Wednesday, November 28, 2018

ကျောင်းစနေပြီဖြစ်တဲ့မြေးငယ်

ရန်ကုန်မှာကျောင်းတွေစဖွင့်ပြီးသားသားမီးမီးတွေကျောင်းစတက်နေရပြီ။မြေးငယ်သက်ညီအောင်သူ့အကိုနေခဲ့တဲ့ Clementi 428 My first School မှာကျောင်းတက်ခွင့်ရခဲ့ပါတယ်။ အကိုရဲ့အတန်းပိုင်ဆရာမ Miss April အတန်းကလူပြည့်သွားလို့ Nursery 2 မှာပဲတက်ရပါတယ်။သူတို့အတန်းတွေက အတန်းကြီးလာရင်ဆရာမလည်းလိုက်တက်သွားတယ်-- K2 ရောက်မှအငယ်တန်းပြန်ဆင်းပေါ့--Play group, Toddler စတဲ့အတန်းတွေဟာကျောင်းပျော်လာအောင်ဦးစားပေးတဲ့အတန်းတွေပါ။စာမသင်ပါဘူး။အခု Nursery အတန်းမှာလည်းစာကိုနည်းနည်းပဲသင်ပါတယ်။ Nursery Rhymes တွေကိုခံစားလိုက်ဆိုတတ်လာပါတယ်။ ကစားရပါတယ်။ ကျောင်းနားပတ်ဝန်းကျင်ကိုလေ့လာရေးလမ်းလျှောက်ရပါတယ်။ HDB တွေကြားမှာဆောက်ထားတဲ့ play ground မှာ ကစားကြပါတယ်။

ကျောင်းစတက်တော့ အထိန်းနာနီကို ရက်သူနဲ့အတူလိုက်နေခွင့်ပေးပြီး ရက်ပြည့်တဲ့နေ့မှာဝင်ခွင့်မပြုတော့ပါ။တစ်လလောက်တော့ မနက်ကျောင်းသွားခါနီးရင်ငိုပါတယ်။ကျောင်းရောက်ရင်လည်းသူများခလေးတွေငိုရင်လိုက်ငိုတတ်ပါတယ်။ အိမ်မှာ " သက်ညီအောင်ငိုသေးလား" ဆိုတဲ့မေးခွန်းကအိမ်သားတွေမေးနေကြမေးခွန်းတွေဖြစ်လာပါတယ်။တစ်လကျော်လောက်ကြာလာတော့ကျောင်းသွားခါနီးရင်မငိုတော့ပါ။ သူကျောင်းတက်ရတာ သူ့တာဝန်ဆိုတဲ့သဘောမျိုးသိလာပါပြီ။အခြားခလေးတွေလည်းကျောင်းတက်ရတယ်ဆိုတာသဘောပေါက်လာပါပြီ။ သက်ညီအောင် မျက်နှာပေးလေး ကလူချစ်လူခင်များတဲ့မျက်နှာပေးမျိုးဆိုတော့ကျောင်းမှာ သူ့ဆရာမကလည်းဂရုစိုက်တယ်။ ဝေယျာဝစ္စလုပ်ပေးတဲ့ helper တရုတ်မကြီးတွေကဆိုသက်ညီကိုချစ်ကြတယ်။ ကျောင်းကနေသွားခေါ်ရင် five five လုပ်ပြီးမှပြန်ပါတယ်။

ကျောင်းမသွားရခင်ဖြစ်တဲ့ mood နဲ့ကျောင်းသွားကြိုလို့အိမ်ကလူတွေကိုတွေ့ရင်အရမ်းပျော်နေတဲ့ mood- ကအရမ်းသိသာတယ်-- MFS website ကနေ့သူတို့အတန်းပိုင်ဆရာမကသူတပည့်တွေ ကျောင်းတွင်း activites တွေကိုတင်ပေးတယ် -- ဓါတ်ပုံကော ဗီဒီယိုကောဆိုတော့ ကိုယ့်သားသမီးInteraction လုပ်ပုံတွေကိုသိသာတာပေါ့--

ကျောင်းနားက playground က၇-၈နှစ်ရွယ်လောက်ဆော့တဲ့ playground ဖြစ်နေတော့နည်းနည်းမြင့်တော့ My first skool ကအသက်ကြီးဆုံးက နှစ်ဆိုတော့ ပြောင်းပေးဖို့Town Council ကိုမိဘအုပ်ထိန်းသူတွေ လက်မှတိထိုးပြီးစာတင်တယ်--playground တွေကသူအရွယ်နဲ့သူကစားတာဆိုတော့ သက်ညီအောင်သွားကစားရင်လိမ့်မကျအောင်တော်တော်ထိန်းရတယ်--စင်ကာပူအစိုးရ MOE ကpre school ကိုအထူးဦးစားပေးပြောင်းလဲမှုတွေလုပ်နေတော့ အကြီးကောင်တက်တဲ့ အချိန်တုံးကထက်ဆရာမတွေလည်းများလာသလို facilities တွေကလည်းအတော်ခေတ်မီတဲပစ္စည်းတွေသုံးထားကြတယ်--

MOE ကကျောင်းတွေတက္ကသိုလ်တွေကိုသူ့အပိုင်းနဲ့သူတိုးတက်လာအောင်လုပ်ထားတော့စင်ကာပူရဲ့ပညာရေးစနစ်ဟာအားကျစရာပါ--တော်ရင်တော်သလိုသူ့အတွက်လမ်းကဖွင့်ပေးထားတော့ သူ့ဝါသနာဗီဇအရအသက်မွေးဝမ်းကျောင်းပညာကိုရွေးချယ်သင်ကြားနိုင်ပြီး ဘာသာရပ်တွေလည်းစုံလင်တော့ထူးချွန်တဲ့ခလေးတွေမကြာခဏပေါ်လာတတ်ပါတယ်--ဒီအတွက်လည်းခလေးရှိတဲ့မိဘတွေစင်ကာပူကို မစွန့်ခွာနိုင်ပဲ ကုတ်ကပ်နေနေကြရတာပါ---



No comments: