Friday, November 30, 2018

စင်ကာပူ ပညာရေးတစေ့တစောင်း

မြေးအကြီး  လင်းမြတ်အောင် AEIS စာမေးပွဲအောင်စာရင်းဒီကနေ့ထွက်ပါတယ်--အောင်ပါတယ်--ဒါကြောင့် Clementi Primary School မှာဝင်ခွင့်ရသဖြင့်ကျောင်းကသူ့မိဘနှစ်ပါးကိုလှမ်းအကြောင်းကြားပြီးခလေးနှင့်ပတ်သက်သော docs များတင်ပြရန်အတွက်ဒီကနေ့ကျောင်းသို့သွားကြရပါတယ်--သတင်းကောင်းဆိုတာက ကိုယ်ရေးကိုယ်တာအတွက်ပါ--တိုင်းပြည်အတွက်ကတော့ ဖြစ်ချင်ရာဖြစ်ပေတော့ လို့သဘောထားလိုက်ပါပြီ--

AEIS exam က Admission Exercise for International Students exam  ဖြစ်ပါတယ်--စက်တင်ဘာလက Expo မှာစာမေးပွဲသွားဖြေရပါတယ် -- ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်လောက်လာဖြေဆိုပါတယ်--အသေးစိပ်သိချင်ရင်အောက်ကပေးထားတဲ့ Link မှာဖတ်ပါ--


သမီးတို့မိသားစုကစင်ကာပူမှာကုတ်ကတ်နေနေရတဲ့အကြောင်းရင်းမှာသားသမီးတွေပညာရေးကြောင့်ဖြစ်ပါတယ်-- စင်ကာပူပညာရေးစနစ်ဟာကမ္ဘာပေါ်မှာအကောင်းဆုံးသောပညာရေးစနစ်ဖြစ်ပါတယ်--စင်ကာပူမှာ PR ရတဲ့မိဘနှစ်ပါးကပေါက်ဖွားလာတဲ့သားသမီးတွေကိုPR မပေးပါဘူး--Long term pass နဲ့နေထိုင်ရပါတယ်-- တချို  student pass နဲ့နေရပါတယ်--မနှစ်က P1 class အတွက်ဝင်ခွင့်လျှောက်တဲ့အခါ မရခဲ့ပါဘူး-- ဒါကြောင့် Global Indian International School မှာသွားထားပါတယ်--ကျောင်းလခ ကအတော်ဈေးကြီးပါတယ်-- သားသမီး ယောက်ရှိတဲ့မိသားစုအနေနဲ့ ကျောင်းစါးရိတ်အတော်ကြီးပါတယ်--ကျောင်းဝေးတဲ့အတွက် ကျောင်းကားခလည်းကုန်ကျပါသေးတယ်--တစ်ဖက်မှာလည်း AEIS စာမေးပွဲအတွက်ပြင်ဆင်ရပါသေးတယ်--ကျူရှင်မထားပဲ စာမေးပွဲမေးခွန်းဟောင်း ကော်ပီတွေဝယ်ပြီးနေ့စဉ် လေ့ကျင်ခဏ်း home work လုပ်ရပါတယ်--ခလေးကဉာဏ်ကောင်းပါတယ်-- work sheet တွေလုပ်တိုင်းအမှားနည်းပါတယ်-- Maths ဆိုရင်မောင်တိုင်ပင်တို့ နားလည်သဘောပေါက်တဲ့
Maths မဟုတ်တော့ပါ--logic တွေပါသောMaths ဖြစ်ပြီးအဆင့်မြင့်ပါတယ်--စာမေးပွဲသွားဖြေတော့လည်းသူဟာသူဖြေနိုင်တယ်ပြောပေမဲ့ အဖိုးကတော့စိုးရိမ်ပူပန်နေရပါတယ်--

၁၄ ရက်နေ့က အောင်စာရင်းထွက်ပါတယ်--အောင်တဲ့အတွက် အိမ်နားက PrimarySchool မှာ ဝင်ခွင့်ရကြောင်းမိဘကိုအကြောင်းကြားပါတယ်--အစိုးရကျောင်းမှာ ဘာကြောင့်ကျောင်းတက်ချင်ကြတာလဲ
လို့မေးရင်ကျောင်းလခ က - ဆလောက်သက်သာပါတယ် --PSLE Primary School Leaving Exam ဖြေသည်အထိကျောင်းလခ သက်သက်သာသာ ဖြင့်ခလေးကိုကျောင်းထားနိုင်ပါတယ် -- ခလေးဘာကြောင့် ဉာဏ်ကောင်းသလဲလို့မေးရင် အခြေခံကောင်းခဲ့ လို့ပါ-- Playgroup - Toddler - Nursery- Kindergarten 1 - Kindergarten 2  တွေမှာ စင်ကာပူပညာရေးစနစ် အခြေခံကောင်းတွေရခဲ့ လို့ပါ လို့ပြောလိုပါတယ်-- မြေးငယ် ကအခု Nursery အတန်းဝင်ရမှာပါ သူကိုလည်းသူအစ်ကို ရဲ  My Skool မှာပဲဆက်တက်ပါမယ်--

စင်ကာပူမှာ အလုပ်လာလုပ်တဲ့ မိဘတွေအနေနဲ့ခလေးတွေရဲ့ ပညာရေးမှာ ရှာတဲ့ဝင်ငွေတစ်ဝက်လောက် ကိုသုံးနေရပါတယ်--ခလေး ယောက်ဆိုရင်တော်တော်မလွယ်ပါမိဘဆွေမျိုး အကူအညီတွေလိုပါတယ် ဒါကလည်းစင်ကာပူရဲ့ immigration system အရ မိဘအရင်းတွေသာ Long term pass ရနိုင်တော့မိသားစု တွေ တော်တော်ကသီလင်တနိုင်ပါတယ်-- မောင်တိုင်ပင် အနေနဲ့ သမီးမိသားစုနဲ့ဘာကြောင့်လာနေရသလဲဆိုတာ သဘောပေါက် လောက်ပြီ လို့ ထင်ပါတယ်--ဒီနှစ်ဆိုရင် တစ်နှစ်လုံးနီးပါး စလုံးမှာ နေနေ ရပါတယ်-- ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့ သဘောပါပဲ--မောင်တိုင်ပင်အနေနဲ့ single parent ဖြစ်နေတာကြောင့် လည်းပိုပင်ပမ်းရတာပေါ့ --

ဘာပဲပြောပြောမြေး လင်းမြတ်အောင် စင်ကာပူပညာရေးမှာ တူတူတန်တန် ဝင်ခွင့်ရကြသဖြင့်အဖိုးတစ်ယောက်အနေနဲ့ ထိန်းကျောင်းကြပ်မတ်ပေးရမဲ့တာဝန်ရှိလာပါပြီ--


1 comment:

faroldoatley said...

Casino in Las Vegas - DrMCD
Las Vegas Casino in Las Vegas. The Casino offers over 2000 토토 사이트 추천 slots, over 2000 아산 출장안마 table games, and an exciting mix of slots and 전라북도 출장샵 table games. Open 24/7. 의왕 출장샵 Rating: 수원 출장마사지 4 · ‎1,506 reviews