Wednesday, November 28, 2018

ဆန် နှင့် ဂလူတင်ဓါတ်

ဆန်စပါးလောကထဲအသစ်ဝင်ရောက်လာတဲ့ Wit Yee ဆိုတဲ့Facebook Friend ဟာသူတို့ဆန်စက်ကနေထုတ်လုပ်တဲ့ ပေါင်းဆန်ကို marketing ကောင်းကောင်းနဲ့ အဟာရသိဒ္ဓိဆန် ကျန်းမာရေဆန်ဆိုပြီးပြည်တွင်းဆန်ဈေးကွက်မှာနေရာတစ်ခုရလာဖို့ကြိုးစားအားထုတ်နေတာတွေ့ရပါတယ်။စင်ကာပူမှာပဲနေနေရတာဆိုတော့ရန်ကုန်မှာမတွေ့ဘူးသေးပါ။အချိန်တိုအတွင်းမှာ သူမ အိုင်ဒီယာလေးတွေနဲ့ ဈေးကွက်မှာထိုးဖေါက်ဖို့ကြိုးစားနေတာလည်းတွေ့ရပါတယ်။ ဆန်စပါးလောကရဲ့တက်ကြွတဲ့ လူငယ်တစ်ယောက်အဖြစ်ပေါ်လာပါပြီ။ Facebook မှာကွီးဖြိုးလာရောက်လေ့လာတဲ့အကြောင်း တင်ထားတဲ့ ပို့စ်ကိုဖတ်မိရင်းကျန်းမာရေးဆိုင်ရာအတွေးလေးတွေပေါ်လာလို့ ပိုစ့်တစ်ခုရေးတင်လိုက်ရတာပါ။

Gluten (ဂလူတင်) ဆိုတဲ့ ဓါတ်ပစ္စည်းတစ်မျိုးကို အားလုံး ကြားဘူးကြပါလိမ့်မယ်။ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အတွက် အချိန်အနည်းငယ်မှာပဲလူတွေသတိပြုမိလာကြပါတယ်။ဝီကီ ထဲမှာ လိုက်ရှာကြည့်တော့ storage protein တွေဖြစ်တယ်။ prolamins နဲ့  glutelins လို့သိထားရပါတယ်။ဂျုံ၊ဘာလီ၊ အုတ်၊ ဂျုံရိုင်း (rye) တို့မှာပါဝင်ကြပါတယ်။ ပြောင်း နဲ့ ဆန်မှာ ပါတဲ့ storage protein ကို  တခါတရံ glutens လို့ခေါ်ပေမဲ့တကယ် glutens အစစ်တော့မဟုတ်ပါဘူး။

ကျန်းမာရေးနဲ့ပတ်သက်ပြီး glutens ကိုဘာလို့သတိထားနေရသလဲဆိုတာလေ့လာကြည့်တော့လူခန္ဓာကိုယ်မှာ autoimmune reaction များဖြစ်ပေါ်လာနိုင်လို့ပဲဖြစ်ပါတယ်။ Glutens ကြောင့် gluten related disorders တွေဖြစ်တဲ့ coeliac disease, non-coelacanth gluten sensitivity,gluten ataxia စတဲ့ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းရဲ့ To a better health Facebook posts တွေမှာလည်း gluten အကြောင်း gluten နဲ့ဆက်နွယ်တဲ့ autoimmune ရောဂါအကြောင်းဖတ်ရပါတယ်။ ဆရာမကြီး functional medicine အကြောင်းတွေကိုပြည်သူတွေအကြားမှာ ပြန့်နှံ့လာအောင်အဘိဓမ္မာသဘောထားတွေနဲ့ မြန်မာ ဗုဒ္ဓဘာသာ ပြည်သူတွေအကြားမှာဆေးပညာဗဟုသုတတွေဖြန့်ဝေပေးနေတာဖြစ်လို့ သူရဲ့ဗီဒီယိုတွေကိုနားထောင်ပါတယ်။တစ်နေရာမှာ gluten ကြောင့်ဘာတွေဖြစ်နိုင်လဲဆိုတာပြောထားတာကတော့-- ရင်ပူမယ်၊လေထလေပွမယ်၊ဗိုက်နာ ဝမ်းလျှောမယ်၊ဝမ်းချုပ်မယ်၊ autoimmune ဖြစ်လာနိုင်တယ်၊ ပင်ပမ်းနွမ်းလျှမယ်၊ သွေးအားနည်းမယ်၊ စိတ်ဓါတ်ကျဆင်းမယ်၊အရိုးပါးမယ် စတဲ့ရောဂါတွေခံစားရနိုင်ပါမယ်။ဆရာမကြီးကမြန်မာနိုင်ငံမှာ autoimmune ရောဂါတွေအဖြစ်များလာတယ်လို့ဆိုထားပါတယ်။တစ်နေရာမှာတော့စပါးကို GMO ပစ္စည်း hybrid rice တွေထုတ်လုပ်လာတာကြောင့်လားလို့ဆိုထားပါတယ်။ ဒီ hybrid rice ပုလွဲသွယ်-ကယခင်အစိုးရလက်ထက် စိုက်ပျိုးရေးဝန်ကြီးက အားပေးလို့ စိုက်ခဲ့ကြပေမဲ့ ယခုအခါမှာတော့ အဆိုပါ hybrid rice ကိုဘယ်လယ်သမားကမှစိတ်မဝင် စားတော့ပါဘူး။မြန်မာမှာအများဆုံးစိုက်ကြတာက ပြည်တွင်းမျိုးတွေပဲဖြစ်ကြပါတယ်။

ထိုင်းကတော့အကွက်မြင်တယ်။ Gluten ကိုစားသုံးသူတွေသတိပြုမိလာတော့ berry rice ဆိုပြီးခရမ်းရောင်ရှိတဲ့ ဆန်ကိုထုတ်လုပ်ခဲ့တယ်။ မျိုးစပ်ကတည်း က gluten ကိုထုတ်ထားတယ်နဲ့တူပါတယ်။မျိုးကမြန် တယ်၊ မြန်မာပြည်မှာရောက်နေပြီ။ တလောက berry rice စားချင်သူတွေကိုကြော်ငြာဝင်နေတာတွေ့တယ်။ Amazon မှာကြော်ငြာဝင်ထားတာကတော့တကယ့် health conscious organic berry rice ပါပဲ။ မြန်မာမှာ autoimmune ရောဂါအဖြစ်များလာတာကြောင့် ဆန်ပဲစားလေ့ရှိတဲ့မြန်မာတွေအနေနဲ့  ဆန်ထဲမှာများgluten ဓါတ်ပစ္စည်းတွေများနေလို့လားလို့ သံသယဖြစ်လာဟန်တူပါတယ်။ဒီလို ပြည်သူတွေ awareness ဖြစ်လာတာလည်းကောင်းပါတယ်။

အရင်ကတော့ဆန်ဆိုရင် ကျန်းမာရေးရှုဒေါင့်ကနေ GI glycemic index ကိုအဓိကထားကြည့်နေရာကနေ  အခုဆိုရင် gluten ကိုကြည့်ရတော့မယ်။သုတေသနလုပ်ကြည့်ဖို့လိုလိမ့်မယ်။အရင်က ရန်ကုန်ဆေးသုတေသနဦးစီဌာနမှာ မြန်မာ့ဆန်အမျိုးအစားတွေနဲ့စပ်လျဉ်းလို့ GI ကို clinically စမ်းသပ်သုတေသနပြုလုပ်ခဲ့ဘူးပါတယ်။ အခု autoimmune အဖြစ်များလာဟာ မြန်မာတွေနေ့စဉ်စားသုံးလေ့ရှိတဲ့ဆန်အမျိုးအစားတွေကြောင့်ဖြစ်လာမလားစူးစမ်းလေ့လာထားတဲ့ သုတေသနတော့ ရှိကောင်းရှိနိုင်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးရိုးရိုး layman တစ်ယောက်ဖြစ်နေလို့ မသိရပါ။ Nutrition လုပ်နေတဲ့ San San Myint သိကောင်းသိနိုင်ပါမယ်။

တစ်နေရာမှာ မြန်မာပြည်လာတဲ့ တိုးရစ်တစ်ယောက်ကမြန်မာအစားအစာတွေထဲမှာ ဘယ်မြို့နယ်ကဘယ်ဆိုင်ကတော့ gluten free food တွေ ရနိုင်တယ်ဆိုတာရေးထားတာဖတ်ရပါတယ်။ပုဂံကမြန်မာ ဘူဖေးဆိုင်တွေကို ထောက်ခံထားတာဖတ်ရပါတယ်။ ဆိုလိုချင်ကတော့ စားစရာ နဲ့ပတ်သက်လို့ ကမ္ဘာကလက်ခံနေတဲ့ product တွေထုတ်လုပ်သွားနိုင်မှ ဒီလောကမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ အခုကတော့ health conscious food တွေကို လူတွေဟာရှာဖွေစားသုံးလာကြပြီဖြစ်လို့ သမားရိုးကျထုတ်လုပ်မှုတွေအပြင် ဆန်းသစ်တဲ့ ထုတ် လုပ်မှုမျိုး ( ဥပမာ fortified rice) ကြော်ငြာအားကောင်းကောင်းနဲ့ variety စုံစုံ ( ဥပမာ  ဆန်နီ၊ ပေါင်းဆန်၊ လုံးတီးဆန်၊ berry rice ) ထုတ်လုပ်ပြီး ဈေးကွက်အသစ်တွေရှာဖွေကြဖို့ လိုပါတယ်။ပြည်တွင်းဈေးကွက်မှာ လည်းအခု အာဟာရသိဓ္ဒိဆန် လိုမျိုးကြော်ငြာအားကောင်းကောင်း နဲ့လုပ်နိုင်ရင်( ဥပမာ မျိုးရွေးချယ်ချိန်မှ စ၍ ဈေးကွက်တင်ချိန်အထိ ) ရည်ရွယ် ချက်ကောင်းကောင်းနဲ့ လုပ်ကိုင်သွားနိုင်ရင်မြန်မာ့ဆန်စပါးလုပ်ငန်းအောင်မြင်လာနိုင်ပါတယ်။အခု မြန်မာဆန်စပါး supply chain ထဲမှာ စင်ကာပူ ကုမ္ပဏီ Golden Sun Landကထဲထဲဝင်ဝင်ပါဝင်နေကြောင်းသတင်းတွေအရသိရပါတယ်။ Golden Sun Land Co Ltd ဟာ စင်ကာပူ Tampines  mall မှာရှိတယ်လို့သိရပါတယ်။ ရုံစပိတ်ရက်တစ်ရက်လောက်တော့ MRT စီးပြီးသွားကြည့်ရပါအုံမယ်။ဒီကုမ္ပဏီဟာ ဖီလစ်ပိုင်နဲ့ ကမ္ဘောဒီးယားမှာ အတွေ့အကြုံရှိပြီးသားလို့ သိရပါတယ်။ ဘာပဲပြောပြော သူတို့ contract farming, supply chain management marketing များဘယ်လိုလုပ်ကြလဲ အတုခိုးသင့်ရင်ခိုးရမှာပါ။

ကဲဒီတစ်ခါတော့ ဥက္ကကြီးဦးချစ်ခိုင်က မြန်မာဆန်စပါးလုပ်ငန်း( from A to Z) ဗီယက်နမ်နောက်ရောက်နေတာကိုအားမလိုအားမရဖြစ်ပြီး ဖွဘုတ်မှာ ပိုစ်တင်လာတာကိုဖတ်ရတော့ တာဝန်ရှိသူလူကြီးတစ်ယောက် အနေနဲ့ PPP မှာ လှုပ်လှုပ်ရွရွ မောင်ကြက်ဖ မဖြစ်ပဲ တုံ့နှေးတုံ့ နှေးဖြစ်နေတဲ့အပေါ်ခံစားရပါလားလို့ကြားဝင်ပူပန်မိပါတယ်ခင်ဗျား။

No comments: