Monday, November 26, 2018

Talent search လုပ်ကြပါ

စင်ကာပူနိုင်ငံကထက်ထက်မြက်မြက်ရှိသောဝန်ကြီးအချို့ ၏နောက်တွင် ထက်မြက်သွက်လက်သော aide လူငယ်အမျိုးသားအမျိုးသမီးဝန်ထမ်း - ယောက်လောက်ရှိတတ်ပါတယ်။သူတို့ ဝန်ကြီး
အရေးပါသောဧည့်သည်တွေနှင့်ဆွေးနွေးစကားပြောနေပြီဆိုလျှင် aide များကဂရုတစိုက်နားထောင်နေတတ်ပြီးပြောသမျှကို ကွန်ပျူတာ တဖြတ်ဖြတ်ရိုက်ကာမှတ်တမ်းတင်နေသလို ကျန်သည့် aide ကလည်းဝန်ကြီးဆွေးနွေးနေသောခေါင်းစဉ်ဘာသာရပ်နှင့်စပ်လျဉ်းသော စင်ကာပူနှင့်ဆိုင်သောအချက်အလက်များကို ဝန်ကြီးရှေ့တွင်ချထားသော အိုင်ပက် ရှေ့တွင်တန်းစီပြီးပေါ်လာနေအောင်ချိတ် ဆက်ထားပြီး ဝန်ကြီးမှ ဆွေးနွေးစကားပြောရင်းတန်းလန်း scroll လုပ်ချင်လုပ် ရပ်ပြီးကြည့်ပြောချင်ပြော ကြိုက်တာလုပ်နိုင်အောင် aide များကအထောက်အကူပြုပေးနိုင်ကြပါတယ်။စင်ကာပူနိုင်ငံမှ technocrats များသည် talent search လုပ်ရာတွင် အရမ်းတော်ကြပါတယ်။သူတို့ PAP ပါတီအောက်ခြေတွင် talented ဖြစ်သော လူငယ်အများအပြားကို ပါတီဝင်ခိုင်းထားပြီးယခုလိုဝန်ကြီးများက
facilities အစုံသုံးပြီး supporting aide များအဖြစ်သုံးကြပါတယ်။ တော်ရင်တော်သလို အုပ်ချုပ်ရေးယန္တရားအပိုင်းမှာဝင်ရောက်လာကြပြီးနောင်တစ်ချိန်တွင်ခေါင်းဆောင်ဖြစ်လာကြပါတယ်။ စစ်တပ်မှ
ထူးချွန်ထက်မြက်သောပုဂ္ဂိုလ်များကိုလည်း အသက်၄၀ကျော်လောက်တွင် PAP ပါတီကိုဝင်စေပြီး အုပ်ချုပ်ရေးဗျူရိုကရေစီ ယန္တရားကိုနိုင်နိုင်နင်းနင်းမောင်းနှင်နိုင်အောင့်လေ့ကျင့်ပေးကြပါတယ်။ ခေါင်းဆောင်များကတော်သည်  မတော်သည် ကို အကဲဖြတ်၍ ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် အတွဲလိုက်တာဝန်ပေးချင်ပေးပါမည်။ တစ်ခုထူးခြားသည်က ဒုတိယ နေရာမှာရှိသောလူသည် မည်သည်နည်းနှင့်မျှပထမ နေရာကိုမရရှိလာနိုင်ပါ။သူအနေဖြင့် ပင်စင်ယူသည်အထိ ဒုတိယခေါင်းဆောင်အနေဖြင့်သာ သူ့ career မှာပြီးသွားနိုင်ပါတယ်။ 

မောင်တိုင်ပင်-- မင်းဒါတွေဘယ်လိုလုပ်သိသလဲဆိုတော့ စင်ကာပူမှာ အနေကြာတဲ့ မိတ်ဆွေတွေဆီကတဆင့်သိရတာပါ။ တစ်ချို့ဆိုရင် လူငယ်တွေပဲရှိပါသေးတယ်။ကဲ-- မောင်တိုင်ပင်ဘာစဉ်းစားမိသလဲဆိုတာပြောရရင် ရန်ကုန်တိုင်းဝန်ကြီးဒေါ်နီလာကျော်အနေဖြင့် သူမမှာ ထက်ထက်မြက်မြက်ရှိတဲ့ aide တွေရှိခဲ့ရင်သတင်းထောက်တွေ အင်တာဗြူးမှာ ဖတ်ကနဲ ဒေါ်နီလာကျော်ရှေ့ ကကွန်ပျူတာပေါ်မှာသတင်းထောက်မေးတဲ့မေးခွန်းအဖြေတွေရောက်ကောင်းရောက်နေပါလိမ့်မယ်။ကျနော်ကိုပြောပြတာကတော့ ဒေါ်နီလာကျော်နောက်မှာအမျိုးသမီး ဝန်ထမ်း - ဦးသာရှိတယ်လို့ သိရပါတယ်။

နောက်ကျနော်စဉ်းစားမိတာတစ်ခုရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားခရီးစဉ်ရှိတဲ့အခါ သူမ၏ Chief of Staff ကဘယ်သူများပါလိမ့် လို့ စပ်စုကြည့်မိချင်ပါတယ်။သူမအတွက် aide  အဖြစ်နောက်ကနေ support ကောင်းကောင်းပေးနိုင်ဖို့ လိုပါတယ်။ နိုင်ငံတော်ခေါင်းဆောင်အနေဖြင့် AI ကိုထိရောက်စွာအသုံးချနိုင်ဖို့ လိုနေပြီလို့ ယူဆမိပါတယ်။မောင်တိုင်ပင်ကိုယ်တိုင်တတ်မတော်အစိုးရများလက်ထက်၌ ဝန်ကြီးကို support ပေးရသည့် aide အဖြစ် ခရီးစဉ်တော်တော်များများ လိုက်ဘူးပါတယ်။ခရီးစဉ်ရှိတိုင်း portable printer, laptop, power point pointer, စာရွက်၊ မှတ်စုစာအုပ်များ၊အကုန်ယူသွားရပါတယ်။ ဟိုတယ်အခန်းထဲမှာ ခရီးစဉ်အတွင်းဝန်ကြီး
တွေ့ခဲ့သောပုဂ္ဂိုလ်၊ ဘာတွေဆွေးနွေးခဲ့သည်စသည့်အချက်အလက် meeting minutes တွေကိုအိမ်ပြန်ခရီး လေပျံပေါ်ရောက်တာနဲ့ ဝန်ကြီး လက်ထဲကိုထည့်နိုင်ခဲ့တာကြောင့် စိတ်လက်ပေါ့ပါးသည့်အပြန်ခရီးစဉ်များဖြစ်ခဲ့တာများပါတယ်။ဒါကြောင့် ထက်ထက်မြက်မြက် အတွေ့အကြုံရှိသော aide များ အထူးသဖြင့် - ယောက်ခန့်မွေးထားရန် လေ့ကျင့်ပေးထားရန် လိုအပ်ပါတယ်။

No comments: