Thursday, November 29, 2018

အောက်ကလူတွေအသံနားထောင်သင့်

ဘယ်အဖွဲ့အစည်းမှာပဲနေနေ ဘာလုပ်ငန်းပဲလုပ်လုပ် decision maker တစ်ယောက်ရှိနေသင့်တယ်  အတိုက်အခံဆိုတာရှိရမယ်-- ရှိသင့်တယ် -- ကျမဒါရိုက်တာဆိုပေမဲ့ကျမနားထောင်ရတဲ့လူတွေ
သူတို့အကြံဉာဏ်တွေရယူခဲ့ရတာတွေလည်းရှိတယ်-- သူတို့တတွေအားလုံးဟာindividual artist တွေဖြစ်နေတဲ့အတွက်ကျမနားထောင်ရတာတွေလည်းရှိခဲ့တယ်-- ဒါပေမဲ့ အားလုံးရဲ့ final decision ကတစ်ယောက်ပဲဖြစ်သင့်တယ်  ဒါဟာနိုင်ငံအတွက်ဖြစ်စေလူ့အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ decision maker တစ်ယောက်ကို decisionလုပ်ခွင့်မပေးဘူးဆိုရင်အမှားနဲ့အမှန်ကအများကြီးကွဲပြားသွားနိုင်ပါတယ်--"

အပေါ်မှာထုတ်နှုတ်ဖေါ်ပြထားတာက ဒါရိုက်တာခရစ်စတီးနားခီး နဲ့ News Watch ဂျာနယ် အင်တဗျူးအစီအစဉ်က excerpt လေးပါ-- နားထောင်ကြည့်ပါ


ကျနော်ဒီ အင်တာဗျူးကို နားထောင်ရင်းကျနော်တို့ရဲ့ လက်ရှိနိုင်ငံမှာ ကျနော်တို့အားလုံးကြုံတွေ့နေရတဲ့ အခြေအနေ ကိုမျက်စေ့ထဲမြင်ယောင်လာပါတယ် --ခရစ်စတီနားပြောသွားပါတယ်--သူယအားလုံးကပြောတာတွေ အကြံဉာဏ်တွေပေးတာတွေ နားထောင်ရပါတယ် တဲ့  ရှင်းပါတယ် သူမဟာဒါရိုက်တာဖြစ်နေတဲ့အတွက် decision maker ပါ - သူမ ခေါင်းထဲက အနုပညာကို ပုံဖေါ်နိုင်ဖို့အတွက်သူဟာလုပ်ပိုင်ခွင့်ရှိသူပါ--

အဲလိုပဲဗျ-- individual professional တွေဖြစ်နေတဲ့ အတွက်သူတို့ ဘာပြောသလဲနားထောင်ရပါမယ်-- ပြောခွင့်လည်းရှိရပါမယ် --ပြောခွင့်လည်းပေးရပါမယ်--နားထောင်ဖို့လည်း အချိန်အတိုက်အတာတစ်ခုပေးရပါမယ်--decision ချမှတ်ဖို့ ကတော့ ကိုယ့်အလုပ်လေ -- ကိုယ်တာဝန်ယူရမယ်--

အဲတော့ ကျနော့်သူငယ်ချင်းထွန်းထွန်းပြောသလို Facebook မပေါ်ခင်တုံးကတော့ လက်အောက်ငယ်သားတွေ opinion တွေသိချင်လို့  အိမ်သာ  တွေမှာပေါက်ကွဲထားတာတွေ လိုက်ဖတ် ရတယ် --အခု ခများမှာ အင်တာနက်ရှိရင် facebook ရှိနေပြီဖြစ်လို့ ကျနော့် လိုတစ်နာရီလောက်အချိန်ပေးပြီးမဖတ်သင့်ဘူးလားဗျာ  ဆိုးစတူးပစ်ဒေါက်တာ-- လိုပို့စ်မျိုးတော့ အချိန်ကုန်ခံမဖတ်နဲ့ပေါ့ ဗျာ-

မဟုတ်ဘူးလား ?

No comments: