Monday, November 26, 2018

စကားပြောဖေါ်

ဘော်ဘော်တို့ရေ  စင်ကာပူမှာ ကိုယ့်အတွက်အကောင်းဆုံးစကားပြောဖေါ်က မြေးအကြီး ဖြစ်နေတယ်။မြေးကြီးက ၂၀၁၈ ဒီဇင်ဘာကုန်ရင် Clementi Primary School မှာ P3 တက်ရတော့မယ်။သူ့ကိုတတိယတန်းမြန်မာဖတ်စာအုပ်ထဲက ရှေးမြန်မာပုဂံသူရဲကောင်းတွေအကြောင်းဖတ်ပြရသလို အင်္ဂလိပ်လိုလည်းရှင်းပြရတယ်။ သူ့မှာ ဖတ်စာအုပ်ထဲမှာပါတဲ့ မြန်မာစာတွေ ရဲ့အနက် အင်္ဂလိပ် လိုရေးထားတဲ့ကိုယ်ပိုင်အဘိဓါန်လေးလည်းရှိတယ်။သူကလည်းသူ့ကျောင်းကဆရာမပြောတဲ့ food hygiene အကြောင်းပြောပြတယ်။ ကျောင်းမှာ fast food တွေမရောင်းဘူး။အပြင်မှာဝယ်မစားဖိုလည့်းပြောတယ်။ သူ့ရေဘူးကိုဆိုအဖိုးမသောက်ရဘူး။ရေဘူးထဲကရေကို အဖိုးသောက်တဲ့ရေဘူးထဲထည့်ပြီးမှသောက်ရတယ်။personal hygiene လေ။

ပုဂံအကြောင်းကို သူ့တီတီချော ရဲ့ I write I travel ဘလော့ ကိုပြပြီး ရှေးကမြန်မာလူမျိုးတွေဘယ်လိုယဉ်ကျေးမှုတွေရှိခဲ့တယ်ဆိုတာ ပြရတယ်။ ပုဂံဆေးရေပန်းချီတွေ တွေ့တော့ စိတ်ဝင်စားတယ်။မြေးကြီးက arts ဝါသနာပါတာကိုး။ တီတီချောရိုက်ထားတဲ့ ပုဂံဘုရားဓါတ်ပုံတွေနဲ့ ရှင်းပြရင်တော်တော်စိတ်ဝင်စားတယ်။တီတီချောကလည်းပုဂံဘုရားတွေကိုအရမ်း ရူးသွတ်တယ်မဟုတ်လား-- အခုတစ်ခေါက်မြန်မာပြည်ပြန်ရင် အဖိုး ပုဂံကိုလိုက်ပြချင်တယ် လို့ပြောရတယ်။

Google photo မှာရှာပြီးသူငယ်ငယ် ကလည်ခဲ့ဘူးတဲ့ ပုဂံခရီးစဉ်ကို လည်းရှာပြီးပြရတယ်။တကယ်တော့မြေးကြီးကို  I pad မသုံးစေချင်လို့ သူသုံးမဲ့ အချိန်ထဲက မသိမသာယူပြီး ကိုယ်ရိုက်သွင်းချင်တာတွေကိုရိုက်သွင်းရတယ်။

No comments: