Sunday, June 4, 2017

ဖေါက်ထွက်လုပ်ကိုင်တတ်ရမယ်


အစိုးရ အသစ်တစ်ရပ်တက်လာတိုင်း ဝန်ကြီးဌာန တစ်ခုရဲ့ visionဟာပြောင်းလဲသင့်ပါသလား? အခြေခံရမဲ့မူကတော့တစ်သမတ်တည်းရှိသင့်ပြီး ပေါ်လစီကို အကောင်အထည်ဖေါ်ဖို့ အတွက်ကြတော့ အစိုးရအသစ်ရဲ့ အခြေခံထားမဲ့ မူဝါဒအပေါ်မူတည်ပြောင်းလဲရေးဆွဲရမယ်လိုထင်ပါတယ်။ ဥပမာ ပညာရေးပေါ်လစီ၊ ကျန်းမာရေးပေါ်လစီ၊စွမ်းအင်ရေးရာပေါ်လစီ၊ စီးပွားရေးပေါ်လစီ စသည်တို့ဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံအဖို့ အစိုးရတစ်ရပ် ကိုပါတီကဦးဆောင်ဖွဲ့စည်းတဲ့အခါ နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းကလည်းပါတီကချမှတ်ထားတဲ့ပေါ်လစီကိုအခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ကျင့်သုံးမဲ့ပေါ်လစီတွေကို guidelines အဖြစ်အသုံးပြုနိုင်ရန်ထုတ်ပြန်ရမယ်လို့ ထင် ပါတယ်။အင်္ဂလန်နိုင်ငံ Tropical Development Research Institute TDRI ကစီးပွားကူးသန်းကိုအကူအညီပေးလာတုံးက Consultant Dr Dendy ကပြောဘူးပါတယ်။ " တိုရီတွေ အုပ်ချုပ်ရင်သူတို့ ဝန်ကြီးဌာနကို Oversea Development Administration ODA လို့ခေါ်ကြောင်း လေ ဘာ ပါတီကရွေးကောက်ပွဲ အနိုင်ရလို့ သူတို့တိုင်းပြည်အုပ်ချုပ်ရင် International Development Agency ဟုပြောင်းခေါ်ကြောင်းဟာ သနှော၍ပြောပြဘူးပါတယ်။
မောင်တိုင်ပင်လည်းမောင်တိုင်ပင်လုပ်ခဲ့တဲ့ဝန်ကြီးဌာနအကြောင်းအရပ်သားအစိုးရလက်ထက်မှာဘာလုပ်သင့်လဲစဉ်းစားမိတာကိုပြောပြချင် တာပါ။ အရင်ကရှင်းပါတယ်။စစ်အာဏာရှင်လက်ထက်ပါ။vision mission တွေသိပ်မပြောင်းလဲပါ။ နောက်ဆုံးအစိုးရကတော့ quasi- government ပါ။ so calledအရပ်သားအစိုးရ လို့ ပြောနိုင်တာပေါ့ဗျာ။အခုကတော့ အရပ်သားအစိုးရလုံးလုံးဖြစ်နေပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးဌာန ၃ ခုကတော့ ကာချုပ်ကအမည်စာရင်းပေးသူကိုခန့် တာပေါ့။နောက် ၂၀၂၀ ကြရင်နောက်ထပ်အရပ်သားစစ်စစ်အစိုးရတစ်ရပ်တက်လာလိမ့်အုံးမှာပါပဲ။ NLD ပဲဖြစ်ချင်ဖြစ်မယ်။ မပြောနိုင်ဘူး။အဲဒီကြရင်ကောဝန်ကြီးဌာနတွေပေါ်လစီပြောင်းအုံးမှာလား။အစိုးရတစ်ရပ်က ၅နှစ်သက်တမ်း ၄ ဆက်လောက်အုပ်ချုပ်မှအစိုးရမဏ္ဍိုင်ကြီးတစ်ရပ်ခိုင်မာမှုရလိမ့်မယ်ဆိုတာတော့မဟုတ်သေးဘူးနဲ့တူတယ်။အစိုးရတစ်ခုနှင့်တစ်ခုအပြောင်းအလဲမှာ ဝန်ကြီးဌာနတွေအတွင်းမှာ ပေါ်လစီတွေstreamlining လုပ်ဖို့ mechanism တစ်ခုလိုမလားမသိဘူး။
(E လိုပဲဖေါ်ပြပါရစေ-- ရုတ်တရက်ဗမာစကားရှာမတွေ့ လို့ပါ)ဘယ်လိုလုပ်ရမလဲဆိုတာအရင်အစိုးရလက်ထက် PS သင်တန်းတွေမှာဘာတွေပြောခဲ့သလဲတော့မသိဘူး။ဒီလိုပြောလို့ မင်းအရင်အစိုးရဘက်ပါတယ် လိုမပြောနဲ့ -- အခုအစိုးရလက်ထက်မှာကောဘယ်လိုများဖေါက်ထွက်လုပ်ကိုင်ဖို့ လုပ်နေကြသလဲ-- ဒါမေးခွန်းထုတ်စရာပါ။ကျနော်လည်းမသိလို့မေးနေတာပါ။ ကဲဒီဂျီတွေ ဒီဒီဂျီတွေ (တခြားလူတွေမပြောပါဘူး။ ကျနော်နဲ့ ခင်တဲ့ friends တွေကိုပြောတာပါ) ပြန်လှန်ဆွေးနွေးကြပါအုံး။ ဖွဘုတ် မှာ မဆွေးနွေးချင်ရင် messenger ကဆွေးနွေးပေးပါ။
အစိုးရသစ်တစ်ရပ်တက်လာရင်နေ့စဉ်နှင့်အမျှကမ္ဘာကြီးဟာပြောင်းလဲနေတဲ့အတွက်သူလည်းလိုက်ပါပြောင်းလဲရမှာပါပဲ။ အဲတော့ စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ စတာတွေလည်းပြောင်းလဲနေမှာပါပဲ။ ပြောင်းလဲလာတဲ့အခြေအနေနဲ့ လိုက်လျောညီတွေရှိနိုင်တဲ့ ပေါ်လစီတွေကို ရွေးကောက်ခံတက်လာတဲ့ ပါတီကရေးဆွဲတင်ပြကြရာမှာပါပဲ--အဲဒီကြရင်ဝန်ကြီးဌာနအတွင်းမှာ လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့မူဝါဒတွေလည်းပြောင်းလဲကြရမှာပါပဲ။ မူဝါဒတွေကို အကောင်အထည်ဖေါ်မဲ့ ဌာနဆိုင်ရာ institutions တွေလည်းဖွဲ့စည်းပုံပြောင်းချင်ပြောင်းရပါမယ်။ vision mission တွေလည်းပြောင်းလဲချင်ပြောင်းလဲရပါလိမ့်မယ်။အရင် quasi-government ကလုပ်ခဲ့တဲ့ လုပ်နည်းစနစ်တွေအတိုင်း vision mission တွေအတိုင်းမပြောင်းလဲပဲ ဘယ်လျှောက်လို့ ဘယ်လှမ်းရမှာကို မသိ fish follow water follow လုပ်နေရင် ဘယ်မှာတိုးတက်မှု ကိုမြင်ရပါ့မလဲ--စီးပွားကူးသန်းဆိုရင် export ၃ဆ တက်လာရမယ်ဆိုတဲ့ ကြုံးဝါးသံပဲ တက်ခါစကကြားလိုက်ရတယ်။ ဘယ်လိုစနစ်နဲ့ ဘယ်လိုချီတက်လုပ်ကိုင်ကြမှာကို ထုတ်ပြန်ထားခြင်းလည်းမရှိ သေးပါ။ NLD စီးပွားရေး ပေါ်လစီ ၁၂ ရပ်ကိုအခြေခံကာ ဝန်ကြီးဌာနက သီးသန့်အထူးပြုလေ့လာတင်ပြထားတဲ့ပေါ်လစီတွေက ဘာလဲ vision mission တွေက ဘာလဲ ဆိုတာ လုပ်ငန်းလမ်းညွှန်အဖြစ်ထုတ်ပြန်ပေးရပါလိမ့်မည်။ ဌာနတွင်းမှာ ထုတ်ပြန်ထားပြီးဆိုရင်လည်း ဘာတွေလဲဆိုတာ ဝန်ကြီးဌာန ရဲ့ mouth piece ဖြစ်တဲ့ Commerce Journal ကနေအသိပေးနေရပါမယ်။ အောက်ခြေက ဝန်ထမ်းတွေကနေ ဝန်ကြီးဌာနမှာ ဘာတွေလုပ်နေမှန်းလည်းမသိဘူး ဆိုတဲ့စကားသံတွေကြားလာရတဲ့အခါ အော်ဒီဝန်ကြီးဌာနဘာတွေလုပ်နေပါလိမ့် လို့ စဉ်းစားမိတာတွေပါ။ ဒီဌာနမှာ ဒေါက်တာစစ်စစ် ၅ ယောက်လောက်ရှိနေပြီလို့သိရပြီးနောက် လာလတ္တံ့ တွေလည်းအများကြီးလို့ သိထားရပါတယ်။တာဝန်ရှိသူတွေအနေနဲ့ ရှေးရိုးထုံး လုပ်နည်းစနစ်တွေကနေ ဘယ်လိုဖေါက်ထွက် လုပ်ကိုင်လာမလဲဆိုတာကို သိချင်နေပါတယ်။
မောင်တိုင်ပင်
၂၀-၀၅-၂၀၁၇

No comments: