Friday, November 30, 2018

ကျန်းမာရေးအယူအဆသစ်

အင်တာနက်မှာစာတွေရှာဖတ် health talk တွေနားထောင်တော့မှအသက်ကြီးလာသူတိုင်းဟာ ကျန်းမာရေးကိုအထောက်အကူဖြစ်စေဖို့ သင့်တင့်မျှတတဲ့စားစရာနဲ့တင်မလုံလောက်တော့ပဲ ဖြည့်စွက်အစားအစာ supplement တွေလည်းအကူဖြစ်စေဖို့အတွက်စားပေးဖို့လိုတယ်-Functional medicine လို့ခေါ်ကြောင်းဒေါက်တာခင်နွယ်ဝင်း ရေးတဲ့ကျန်းမာရေးဆောင်းပါးတွေမှာဖတ်ရပါတယ်။-Vitamin D3, Magnesium, CQo10, Vitamin B 12, Probiotic, Super K စတဲ့ supplement တွေလည်းချင့်ချိန်စားပေးဖို့လိုပါတယ်-- ဒီနေ့ဒီအချိန်ခါမှာ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ substance တွေမလွတ်ကင်းတာများလာလေလေရွေးချယ်စားသုံးရခက်လေလေပါပဲ--အရင်တုံးကတော့ Centrum သောက်ပေးရင်ကို လုံလောက်နေပြီလို့ ထင်မိခဲ့တာ အခု Centrum ကိုယ်တိုင်တောင် supplement တွေအမျိုးမျိုးပါဝင်တဲ့ products တွေတောင်ထုတ်လုပ်ဖို့ကြိုးစားလာတာကို တွေ့ လာရပါတယ်--ဒီဖြည့်စွက်အစာ တွေကိုသောက်ရင်း မြန်မာမှာ FAME ရှိလာတာကို ဂုဏ်ယူလာပါတယ်--သူကတော့ herbal treatment ဆိုပေမဲ့သူတို့လည်းကောင်းစွာသုတေသနပြုလုပ်ပြီးSupplement တွေထုတ်လုပ်လာပါတယ်-- နိုင်ငံတကာနဲ့ ယှဉ်နိုင်တာကတော့ pricing ပါ-- ဒေါက်တာခင်မောင်လွင်ကိုအ
ကြံပြုလိုတာက Fame products တွေကို on line marketing လုပ်ဖို့ပါပဲ-- iHerb.com ဟာနံမည်ကျော် supplement အတွက် on line marketing လုပ်နေတာပါ-- ယှဉ်ကြည့်ရင်တော့ Fame ကဈေးသက်သာနေဆဲပါ--


မင်းအင်တာနက်မှာစာတွေရှာဖတ် health talk တွေနားထောင်နဲ့ လျှောက်လုပ်မနေနဲ့ လို့မပြောပါနဲ့-- လူနာဟာပထမဆရာ ဆိုတဲ့စကားကိုမှတ်မိကြမှာပါ-- ကိုယ်တိုင်သောက်ကြည့်ပြီး တိုးတက်မှုရှိလာလို့သာ ကိုယ့်အတွေ့အကြုံကို share ခြင်းဖြစ်ပါတယ်  လိုက်လုပ်ချင်လုပ်  မလုပ်ချင်နေပါ--ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ မဂင်ယု တို့လိုသူငယ်ချင်းကတော့ ကောင်းချီးသြဘာပေးနေမှာပါ-- တကယ်တော့ ကိုယ်တို့တတွေဟာ game over နေပါပြီ-- 

No comments: