Sunday, June 4, 2017

အကြံပိုင်တဲ့ ချာတိတ်


အမေရိကန် နိုင်ငံအဝေးပြေးလမ်းမတစ်ခုမှာယဉ် ထိန်းရဲတစ်ယောက်ဟာသတ်မှတ်မိုင်နှုန်းထက်ပိုမောင်းတဲ့မော်တော်ကားတွေကို speed camera ရိုက်ပြီးဖမ်းနိုင်ဖို့အတွက်ပုန်းခိုလို့ရတဲ့နေရာကောင်းတစ်ခုကိုတွေ့ လိုက်ရတော့ဝမ်းသာသွားပါတယ်-- သူလည်းအကွယ်မှာကင်မရာကိုအသာလေးထောင်ထားပြီးစောင့်ကြည့် နေပါတယ်--
ဒါပေမဲ့အဲဒီနေ့ကဘယ်ကားမှသတ်မှတ်ထားတဲ့ speed ကိုကျော်မောင်းတာကိုမတွေ့ တဲ့အတွက်မဖမ်းလိုက်ရပါဘူး--ယဉ်ထိန်းရဲ လည်းပုန်းခိုနေရာကနေအပြင်ထွက်စနည်းနာကြည့်တော့--သူ့ ရှေ့ ကိုက် ၅၀၀လောက်မှာ ၁၀နှစ်အရွယ်ချာတိတ်တစ်ယောက် က သူ့ တစ်ကိုယ်စာ ကိုင်လို့ ရတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကိုကိုင်ပြီးကားတွေကိုထောင်ပြသတိပေးနေတာတွေ့ လိုက်ရတဲ့အပြင် ဆိုင်းဘုတ် မှာ Radar trap ahead လို့ ရေးထားတာကိုပါတွေ့လိုက်ပါတယ်--
နောက်ထပ်ဘာတွေ့ လဲဆိုရင် သူပုန်းနေတဲ့နေရာက နောက်ကိုက် ၁၀၀ လောက်အကွာမှာ နောက်ထပ် သူ့ အရွယ် ချာတိတ်တစ်ကောင်က Tips လို့ရေးထားတဲ့ဆိုင်းဘုတ်ကိုထောင်ပြပြီးကိုင်ထားတဲ့အပြင် သူ့ ရှေ့ မှာချ ထားတဲ့ရေပုံးထဲ ကိုကြည့်လိုက်တဲ့ အခါ အကြွေစေ့ တွေအပြည့် ရှိနေတာကိုတွေ့ လိုက်ရပါ တော့ တယ်--
မောင်တိုင်ပင်
၀၃-၀၅-၂၀၁၇
credit: On line funny short stories

No comments: