Showing posts with label လူမှုဘ၀ပုံစံသစ်. Show all posts
Showing posts with label လူမှုဘ၀ပုံစံသစ်. Show all posts

Saturday, March 11, 2017

င်္Facebook သုံးရတဲ့အရသာ

ဖေ့စ်ဘွတ်စသုံးတာ နှစ်ပြည့်တဲ့နေ့က ဖေစ်စ်ဘွတ်နဲ့မောင်တိုင်ပင်အကြောင်း၊ ဖေစ်ဘွတ်အသုံးပြုခြင်းအပေါ်ဘယ်လိုသဘောထားတယ်ဆိုတဲ့အကြောင်းရေးလိုက်တော့ friend တစ်ယောက်ကသူ့အဖေ ကိုလည်းဖေစ်ဘွတ်သုံးစေချင်တဲ့ အကြောင်းကွန်မင့်မှာရေးလာပါတယ်။အင်း--ဒါကလည်းတော်တော်ပြောရခက်တယ်--ဖေစ်ဘွတ်ကိုမှန်မှန်ကန်ကန်စိတ်ပါဝင်စားစွာသုံးချင်တယ်ဆိုရင် ဇူကာဘတ် ကအခွင့်အရေးတွေအပြည့်အဝပေးထားပါတယ်။ မိမိ ဝေါ ပေါ်မှာစော်ကားမော်ကားလာရေးရင်လည်း အဲဒီကွန်မင့် ကိုမိမိဖါသာဖျက်ပစ်နိုင်ပါတယ်--ရေးတဲ့သူကိုမကြိုက်ရင်တောင် ရာသက်ပန် မတွေ့ ရအောင်ဘလော့ပစ်လိုက်နိုင်တယ်။တကယ်တော့ Facebook ဟာစိတ်တူသဘောတူ မိတ်ဆွေအုပ်စုလေးတစ်ခုဖန်တီးထားနိုင်ပါတယ်။မိတ်ဆွေတွေအချင်းချင်း နောက်ပြောင်နိုင်တယ်--မိမိတို့ရေးတာသားတာကိုတစိမ်းတွေမမြင်စေချင်ရင် messenger မှာ group တစ်ခုထောင်ထားပြီး အကြောင်းအရာစုံစုံကိုဆွေးနွေးနိုင်ပါတယ်၊အသိပေးနိုင်တယ်၊အမြင်ချင်းဖလှယ်နိုင်တယ်။ စာရေးကောင်းသူတွေ အကြောင်းအရာမျိုးစုံကိုမိမိအမြင်ကို မကြာခဏတင်ပြသူတွေကို friends ဖြစ်ချင်သူတွေများတယ်။ တစ်ချို့ ဆိုရင် see first ဆိုပြီးသူရေးလိုက်တာနဲ့ အရင်ဖတ်ရအောင် လုပ်ထားကြတယ်။ အကောင့် တွေထဲက Soe Min တို့ Ye Myat Thu တို့ ဆိုရင်အရေးအသားကောင်းကြတော့ friends ဖြစ်ချင်ကြသူများတဲ့ အတွက်friends list ၅၀၀၀ တောင်ကျော်ရင် friends အဖြစ် အက် add မရတော့ ပဲ follower အနေနဲ့ သာလုပ်နိုင်ပါတော့တယ်။
သူအဖေကို ဖေစ်ဘွတ်သုံးစေချင်သူရဲ့ အဖေနဲ့မောင်တိုင်ပင်နဲ့က ခင်မင်ရင်းနှီးပါတယ်။အသက်အနည်းငယ်တော့ ကြီးပါတယ်။သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဖေစ်ဘုတ်သုံးကြရင်သူကိုလိုက်သုံးဖို့ ဆွဲဆောင်ရတာမခက်ပါဘူး။ငွေရှာချင်ရင် facebook ကိုအသုံးပြုပြီးငွေရှာလို့လည်းရပါတယ်။ ကြော်ငြာတွေလည်းလုပ်လို့ ရပါတယ်။ဗီဒီယိုကလစ်တွေပြတဲ့ eleven တို့ Kamayut တို့ 7 days တို့လိုလည်းသတင်းမီဒီယာ့ဖြစ်စေ ကြော်ငြာဖြစ်စေ လုပ်၍ရနိုင်ပါတယ်။ ဖေစ်ဘွတ်သုံးမယ်လိုဆုံးဖြတ်လိုက်ရင်ဖုံးကိုမသုံးပဲ i pad ဖြစ်စေ tablet ဖြစ်စေ အသုံးပြုသင့်ပါတယ်။ ကိုယ်ကရေးတာဝါသနာမပါရင်လည်းသူများရေးတာတွေကို ဖတ်နိုင်ဖို့ အတွက် လုပ်ထားဖို့ လိုပါတယ်။ အချိန်ဖြုန်းဖို့ အတွက် အကျိုးရှိတဲ့ အလုပ်ကို ဖေစ်ဘွတ် ပေါ်မှာလုပ်နိုင်ပါတယ်။ စလုပ်ဖို့ပဲ လိုပါတယ်။ အချိန်တစ်ခုတော့ ပေးထားနိုင်ရင်ကောင်းပါတယ်။ ဥပမာ မနက်ပိုင်း ၁နာရီလောက်ငါသုံးမယ်ဆိုပြီး အချိန်ကို allocate လုပ်ထားနိုင်ပါတယ်။
Facebook ကိုကောင်းသောအသုံးပြုခြင်းဖြစ်ပါစေ--