Wednesday, November 28, 2018

စင်ကာပူ DBS ဘဏ်

စင်ကာပူမှာတော့ DBS ဘဏ်ဟာအကြီးဆုံးဘဏ်တစ်ခုပါ။ ရန်ကုန်မှာတော့ဘဏ်ခွဲဖွင့်မလာသေးဘူး။UOB  နဲ့ OCBC  ကတော့ဘဏ်ခွဲတွေဖွင့်ထားပြီးပြီ။။အခုနိုင်ငံခြားဘဏ်တွေကိုမြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်ခွင့်ပြုလိုက်ပြီဆိုတော့ ကံကောင်းရင်သင်လည်း ရန်ကုန်က UOB  ဖြစ်ဖြစ် OCBC ဖြစ်ဖြစ်  သူတို့ဘဏ်ခွဲတွေမှာ အကောင့်ဖွင့်နိုင်မှာပါ။

တစ်နေ့က Strait Times ထဲမှာ DBS ရဲ့digital transformation ပြောင်းလဲဖို့ဆောင်ရွက်တဲ့အကြောင်းဆောင်းပါးကိုဖတ်မိပါတယ်။နိုင်ငံတိုင်းလိုလိုပါပဲ--အစိုးရတွေ စီးပွားရေးအဖွဲ့အစည်းတွေ ဟာ Artificial Intelligence AI technology နဲ့ ပတ်သက်ပြီး4th Generation ကိုအမှီလိုက်နေကြပါတယ်။DBS ဟာနိုင်ငံတကာငွေရေးကြေးရေးဖွဲ့အစည်းတွေကနေပေးတဲ့ ဆုတွေတသီကြီးဒီနှစ်မှာ ရခဲ့ပါတယ်။banking ကိုကျနော်နားလယ်တာကတော့ ဒင်္ဂါးပြားလိုပဲ technology နဲ့ဆိုရင်ခေါင်း နဲ့ပန်းလိုပဲဖင်ပြန်ခေါင်းပြန် ရှိနေတတ်ပါတယ်။ banking sector မှာ innovation တွေကလည်းအစဉ်လိုလိုထွက်နေတာကြောင့်တော်တော်များများလိုက်မီအောင်အမြဲတန်းလိုလိုလေ့လာဖို့လိုပါတယ်။မြန်မာကဘဏ်တွေအနေနဲ့ သက်ဆိုင်ရာသူ့ဝန်ထမ်းတွေ အစဉ် update ဖြစ်နေအောင် crash course တွေမကြာခဏစီစဉ်ပေးသင့်ပါတယ်။ တချို့ ကိုတော့ short term course, long term course တွေ ကိုစေလွှတ်ဖို့ ဘဏ်အနေနဲ့စီစဉ်ပေးရမှာဖြစ်ပါတယ်။

စလုံးကဘဏ်တွေတော်တော်များများ ဟာ public relation ကိုအဆက်မပြတ်လှုပ်ရှားကြတာတွေ့ပါတယ်။အထူးသဖြင့် စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ဘဏ်ခွဲရှိတဲ့နေရာတွေမှာလုပ်ပါတယ်။ဆောင်းဘောက်ကြီးတွေ သီချင်းတွေဖွင့် ဖြတ်လျှောက်သွားသမျှလူတွေကို အိုက်စ်ကရင် လိုမျိုးကျွေးတတ်ကြပါတယ်။ဘဏ်နှင့်ဆက်သွယ်မှုရှိသော်လည်း အသစ်တီထွင်ထားတဲ့ credit card မလုပ်ရသေးလျှင်ဝန်ထမ်းငယ်လေးတွေက credit card လုပ်ဖို့ ဆွယ်တရားဟောတတ်ပါတယ်။ credit card, debit card, ATM card တွေလည်းအသစ်ခဏခဏ ထုတ်လုပ်ပါတယ်။ဘယ်ဆိုင်မှာ ဘယ်နေရာမှာ ဒီ card ကိုအသုံးပြုခဲ့ရင် ဘယ်လောက် ရာခိုင်နှုန်းပြန်အမ်းတယ်ဆိုတာမျိုးကျေညာထားတတ်ပါတယ်။တကယ်တော့ banking product တွေကြော်ငြာနေတာပါ။

DBS က technology နဲ့ပါတ်သက်ပြီးခေတ်နဲ့အညီပြောင်းလဲရမယ်ဆိုတာဘဏ်၏ CIO ရဲ့ ခေါင်းထဲမှာအမြဲရှိနေပါတယ်။သူတို့ကိုယ်သူတို့ Gandalf မှာ ‘ d’ နေရာကို DBS ကိုကိုယ်စားပြုရမယ် လို့တောင်တင်စားထားကြတယ်။ Lord of the Rings ရုပ်ရှင်ကို ကြားဘူးကြမှာဖြစ်သလိုရုပ်ရှင်လည်းကြည့်ဘူးကြမှာပါ။အဲဒီရုပ်ရှင်မှာ Gandalf ကသေရာကနေထလာတဲ့ စုန်းကဝေ ဇာတ်ကောင်ဖြစ်သော်လည်း Gandalf ကို acronym အဖြစ် technology giant တွေရဲ့စာလုံးအနေနဲ့ အစားထိုးရင် G Google, A Amazon, N Netflix, D DBS, A Apple, L LinkedIn, F Facebook,  ဖြစ်လာမယ်။ ဒီ နေရာမှာ DBS ကဝင်လာမယ် ဆိုတဲ့ တင်စားချက်ပါ။၂၀၀၈ခုနှစ် DBS ကို CIO ဝင်လာတုံးက ၈၅% သော technology jobs တွေကို outsource လုပ်ကြရပါတယ်။အခုဆိုရင် DBS ဝန်ထမ်း၁၀၀၀ ကျော်လောက်ကို သူတို့သိချင်တတ်ချင်တဲ့ ပညာရပ်ဆိုင်ရာ ဘာသာရပ်သင်တန်းတွေကိုစေလွှတ် တက်ရောက်စေခဲ့ပါတယ်။ သူတို့အနေနဲ့ ဘဏ်ကိုပြန်လာပြီး လုပ်ဖေါ်ကိုင်ဘက်တွေကို ပြန်လည်သင်ကြားပေးကြရပါတယ်။ သူတို့ အများဆုံးတက်ကြတဲ့သင်တန်းတွေကတော့ Artificial Intelligence AI နဲ့ ပတ်သက်တဲ့  design and data တွေဖြစ်ပါတယ်။

DBS ရဲ့ concept ကတော့ Google အသုံးပြုသူတွေဟာ googling လုပ်ရင် တစ်စက္ကန့်အတွင်းမှာအဖြေ result ရတတ်ပါတယ်။ DBS ကို ၂၀၁၄ ခုနှစ်ကအခြေအနေထက် ၁၀ ဆလောက်မြန်ဆန်လာဖို့ ရည်မှန်းပါတယ်။အခုချိန်ထိတော့ ၈.၅ ဆလောက်မြန်လာပြီလို့ ပြောနိုင်ပါတယ် လို့ CIO က ပြောပါတယ်။ဥပမာ DBS ရဲ့ call centers တွေက မေးခွန်းတစ်ခုကိုဘယ်လောက်မြန်မြန်အဖြေပေးနိုင်သလဲဆိုတာဆန်းစစ်ကြည့်ရင် ATM တစ်ခုခုက customer အမှားပြုလုပ်လိုက်လို့ ကဒ် ကိုမြိုပစ် လိုက်ရင် DBS call centres တွေအနေနဲ့ ဘယ် customer ရဲ့ ကဒ်ကို ဘယ် ATM မှာ မြိုသွားတယ်ဆိုတာသူတို့လည်းတပြိုင်နက်ထဲသိနေရမှာပါ။ အဲလိုဖြစ်အောင်တည်ဆောက်ထားပါတယ်။ဒါမှ customer တွေ အနေနဲ့ call centerကို မဆက်ခင်  call centre ကသိထားတော့ ဘာလုပ်ရမလဲဆိုတာ ချက်ချင်း response ပြု လုပ်နိုင်မှာဖြစ်ပါတယ်။ ကဲ မပိုင်လားဗျာ-- ကျနော်တို့ဆီမှာတော့ ATM ကငွေထွက် မလာတာတွေ အမှားလုပ်လိုက်မိလို့ ကဒ် ကိုသိမ်းလိုက်မိတာတွေ ခဏခဏ Facebook မှာဖတ်ရပါတယ်။ဒီနေရာမှာ customer တွေကိုပြောချင်တာကATM card နဲ့ တစ်ခုခုဖြစ်လို့ ရှိရင် ကိုယ့်ငွေတော့ မဆုံးရှုံးပါဘူး။ ပြန်ပြီး traced လုပ်ပြန်လည်ရှင်းလင်းနေရတာကြောင့် အချိန်ကြာတာပဲရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအချို့ ဟာသူ့ ဝန်ထမ်းတွေရဲ့ လစာကို ATM card နဲ့ ထုတ် နိုင်အောင် card account နဲ့ လကုန်ရင် ချိတ်ဆက်ပေးထားလေ့ ရှိတော့ လကုန်ရင် ATM machines တွေအသုံးများလာတတ်ပါတယ်။အမှန်တော့ cheque စနစ်ကိုဘာကြောင့်အသုံးမပြုလိုကြသလဲမသိပါ။ ကုမ္ပဏီ မှာ ရှိတဲ့ Finance Controller က သူ့ ဝန်ထမ်းဘယ်ဘဏ်မှာ အကောင့်ဖွင့်ထားတယ်ဆိုတဲ့စာရင်းရှိနေသင့်ပါတယ်။

ကဲပြောချင်တာကတော့နိုင်ငံခြားဘဏ်တွေ မြန်မာမှာ ရှိနေပါပြီ။ မြန်မာတွေလည်း နိုင်ငံခြားဘဏ်ခွဲ တွေမှာအကောင့်ဖွင့်ခွင့်ရချင်လည်းရနိုင်ပါလိမ့်မယ်။နောက်တစ်ပတ်လောက်နေမှ ဗဟိုဘဏ်ကအသေးစိပ် လုပ်ငန်းစဉ်တွေထုတ်ပြန်မှာ ဖြစ်လို့စောင့်ကြည့်ရပါအုံးမယ်။ ကဲ စီးပွားရေးလုပ်ငန်းရှင်ဘော်ဘော်တွေကို ပြောပြချင်တာတစ်ခုရှိပါတယ်။ ဦနုအစိုးရလက်ထက်က ကွယ်လွန်သူ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ကြီးတစ်ဦးဖြစ်တဲ့ Export Services Co Ltd မှ ဦးထွန်းမြင့်ပြောတဲ့စကားလေးတစ်ခုပါ။ သူကဦးနေဝင်းတော်လှန်ရေးကောင်စီလက်ထက်မှာ စင်ကာပူ ကိုပြောင်းသွားပါပြီ။ ၁၉၉၄-၅ တစ်ဝိုက်ကသူနဲ့ ပြန်တွေတော့ " ကိုမျိုးဦးရေ အလုပ်ဖြစ်ဖို့ပဲလိုတယ်။ အန်ကယ်တို့က ဘဏ်မှာရှိတဲ့ ပိုက်ဆံ အန်ကယ်တို့ ပိုက်ဆံပဲ လို့မှတ်ယူထားတာ-- ငွေကြေးဆိုတာ track record ကောင်းရင် ဘာမှပူစရာမလိုဘူး။ ဘဏ်တွေကနောက်က လိုက်နေတာ"  လို့ပြောဘူးပါတယ်။  အမှန်ပါပဲဗျာ။ စင်ကာပူ ဘဏ်တစ်ဘဏ်က ကျနော့် မိတ်ဆွေတစ်ယောက်ကို credit line USD ၅ သန်းလောက်ပေးထားပါတယ်။ သူ့ track record ကြောင့်ပဲလေ။ အဲတော့ဗျာ DBS ကိုကြော်ငြာ နေတာတော့မဟုတ်ပါဘူး။ AI နဲ့ပတ်သက်တာတွေအငမ်းမရ လိုက်ရှာဖတ်နေတော့တွေ့ တာလေးတွေ ပြန်ဖေါက်သယ်ချရတာပါ။

မိတ်ဆွေလုပ်ငန်းရှင်များခင်ဗျား--ကွယ်လွန်သူ အန်ကယ်ဦးထွန်းမြင့် ပြောသလို ဘဏ်မှာရှိတဲ့ ပိုက်ဆံ ခင်ဗျားတို့ ပိုက်ဆံဖြစ်လာတော့မယ့် အချိန်ကာလကိုရောက်ပါတော့မယ်။ ဒီ နိုင်ငံခြားဘဏ်တွေနဲ့ deal လုပ်ကြမဲ့ တက်သစ်စ မြန်မာ လုပ်ငန်းရှင်တွေ အနေနဲ့ business ethic ကောင်းကောင်းနဲ့သာအလုပ်လုပ်ကြပါ။ အလုပ်သာကောင်းပါစေ။ ငွေကြေး ပံ့ ပိုးမဲ့သူတွေ ကနောက် က လိုက်လာကြမှာပါ။

Credit: The Strait Times

No comments: