Friday, November 30, 2018
ဆန်စက်အင်ဂျင်နီယာ
၁၉၈၁ခုနှစ်ကမောင်တိုင်ပင်ဟာအိန္ဒိယနိုင်ငံ Indian Institute of Technology, Rice Processing Center မှာ Rice Milling Engineer’s Training Program ကိုဗြိတိသျှ အစိုးရစကော်လားရှစ်ဖြင့်တက်ရောက်ခဲ့ပါတယ်--ဒီသင်တန်းဟာ မောင်တိုင်ပင်အတွက် tailor made သင်တန်းဖြစ်ပါတယ်--ပထမတော့ သီရိလင်္ကာနိုင်ငံကအင်ဂျင်နီယာ ယောက်နဲ့အတူတွဲပြီးသူတို့အတွက်ရေးဆွဲထားတဲ့Training Program ကိုတက်ရောက်ခဲ့ပါတယ်-- အဲဒီအချိန်က မြန်မာနိုင်ငံက Rice Milling Engineer တွေဟာသင်တန်းတက်ကြတဲ့အခါ ဂျပန်နိုင်ငံ နဲ့ အမေရိကန်ပြည်ထောင်စုကတက္ကသိုလ်တွေမှာသွားရောက်သင်ကြားကြပါတယ်--
Rice Process Engineering Center မှာ Dr N.G. Bhole. Mr Satish Bal, စတဲ့ပါမောက္ခဆရာတွေဟာဝမ်းစာပြည့်ကြပါတယ်--ဆန်စက်အင်ဂျင်နီယာဆိုင်ရာပညာရပ်သာမက အခြားဆက်စပ်တဲ့ပညာ
ရပ်တွေလည်းသင်ကြားပေးနိုင်ပါတယ်-- ဤသင်ခမ်းစာကို ဆရာတွေသင်ကြားပြသတဲ့ lecture notes တွေကနေထုတ်နှုတ်ရေးထားခြင်းဖြစ်ပါတယ်--သင်တန်းကာလ လမှာမောင်တိုင်ပင်တစ်ဦး
ကျောင်းတက်နေရင်းသိရိလင်္ကာက Ph D လာလုပ်နေတဲ့ကျောင်းသားတစ်ယောက်နဲ့လည်း သူအတွက်စပယ်ရှယ်လုပ်ပေးခဲ့တဲ့သင်တန်းလည်းတူတူတက်ခဲ့ရဘူးပါတယ်--နောက်ဆုံး တမိလ်နာဒူး ပြည်နယ် Thiruvarur မှာရှိတဲ့ Rice Research Institute မှာ ဆန်စပါးနဲ့ ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေကိုလည်းသွားရောက်လေ့လာခဲ့ရပါတယ်--
ပြန်လာပြီး မောင်တိုင်ပင် ပီတီအေစီ မှာတာဝန်ထမ်းဆောင်တဲ့အခါ ဆန်စပါးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေရေးခဲ့ပါတယ် --ယနေ့အထိ လက်ကမ်းစာစောင်တွေကို ဆန်စပါးရိတ်သိမ်းချိန်လွန် လုပ်ငန်းလုပ်နေသူတွေမှီငြမ်းပြုနေဆဲပါ--ဆန်စက်စစ်ဆေးနည်းလက်စွဲ ကိုရေးခဲ့တာတော်တော်ကြာပါပြီ-- MAPCO ကဆန်စက်အင်ဂျင်နီယာသင်တန်းဖွင့်တော့မယ်ဆိုတော့ ပြန်သတိရလာပြီး ပီတီအေစီက တပည့် ယဉ်ယဉ်ဆွေဆီအကူအညီတောင်းပြီး စါကြည့်တိုက်မှာ ရှာခိုင်းရပါတယ်--တွေ့တာနဲ့ဖေါ်မြူလာတွေပါနေတာကြောင့် ULS ကတပည့် ဇော်ဝင်းနိုင်ကို ကွန်ပျူတာစာစီခိုင်းရပါတယ်-- ပြီးတဲ့အခါ သင်တန်း Resource Person တွေဖြစ်တဲ့ ကိုလှဆင့် နဲ့ ကိုအောင်သန်းဦးဆီပို့လိုက်ရပါတယ်--သင်တန်းမှာသင်သလား  မသင်ဘူးလား တော့ မသိပါ-- အခုဆန်စက်တွေတော်တော်များများမြန်မာမှာတည်ဆောက် လာတဲ့အခါအသုံးဝင်လိမ့်မယ်လို့ ထင်တဲ့အတွက် Facebook မှာပြန် လည်ဆန်းသစ်လိုက်ပါတယ်-- SATAKE က ကို  Kyaw Tun BUHLER က ကို   Htin Aung တို့ ကိုမေတ္တာရပ်ခံချင်တာကတော့ ဆန်စက် machinery တွေရဲ့ performance index တွေကိုအချိန်ရရင်စမ်သပ်ကြည့်ကြပါလို့ မှာချင်ပါတယ်-- မှားနေရင်လည်းပြင်ပေးပါ လို့မှာချင်ပါတယ်---
အားလုံးကျန်းမာချမ်းသာကြပါစေ--
No comments: