Sunday, June 4, 2017

ပြုပြင်ထိန်းသိမ်းမှု

မောင်တိုင်ပင်တို့မြန်မာတွေပြုပြင်ထိန်းသိမ်းမှု maintenance နဲ့ပတ်သက်ရင်အတော်အားနည်းခဲ့ပါတယ်။ရုံးတွေမှာတခြားမကြည့်ပါနဲ့၊ မော်တော်ယဉ်ပဲကြည့်ပါ။ စုတ်ပြတ်သတ်နေသောမော်တော်ယဉ်တွေလမ်းပေါ်မှာပြေးလွှားနေတာတွေ့ဘူးမှာပါ။ မောင်တိုင်ပင်ကိုယ်တိုင်ရုံးကပေးလိုက်တဲ့တိုယိုတာ ဟိုင်းအေစ်ယဉ်နဲ့တိုင်းရော့ပြုတ်ပြီးမေမြို့ ကပြန်အဆင်းမှာချောက်ထဲပြုတ်ကျဘူးပါတယ်။ ကံကောင်းလွန်း၍ယဉ်ပေါ်ပါသူ ၇ ဦးစလုံးသေကံမရောက်သက်မပျောက်ခဲ့ပါ။ညနေ နေဝင်ရီတရောချိန်မှောက်တော့ အင်ဂျင်ဝိုင်တွေခေါင်းပေါ်ရွှဲနစ်နေတဲ့မောင်တိုင်ပင်ကိုအမှောင်ထဲမှာသွေးတွေနဲ့ဂယောင်ကတမ်းလျှောက်သွားတယ် လိုထင်နေကြတာပေါ့--အောက်ပိုင်းကိုသေချာ ကိုင်ပေးလိုက်တဲ့ကား တဲ့ -- နီပေါကြီးမှတ်မိသေးလား Unipual Unipual
ခေါင်းထဲမှာရှိတာကိုပြောရရင်ဌာနဆိုင်ရာပိုင်စက်ပစ္စည်းတွေကိုသက်တမ်းသတ်မှတ်ပါ။ အပြည့်အဝအသုံးချပါ။ depreciation zero ရောက်ခဲ့ ရင် write off လုပ်ပစ်ပါ။ အသစ်တစ်ခုဝယ်ပြီးတိုင်းနှစ်စဉ်maintenance plan အတွက်ငွေကြေးပါသတ်မှတ်ထားပါ။ log book ထားပါ။ ပြောတော့သာလွယ်တာပါ။ လုပ်သူလည်းမရှိ -- စစ်ဆေးသူလည်းမရှိ ကားအိုကားဟောင်းတွေ accident ဖြစ် ဝန်ထမ်းတွေသေကြေ ဒဏ်ရာ ရကြနဲ့ အော် ငါ့ ကုသိုလ်ကံပဲ လို့သာမှတ်ယူ လိုက်ကြပါတော့တယ်။ ကားအိုကားဟောင်းတွေလမ်းပေါ်မှာပြေးနေတာဟာစက်သုံးဆီလည်းကုန်သလို အပိုပစ္စည်းအတွက်လည်း သုံးနေရတော့ အသစ်ဝယ်တာမှတွက်ချေကိုက်ပါမယ်။
ဒီလောက်စည်းကမ်းစနစ်ကျတဲ့ စင်ကာပူနိုင်ငံမှာတောင် MRT တွေ ဘတ်စ်တွေ breakdown ဖြစ်ကြတာကိုတွေ့ ရပါတယ်။ တခါတရံအင်ဂျင်နီယာ မဟုတ်တဲ့ ဝန်ထမ်းအကြီးအကဲတွေဆို ပြုပြင်ထိန်းသိမ်းရေး တင်ပြလွှာဆိုရင် အာဂျင်ဒါ နောက်ဆုံးပို့ပစ်ပြီး မဆွေးနွေးကြတာတောင်မောင်တိုင်ပင်တွေ့ ကြုံခဲ့ ဘူးပါတယ်။ maintenance ကိုအလေးမထားတဲ့ နိုင်ငံမှာ ဘတ်ဂျက်ဆိုတာ ဂျာအေးသူအမေရိုက် ဆိုသလိုမျိုးဖြစ်နေမှာအသေအချာပါ။

၁၇-၀၅-၂၀၁၇


Sho

No comments: