Wednesday, November 28, 2018

အစားအစာနှင့်ကျန်းမာရေး

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က trans fat အသုံးပြုခြင်းကိုတားမြစ်ပိတ်ပင်ခြင်းသတင်းတွေထွက်ပေါ်လာပြီး အိမ်ထောင်စုအများအပြား အကြား စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်လို့ Bangkok Post သတင်းစာကဖေါ်ပြခဲ့ပါတယ်။ trans fat ကြောင့်နှလုံးရောဂါ၊သွေးတိုးလေဖြတ်ရောဂါများဖြစ်ပေါ်နိုင်တယ်လိုဖေါ်ပြထားပါတယ်။ဒါအပြင် Type II ဆီးချိုရောဂါဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်လည်းရှိ နိုင်တယ်လို့ ဆိုကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက trans fat ပါဝင်တဲ့ အစားအစာများထုတ်လုပ်ခြင်း၊တင်သွင်းခြင်း၊ဖြန့်ချီခြင်းတားမြစ်ပိတ်ပင်တဲ့အမိန့်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါအမိန့်ဟာ ၂၀၁၉ ခုနှစ်ဇန္နဝါရီလကစ၍အသက်ဝင်မှာဖြစ်ပါတယ်။

Trans fatty acids ဟာ hydrogenated oils ထုတ်လုပ်ရာကနေထွက်လာတာဖြစ်ပြီး ကိတ်မုန့်၊ကွတ်ကီး၊မာဂျရင်း၊ဒိုးနပ်၊fried fast food (အာလူးကြော်) စာရင်းသွင်းထားတဲ့ cream roll အအေးခံထားတဲ့ ပီဇာမုန့် စတဲ့အစားအစာတွေမှာပါတတ်ပါတယ်။ ဒီလိုအစားအစာတွေကျယ်ကျယ်ပြန်ပြန့်စားသုံးလာကြတာကလည်း အနောက်ပုံစံ လူနေမှုစနစ်များ ပျံ့ နှံ့ ဝင်ရောက်ခဲ့တာကြောင့်လို့ဆိုပါတယ်။ထိုင်းပြည်သူလူထုအကြားစိုးရိမ်မကင်းဖြစ်ပေါ်လာတာကြောင့် စီးပွားဖြစ်ကိတ်မုန့်ဖုတ်တဲ့ bakeries တွေဟာသူတို့ရဲ့ recipes တွေမှာ partially hydrogenated oils တွေဖြုတ်ခဲ့ပြီးတခြား  Vegetable oils တွေနဲ့အစားထိုးသုံးစွဲခဲ့ရပါတယ်။

Trans fat contents in various foods, ranked in g per 100 g
food type
trans fat content
shortenings
10 to 33 g
margarine/spreads
0.2 to 26 g
butter
2 to 7 g
whole milk
0.07 to 0.1 g
breads/cake products
0.1 to 10 g
cookies and crackers
1 to 8 g
salty snacks
0 to 4 g
cake frostings and sweets
0.1 to 7 g
animal fat
0 to 5 g

ပြည်တွင်းမှာလည်းအိမ်နီးချင်းနိုင်ငံများအစားအသောက်များတင်သွင်းလာလျက်ရှိရာ မြန်မာ FDA ၏ခွင့်ပြုချက်ရယူရန်လိုအပ်သည်ဟုစည်းမျဉ်းစည်းကမ်းများသတ်မှတ်ထားရှိပါတယ်-- စီးပွား ကူးသန်းဝန်ကြီးဌာနတွင်စားသုံးသူရေးရာဦးစီးဌာနဖွဲ့စည်းတည်ထောင်ထားရာ ကျန်းမာရေး ဝန်ကြီးဌာန FDA နှင့်ညှိနိုင်းပြီး trans fat အစားအစာများလူထုကြားသိုမရောက်ရှိစေရန်အတွက်ထိန်းသိမ်းကြပ်မတ်မှုများလိုအပ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်--

No comments: