၂၀-၀၅-၂၀၁၇

No comments: