Sunday, June 4, 2017

မြေးထိန်းအတတ်ပညာ


အကြီးကောင်က E လိုပဲပြောပြီး ဗမာလိုတော့ နားလည်တယ်--ဒီကောင်က ၇ နှစ်--စကားလည်းတော်တော်များလာတယ်-- သူ့အဖေကစိတ်ရှည်ရှည်နဲ့ နားထောင်တတ်တော့အဖေ ကို အကြောင်းအရာပေါင်းစုံပြောပြတတ်တယ်။ တခါတလေစဉ်းစားမိတာက ဒီကောင် vocabulary ဘယ်လိုရလာတာလဲလို့-- ကျောင်းကရလာတာရှိမယ်-- အင်တာနက် You tube ကရလာတာတွေရှိမယ်။ကြမ်းတမ်းတဲ့စကားအယုတ်တမာစကားတွေတော့ မကြည့်ရဘူး။ သူ့အမေက အမြဲ check လုပ်တယ်။ အဖိုးကိုတော့အဓိပ္ပါယ် ကိုလာလာမေးတတ်တယ်။ ဒီနေ့ကျောင်းကပြန်လာတော့ သူကိုတစ်စုံတစ်ယောက်သော သူ က shut up ဆိုပြီးပြောတယ် တဲ့-- ဘယ်သူဘယ်ဝါဆိုတာတော့ မပြောတော့ပါဘူး တဲ့ ဖိုးဖိုး သိမှာမဟုတ် လို့ပါ တဲ့-စကားကြီးစကားကျယ်လေ-- အဖေနဲ့ တစ်ခါတစ်လေပြောနေတာတွေ မသိမသာနားထောင်ကြည့်မိတယ်။ပြောပုံဆိုပုံက အဆင့်မြင့်လာတယ်။ ခလေးပြောနည်းမျိုးမဟုတ်တော့ဘူး။သူတို့ပြောတာကို ကိုယ်သိနေပေမဲ့မသိချင်ယောင်ဆောင်ပြီးစကားရောဖေါရောပြောသင့်တယ်။ ဒါမှ ခလေးကိုယ်တိုင်လည်း ကိုယ့် ကိုကိုယ်ယုံကြည်ချက်မြင့် လာမယ်။ talkative ဖြစ်တာကို နားညည်း လိုက်တာဆိုပြီးမောင်းထုတ်ဖို့ မသင်တော်ဘူးလေ။ ခလေးဆိုတာဒီအဖေဒီအမေ ကိုပဲသူတို့ရင်ဖွင့်စရာရှိတာ။ဒါမျိုးဖြစ်နေဖို့ နောက်၅ နှစ်ပဲမျှော်နိုင်မယ်။ ဆယ်ကျော်သက်ဖြစ်လာရင်သူဟာသူ ကြိုက်တဲ့သီချင်းနားထောင်မယ်။ သူငယ်ချင်းနဲ့ပဲစကားပြောချင်မယ်။ ပိဘနဲ့ ဆိုတာမုန့်ဖိုးတောင်းဖို့ပဲစကားပြောချင်တော့မယ်။ဒါကြောင့်ဒီအချိန်လေးမှာဟုတ်သည်ဖြစ်စေ သူတို့လေးတွေနဲ့စကားပြောကြည့်ကြပါ။သူတို့လေးတွေနဲ့အတူအနားယူပါ။စိတ်ဝင်စားစရာတော်တော်ကောင်းပါတယ်။ ငါသူ့အသက်အရွယ်တုံးကဒီလိုပြောနိုင်သလား ဆိုတာတွေးဖို့ မမေ့ပါနဲ့--သားသမီးဆိုတာရတနာတစ်ပါးလို့ ရှေးလူကြီးတွေဘာကြောင့်ပြောသလဲ ? 
နောက်တစ်ခုခလေးတွေကိုဆိုးလာတယ် ဆိုးလာတယ် မပြောစေချင်ဘူး။သူတို့အသိဉာဏ်တဖြည်းဖြည်းချင်းကြွယ်ဝလာတာ။အကြီးကောင်တုံးက ရဟန်းတစ်ပါးကမေးဘူးတယ်။ လင်းမြတ်အောင် ပစ္စည်းတွေကိုအပေါ်ကပစ်ချတတ်နေပြီလားလို့ ၃ နှစ်ရွယ်လောက်အရောက်မှာမေးဘူးတယ်။ မချပါဘူး ဘုရား လို့ပြန်လျှောက်လိုက်ရတယ်။ အေး-- နောက်ဆိုရင်ပစ္စည်းတွေကိုအပေါ်ကနေအောက်ချ လိမ့်မယ်လို့ပြောပါတယ်။ ဘယ်နဲ့ ဒီဦးပဇ္ဖင်းက ခလေးကိစ္စတွေလာပြောနေပြန်ပါလိမ့်လို့တော့တွေးမိလိုက်တယ်။ မကြာပါဘူး။တစ်လလောက်နေတော့ ဒီကောင်ပစ္စည်းတွေယူယူလာပြီးအောက်ပစ်ချတတ်နေပြီ-- ဒါပေမဲ့ မကြာပါဘူး-- အောက်ချတတ်တဲ့ အကျင့်ပျောက်သွားပါတယ်။ အခုအငယ်ကောင်လည်းလာပြီ-- ၇ထပ်တိုက်ပေါ်ကနေပစ္စည်းတွေအောက်ပစ် ချတတ်နေပြီ။ခဏခဏအောက်ဆင်းကောက်ရတယ်။
ဒီအဖိုးကြီး ခလေးဆိုင်ကော်လော်ဂျီ တတ် လို့ လားလို့ ထင်ကောင်းထင်မယ်။ဟဲ ဟဲ ခလေးထိန်းလုပ်သက် ၅ နှစ်လောက်ဆိုတော့ ဒါတွေသိနေပြီလေ--အရင်တုံးကကိုယ်လည်းကိုယ်ပိုင်ခလေးရှိတော့ Child rearing ပဲ ဘာများခက်တာပါလိမ့် လို့ ထင်မိခဲ့တယ်။ အခုမှကိုယ့်မြေးကိုထိန်းလာတော့ မှ ခလေးထိန်းတယ် child rearing ဆိုတာဘာလဲဆိုတာသဘောပေါက်လာတယ်။ခလေးစိတ်နေသဘောထားထားတွေသိလာတယ်။ copy cat သိပ်လုပ်ချင်တယ်။လူကြီးတွေဘာလုပ်သလဲ လေ့လာတယ်။ အဖိုးကမနက်ဆိုရင်ပဌါန်းကိုစာအုပ်အကြီးကြီးကိုင်ပြီးရွတ်ဖတ်တတ်တယ်။ စာအုပ်ကိုချထားတုံးလစ်တဲ့အချိန် ကိုင်ပြီးပါးစပ်က ၀ူးဝူးဝါးဝါး နဲ့ အဖိုးစတိုင် ရွတ်သလိုလုပ်တတ်တယ်။ ခိုင်းတဲ့ အခါ မြှောက်ခိုင်း လို့ကတော့ လုပ်သလားမမေးနဲ့--အိမ်ထဲမှာ dust bin ဆိုတာ ပြထားတယ်။ တခါတလေ ချိုချဉ် ငုံပြီး အထုပ်စက္ကူကိုထိုင်ရာကထမပစ်ချင်ရင် မြေးငယ် ကိုခေါ်-- throw in the dust bin ဆိုရင်အမှိုက်ပုံးထဲပြေးထည့်လိုက်တာပဲ။ပြီးရင် five five လုပ်လိုက်-- မြေးငယ် ဂွေးတက်အောင် လုပ်တော့တာပါပဲ။ သူတို့ အသိဉာဏ်ရင့်သန်မှုဟာအရမ်းမြန်ပါတယ်။အငယ်ကောင်ကစကားပြောနောက်ကျတယ်။ ဒါပေမဲ့ intelligent ဖြစ်ပုံကတော့ အရွယ်နဲ့ မလိုက်ဘူး။ဒါကြောင့် ဆိုးလာတယ်-- ဆိုးလာတယ် မပြောနဲ့--သူတို့စိတ်နဲ့သူတို့ လုပ်ချင်ရာရာ ကိုလုပ်ချင်လာတာ။ ဆိုးတာတွေ လုပ်လာရင်ဒါမျိုးမလုပ်သင့်ဘူးဆိုတာပညာပေးရတယ်။အခုဘာစိတ်ဝင်စားလာသလဲဆို-- ပွက်ဆိပ်လေးတွေ အစာချီ သွားကြလာကြတာကိုထိုင်ကြည့်ပြီးကျေနပ်စွာအော်ဟစ်တာပါပဲ-- အကြီးကောင်တုံးက ပိုးဟပ် ကြောက်တတ်တယ်။ အခုအငယ်ကောင်ကြတော့ ခြေထောက်နဲ့ပြေးတက်နင်းတာ။ ယောက်ျားလေးတွေတော့ လက်လန်တယ်။ တစ်ယောက်ထဲတုံးကတော်သေးတယ်။ အခု ၂ ယောက်ဆိုတော့ မျောက်မူးလဲလောက်အောင်ကိုဆော့ ကြတယ်။အကြီးကောင်က hyper-active child ဆိုတော့ အငြိမ်ကိုမနေတတ်တာ-- အငယ်ကောင်နဲ့ ၄နှစ်ကွာပေမဲ့ ကိုယ်လုံးကတူတူပဲ။play ground များရောက်ရင် မလွယ်တော့ဘူး။
အသက်ရှည်ဆေးတော့ အသက်ရှည်ဆေးပဲ။ယောက်ျားလေး ၂ ယောက်ဆိုတော့ ဟိုမိန်းခလေးမြေးရှိတဲ့ဆြာအူး ကိုတောင်အားကျမိသေး--
မြေးမရှိသေးတဲ့မောင်တွေတော့ ပါးစပ်အဟောင်းသားနဲ့ နားထောင်မနေနဲ့--
မောင်တိုင်ပင်
၂၃-၀၅-၂၀၁၇

No comments: