Sunday, June 4, 2017

အမြဲတန်းအတွင်းဝန်

မောင်တိုင်ပင်တို့သိမှီလိုက်တာကအခုဝန်ကြီးများရုံးဆိုတာအရင်က အတွင်းဝန်များရုံးလို့ခေါ်တာဗျ--နေဝင်းအာဏာသိမ်းပြီးမှ ဝန်ကြီးများရုံးပြောင်းပြစ်တာ--ပြောချင်တာက တိုင်းပြည်အုပ်ချုပ်ရေးယန္တရားဟာအဲဒီ Secretariat office မှာရှိတာ--မောင်တိုင်ပင် အစ်ကိုဝမ်းကွဲတွေ အမျိုးတွေဟာ ဘီစီအက်စ် Burma Civil Service အောင်ခဲ့တဲ့သူတွေပဲ သူတို့အရင်ကတော့ ICS Indian Civil Service အောင်ခဲ့တဲ့ သိပ္ပံမောင်ဝတို့လက်ထက်ပေါ့ဗျာ--
မြို့ ပိုင် ခရိုင်ဝန် တိုင်းမင်းကြီး စတဲ့အခေါ်အဝေါ်တွေဟာ အရပ်ဖက်အုပ်ချုပ်ရေးမှာ ကျွမ်းကျင်သူတွေပေါ့ဗျာ--မင်းကြီးဆိုရင်နယ်တစ်နယ်မှာ ဘုရင်ပဲ--အခုခေတ်ထိတောင်အထွေထွေအုပ်ချုပ်ရေးက အရာထမ်းတွေကိုမင်းကြီး လို့ unofficially ခေါ်တုံးဗျ----ဝန်ကြီးဌာနတစ်ခုမှာ အတွင်းဝန်ဟာအခရာပဲ--ဝန်ကြီးဆိုတာ တက်လာတဲ့ အစိုးရ ရဲ့ပေါ်လစီပဲကိုင်တာ-- အုပ်ချုပ်ရေးစနစ် ဗျူရိုကရေစီကသူ့ဖါသာရှိပြီးသား-- အတွင်းဝန်ကသူ့ အုပ်ချုပ်မှု ယန္တရားအတိုင်းဆောင်ရွက်ယုံပဲ--အရင်အစိုးရလက်ထက်မှာလည်း လေ နဲ့ ဝမ်းနဲ့ မကွဲဘူး--အခုလက်ရှိအစိုးရထိယောင်ဝါးဝါး ပဲ--ဒီကောင်ဘေးထိုင်ပြီး စဆရက လုပ်နေတယ် ထင်ချင်လည်းထင်တော့ --အချိုးမပြေရင်ဘယ်သူတက်တက်ပြောရမှာပါပဲ--ဒီနေရာမှာ ဗျူရိုကရေစီယန္တရားကိုနိုင်နိုင်နင်းနင်း ရှိတာ အိန္ဒိယ ပဲ-- ဝန်ကြီး ၂ဆက် နဲ့ ဝန်ကြီးအချင်းချင်း call တွေ့ရာမှာ ဘေးကထိုင်ခဲ့ဘူးတယ်--ဝန်ကြီး ကမူဝါဒ ပိုင်းရောက်လာမှ သူဝင်ပြောတာ-- နှစ် နိုင်ငံကုန်သွယ်ရေး ကိစ္စတွေကိုအတွင်းဝန်နဲ့ပဲ ညှိရတာ--အဲဒါဒီမိုကရေစီ ဘိုးအေ နိုင်ငံကပဲ--

၂၄-၀၄-၂၀၁၇

No comments: