Wednesday, November 28, 2018

မြန်မာဗဟိုဘဏ်ဥက္ကဌ တစေ့တစောင်း

ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်ကိုလွှတ်တော်ကကန့်ကွက်သူမရှိတခဲနက်ထောက်ခံပြီးအတည်ပြုပေးလိုက်သည်ဟုသတင်းများကြားသိရပါတယ်။ ကုန်သွယ်ရေးဦးစီးမှာ ခေတ္တညွှန်ချုပ်တာဝန်ယူခဲ့စဉ်က ဗဟိုဘဏ်ကBODအစည်းအဝေး ကို မင်ဘာအနေနဲ့ တက်ခဲ့ရလို့တစ်လတစ်ခါဗဟိုဘဏ် ဥက္ကဌကြီးဦးကျော်ကျော်မောင်ကိုတွေ့ဆုံခဲ့ဘူးပါတယ်။ မင်ဘာတွေကိုနေ့လည်စာထမင်းကျွေးတဲ့အခါ တော်ရိရော်ရိမလုပ်ပဲ သူကိုယ်တိုင်မီးနှုးရွေးကာသေသေချာချာစီမံချက်ပြုတ်စေတဲ့အတွက်အတော်ကိုအဆင်ပြေသောနေ့လည်စာကိုအမြဲစားသုံးရတာကိုမှတ်မိနေပါတယ်။ဥပမာ ငါးမြင်းဟင်းနဲ့ကျွေးတဲ့နေ့ဆိုရင်ငါးမြင်းကိုဘယ်ဈေးဘယ်အချိန်မှာဘယ်ဆိုင်မှာဝယ်ဆိုတဲ့အသေးစိပ်ညွှန်ကြားစီမံတာဖြစ်လို့အဆီတဝင်းဝင်းနဲ့ငါးမြင်းဟင်းကိုစားခဲ့ရဖူးပါတယ်။ဒါ လည်းထမင်းကျွေးရင်းသူပြန်ပြောပြလို့သိရတာပါ။

ဦးကျော်ကျော်မောင်ကရှေးရိုးစွဲဝါဒီ ဖြစ်ချင်ဖြစ်ပေမဲ့ ကမ္ဘာငွေရေးကြေးရေးကိစ္စများနှင်တော့မျက်ချေပြတ်ခြင်းမရှိသည်ကိုတော့ ထိုစဉ်ကသူပြောဆိုဆွေးနွေးချက်များအရအကဲခပ်မိခဲ့တာကိုပြောပြရခြင်းဖြစ်ပါတယ်။သူအင်တာနက်အသုံးပြုပါလား? Facebook သုံးပါလား? တော့ ကျနော်သိချင်မှသိပါမည်။ ကျနော်နှင့်ဆုံစဉ်ကလည်းအင်တာနက်ကွန်ပျူတာဆိုတာ ဘယ်နားနေမှန်မသိပါ။ bit-com, cryptocurrency ကိုသိချင်လည်းသိမည် မသိချင်လည်းမသိသူဖြစ်ချင်ဖြစ်ပါလိမ့်မည်။

ကမ္ဘာငွေကြေးနဲ့မြန်မာငွေကြေးဆက်စပ်မှုကို macro level အတိုင်းအတာနဲ့ဘောင်တွေကန့်သပ်ချက်တွေအတွင်းကနေအကောင်းဆုံးဖြစ်အောင်စဉ်းစားလုပ်ဆောင်ပေးရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗဟိုဘဏ်မှာလည်း BOD ရှိပြိးဖြစ်တဲ့အတွက် collectively စဉ်းစားဆုံးဖြတ်ကြပေးကြရမှာပါ။သို့သော်ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်ကိုအင်တာဗျူး လုပ်ထားတာအတော်ရှားရှားပါးပါးရှိနေပါတယ်။အမှန်ကတော့ ဒီမိုကရက်တစ်အစိုးရဆိုတာဌာနတိုင်းလိုလိုကသူတို့ပေါ်လစီဘာတွေရှိတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်မယ်၊ဘယ်လိုလုပ်မယ်စသဖြင့် ပြည်သူကိုအသိပေးသင့်တာတွေပေးရမှာဖြစ်ပါတယ်။ ဗဟိုဘဏ်ဥက္ကဌဟာမီဒီယာ နှင့်ဘာကြောင့်အထိအတွေ့နည်းတာလဲ? မနည်းသင့်ဘူးထင်ပါတယ်။ငွေကြေးနဲ့ပတ်သက်တာတွေ ဘဏ်တွေနဲ့ပတ်သက်တာတွေ သူ့အမြင်သူ့ အယူအဆတွေ ကိုမပြောသင့်ဘူးလား ? ဘာမဟုတ်တဲ့ ဘဏ်သေးသေးလေးက စီအီးအိုတစ်ယောက်ကတောင်သူ့အမြင် သူ့ အတွေ့အထိတွေတောင်ပြောနေသေးတာ ဗဟိုဘဏ်ဥက္ကဌ ကြီးတစ်ယောက်အနေနဲ့ သူ့ BOD မင်ဘာ၁- ယောက်ခြံရံပြီး တစ်လ တစ်ခါလောက်တော့ သတင်းမီဒီယာနှင့် ထိတွေ့မှုလုပ်သင့်ပါတယ်။ press release ထုတ်ပြန်ဖို့ လိုနေပါတယ်။အသက်ကြီးတာငယ်တာနဲ့မဆိုင်ပါ။ သူ၏လုပ်ရပ်တွေနှင့်သာဆိုင်ပါလိမ့်မည်။ ဦးကျော်ကျော်မောင်ကိုဗဟိုဘဏ်ဥက္ကဌ ပြန်အရွေးခံ လိုက်ရပြီ-- မြန်မာနိုင်ငံစီးပွားရေး၊ငွေရေးကြေးရေးနှင့်ဘာလုပ်မယ်ဆိုတာလောက်တော့ ပြည်သူကိုချပြသင့်တယ်ထင်ပါတယ်။ဗွီအိုအေကဦးသန်းလွင်ထွန်းတောင် ဗဟိုဘဏ်ဥက္ကဌကြီးဦးကျော်ကျော်မောင်ကိုအင်တာဗျူးဖို့ ကြိုးပမ်းမည်ဟုပြောနေပါတယ်။ကဲကျနော်တို့လည်းသူ့အတွေးအမြင်အယူအဆတွေဘာတွေရှိလဲဆိုတာဝေဖန်ဆန်းစစ်ကြည့်နိုင်တယ်ဆိုရင် ကျနော်တို့တတွေအစိုးရယန္တရားကိုအဓိကမောင်းနှင်နေကြတဲ့သူတွေ အသက်ကြီးတာငယ်တာတွေကိုမေ့ထားလိုက်ကြပါစို့လား ခင်ဗျား။



No comments: