Sunday, June 4, 2017

မြေးကြီးလက်ကျိုးခဲ့စဉ်က



မြေးအကြီးကောင် vivo city က playground မှာဆော့ရင်း ၁ မီတာအမြင့်ကချော်ကျတာ ညာလက်ကျိုးသွားတော့ NUH က children emergency အပြေးသွားပြီး ပီအိုပီ ကိုင်လိုက်ရတယ်။ တစ်ပတ်နေတော့ အဖိုးနဲ့အတူတူ follow up treatment ယူဖို့ NUH Clinic B ကိုတစ်ခေါက်သွားပြီးအရိုးဆရာဝန်ပြတော့ နောက်ထပ် ၃ ပတ် casting လုပ်ရမယ်။ပြီးရင်တော့ လုံးဝပျောက်သွားလိမ့်မယ်။စိတ်ပူစရာမလိုတော့ ဟု ဓါတ်မှန် ကို စစ်ဆေးကြည့်ပြီးပြောလိုက်ပါတယ်။ ကျောက်ပတ်တီးစီးတာတွေဘာတွေကပုံစံအသစ်ဖြစ်နေပြီ။ ခလေးဆိုတော့ အရောင်လေးတောင်ရွေးခိုင်းလိုက်သေးတယ်။ အဖိုးလိုပဲ ဖွန်ကြောင်တော့ မိန်းခလေးတွေကြိုက်တဲ့ ပန်းရောင်အရင့်ကိုရွေးလိုက်တယ်လေ။ဒီတစ်ခါတော့ သေသေချာချာကို လုပ်ပေးလိုက်တော့ မြေး လည်းကျေနပ် လို့-- အဖိုးလည်းကျေနပ်တယ်။ မြေးကဆရာဝန် နဲ့ interaction ကောင်းကောင်း လုပ်နိုင်တယ်။အဖိုးက လိုအပ်မှပဲထောက်ပေးရတယ်။
လက်ကျိုးတာကညာဖက်ဖြစ်နေတော့ သူ့ကျောင်းမှာ lunch သွားကျွေးရတယ်။Global Indian International School ဆိုတော့ အိန္ဒိယနိုင်ငံသားတွေများတယ်။ lunch မှာ အိန္ဒိယ သတ်သတ်လွတ်ထမင်းဟင်း နဲ့ ချပါတီ၊ ပူရီတွေရောင်းတယ်။မောင်တိုင်ပင်က ကုလားစာကြိုက်တော့ ကုလားဟင်းနံ့ လေးရှုရင်းမြေးကိုထမင်းကျွေးရတယ်။ကျောင်းသားကျောင်သူတွေက အသီးသီး lunch box လေးတွေယူလာကြတယ်။တစ်စေ့တစ်စောင်းလေ့ လာကြည့်တော့ ချပါတီ၊ပလာတာ တွေပဲထည့်လာတာများပါတယ်။
မြေးကိုထမင်းသွားကျွေးတာ GIIS ရဲ့ Queentowns campus ဖြစ်ပါတယ်။ ဘာသွားသတိရသလဲဆိုတော့ မန္တလေး စိန်ပီတာ ကျောင်းကိုသတိရမိတယ်။ စိန်ပီတာမှာlunch စားချိန်ကြရင်ကော်ရစ်ဒါတွေကစါးပွဲခုံလေးတွေကိုဒေါက်ထောက်ပြီးအသီးသီးလှန်လိုက်ယုံပဲ။အဲဒီစားပွဲပေါ်မှာ lunch စားကြရတာ။တချို့ ကအတန်းတွေထဲမှာပဲစားကြရတယ်။နောက်တော့ မောင်တိုင်ပင်တို့ ညီအစ်ကို ၂ ယောက်က boarding နေတဲ့ ကျောင်းသားတွေကျွေးတဲ့ ထမင်းစားခန်းမှာပဲ လပေးပေးပြီး lunch စားကြတယ်။သူငယ်ချင်း ချာလီသက်ရှည်ကလည်းဘော်ဒါဆိုတော့မြစ်ကြီးနားက ကျော်အောင်တို့ မြင့်စိန်တို့နဲ့ တစ်ဝိုင်းတည်းစားကြတယ်။ ငါးဟင်းချက်တဲ့နေ့ပဲဟင်းမကောင်းတာပါ။ ငါးက ငါးတန် ဆိုတော့ တော်တော်ညှီပါတယ်။ စိန်ပီတာမှာ day ကျောင်းသားတွေအပြင် ဘော်ဒါတွေ နဲ့ လည်းတော်တော်ခင်ကြပါတယ်။ဘော်ဒါကျောင်းသားတွေက ဟောခန်းအကျယ်ကြီးထဲမှာ ကုတင်လေးတွေ စီတန်းခြင်ထောင်ချပြီးအိပ်ကြရတာ။ ဘရာသာအငယ်တွေလည်းကျောင်းသားတွေနဲ့ တူတူအိပ်ရတယ်။လူနောက် ဘော်ဒါကျောင်းသားကြီးတွေကကျောက်ပေသီးလုံးကြီးတွေဆောင်ထားကြတယ်။ညနက်သန်းခေါင် အားလုံးအိပ်မောကျနေပြီဆိုရင်ကြမ်းပြင်ပေါ်ကို ပေသီးလုံကြီးလှိမ့် လိုက်တာပဲ။ ဟော ခန်းအကြီးကြီးဆိုတော့ ဘယ်သူဘယ်ကစပြီးလှိမ့်မှန်းမသိဘူး။ အသံကတော့တော်တော်ကျယ်တယ်လို့ပြောပါတယ်--အားလုံးနိုးကုန်တာပေါ့--
မောင်တိုင်ပင်က စိန်ပီတာမှာနေတုံး junior junior မှာဘော်လုံး ကစားတော့ ဂိုးသမားအဖြစ်ကစားတယ်။အဖေကအားပေးတယ်။ဘော်လုံးကန်ဘိနပ်ကိုကိုယ် တိုင်သွားဝယ်ပေးတာ။ နောက် Dunlop tennis racket တွေလည်းဝယ်ပေးတယ်။ကြိုက်တာကစားပဲ။ဘော်လုံးကစားတော့ခဏခဏဒဏ်ရာရတယ်။ကိုယ့်ကိုဆော်ရင်ပြန်ပြန်ဆော်ရတယ်။ရန်ဖြစ်ရတယ်--နောက်ပိုင်း ချာလီသက်ရှည်တို့ ဂေါ်ဒွန်ပေါ ( သြစီမှာနေတယ်) တို့နဲ့တွဲမိတော့တင်းနစ်ကိုပြန်ခုံမင်လာပြီးတင်းနစ်ပဲကစားတော့တယ်။မောင်တိုင်ပင်တို့ အမှတ် ၉ နတ်သျှင်နောင်လမ်းအိမ်ရှေ့ မှာတင်းနစ်ကစားကွင်းတွေအများကြီးပဲ။၆-၇ ကွင်းလောက်ရှိတယ်။ စိန်ပီတာကကျောင်းကြိုကားနဲ့ ညနေပြန်လာရင်စက်ဘီးထုတ်တင်းနစ်ရက်ကတ် လွယ်ပြီး စိန်ပီတာကျောင်းပြေးတော့တာပဲ။ မန်းတက္ကသိုလ်ဝန်းထဲနဲ့ ဈေးချို နောက်ဖက် စိန်ပီတာကျောင်းဆိုတာအဝေးကြီးနော်-- ကျောင်းထဲကနေထွက်--တည့်တည့်သွား-- မင်္ဂလာတံတားရောက်-- ကျုံးဘေး ၂၆ ဘီလမ်းကနေ စက်ဘီးနင်း -- ဒါးတန်းဝန်းကိုဖြတ် -- ကျောင်းထဲရောက်တော့ ဟိုကောင်တွေ study hour မပြီးသေးဘူး။ ကိုယ်က net ထောင် တစ်ယောက်တည်းဟိုဘက်ရိုက် လိုက် ဒီဘက်ရိုက် လိုက်လုပ်-- ချာလီတို့ရောက်လာမှ set ကစားဖြစ်တာ-- ချာလီက တင်းနစ်တော်တော်ကောင်းတယ်။ မန္တလေးတိုင်းလက်ရွေးစဉ်ပါ--တခါတလေ William Ba Thein တို့လာကစားတယ်။ ဘော်ဒါတွေ assembly စုဖို့ ခရာမှုတ် လိုက်ချိန်ထိပဲ။ အဖေါ်မရှိရင်ကိုယ့် ဟာကို net ကိုသိမ်းရတာ။အိမ်ပြန်ရောက်တော့ ၇:၃၀--၈:၀၀ ထိုးနေပြီ။ အဖေါ်မင်တော့ စိန်ပီတာမှာပဲကစားဖြစ်တယ်။
ငယ်စဉ်ကအကြောင်းတွေပြန်တွေးမိတော့ အနွှာခံရတာကြောက်တာနဲ့ ဘော်လုံးဆက်မကစားဖြစ်တော့ပဲ တင်းနစ်ကိုတစ်စိုက်မတ်မတ်ကစား လာ လိုက်တာ အာအိုင်တီ ပြီးတဲ့ အထိပါပဲ။အခုဆိုရင် နှစ်ပေါင်းတော်တော်ကြာခဲ့ပေမဲ့ စိန်ပီတာကော အာအိုင်တီကော အားကစားမှာ မတိုးတက်တဲ့ အပြင်တင်းနစ်ကွင်းတွေလည်းမရှိတော့ သလို အာအိုင်တီမှာဘော်လုံးကွင်းတောင်မရှိတော့ဘူး။ ခင်ညွှန့် ရဲ့ မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့ slogan ပေါ်လာတုံးက မောင်တိုင်ပင်စိတ်ထဲမှာ " ရီးပဲ ကမ္ဘာမပြောနဲ့ အာရှတောင်လွှမ်းအောင်မလုပ် နိုင်ပဲ ဆန်မရှိစောက်စားကြီး အတွေးအခေါ်တွေ သံမှိုစွဲနေလောက်သလား" အောင်းမေ့ရတယ်။ ခုတော့ မအေပေးက သူမဟုတ်သလိုသောက်ရှက်မရှိ လုပ်နေပြန်ပြီ-- မှန်တာပြောရရင် တရားကျချင်သလိုလို ပြေးပြီးပါးဆွဲရိုက်ချင်သလိုလိုဖြစ်မိပါတော့တယ်။
လက်ကျိုးထားတော့အတန်းပိုင် teacherက မြေးကြီးကို outside activity ကင်းလွတ်လုပ်ထားတော့ hyperactive မြေးခမျာမှာအများလိုမျောက်ရှုံးအောင်မဆော့ နိုင်တော့ပဲ ခုံပေါ်မှာအသာလေးထိုင်နေရပါတော့တယ်--

No comments: