Wednesday, May 8, 2024

စင်ကာပူတစေ့တဇောင်း


မြန်မာတွေစင်ကာပူမှာအလုပ်လာလုပ်ကြတယ်၊လာရောက်လည်ပတ်ကြတယ်၊လူနေမှုစနစ်ကိုသဘောကျကြတယ်၊ကျွန်းနိုင်ငံလေးဆိုတော့ အစိုးရကထိန်းသိမ်းကြပ်မတ်ရတာလွယ်ကူတယ်၊စင်ကာပူနိုင်ငံသားတစ်ဦးမကျန်bio data နဲ့မှတ်ပုံတင်ထားနိုင်သည်သာမကတခြားနိုင်ငံမှခေတ္တလာရောက်နေထိုင်သူတွေပါစနစ်တကျမှတ်ပုံတင်ထားနိုင်တယ်။ သူတို့​၏ရုံး ICA ဆိုတာ နိုင်ငံခြားသားများမဖြစ်မနေသွားရောက်ရသည့်ရုံးဖြစ်ပါတယ်၊


စင်ကာပူ ဟာtown planning အလွန်ကောင်းပါတယ်၊ Bukit Timar, Bukit Batok ရပ်ကွက်ဆိုရင်တောင်ကတုံးလေးတွေမှာ မြို့ပြတည်ထောင်ထားတာဖြစ်လို့ ကြည့်လို့ကောင်းပါတယ်၊ မလေးစကားအရ Bukit ဆိုတာတောင်လို့ အမည်ရပါတယ်၊မြေးငယ် က Bukit  View Primary School မှာဝင်ခွင့်ရပါတယ်၊ P4 အတန်းတက်နေပါပြီ၊ မနက်ဆိုရင် ၆နာရီခွဲအိမ်ကထွက်ရပါတယ်၊ သူ့ အစ်မကကျောင်းပို့ကျောင်းကြိုလုပ်ပါတယ်၊နေ့လည် တစ်နာရီခွဲကျောင်းဆင်းပါတယ်။မောင်တိုင်ပင်သမီး မိသားစု ကစင်ကာပူရောက်ကတည်းက Clementi မှာနေတော့ အဲဒီပတ်ဝန်းကျင်ကို ကြိုက်ပြီး ဘယ်မှမပြောင်းတော့ပါ။Clementi Bus Interchange ကနေစင်ကာပူရပ်ကွက်ပေါင်းစုံ ကို ဘတ်စ် ကားတွေနံပါတ်စဉ် အလိုက်ထွက်ပါတယ်၊ မြေးငယ်ကျောင်း Bukit View ကို Clementi Interchange ကနေ ဘတ်စ်နံပါတ် 173 ရောက်ပါတယ်၊ ၁နာရီကျော်လောက်အောက်ထစ်စီးရပါတယ်။ဒီဘတ်စ် လမ်းကြောင်းက လမ်းမကြီးတွေသာမကရပ်ကွက်တွေထဲလည်း ဟိုဝင်ဒီထွက်လမ်းကျဉ်းလေးတွေလည်းပါဝင်ပါတယ်၊ မြင်သာအောင်ပြောရရင်ရန်ကုန်အင်းယားမြိုင်၊ဝင်ဒါမီယာ၊ဘောက်ထော် ရပ်ကွက်တွေထဲ ဘတ်စ်ကားကြီးဝင်မောင်းနေသလိုပါပဲ၊ ရပ်ကွက်ထဲမှာ ဘတ်စ်မှတ်တိုင်ကိုစနစ်တကျဆောက်ထားတော့ ဘတ်စ်ကားကောစီးသူကောအဆင်ပြေကြပါတယ်၊


ရပ်ကွက်တွေထဲက အိမ်ယာတွေဟာသူတို့အခေါ် landed property တွေဖြစ်ကြပြီး အိမ်တွေကတော့လုံးချင်း၊detached house, shop house & condoတွေဖြစ်ကြပါတယ်၊ ဈေးကတော့ စင်ကာပူဒေါ်လာ တစ်သန်းကျော် အထက်မှာရှိပါတယ်၊ရပ်ကွက်ထဲမှာ ဘဲတချို့နေရာတွေမှာ တောအုပ် တွေရှိပါတယ်၊ မည်ကာမတ်တပ်တောအုပ်တွေမဟုတ်ပါဘူး၊ အထဲဝင်သွားရင်ခြုံနွယ် ပိတ်ပေါင်းသစ်ပင်တွေ နွယ်ပင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ တကယ့်တောအုပ်တွေဖြစ်ကြပါတယ်၊ ကျုပ်တိုဆီမှာဆိုပိုင် တဲ့သူတွေက ခြုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းပြီးမြေကွက်တွေဖေါ် အိမ်ဆောက်ကြမှာ အသေအချာပါပဲ၊ ဗိုလ်တထောင်ဘက်ကမိုးရေတွေကိုမြစ်ထဲထုတ်တဲ့ မြောင်းကြီးတွေတောင်မြေဖို့ပစ်ပြီးတိုက်ခန်းတွေဆောက်ကြတာ၊ လက်ရဲဇက်ရဲ ရှိကြတာသိတယ်မဟုတ်လား? အဲတော့ ဘာဖြစ်လဲ? မိုးရာသီရောက်တော့ ရေတွေကြီးကုန်တယ် မဟုတ်လား--စင်ကာပူက အီကွေတာ နဲ့ နီးပေမဲ့ မိုး မှန်မှန် ရွာတတ်တာ တောအုပ်တွေထဲကသစ်ပင်တွေ လမ်းဘေးတစ်ဖက်တစ်ချက်ကသစ် ပင်တွေကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားနိုင်လို့ပါပဲ။ သစ်ပင်တွေကို pruning လုပ်တာ ကျွမ်း ကျင်သူတွေကလုပ် ကြပါတယ်။လှပပြီးဖြာထွက်နေတာ ကြည့်  လို့ကောင်းပါတယ်၊


မနေ့ကမြေးငယ်ကိုကြိုပြီး ဘတ်စ် 173 နဲ့အပြန်ခရီးမှာ မိုးတွေခပ်သည်းသည်းရွာတော့ရန်ကုန်ကပြည်သူတွေကိုသတိရမိတယ်။ ရန်ကုန်မှာမိုးမရွာသေးဘူးတဲ့--အိမ်က

လူတွေမေးကြည့်တော့ ပူလိုက်တာဆို လွန်လွန်ကဲကဲ ကိုပူနေတာ တဲ့-- ကိုယ်က confort zone မှာနေပြီးတော့ ရန်ကုန်ကပြည်သူတွေကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါ

စေလို့ ဆုမတောင်းချင်ပါဘူးဗျာ။နောက်ဆုံးလျှပ်စစ်မီး ၄ နာရီလာချိန်မှာခဏခဏ

ပျက်တာလည်းမကြာခဏပါပဲ တဲ့။ ပူတော့ အိုက်တော့ ပြည်သူတွေက သစ်ပင်တွေ

စိုက်ဖို့ စိုင်းပျင်းကြတယ်။လှုံ့ဆော်ကြတယ်၊ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ သစ်ပင်တွေ စိုက်တဲ့ ဇူလိုင်လ ရောက် ဖို့ က လိုသေးတယ်။အစိုးရအဆက်ဆက်အပါအဝင်ပြည်သူတွေကသစ်ပင်တွေကိုဘယ်လိုထိန်းသိမ်းကြမလဲဆိုတာမိမိတာဝန်တစ်ခုလို့သဘောထားမှဖြစ်မယ်။ လမ်းချဲ့ချင်တာ လမ်းအသစ်ဖေါက်ချင်တာနဲ့ သစ်ပင်တွေလှဲပစ်မယ်။ ခုတ်ပစ်မယ်ဆိုတဲ့ ခံယူချက်အစား ဘယ်လိုရှောင်ဖေါက်မလဲဆိုတာကိုဦးစားပေးကြရပါမယ်။ယုတ်စွအဆုံး စည်ပင်သာယာအဖွဲ့အစည်းတွေလက်ထဲမှာ သစ်ပင်အကြီးတွေကို နှုတ်နိုင်တဲ့ စက်ကိရိယာတွေ စက်ယန္တရားတွေ၊ တွင်းတူး ပြန်စိုက်နိုင် တဲ့ စက်ယန္တရားတွေပိုင်ဆိုင်သင့်နေပြီ၊မြန်မာပြည်ကဘယ်အုပ်ချုပ်သူမဆို ဘယ်လူ့ အဖွဲ့အစည်းမဆို ကြီးပျင်းအရွယ်ရောက်နေတဲ့ သစ်ပင်တွေကို မခုတ်ပစ်ကြဖို့ ပြောကြပါတယ်။ လှုံ့ဆော်ကြပါတယ်။ စင်ကာပူထဲကသစ်ပင်တွေအားလုံး registered လုပ်ထားတယ်လို့ ကြားဘူးပါတယ်။BAg ဘွဲ့ရထားတဲ့ မြန်မာတစ်ယောက်တောင်စင်ကာပူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကြားဘူးပါတယ်။


စင်ကာပူမှာသတိထားမိတာက လူနေမှုစရိတ်မြင့်မားလာတာပါပဲ။ မြန်မာတွေအလွယ်

တကူပုံစားလို့ခေါ်တဲ့ ထမင်းဆိုင်မှာ အသား၂မျိုး vegi ၂မျိုးနဲ့ဆိုရင် ၄-၄.၅၀ ဒေါ်လာ

လောက်ဖြစ်နေပါပြီ။ လွန်ခဲ့သော ၁၅နှစ် သမီးတို့ စင်ကာပူရောက်ခါစလောက်က ၂-၂.၅၀ လောက်ပဲရှိပါတယ်။ ခရီးစရိတ်လည်း ထောင်းပါတယ်။ မြေးငယ်သွားကြိုတာ MRTဘတ်စ် အခက ၄.၅၀ဒေါ်လာလောက်ရှိပါတယ်။ တက်စီခကတော့ လေဆိပ်

သမီးလာကြိုတာ ၃၄-၃၅ လားမသိရှင်းလိုက်ရတယ်။အရင်ကမောင်တိုင်ပင် မှတ်မိတာက ၂၅ဒေါ်လာလောက်ပဲ။ တိုက်ခန်းတွေမှာ single နေမယ်ဆိုရင် ၇၀၀ကျော်ပဲ၊နေစရိတ်၊စားစရိတ်တွေလည်းအများကြီးတက်လာပါတယ်။ဆေးလိပ်သောက် ဘီယာသောက်ဆိုရင် တော့ အိမ်ပြန်ပို့ ဖို့တောင်မနည်းစုဆောင်းပို့ရမှာနော့၊အဝတ်အစားတွေ

အသုံးအဆောင်တွေ၊ အီလက်ထရောနစ်ဆိုင်တွေ ဝင်မကြည့်ဖြစ်တော့ဘူး၊ အသက်လည်းကြီးလာတာကတကြောင်း၊ဈေးတွေကတော့ လူလတ်တန်းစားတွေဝယ် နိုင်ဝတ်နိုင်အသုံးပြုနိုင်တဲ့အနေအထားမှာတော့ ရှိနေပါသေးတယ်။မြန်မာတွေအတွက်shopping ကတော့ ဘန်ကောက် ကအကောင်းဆုံးပါ။ စင်ကာပူကတော့ high end တွေအတွက်သီးသန့်ပဲ၊


နောက်တစ်ခုပြောချင်တာက tittok CEO နဲ့ အမေရိကန် ကွန်ဂရက်နဲ့ hearing တွေပါ၊

ဟာသအနေနဲ့ စင်ကာပူနိုင်ငံသားတွေက tittok မှာတင်ထားကြပါတယ်။US congressman တွေကလည်း သူတို့လိုချင်တဲ့အတိုင်းထွက်ဆိုဘို့ဇောင်းပေးမေးပေမဲ့

စင်ကာပူနိုင်ငံသား CEO ကလူလည်ပါ။အမေရိကန်တွေရဲ့ ဂွင်ထဲ မဝင်သွားပါဘူး။တကယ်တော့ စင်ကာပူလည်းတရုတ်နွယ်ဝင်တွေပါပဲ။ သူတို့ ဘေးဘိုးဘီဘင်တွေကြည့်ရင်ဟိုးကန့်တို့ဘာတို့ကလာတဲ့ တရုတ်နိုင်ငံသားတွေများပါတယ်။ အရင်က စင်ကာပူအစိုးရက မလေးတွေများလာမှာစိုးတဲ့အတွက် ပြည်ကြီးတရုတ်တွေ ဝင်လာ

နေနိုင်အောင်မျက်နှာသာပေးပါတယ်။ လက်ရှိတရုတ်နိုင်ငံသားတွေကို စင်ကာပူတရုတ်တွေကသိပ်မနှစ်သက်ကြဘူး၊ မလေးတရုတ်တွေဦးစားပေးလာတယ်။ မြန်မာ

ပြည်ကတရုတ်တွေလည်း စင်ကာပူ  PR ဖြစ်လာဖို့ အခွင့် အရေးရှိပါတယ်။ မြန်မာစစ်

စစ်ကတော့ ရဖို့ ခဲယဉ်းလိမ့်မယ်ထင်တယ်။မန်ဒရင်းကတော့ widely spoken ပါ။ဒါ

ကြောင့်လည်းအမေရိကန်တွေအထင်လွဲတာပါ။ စင်ကာပူအတိုက်အခံတွေရဲ့ အာဘော်တွေ tiktok မှာနားထောင်လိုက်ရတယ်။ဈေးကြီးတဲ့ landed property တွေ ကို နိုင်ငံခြားသားတွေ၀ယ်ခွင့်ပေးတာတွေမနှစ်သက် ကြဘူး၊ အဲဒီပေါ်လစီကိုလည်း

​ဝေဖန် ကြတယ်၊စင်ကာပူနိုင်ငံသားအများစုကတော့ ခိုအိမ်လေးတွေနဲ့ တူတဲ့ HDB မှာ

ပဲနေကြရတယ်၊ ToTo, 4D, sweep တွေထိုးပြီး prosperty များရလားမလားဆိုတဲ့

မျှော်လင့်ချက်လေးတွေပေးထားပြီး နှစ်သိမ့်ပေးထားပါတယ်၊ တစ်နှစ်တစ်ခါလောက်

စင်ကာပူနိုင်ငံသားတွေကို ဒေါ်လာ ၂၀၀ -- ၃၀၀ လောက်ဘောနပ်စ်ပေးပြီး နှစ်သိမ့်ထားတတ်ပါတယ်။ အစိုးရ ဝန်ကြီးတွေလစာ အများကြီးယူထားတာကိုလည်း

အတိုက်အခံတွေကထောက်ပြကြပါတယ်၊လူနေမှုစနစ်ကတော့အများပြည်သူတွေထောက် မပြနိုင်တော့ လုပ်ပေးထားပေမဲ့ လူဆိုတာ့ ဘယ်နေရာမှာပဲနေနေ လူတွေဖြစ်ကြပါတယ်။


မှတ်ချက်//  ယခင်က လျှပ်တပျက်စင်ကာပူဆိုပြီးမြင်တာလေးတွေရေးဘူးပါတယ်။ ၁၀နှစ်လောက်ကဆိုတော့ ယခုအမြင်သစ်နဲ့ရေးလိုက်တာပါ။






Saturday, May 16, 2020

ကိုဗစ်အလွန်

ကိုဗစ်ကာလအတွင်း  နဲ့  beyond COVID  ကမ္ဘာကလူတွေ ရဲ့ life style ပြောင်းလဲမှရပါတော့မယ်--minimalism သိုမဟုတ် frugal living တွေနဲ့အစားထိုးကြရတော့မလားစဥ်းစားသင့်နေပြီ--နေရာတကာမှာ New Normal style ကအရေးပါနေပြီ  AI လိုပဲခေတ်လူသားတွေအလေးထားရတော့မှာပါ-- luxury&  high end products တွေ ကိုလူတွေစိတ်မဝင်စားတော့ပဲအစားအသောက်နဲ့ ဆေးဝါး၊ ဖြည့်စွက် အစာ supplyment တွေကို ပဲ ဦးစားပေးလာကြပါတော့မယ်--အဝတ်အစားတောင်ထိုင်းလုပ် မြန်မာလုပ် ချည် တီရှပ်တွေဦးစားပေးဝတ်ဆင်လာကြလိမ့်မယ် H&M, M&S, ZARA တွေမှာဖက်ရှင်ကျတဲ့အဝတ်အစားတွေတောင်လိုလာပုံလိမ့်မယ်  မြန်မာအထည်ချုပ်တွေ စျေးပေါတဲ့ ချည်သား Tee shirt တွေချုပ်လာရလိမ့်မယ်--နောင်တစ်ခုက အီးယူကပေးနေတဲ့ GSP အခွင့်အရေးလည်း ရချင်မှရနိုင်ပါတော့မယ်--အဲတော့ labour intensive industry စက်ရုံတွေ ဘယ်ဖက်ကိုပြောင်းမလဲ ?  Holiday တွေအပန်းဖြေခရီးထွက် တာတွေ လျော့လာတာနဲ့အမျှ လေယာဥ် ခရီးစဥ်တွေသဘော်ခရီးစဥ် တွေ ယခင်လိုခရီးသည်ံ အရေအတွက်မျိုးရမလာနိုင် တော့ပါ ဟိုတယ်တွေလည်းအလားတူပါ--ဝတ်ရေး နေရေးမှာ luxury style ကိုရှောင်ကျဥ်လာပြီး ဇူကာဘတ်တို့လိုသဌေးလိုမျိုးရိုးရိုးလေးပဲဝတ်စားဆင်ယင်လာကြလိမ့်မယ်--

cruise သဘော်တွေတောင် ဟိုတယ် ပြောင်းလို့မရရင် service appartment ဖြစ်လာနိုင်သလို studio apartment ဖြစ်လာနိုင်တယ်--လေယာဥ်အချို့ လည်း cargo တွေပြောင်း သယ်လာကြလိမ့်မယ်--ဘာကြောင့်ဆိုတော့ ကမ္ဘာမှာ supply chain ကအရေးကြီးလာပြီ တပြိုင်တည်း global logistic နဲ့ ထွက်လာမဲ့ သီးနှံများ ရဲ့ logistic ကအရေးကြီးလာလိမ့်မယ်  မြန်မာလိုစိုက်ပျိုးထုတ်လုပ်တဲ့နေရာကနေ အစားအစာလိုအပ်နေတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းကို ဘယ်နည်းနဲ့ ပို့ကြမလဲ ?စိုက်ပျိုးရေး ကအရေးပါလာပြီ  မြန်မာစိုက်ပျိုးရေး မွေးမြူရေး ဝန်ကြီး တို့ ဒုတိယ  ဝန်ကြီးတို့ ဒီအရေးမှာဘယ်လိုဦးဆောင်လုပ်ကြမလဲ  ခါတိုင်းလိုရိုးရိုးပဲ နောက်ကလိုက်လုပ်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး--အားထည့်ဖို့လိုတယ် -- initiative လိုတယ်--သူတို့ကြည့်ပြီး စိတ်တော့အတော်လေပါတယ်--

မြို့ပြတွေမှာလည်း ကားလမ်းမတွေကျဥ်းပစ်ပြီးလူသွားလမ်းတွေ စက်ဘီးလမ်း တွေထည့်သွင်းတည်ဆောက်လာမယ်--ရန်ကုန်လိုစီးပွါးရေးမြို့တော်မှာနယ် လိုင်စင်ကားတွေကန့်သတ်လိုက်သင့်တယ်--စနေဖြစ်ဖြစ် တနဂ်နွေဖြစ်ဖြစ် တစ်ရက်သို့မဟုတ်၂ ရက် ကိုရပ်ကွက် တွင်းနေနေသူအများမှအပမော်တော်ကား အားလုံးလော့ဒေါင်းလုပ် သင့်တယ်  မော်တော်ကားအစား e bike စီး ဒါမှမဟုတ် စက်ဘီးစီးနိုင်တယ် public transport စီးနိုင်တယ် -- digital transaction တွေလုပ်လာကြလိမ့်မယ်-- user friendly ဖြစ်အောင်ကျိုးစားဖို့ ပြောချင်တယ်--မြန်မာမှာ digital banking ဘယ်ဘဏ် အကောင်းဆုံးလဲလို့ မေးကြည့် ရင်CB လို့ပြောကြတယ်  တချို့ ဘဏ်တွေ core banking တောင်ကောင်းကောင်းမတည်ဆောက်နိုင်ဘူး --  ဗဟိုဘဏ်ကmerging အတင်း လုပ်ခိုင်းသင့်တယ်  ထင်တယ်--ပြည်သူ customer မျက်နှာပဲကြည့်သင့်တယ်--

မိုးပျံလမ်းအစား ဘန်ကောက် မှာ လို မြို့ထဲမှာsky walk တွေဆောက်မပေးသင့်ဘူးလား? ပြည်သူတွေလမ်းလျှောက်ပါစေ  ဘတ်စ်ကား တွေကတော့ပြေးဆွဲခွင့်ပြုသင့်ပြီး down town ထဲမှာအရှိန်ကန့်သတ် ထားသင့်ပါတယ်-လမ်းဘေးစျေး  ညစျေးတွေ ဖန်တီးပေးသင့်တယ် လက်လုပ်လက်စားတွေလာဝယ်စားနိုင်မယ်  အသေးစားထုတ်လုပ်သူတွေလာရောင်းနိုင်မယ်--

စီးပွါးရေးလုပ်ငန်းအသေးစားလေးတွေကို ပေါ်လာအောင်ဖန်တီးပေးရမယ်  bottle neck ကဘယ်မှာလဲ  အသိသာချည်း ပါ --ဖယ်ရှားပစ်နိုင်ရပါမယ်--delivery service တွေဖွံဖြိုးလာနိုင်တယ်  super market shopping mall အချို့ လည်း on line service အတွက်လုပ်ငန်းနေရာတွေဖြစ်လာနိုင်တယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေခေတ် ပြန်ထလာမယ် အထူးသဖြင့်တစ်နိုင်တစ် ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို လူအများအာရုံစိုက်လာကြမယ်--မြေရှိတဲ့သူတွေ home gardening လုပ်လာကြမယ်   တိုက်ခန်းနေသူတွေ ဝရံတာမှာ အိုးတွေနဲ့စားပင်သီးပင်တွေစိုက်ကြမယ်--အဲတော့ပျိုးပင် ပန်းပင်ရောင်းသူတွေရောင်းကောင်းလာကြလိမ့်မယ်--လွင်မိုးတို့လိုထုတ်လုပ်နိုင်သူတွေအများကြီးပေါ်လာဖို့ လိုပါတယ်   စျေးကွက်ကရှိနေပါတယ်  တစ်ခုနဲ့တစ်ခု link မိကြဖို့ပဲ လိုပါတယ်--

အဲတော့ အခုကာလမှာကော beyond COVID ကာလတွေမှာ food လွဲ၍မလိုအပ်တာတွေလူတွေမဝယ်ကြတော့ပါ--on line cooking vedio တွေကြည့်လာကြတာကြောင့် wifi လိုင်းတွေ  ဟာ မြို့ပြနေလူတန်းစားတွေအတွက် essentials တွေဖြစ်နေကြအုံးမှာဖြစ်ပါတယ်

ကဲအသင်ကောဘယ်လိုစဥ်းစားမိလဲ?

Tuesday, March 5, 2019

ဤလိုစိတ်ကူးတည့်ရာတွေးမိတယ်

ကိုဗစ်ကာလအတွင်း  နဲ့  beyond COVID  ကမ္ဘာကလူတွေ ရဲ့ life style ပြောင်းလဲမှရပါတော့မယ်--minimalism သိုမဟုတ် frugal living တွေနဲ့အစားထိုးကြရတော့မလားစဥ်းစားသင့်နေပြီ--နေရာတကာမှာ New Normal style ကအရေးပါနေပြီ  AI လိုပဲခေတ်လူသားတွေအလေးထားရတော့မှာပါ-- luxury&  high end products တွေ ကိုလူတွေစိတ်မဝင်စားတော့ပဲအစားအသောက်နဲ့ ဆေးဝါး၊ ဖြည့်စွက် အစာ supplyment တွေကို ပဲ ဦးစားပေးလာကြပါတော့မယ်--အဝတ်အစားတောင်ထိုင်းလုပ် မြန်မာလုပ် ချည် တီရှပ်တွေဦးစားပေးဝတ်ဆင်လာကြလိမ့်မယ် H&M, M&S, ZARA တွေမှာဖက်ရှင်ကျတဲ့အဝတ်အစားတွေတောင်လိုလာပုံလိမ့်မယ်  မြန်မာအထည်ချုပ်တွေ စျေးပေါတဲ့ ချည်သား Tee shirt တွေချုပ်လာရလိမ့်မယ်--နောင်တစ်ခုက အီးယူကပေးနေတဲ့ GSP အခွင့်အရေးလည်း ရချင်မှရနိုင်ပါတော့မယ်--အဲတော့ labour intensive industry စက်ရုံတွေ ဘယ်ဖက်ကိုပြောင်းမလဲ ?  Holiday တွေအပန်းဖြေခရီးထွက် တာတွေ လျော့လာတာနဲ့အမျှ လေယာဥ် ခရီးစဥ်တွေသဘော်ခရီးစဥ် တွေ ယခင်လိုခရီးသည်ံ အရေအတွက်မျိုးရမလာနိုင် တော့ပါ ဟိုတယ်တွေလည်းအလားတူပါ--ဝတ်ရေး နေရေးမှာ luxury style ကိုရှောင်ကျဥ်လာပြီး ဇူကာဘတ်တို့လိုသဌေးလိုမျိုးရိုးရိုးလေးပဲဝတ်စားဆင်ယင်လာကြလိမ့်မယ်--

cruise သဘော်တွေတောင် ဟိုတယ် ပြောင်းလို့မရရင် service appartment ဖြစ်လာနိုင်သလို studio apartment ဖြစ်လာနိုင်တယ်--လေယာဥ်အချို့ လည်း cargo တွေပြောင်း သယ်လာကြလိမ့်မယ်--ဘာကြောင့်ဆိုတော့ ကမ္ဘာမှာ supply chain ကအရေးကြီးလာပြီ တပြိုင်တည်း global logistic နဲ့ ထွက်လာမဲ့ သီးနှံများ ရဲ့ logistic ကအရေးကြီးလာလိမ့်မယ်  မြန်မာလိုစိုက်ပျိုးထုတ်လုပ်တဲ့နေရာကနေ အစားအစာလိုအပ်နေတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းကို ဘယ်နည်းနဲ့ ပို့ကြမလဲ ?စိုက်ပျိုးရေး ကအရေးပါလာပြီ  မြန်မာစိုက်ပျိုးရေး မွေးမြူရေး ဝန်ကြီး တို့ ဒုတိယ  ဝန်ကြီးတို့ ဒီအရေးမှာဘယ်လိုဦးဆောင်လုပ်ကြမလဲ  ခါတိုင်းလိုရိုးရိုးပဲ နောက်ကလိုက်လုပ်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး--အားထည့်ဖို့လိုတယ် -- initiative လိုတယ်--သူတို့ကြည့်ပြီး စိတ်တော့အတော်လေပါတယ်--

မြို့ပြတွေမှာလည်း ကားလမ်းမတွေကျဥ်းပစ်ပြီးလူသွားလမ်းတွေ စက်ဘီးလမ်း တွေထည့်သွင်းတည်ဆောက်လာမယ်--ရန်ကုန်လိုစီးပွါးရေးမြို့တော်မှာနယ် လိုင်စင်ကားတွေကန့်သတ်လိုက်သင့်တယ်--စနေဖြစ်ဖြစ် တနဂ်နွေဖြစ်ဖြစ် တစ်ရက်သို့မဟုတ်၂ ရက် ကိုရပ်ကွက် တွင်းနေနေသူအများမှအပမော်တော်ကား အားလုံးလော့ဒေါင်းလုပ် သင့်တယ်  မော်တော်ကားအစား e bike စီး ဒါမှမဟုတ် စက်ဘီးစီးနိုင်တယ် public transport စီးနိုင်တယ် -- digital transaction တွေလုပ်လာကြလိမ့်မယ်-- user friendly ဖြစ်အောင်ကျိုးစားဖို့ ပြောချင်တယ်--မြန်မာမှာ digital banking ဘယ်ဘဏ် အကောင်းဆုံးလဲလို့ မေးကြည့် ရင်CB လို့ပြောကြတယ်  တချို့ ဘဏ်တွေ core banking တောင်ကောင်းကောင်းမတည်ဆောက်နိုင်ဘူး --  ဗဟိုဘဏ်ကmerging အတင်း လုပ်ခိုင်းသင့်တယ်  ထင်တယ်--ပြည်သူ customer မျက်နှာပဲကြည့်သင့်တယ်--

မိုးပျံလမ်းအစား ဘန်ကောက် မှာ လို မြို့ထဲမှာsky walk တွေဆောက်မပေးသင့်ဘူးလား? ပြည်သူတွေလမ်းလျှောက်ပါစေ  ဘတ်စ်ကား တွေကတော့ပြေးဆွဲခွင့်ပြုသင့်ပြီး down town ထဲမှာအရှိန်ကန့်သတ် ထားသင့်ပါတယ်-လမ်းဘေးစျေး  ညစျေးတွေ ဖန်တီးပေးသင့်တယ် လက်လုပ်လက်စားတွေလာဝယ်စားနိုင်မယ်  အသေးစားထုတ်လုပ်သူတွေလာရောင်းနိုင်မယ်--

စီးပွါးရေးလုပ်ငန်းအသေးစားလေးတွေကို ပေါ်လာအောင်ဖန်တီးပေးရမယ်  bottle neck ကဘယ်မှာလဲ  အသိသာချည်း ပါ --ဖယ်ရှားပစ်နိုင်ရပါမယ်--delivery service တွေဖွံဖြိုးလာနိုင်တယ်  super market shopping mall အချို့ လည်း on line service အတွက်လုပ်ငန်းနေရာတွေဖြစ်လာနိုင်တယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေခေတ် ပြန်ထလာမယ် အထူးသဖြင့်တစ်နိုင်တစ် ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို လူအများအာရုံစိုက်လာကြမယ်--မြေရှိတဲ့သူတွေ home gardening လုပ်လာကြမယ်   တိုက်ခန်းနေသူတွေ ဝရံတာမှာ အိုးတွေနဲ့စားပင်သီးပင်တွေစိုက်ကြမယ်--အဲတော့ပျိုးပင် ပန်းပင်ရောင်းသူတွေရောင်းကောင်းလာကြလိမ့်မယ်--လွင်မိုးတို့လိုထုတ်လုပ်နိုင်သူတွေအများကြီးပေါ်လာဖို့ လိုပါတယ်   စျေးကွက်ကရှိနေပါတယ်  တစ်ခုနဲ့တစ်ခု link မိကြဖို့ပဲ လိုပါတယ်--

အဲတော့ အခုကာလမှာကော beyond COVID ကာလတွေမှာ food လွဲ၍မလိုအပ်တာတွေလူတွေမဝယ်ကြတော့ပါ--on line cooking vedio တွေကြည့်လာကြတာကြောင့် wifi လိုင်းတွေ  ဟာ မြို့ပြနေလူတန်းစားတွေအတွက် essentials တွေဖြစ်နေကြအုံးမှာဖြစ်ပါတယ်

ကဲအသင်ကောဘယ်လိုစဥ်းစားမိလဲ?

Wednesday, February 20, 2019

Business Center လိုတယ်


စင်ကာပူ တက္ကသိုလ်တွေ ပေါ်လီတက်ကနစ်တွေ မှာ Business Center တွေရှိလားမသိပါ-- စာသင်တာနဲ့ပဲဆိုင်တဲ့ Business Department ကိုဆိုလိုတာမဟုတ်ပါဘူး တက္ကသိုလ်တွေ ကျောင်းတွေရဲ့  ဘဏ္ဍာရေး စီမံခန့်ခွဲရေးဆိုင်လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတဲ့ ဌာန ကိုဆိုလိုတာပါ။ National University Hospital NUH ဆေးရုံ မှာ တော့ Business Center ဆိုတာ ရှိတာ တွေ့ရပါတယ်-- ဆေးရုံတက်လာတဲ့လူနာ (ဥပမာ ခွဲစိပ်ကုခံရမဲ့လူနာ) နဲ့ အထူးကုဆရာဝန် team တွေ့ ဆုံဆွေးနွေးတဲ့အခါ ဆရာဝန် consultant တွေကလူနာရဲ့ကျန်းမာရေးအခြေအနေကို အသေးစိပ်ရှင်းပြပြောဆိုဆွေးနွေးသလို လိုက်ပါလာတဲ့ Business Manager ကလည်း လူနာ ရှင်ကိုကုန်ကျနိုင်ဖွယ်ရာရှိတဲ့ စရိတ်တွေ နိုင်ငံသားတစ်ယောက်အနေနဲ့ ခွင့်ပြုထားတဲ့ ပံပိုးမှုထဲက ဘယ်လောက်ခံစားနိုင်တယ်-- ကျန်းမာရေး အာမခံရှိရင်လည်း ဘာတွေလိုအပ်တယ်ဆိုတာ မကုသခင်ကတည်းကသေချာရှင်းလင်းပါတယ်--ဆေးရုံရဲ့ဝင်ငွေ၊ အသုံးစရိတ်၊ စီမံခန့်ခွဲရေး အလုပ်တွေ ဟာ Business Center ရဲ့ တာဝန်ဖြစ်ပါတယ်ဒါကြောင့် ဆရာဝန် consultant team ထဲမှာ Business Manager တစ်ယောက်ထည့် ထားရတာဖြစ်ပါလိမ့်မယ်--တက္ကသိုလ် တွေ ပေါ်လီတွေ အခြား Institutions တွေမှာလည်း ရှိလိမ့်မယ်ထင်ပါတယ်--

ကျနော်တို့ တက္ကသိုလ်တွေမှာတော့ လောလောဆယ်အစိုးရဘတ်ဂျက်ကိုပဲမျှော်ပြီးသုံးစွဲနေရတာကြောင့်ဒီလို ခေတ်နဲ့ အညီအစီအမံမျိုးရှိဟန်မတူသေးပါ-- တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာရင်တော့ လိုအပ်လာလိမ့်မယ်ထင်ပါတယ်-- အဲလိုဆိုရင်တက္ကသိုလ်ဖွဲ့စည်းပုံကတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ မကိုက်ညီနိုင်တော့ပါ-- ကျောင်းသားရေးရာကိစ္စတွေကို ကျောင်းသားသမဂ္ဂကလုပ်မယ်၊ ငွေရေးကြေးရေးကိစ္စ၊စီမံခန့်ခွဲရေးကိစ္စတွေကို Business Center ကလုပ်မယ်--သင်ကြားရေးကိစ္စတွေကိုပါမောက္ခတွေစုဖွဲ့ထားတဲ့အဖွဲ့ကလုပ်မယ်၊ သုတေသနလုပ်ငန်းတွေ ကိုပါမောက္ခတွေစုဖွဲ့ထားတဲ့သုတေသန လုပ်ငန်းအဖွဲ့ နဲ့ Business Center ကကြီးကြပ်မယ်၊ ပြင်ပကလာအပ်တဲ့သုတေသန လုပ်ငန်းတွေလုပ်ရကိုင်ရတော့မယ်ဆိုရင် ငွေရေးကြေးရေးကိစ္စကပါလာပြီ မဟုတ်လား၊ 

ဖွဘုတ် ပိုစ်တွေ လျှောက်ဖတ်ရင်း စိတ်ကူးယဉ်မိတာလေးတွေချရေးလိုက် တာပါ၊ရန်ကုန်ဆေးရုံကြီးဆိုရင် ပြုပြင်မွမ်းမံနေပါတယ်-- အစိုးရဘတ်ဂျက်လည်းပါ ပါလိမ့်မယ် --Contribution လို့ခေါ်နိုင်တဲ့ လှုဒါန်းငွေတွေကိုစီမံခန့်ခွဲရတာလည်း Business Center ရဲ့ အလုပ်ပါ ဥပမာ ဆေးရုံ လူမြင်ကွင်းမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် က ဘယ်နှစ်မှာ ဘယ်လောက်လှုဒါန်းသလဲဆိုတာ LED display screen ကြီးတွေထောင်ပေးထားပြီးဆွဲဆောင်ရမှာပါ၊ ဆေးရုံတွေ ကျောင်းတွေ တက္ကသိုလ်တွေမှာ contribution တွေလိုပါတယ်၊ သူငယ်ချင်း WHO ဆိုရင် အာအိုင်တီ ပရဝဏ်ထဲကထွက်ပြီး ဆေးရုံကြီးမှာတောင် contribution လုပ်ခဲ့ပါတယ်— Business Center ဟာဆေးရုံမှာ ဘာတော့ လိုနေတယ် ဆိုတာလိုက်ကြည့်ပြီး ဘယ်လောက်ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတာတွေလည်း potential ရှိတဲ့ လှုဒါန်း လိုသူတွေကို ချဉ်းကပ်ဆွဲဆောင်စည်းရုံးနိုင်ပါတယ်-- marketing ဆင်းသလိုမျိုးပေါ့ဒါဆိုရင် လှုတဲ့သူတွေကလည်း သူတို့အလှု ဟာထိရောက်မှုရှိတဲ့ အတွက်လှုလိုကြမှာပါ၊ စင်ကာပူလိုချမ်းသာတဲ့ နိုင်ငံ က အစိုးရဆေးရုံမှာတောင် contribution လုပ်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်အမည်တွေ ကို LED display လုပ်ထားပါတယ်၊ ထင်ရှားတဲ့ အစိုးရခေါင်းဆောင်အမည်တွေလည်းတွေ့ရပါတယ်၊အစိုးရအဖွဲ့ ဝင်တွေဟာလစာတော်တော်ကောင်းကြတာကိုး။

မြန်မာကပိုလိုပါတယ်--organised ဖြစ်အောင် လုပ်ထားနိုင်ရင် ပြည်သူတွေဆီကလှုဒါန်းတာတွေများလာမှာပါနောက်ပြီး လောက် လောက်လားလား ထိထိရောက်ရောက် လှုဒါန်းတဲ့အလှုရှင်တွေကိုလည်း သမ္မတ ကဘွဲ့ထူးဂုဏ်ထူးတွေ ပေးကြရမှာပေါ့ဗျာ--

 

 

 

 

 

 

 

ရွှေ့ပြောင်းအလုပ်သမား


မြန်မာရွှေ  ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်း၊ မလေးရှား၊စင်ကာပူ၊ကိုရီးယား၊ဂျပန်၊အရှေ  ့အလယ်ပိုင်းနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်-- အခုလိုပြည်တွင်းစီးပွားရေးအခြေအနေမကောင်းတဲ့အချိန်မှာလည်းပြည်ပကိုထွက်အလုပ်ဖို့ပြည်သူအများစုဟာ ပတ်စ်ပို့ရုံးရှေ  ့မှာပတ်စ်ပို့ပြုလုပ်ဖို့အတွက်နံနက်စောစောတန်းစီနေကြတာလည်း  Facebook သတင်းတွေမှာတွေ့နေရပါတယ်--အရင်ကနိုင်ငံခြားသွားအလုပ်လုပ်ကြတယ်ဆိုတာမြို  ့နေလူတန်းစားတွေများပြီးဘွဲ  ့ရတွေသက်မွေးကျောင်းပညာတစ်ခုခုတတ်သူတွေ   skilled worker တွေသာများပါတယ်--အခုအခါမှာတော့တောနေလူတန်းစားလုပ်နိုင်ကိုင်နိုင်သူတွေပါပြည်ပထွက်ဖို့ကျိုးစားလာကြတာကိုတွေ့နေရပါတယ်--လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကရေစကြိုမှာ ဘဏ်ဖွင့်ဖို့လေ့လာရေးသွားခဲ့တော့ကုန်သည်အသင်းရဲ့စီစဉ်ပေးချက်အရရေစကြိုကုန်သည်လုပ်ငန်းရှင်အသင်းနဲ့တွေ့ခဲ့ရပါတယ်--သူတို့တတွေပြောပြချက်အရရေစကြိုတစ်ဝိုက်လောက်မှာရှိတဲ့ရွာတွေကအရွယ်ကောင်းထန်းတက်လုပ်သားတွေအတော်များများ မလေးရှား နိုင်ငံမှာသွားအလုပ်လုပ်နေကြတယ်--တစ်ယောက်ပြီးတစ်ယောက်သူ့အဆက်အသွယ်နဲ့ သူသွားလိုက်ကြတာထန်းတက်လုပ်သား ၈၀ဝ၀ဝ လောက်မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေကြတယ်-- ထန်းတက်မဲ့သူမရှိတော့လို့ ထန်းညက်တောင်အထွက်ဆုတ်သွားတယ်လို့သိရတယ်--မောင်တိုင်ပင်အတွက်ဘဏ်ခွဲဖွင့်ဖို့လာတာဆိုတော့ဒေသအလုပ်အကိုင်အခွင့်အလန်းတွေကွယ်ပျောက်ကုန်တာကိုစိတ်မဝင်စားနိုင်ဘူး--မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ လူ ၈၀ဝ၀ဝ လောက်လစဉ်ငွေပို့တဲ့လုပ်ငန်းချိတ်ဆက်ပေးနိုင်ရင်ဘဏ်ခွဲတစ်ခုတော့ဖွင့်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုတော့ရလိုက်တာပေါ့ -- မောင်တိုင်ပင်ဘဏ်ကထွက်သွားပြီးရေစကြိုမှာဘဏ်ခွဲဖွင့်ဖြစ်ခဲ့ပါတယ်--ပြောချင်တာက ရေစကြိုကုန်သည်အသင်းလိုအသင်းကတောင်ထန်းတက်လုပ်သား ၈၀ဝ၀ဝ လောက်မလေးရှားနိုင်ငံမှာအလုပ်လုပ်နေကြောင်းအဲဒီအချိန်ကစာရင်းရှိခဲ့ပါတယ်--

 

မောင်တိုင်ပင်တို့နိုင်ငံက ပြည်သူတွေ ရွှေ  ့ပြောင်းအလုပ်သမားတွေအနေနဲ့ဘယ်နိုင်ငံမှာဘယ်လောက်သွားအလုပ်လုပ်နေကြသလဲဆိုတာစာရင်းရှိကြပါသလား သူတို့တတွေမိသားစုဆီပို့တဲ့ မြန်မာကျပ်ငွေဘယ်လောက်များရှိပါသလဲမောင်တိုင်ပင်ခန့်မှန်းကြည့်တာကတော့မြန်မာကျပ်ငွေ ကုဋေနဲ့ချီပြီးရှိမယ်ထင်ပါတယ်--အဲဒီငွေပမာဏဟာအရင်ကမပြောပလောက်ပေမဲ့ အခုအချိန်မှာတော့ GDP တွက်ချက်တဲ့နေရာမှာ ဝင်ငွေအနေနဲ့ထည့်သွင်းတွက်ချက်ရတော့မှာဖြစ်ပါတယ်--မြန်မာစီးပွားရေးအကြောင်းပြောနေကြတဲ့သူတွေ GDP နဲ့ချိန်ထိုးနိုင်းယှဉ်ကြတဲ့သူတွေ ကိုပြောချင်တာကဒီငွေပမာဏဟာအခုချိန်မှာအလေးထားရမဲ့ပမာဏဖြစ်နေပါပြီ-- အောက်ခြေလူတန်းစားရဲ့ဆင်းရဲမွဲတေမှု ကိုကုစားပေးနိုင်တဲ့တောနေဆင်းရဲသားလူတန်းစားတွေအတွက် အဓိကမိသားစုဝင်ငွေတစ်ရပ်ဖြစ်လာပါပြီ-- ပြောနိုင်ပါတယ်-- ဒီအပိုင်းမှာတော့ data ကောက်ယူမှုအားနည်းနေလိမ့်မယ်ဆိုတာ--စာရင်းကောက်ယူမှုအားနည်းနေတော့ ဘယ်လောက်သွားနေတယ် ?ဘယ်လောက်ဝင်ငွေရှိနေသလဲသွားတဲ့သူတွေအနေနဲ့ ပြည်ပမှာဘာအလုပ်တွေအများဆုံးလုပ်ရသလဲ? skilled လား? unskilled လားတောနေလူတန်းစားတွေလား အခြေခံပညာအရည်အချင်းအနိမ့်ဆုံး-- အမြင့်ဆုံးဘယ်လောက်ရှိကြသလဲမြန်မာ့စီးပွားရေး ပမာဏ မှာ မြန်မာရွှေ  ့ပြောင်းအလုပ်သမားတွေရဲ့ဝင်ငွေ ကဘယ်အချိုးအစားလောက်ပါဝင်နေသလဲအချိုးအစားပမာဏ ကအလေးထားလောက်တဲ့ ပမာဏဖြစ်နေပြီဆိုရင် အားပေးမလားမင်းတို့မသွားရဘူး ပြည်တွင်းမှာပဲ ရရာ ကြုံရာ ကျပန်းလုပ်ပဲ လုပ် လို့တားဆီးသင့်ပါသလားမရပါခင်ဗျား--

 

ဒီလိုကိစ္စရပ်တွေအတွက် မောင်တိုင်ပင်သာ မသိတာ-- မြန်မာလူငယ်တွေလေ့လာထားတဲ့ research တွေရှိလိမ့်မယ်ထင်ပါတယ်-- ဘယ်လိုပညာရပ်အဆင့်အတန်းတွေအတွက် ရက်တိုလေ့ကျင့်ပေးလိုက်ဖို့ သင်တန်းတွေ ဖွင့်နိုင်ပြီလားပုဂ္ဂလိကအပိုင်းကကောစိတ်ဝင်စားမှု ရှိပါသလားဒီအပိုင်းတွေမှာ ရိုက်စား  တနပ်စား  တွေဝင်လာနိုင်တဲ့ risk အများကြီးရှိပါတယ်-- ဂတိတည် ဖြောင့်မတ်တဲ့ အေဂျင်စီအသင်းတွေလည်းလိုပါလိမ့်မယ်--ဥပမာတစ်ခုပြောရရင် domestic workers တွေလွှတ်တဲ့အခါ လွှတ်မဲ့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသော ရက်တိုသင်တန်းတွေဖွင့်ရပါမယ် -- ဒီနေရာမှာ သွားလိုကြတဲ့ပြည်သူတွေဟာဆင်းရဲသားလူတန်းစားများပါမယ်-- သင်တန်းတက်နိုင်ဖို့ငွေကြေးသုံးစွဲဖို့ရာမှာအခက်အခဲရှိနိုင်ပါတယ်--အကြမ်းဖျင်းသိရတာက domestic workers တွေအနေနဲ့ ပထမဆုံး လာတဲ့အခေါက်မှာ ၇-၈ လစာလောက် ကို ၂ဖက်အေဂျင့် တွေကယူလေ့ရှိပါတယ်--ဒါမျိုးကစိတ်ထားကောင်းမွန်တဲ့အိမ်ရှင်ဆီရောက်ရင်တော်သေးပေမဲ့ စိတ်ထားမကောင်းတဲ့အိမ်ရှင်ဆီရောက်ရင်စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်မှုရှိနိုင်ပါတယ်--ဒီစနစ် ဒီအလေ့အကျင့်တွေရှိတာသိနေတဲ့အလျောက်သက်ဆိုင်ရာ ဌာနအနေနဲ့ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရင်ကောင်းပါတယ်။အခုပြောနေတာတွေကိုဌာနတွေကမောင်တိုင်ပင်ထက်ပိုသိပါလိမ့်မယ်--

 

GDP ဝင်ငွေမှာ ရွှေ  ့ပြောင်းအလုပ်သမားတွေပြန်ပို့တဲ့ငွေအချိုးအစားဟာ လောက်လောက်လားလားရှိနေပြီဆိုရင် သူတို့တတွေသွားနိုင်လာနိုင်လုပ်နိုင်ကိုင်နိုင်ဖို့ မောင်တိုင်ပင်တို့ ဝန်ကြီးဌာနတွေကဘာတွေလုပ်ကိုင်ပေးထားပါသလဲပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ် --labour intensive industry တွေပြည်တွင်းကို ဝင်လာပါ လုပ်ပါ ကိုင်ပါ နဲ့ ဘိတ်ခေါ်နေမယ်-- အဲဒီ industry တွေမှာ ဝင်လုပ်ကိုင်နိုင်ဖို့လုပ်သားတွေမွေးထုတ်ပေးတဲ့အပိုင်းမှာ အစိုးရလည်းလုပ်မယ်-- အစိုးရ နဲ့ ပုဂ္ဂလိ ပေါင်းပြီး PPP အနေနဲ့ လုပ်ပေးမွေးထုတ်မယ်--ပြည်ပမှာသွားအလုပ်လုပ်လိုကြတဲ့ ပြည်သူတွေအတွက် ရက်တို training program တွေဖွင့်နိုင်အောင်အားပေးရမယ်-- လုပ်ပေးရမယ်-- barriers တွေရှိသလား  အစိုးရက ဘာဘာ ညာညာ စဉ်းစားမနေနဲ့  ဖြေလျှော့ပေးနိုင်ရမယ်--financial support လည်းဘဏ်တွေနဲ့ ညှိနှိ ုင်းပြီး SME loan အနေနဲ့ပေးရပါမယ်--အဲတော့ဗျာ -- မလုပ်  မရှုပ်   မပြုတ်   သွေးအေးနေကြတဲ့ ဌာန တွေအဖြစ်နိုင်ဆုံး အလုပ်တွေစလုပ်ကြဖို့ အချိန်အခါ ရောက်နေပါပြီ -- ကြီးကျယ် တဲ့ အလုပ်တွေလည်းလုပ်ဖို့ စဉ်းစားကြပေါ့ဗျာ-- တစ်ဖက်ကသေးငယ်ပေမဲ့ လတ်တလောဇောင်းပေး လုပ်ရမဲ့အလုပ်တွေလည်းစဉ်းစားပြီးလုပ်နိုင်ဖို့ လိုပါတယ် -- ကျနော်တို့ မြန်မာတွေ  ဆန်မရှိ စောက်စားကြီးကောင်တွေမဟုတ်ပါဘူး  အလုပ်ဟူသမျှဂုဏ်ရှိစွ  လို့ အများကခံယူထားပါတယ်--

Posted by MaungTaing Pin at Wednesday, February 20, 2019 No comments: 

Labels: စီးပွားရေးဆိုင်ရာ

 

 

 

 

 

ဒီလိုတွေးကြည့်မိပါတယ်


FDI ရင်းနှီးမြုပ်နှံမှု များ ဝင်လာအောင်လုပ်ကိုင်ဆောင်ရွက်ရာတွင်အဓိက စိန်ခေါ်မှုသည်ရခိုင်ဒေသရိုဟင်ဂျာအရေးကိစ္စဖြစ်သည်ဟုယေဘူယျသုံးသပ်ကြပါသည်-- မှန်သင့်သလောက်မှန်သော်လည်းလက်ရှိ မြန်မာနိုင်ငံတွင်းအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်ကြည့်ဖို့လိုမည်ဟုထင်ပါသည်--အမေရိကန်၊အနောက်ဥရောပနိုင်ငံများမှရင်းနှီးမြုပ်နှံမှု ကိုယခုအချိန်၌မျှော်လင့်၍မရနိုင်သေးသော်လည်းတရုတ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း တို့၏ရင်းနှီးမြုပ်နှံမှု များကတော့အလားအလာကောင်းသည်ဟုဆိုနိုင်ပါသည်။

တရုတ်ကိုတော့ မြန်မာတွင်လာရောက်ရင်းနှီးမှာကိုပြည်သူအများကကြောက်ကြပါသည်၊လက်ရှိလုပ်ကိုင်လျှက်ရှိသောတရုတ်ရင်းနှီးမြုပ်နှံမှု အချို့သည် မြန်မာနိုင်ငံ၏ဒေသအကျိုးစီးပွားများကိုလစ်လျူရှုခဲ့သောကြောင့်ဒေသခံများနှင့်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်ခဲ့ကာပြဿနာများပေါ်ပေါက်ခဲ့ခြင်းကိုမလိုလားကြ ပါ။ တရုတ်ပြည်တွင်းမှာလည်း manufacturing industry ကိုတဖြည်းဖြည်းလျှော့ပြီး service industry ဘက်ကိုကူးပြောင်းရန်မူဝါဒများပြောင်းလဲသတ်မှတ်ထားရာ တရုတ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ manufacturing industry လုပ်ငန်းများကိုအားသာချက်ရှိသောနိုင်ငံများသို့ရွှေ့ပြောင်းတော့မည်ဖြစ်ရာ အနောက်ဥရောပ၊အမေရိကန်ပြည်ထောင်စုတို့ နှင့်အဆင်မပြေသော မြန်မာနိုင်ငံသို့ပြောင်းရွှေ့လာရန်အလားအလာနည်းပါသည်ဟုဆိုကြပါသည်။

ဂျပန်တွင်လည်း ငယ်ရွယ်သည့် ကျွမ်းကျင်အလုပ်သမား များရှားပါးလျက်ရှိရာ ရင်းနှီးမြုပ်နှံမှုများသည်မလွဲမသွေဂျပန်ပြင်ပသို့ များထွက်လာရဖွယ်ရှိပေသည်။ထိုကြောင့်မြန်မာနိုင်ငံအနေဖြင့်ဂျပန်ရင်းနှီးမြုပ်နှံမှုများကိုမျှော်လင့်နိုင်ပါသည်။ ထိုအတွက်လည်းမြန်မာနိုင်ငံကအစိုးရပိုင်းကောပုဂ္ဂလိက ပိုင်းကပါ အားစိုက်ပြင်ဆင်ထားရန်လိုအပ်ပါသည်--

စင်ကာပူသည် အာဆီယံနိုင်ငံချင်းဖြစ် ၍မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံများမှာ ထိပ်တန်းမှာရှိနေပါသည်။အများစုမှ USD million ပရိုဂျက်များ ဖြစ်ပြီး billion နှင့်ချီသောပရိုဂျက်အနည်းအကျဉ်းသာရှိပါသည်--

၂၀၁၈ခုနှစ်မှာ GDP သည် ၆.၄% မှ ၅.၉% သို့အနည်းငယ်ကျဆင်းခဲ့ပါသည်။ဒီအချက်ကလည်း ရခိုင်ပြဿနာကြောင့် FDI ဝင်ရောက်မှု နှေးကွေးသွား၍ဖြစ်နိုင်ပါသည်။ ၂၀၁၇ခုနှစ် နှစ်လည် မှ ၂၀၁၈ခုနှစ်အထိ FDI ဝင်ရောက်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံရှိခဲ့ပါသည်။အထူးသဖြင့်ထုတ်လုပ်မှုကဏ္ဍမှာသိသာထင်ရှားသည့်တိုးတက်မှုများရှိခဲ့ပါသည်။အထူးသဖြင့် CMPအထည်ချုပ်ကဏ္ဍ၌ လုပ်ခဈေးနှုန်းသက်သာခြင်း နှင့် ပို့ကုန်သက်သာခွင့်များ (  အထူးသဖြင့်အနောက်ဥရောပ နှင့်အမေရိကန်)ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

၂၀၁၈ခုနှစ်တွင်ကုမ္ပဏီအက်ဥပဒေအသစ်ကိုပြဌါန်းသတ်မှတ်နိုင်ခဲ့သောကြောင့်ပြည်တွင်းရင်းနှီးမြုပ်နှံမှုအခွင့်အလန်းများပေါ်ပေါက်လာခဲ့ပါသည်။ပြည်ပမှ ရင်းနှီးမြုပ်နှံသူများသည်ပြည်တွင်းကုမ္ပဏီများတွင်ရှယ်ယာ ၃၅% အထိပါဝင်နိုင်ပါသည်။Doing business အပိုင်း၌ ranking တက်လာစေရန်ရည်ရွယ်၍ Myanmar Companies Online ( MyCO) မှတ်ပုံတင်ခြင်းကို တည်ထောင်ခွင့်ပြုခဲ့ပါသည်။

ပညာရေးကဏ္ဍ၌လည်းဖြေလျော့မှုများဆောင်ရွက်ပေးခဲ့ပြီး မြန်မာဝန်ဆောင်မှုလုပ်ငန်းတိုးတက်ရေးကိုဆောင်ရွက်နိုင်ခဲ့ပါသည်။ဒေသတွင်းနိုင်ငံများမှ ပုဂ္ဂလိ ကျောင်း၊ ကောလိပ်များ လာရောက်ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်ပကုမ္ပဏီများကို လက်လီလက်ကားဆောင်ရွက်ခွင့်ပြုခဲ့ခြင်းကြောင့်Metro ကဲ့သို့နိုင်ငံခြား retailing ကုမ္ပဏီများ များမကြာမီကာလအတွင်းပြည်တွင်းသို့ဝင်ရောက်လာဖွယ်ရာရှိပါသည်။

၎င်းပြင်မြန်မာနိုင်ငံဗဟိုဘဏ်ကလည်းနိုင်ငံခြားအာမခံကုမ္ပဏီများ နိုင်ငံခြားဘဏ်များကိုပြည်တွင်း၌ဝန်ဆောင်မှုများပေးနိုင်ရန်ခွင့်ပြုပေးခဲ့ပါသည်။ဘဏ်များ၏ကဏ္ဍတိုးတက်လာရခြင်းမှာအင်တာနက်အဆက်အသွယ်များတိုးတက်လာရခြင်းသည်အဓိကဖြစ်နေပါသည်။သို့သော်ပြည်သူလူထုအများစုသည်ဘဏ်ဝန်ဆောင်မှုများကိုအပြည့်အဝမခံစားနိုင်ရသေးပါ။mobile banking, internet banking, QR code, bank pay စသည့် အင်တာနက်အွန်လိုင်းအခြေခံဘဏ်ဝန်ဆောင်မှုများသည်ပြည်သူလူထုအကြားစိမ့်ဝင်ပျံ့နှံ့လျှက်ရှိရာ လက်လုပ်လက်စားလူတိုင်းလိုလို smart ဖုန်းများကိုင်နိုင်လာကြခြင်းကြောင့်ဖြစ်ပါသည်။ အစားအသောက်အငတ်ခံချင်ခံမည်၊အဝတ်အစားချွေတာဝတ်မည် smart ဖုန်းလေးတော့ တရုတ်လုပ်ပင်ဖြစ်စေ လူငယ်လူရွယ်တိုင်းလိုလို ကိုင်ကြသည့်အခါဘဏ်များသို့ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခြင်းထက် on line payment များဆောင်ရွက်ရန်အားသန်နေခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်တိုးတက်မှုများရှိလာနိုင်ပါသည်။ payment စနစ်များအဓိကဆောင်ရွက်သည့် Red Dot ကုမ္ပဏီပိတ်သိမ်း၍ထွက်ပြေးရခြင်းမှာလည်းဘဏ်များ၏ on line payment စနစ် များဖွံဖြိုးတိုးတက်လာခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း TOP Up Card အရောင်းအဝယ်လုပ်ငန်းများလည်းကျဆင်းလာနိုင်ဖွယ်ရှိပါသည်။ဘဏ်မျာသည် အောက်ခြေ မှအခြေခံ လူတန်းစားများလုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် ရှင်းလင်းတိကျသောမြန်မာလိုလမ်းညွန်ရေးထားသည့်စနစ်များနှင့်ထိတွေ့ပေးရန်လိုပါသည်။

ဗဟိုဘဏ်အနေဖြင့်ဘဏ်အသုံးပြုသူများ transaction ပြုလုပ်ရာတွင်ငွေသားစက္ကူများကိုဆာလာအိတ်များတွင်ထည့်၍ငွေအသွင်းအထုတ်လုပ်ခြင်းကိုအားမပေးပဲ ချက်လက်မှတ် များအသုံးပြုလာစေရန် promotion များလုပ်သင့်ပါသည်။ နယ်တစ်နယ်မှ တစ်နယ်ငွေလွှဲရာတွင်လည်းဆာလာအိတ်ကြီးများနှင့်ငွေစက္ကူများဘဏ်သို့ယူလာပေးသွင်းပြီးအခြားတစ်ဖက်၌ လွှဲပေးလိုက်သောငွေစက္ကူများကိုဆာလာအိတ်ကြီးများဖြင့်ပြန်ထုတ်ယူခြင်းသည် ပုဂ္ဂလိက ဘဏ် များ၏နေ့စဉ်မြင်ကွင်းများဖြစ်ကြပါသည်။ ချက် လက်မှတ်များဘာကြောင့်အသုံးမပြုကြပါသလဲ ? ရှင်းပါသည်။ clearing အချိန်ကြာသောကြောင့်ဖြစ်ပါသည်။စင်ကာပူဘဏ်များမှာလည်း ချက်လက်မှတ်ကိုနံနက်ပိုင်းမှာ ဘဏ်ကို မသွင်းနိုင် လျှင်နောက်တစ်ရက်မှမိမိအကောင့်မှာငွေဝင် လာနိုင်ပါသည်။clearing အတွက်ကတော့ နေ့တစ်ဝက်ခန့် အချိန်ယူနိုင်ပါသည်။ ပြီးခဲ့သောအစိုးရများလက်ထက်က ငွေစက္ကူ များအပေါ်တရားမဝင်ကြောင်းကျေညာချက်များမကြာခဏထုတ်တတ်သောကြောင့်ပြည်သူလူထု၏စိတ်သန္တါန် တွင်ငွေစက္ကူများကိုကိုင်တွယ်ရေတွက်နေရမှသာစိတ်ချရသည့်သဘောရှိနေတတ်ပါသည်။ ရန်ကုန်မြို့နေသူဌေးအများစု၏နေအိမ်တွင် vault များတည်ဆောက်ထားကြသည်ဟု ကြားဘူးပါသည်။ဟုတ်မဟုတ်တော့ မပြောနိုင်ပါ။ဆိုလိုသည်မှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေသည့် ငွေစက္ကူများဆာလာအိတ်များတွင်ငွေအသွင်းအထုတ်လုပ်နေခြင်းကိုလျော့ပါးလာစေရန်နည်းလမ်းတစ်ခုခု ဆောင်ရွက်သင့်ပါသည်။လက်ငင်းအကျိုးကျေးဇူးမှာ ငွေစက္ကူများကို ရေတွက်ကိုင်တွယ်နေခြင်းသက်သာသွားသဖြင့်ဘဏ်ဝန်ထမ်းများကျန်းမာရေးကိုအထောက်အကူဖြစ်စေခြင်း၊ငွေစက္ကူရိုက်နိုပ်ရသည့်စရိတ်အကုန်အကျအနည်းငယ်သက်သာသွားနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရနိုင်ပါသည်။

ပြောင်းလဲတိုးတက်မှုများသည် ၂၀၁၈ မှ ၂၀၁၉ ခုနှစ်သို့ဆက်လက် ရွေ့လျားနိုင်ဖွယ်ရှိပြီး ပျမ်းမျှ GDP တိုးတက်မှုသည် ၆.၄% ခန့်ရှိနိုင်မည်ဟုမျှော်လင့်ထားပါသည်။e-government စနစ်အကောင်အထည်ဖေါ်ရန်ဝန်ကြီးဌာနများ နှင့် ဒေသအစိုးရများ ကြိုးစားလုပ်ဆောင်နေကြသော်လည်းအားနည်းချက်များရှိနေဆဲဖြစ်ပါသည်။ အင်တာနက်အဆက်အသွယ်များကောင်းမွန် လာသောကြောင့် ပြည်တွင်း၌  on line marketing လုပ်ငန်းများကိုတစ်နိုင်တစ်ပိုင်လုပ်လာကြပါသည်။ပြည်ပမှ Alibaba, e Bay, Amazon  စသည့် on line marketing giant များလည်း မြန်မာ့ products များအပေါ်လုပ်ကိုင်လာခဲ့ကြပါသည်။ တစ်ဖက်၌လည်း shopping mall, Super Market, Super Center စသည့် retailing outlets များလည်းရန်ကုန်မြို့တင်သာမက နယ်မြို့ကြီးများတွင်ပါ shopping mall များတည်ဆောက်လုပ်ကိုင်လာကြပါသည်။ shopping mall များသို့ကိုယ်တိုင်သွားရောက်
 ဈေးဝယ်ရန်အချိန် မ ပေးနိုင်သူများသည် လူမှု မီဒီယာများမှတဆင့် on line shopping များတွင်တွင်ကျယ်ကျယ်လုပ်လာကြပါသည်။ on line marketing လုပ်ငန်းများတွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသည်နှင့်အတူပြည်တွင်းစာတိုက်လုပ်ငန်းများ၊ courier services လုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများလည်းတစ်ဖက်၌ဖွံဖြိုးတိုးတက်လာနိုင်ပါသည်။

ပြင်ပမှရင်းနှီးမြုပ်နှံမှုများ အများအပြားဝင်ရောက်လာစေရန် ဆွဲဆောင်ရာ၌ ပြည်တွင်းဌာနဆိုင်ရာဗျူရိုကရေစီ ယန္တရား က investment process friendly ဖြစ်ရန်အရေးပါသောအပိုင်းမှာရှိနေပါသည် process friendly ဖြစ်မဖြစ် ကို doing business ranking ကိုကြည့်ရုံနှင့်သိသာနိုင်ပါသည်--သူတို့ criteria အရတချက်ချင်းပြင်၍ရနိုင်သောအချက်များကိုသက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းအနေဖြင့်ချက်ချင်းပြင်ဆင်ပြဌါန်းပေးရန်လိုအပ်ပါသည်--နိုင်ငံအကြီးအကဲအနေဖြင့် သက်ဆိုင်ဝန်ကြီးဌာနများကိုဝက်အူတင်းပေးရန်လိုအပ်ပါသည်--မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြုပ်နှံရန် အလားအလာရှိသော နိုင်ငံစုံမှ MNC ကုမ္ပဏီ ကြီးများ ၁၀ ခုခန့်ကို ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန မှတိုက်ရိုက်ချဉ်းကပ်ပြီး case by case စဉ်းစားကာ သူတို့ ဘာလိုသလဲ ဆိုသည်ကိုဆွေးနွေးဖေါ်ထုတ်၍ ချက်ချင်းလုပ်ကိုင်ခွင့်ပေးသည့် လုပ်နည်းစနစ်တစ်ခုကိုစဉ်းစားစေချင်ပါသည်။ ASEAN briefing ရဲ့ outlook ကတော့မြန်မာနိုင်ငံရဲ့ စီးပွားရေးသည့်  National Export Strategy  ပေါ်မူတည် လျှက်ရှိပြီး အဓိကအားသာချက်များရှိနေတဲ့အပိုင်းကတော့ garment sector, natural resources, agricultural products, နှင့် tourism ( eco-tourism) communication technology တို့ဖြစ်ကြောင်းဖေါ်ထုတ်ထားပါသည်။နောက်တစ်ခုထပ်ဖြည့်စွက်လိုသည်မှာ retailing business ဖြစ်ပါသည်။

ကျမ်းကိုး  Myanmar’s investment outlook for 2019
                ASEAN Business News