Thursday, November 29, 2018

ဘဏ်များကို change မှာလား

ဘဏ်တွေနဲ့ပတ်သက်လို့ change လုပ်သင့်တာလုပ်ကြပါ-- ငွေကျပ်သိန်း၁၀၀၀ နှင့် ၅၀၀ ရင်းနှီးမြုပ်နှံမှုလုပ်နိုင်တဲ့ လုပ်ငန်းတွေလည်းအစိုးရနောက်ခံနဲ့ တည်ထောင်ပေးကြပါဂျင်းထည့်မဲ့သူတွေများလွန်းလို့ပါ--

ဒါမှမဟုတ် သင့်လျော်သောအတိုးနှုန်းတစ်ခုခုနဲ့ အစိုးရက treasury bond တွေကို ၃လ  ၆လ ၉လ ၁နှစ် စသည်ဖြင့် ရောင်းပေးပါ-- process အားလုံးလွယ်ကူပါစေ-- ယုံကြည်မှုတည်ဆောက်ပေးပါ-- အစိုးရလည်းငွေအရင်းအနှီးစုဆောင်းမိနိုင်ပါတယ်--

ဒီကနေ့ အိန္ဒိယ၊ ဗီယက်နမ်၊ထိုင်း ဘဏ်တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုဦးတင်နိုင်သိန်းတင်ထားတာဖတ်ရတော့အားရစရာမကောင်းလှပါ--မြန်မာဘဏ်တွေဖက်မှာတော့အတိုးနှုန်းချရမလား ဒီအတိုင်းထားရမလား ပြဿနာ။ NPL တွေမကျေညာရဲဘူး ချေးငွေတွေပြန်ရအောင်လုပ်ဖို့ ဗဟိုဘဏ်ကညွှန်ကြားထားတယ်  အထူးသဖြင့်အိမ်ခြံမြေတွေ--ဒီငွေတွေဟာ ဘဏ်ပိုင်ရှင်ရဲ့ငွေတွေမဟုတ်ဘူးဗျ--ပြည်သူတွေရဲ့ အပ်ငွေတွေပါ--လူဘိန်းတွေးသလိုတွေးကြည့်ပါ-- ဒီငွေတွေဆုံးရှုံးသွားရင် ဘယ်သူငွေတွေလဲ ? ခရိုနီဘဏ်ပိုင်ရှင်ငွေတွေမဟုတ်ဘူး--ပြည်သူတွေအပ်ထားတဲ့ငွေတွေဗျ--နောက်technical ပြဿနာတစ်ခုက clearing ကို electronically မလုပ်နိုင်ကြသေးဘူး chequeနဲ့transaction လုပ်ဖို့ အလှမ်းဝေးနေသေးတော့ဆာလာအိတ်ကြီးတွေနဲ့ ငွေသွင်းငွေထုတ်လုပ်နေရအုံးမှာပဲ--ပင်စင်စားတွေကတော့ ဘဏ်တိုးနှုန်းချမှာကိုစိုးရိမ်ကြတယ်-- လုပ်ငန်းရှင်တွေကလည်းဘဏ်တိုးနှုန်းများနေသေးတာကိုထောက်ပြနေကြတယ်--ဒီ ခုကြားထဲ ဘဏ်တွေ ဘယ်လိုလျှောက်ကြမလဲ--တစ်ဖက်ဖက် ကိုလိုက်လို့ မဖြစ်ပြန်ဘူး နောက် ပြည်ပဘဏ်တွေကို ကျပ်ငွေ လုပ်ကိုင်ခွင့် ပေးရမလား ? လုပ်ငန်းရှင်တွေ ကျပ်ငွေ ထုတ်ချေးခွင့်ပြုမလား business plan တွေတင်ပြလာရင် နိုင်ငံခြားဘဏ်တွေကဒေါ်လာထုတ်ချေးမှာလား ?ဒါတွေအားလုံးဟာမဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေပါပဲ-- ဗီယက်နမ် မှာလည်း ပြည်ပဘဏ်တွေကနိုင်ငံတွင်းက ပြန်ထွက်မယ် လုပ်နေကြပြီ-- ဘာကြောင့်လဲမြန်မာဘဏ်တွေ သင်္ခမ်းစာ မရယူ သင့်ဘူးလား

မြန်မာမှာ middle class လူတန်းစားပျောက်နေတယ် လို့ ပြောနေကြတယ်--HAVE နဲ့ HAVENOT တွေပဲရှိနေတယ် လို့ပြောနေကြတယ်-- ကုန်ထုတ်လုပ်မှုမှာ လုပ်ငန်းသေးတွေ လုပ်ငန်းအလတ်တွေ အများကြီး potentials တွေရှိကြပါတယ် စက်ပစ္စည်း ကိရိယာ၊ ကုန်ကြမ်း တွေလည်း ထိုင်း တရုတ် အိန္ဒိယ စတဲ့ အိမ်နီးချင်းတွေဆီကတင်သွင်းနေိုင်ပါတယ် အသုံးပြုပုံတွေကလည်းလွယ်လာပါတယ် ထုတ်လုပ်မှု နည်းစဉ်တွေ လည်းအလွယ်တကူရနိုင်နေပါပြီ -- ခက်နေတာက cash flow ပါ-- ငွေဘယ်ကရနိုင်ပါမလဲ? micro financing တွေတော့ ရှိနေပါပြီ --ဒီကုန်ထုတ်လုပ်မှု လုပ်ငန်းအသေးစား အလတ်စားတွေ ပြည်သူတွေ ထူထောင်လုပ်ကိုင်ဖို့ ငွေ လိုပါတယ်  မူဝါဒပေါ်လစီ တွေအအြမြန်ဆုံး ပြဌါန်းပေးဖို့ လိုပါတယ် လုပ်ငန်းထောင်ဖို့ process တွေလွယ်ကူရှင်းလင်းဖို့ လိုပါတယ်  နေရာထိုင်ခင်းလိုပါတယ် စင်ကာပူလို အထပ်မြင့် နေရာကျဉ်းကျဉ်းနဲ့ တည်ထောင်ပေးထားတဲ့ industrial park တွေ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်ထူထောင်ပေးကြမလား? ဒါတွေစဉ်းစားလုပ်ကိုင်ဖို့ focal point ကဘယ်သူလဲ UMFCCI  လည်း dull ဖြစ်နေသလို MIA လည်း defunct ဖြစ်နေပါတယ် စက်မှု ဝန်ုကြီးဌာန သမဝါယမ အိမ်တွင်းစက်မှု လက်မှု အကုန်လုံး ငြိမ်နေကြပါတယ် --လုပ်စရာတွေအများကြီးရှိပါတယ်   လုပ်နေကြတဲ့အပိုင်းတွေလည်း အော်ရင်း လုပ်ရင်း နဲ့ products တွေထွက်လာတာတွေ့ပါတယ် export လုပ်နေတာတွေလည်းတွေ့ ပါတယ်  လက်ချိုးရေ တွက်လို့ ရပါတယ်--

မနက်ပိုင်း Facebook ကြည့်ရင်း စိတ်ထဲမှာ ပေါ်လာတာတွေ ချရေးလိုက်တာပါ--Facebook ကလည်းမေးထားတယ် " What’ s on your mind ?” တဲ့--


No comments: