Sunday, September 27, 2015

မြန်မာ့မီးရထား

မီးရထားအကြောင်းမင်းလည်းရေးပြီပြီ။ ငါလည်းငါသိတာလေးတွေရေးအုံးမယ်။Burma Railwaysရဲ့ကျရှုံးခန်းဟာအုပ်ချုပ်သူစစ်ဗိုလ်ဟောင်းတွေဘယ်လောက်အသုံးမကျသလဲဆိုတာမီးမောင်းထိုးပြနေသလိုပဲ။
ငါ့ဘကြီးအရပ်သားတစ်ယောက်ရှိတယ်မီးရထားမှာမင်းကြီးအဆင့်ထိလုပ်ခဲ့ဘူးတယ်။ပြင်သစ်ကိုမီးရထားနဲ့ပတ်သက်ပြီးပညာတော်သင်သွားပြီးပြန်လာတာ။နေဝင်းနဲ့ personally သိတယ်
တက္ကသိုလ်ကျောင်းနေဖက်လားမသိဘူးကျောင်းနေစဉ်အချိန်ကတည်းကစောက်မြင်ကတ်နေတာနဲ့ တူတယ်။ ၁၉၆၂ နေဝင်းတက်လာပြီး၃ - ၄ နှစ်လောက်ကြာလာတော့ ဟ   ဒီမောင်မီးရထားမှာဘာလုပ်နေတာလဲလို့မေးလိုက်တာနဲ့သူတပည့်တာဝန်ခံ(ဘယ်သူလဲမေ့နေပြီ)
ကပင်စင်ပေးပစ်လိုက်တာပဲ။အင်ဂျင်နီယာတော့မှုတ်ဘူးလုပ်နိုင်ကိုင်တဲ့အချိန်မှာပင်စင်ပေး
ခံရတာအဲဒီအချိန်ကလုပ်ငန်းစစ်ဖို့သွားရင်တွဲဖြူကြီးချိတ်သွားနိုင်တယ်တွဲဖြူကိုမီးရထား
လမ်းပေါက်တဲ့ခရိုင်မြို့တို့တိုင်းမြို့တွေကိုနေ့စဉ်ပြေးဆွဲတဲ့ရထားတွေမှာသီးသန့်တွဲချိတ်နိုင်တယ်။အိပ်ရာတွေပါတယ်။chef ထမင်းချက်ပါတယ်။မီးရထားဆရာဝန်ရှိတယ်။ဆေးရုံရှိတယ်။ မီးရထားရဲရှိတယ်။သီးခြားအုပ်ချုပ်မှုအောက်မှာရှိတာ။အရင်က ရွှေမန်းမေ တို့ ဒဂုန်မန်း တို့ရန်ကုန် မန္တလေး ပြေးဆွဲတဲ့ရထားတွေရှိတယ်။
မီးရထားတွဲတွေစက်ခေါင်းတွေကအသစ်တွေဝယ်သွင်းထားတာ၊အခုလိုတပတ်ရစ်သုံးပြီး
သားတွေမဟုတ်ဘူး။အချိန်မှန်တယ်။ ရိုးရိုးတန်း၊ First class, Upper class ရှိတယ်။အဖေဇာတိဖြစ်တဲ့တောင်ငူကိုမန္တလေးကနေ ရထားနဲ့ ခဏခဏသွားလယ်ဘူးတယ်။ restaurant car ပါတယ်။ဒါပေမဲ့အမေကဟင်းတွေချက်ချိုင့်နဲ့ယူလာတယ်။ upper class အိပ်စဉ်က ၄ ယောက်စီးဆိုတော့ မိသားစုအားလုံးသီးသီးသန့်သန့်လေးစီးလို့ရတယ်။ ကော်ဖီ၊အအေး၊ရေနွေးကြမ်းခွက်လေးစားပွဲပေါ်တင်ထား-- အပြည့်သာမထည့်နဲ့ လုံးဝမဖိတ်ဘူး။အဲလောက်ရထားကငြိမ်တာ။ရထားခုတ်တာ ဒီခေတ်ရထားတွေထက်မြန်တယ်။ ရန်ကုန် နဲ့ မန္တလေး ၁၀နာရီနဲ့ရောက်တယ်အခုခေတ်တော့ ၁၄ နာရီခုတ်တယ်နဲ့တူတယ်။သံလမ်းကို သံလမ်းအင်စပက်တာကနေ့စဉ်ထရောလီနဲ့ လိုက်စစ်နေတယ်။ ပုံမှန်ရထားလာရင် မပြီးဘေးချထားလိုက်တယ်။စက်မပါဘူး။mechanismတစ်ခုရှိတယ်လူအားနဲ့တွန်းသွားတာပဲ။နောက်တွဲတွေရဲ့ ဘရိတ်တွေ၊ဘိုဂီတွေ၊ကိုအမြဲစစ်ဆေးလဲပေးနေတော့ရထားတွဲဟာ
သတ်မှတ်အရှိန်နဲ့သွားနေရင်ဘေးဘီအပေါ်အောက်မလှုပ်ဘူး။ရေခွက်မဖိတ်ဘူး။စပျက်စီးလာတာက mismanagement ကြောင့်ဖြစ်တယ်။မှောင်ခိုတွေပေါ်လာချိန်ကစ ဘာမှကိုမမှန်တော့တာ။မော်လမြိုင် ရန်ကုန် မီးရထားဆိုရင် မှောင်ခိုရထားကြီးကိုဖြစ်
လို့ --လူတွေအကုန်ပျက်စီးတောတာပါပဲ။စက်တွေ ရထားလမ်းတွေလည်းပျက်စီးတော့ တာပါပဲ။ ရန်ကုန်ဘူတာကြီးအဝင် မှောင်ခိုတွေခုန်ဆင်းနိုင်အောင်ရထားအရှိန်လျှော့ပေး
တယ်။
၁၉၆၆ - ၁၉၇၂ အတွင်းအာအိုင်တီကျောင်းတက်တဲ့အခါ ရထားနဲ့ပဲသွားတာပါပဲ။ အစဉ်အလာကောင်းနေတဲ့ "မမ" အဲဒီအချိန်က စပြီး ပျက်စီးခြင်းငါးပါးတိုင်ခဲ့ တော့ တာပါပဲ။
ကျနော်တို့ ခေတ်က ဆည်မြောင်း၊MOC၊ ရထား Burma Railways တို့ဟာခိုင်မာပြီး
စီမံအုပ်ချုပ်မှုကောင်းတဲ့ institutions တွေဖြစ်တယ်။Public Works လည်းတူတူပါပဲ။ Public Works မှာ၁၀%ဘယ်အချိန်ကစသလဲတော့မသိဘူး။
ဒီလိုခိုင်မာပြီး management ကောင်းတဲ့ Burma Railways လိုဌာနမျိုးမှာ ဝင်အလုပ် လုပ်ချင်တဲ့ သူတွေအများကြီးရှိတယ်။အချို့ သူငယ်ချင်းတွေဆို ပို့ဆောင်ရေး
အထွေထွေမန်နေဂျာ အဆင့်ထိတောင်ဖြစ်သွားကြတယ်။အာအိုင်တီ summer training ဆင်းတော့ လည်းမြစ်ငယ်မီးရထားစက်ရုံ၊ဆင်းဘူးတယ်။၁၉၆၉-၇၀လောက်ကထင်တယ်။အဲဒီအချိန်ကအခြေအနေနဲ့ ဆိုရင် နှစ်ပေါင်း၄၀ ကျော်ကြာတဲ့အခါရထားတွဲတွေ ကောင်းကောင်းထုတ်လုပ် နိုင်တဲ့ potentials တွေရှိပေမဲ့လားလားမြောက်မြောက်
ဖြစ်မလာဘူး။ mismanagement တွေများလွန်းလို့--အခုတော့ဗျာ -- ကမ္ဘာပေါ်မှာ အလှုပ်ဆုံးရထားစီးချင်ရင် ဘယ်နိုင်ငံ မှမသွားနဲ့ Burma Railways သာလာစီးကြပါလို့
ကြော်ငြာရမလိုဖြစ်နေပါပြီ။ မမ ရဲ့ ကျရှုံးခန်း ကတော့ သြချလောက်ပါရဲ့ ဗျာ- မမ ကလူကြီးတစ်ယောက်နဲ့ ပြောဘူးတယ်။မမ ခုလိုဖြစ်နေတာ နှစ်တိုင်းရှုံး လို့တဲ့ နိုင်ငံတိုင်းမှာ public transport ဆိုတာ အရှုံးခံရတာပဲ မဟုတ်ပါလားဗျာ-----

တစ်ခါပြန်ပြီးရောက်ချင်သေးတယ်

ကျနော်အဖေကမန္တလေးတက္ကသိုလ်မှာ ပါမောက္ခ--လခ က ၈၀၀ ကျော်လောက်ရတယ်။အဲဒီအချိန်ကရွှေ၁ကျပ်သား ၂၀၀ ကျပ်လောက်ပဲရှိတာ။၁၉၆၆ - ၁၉၇၂ နှစ်ထိ အာအိုင်တီတက်တော့ လစဉ် ၁၂၀ ကျပ်ပို့ ပေးတယ်။ကျောင်းလခအဆောင်ခ က ၅၆ ကျပ်လောက်ပေးရတော့ ကောင်းကောင်းလောက်တာပေါ့။ လေဟာပြင်ဈေးမှာ ၁မတ်တန်ဟင်းနဲ့ စား( ဟင်းခွက်သေးသေးလေးတွေ ချိုချဉ်ကြော်၊ အစိမ်းကြော်၊ ဝက်သား ပဲငပိ၊ အစုံ အစုံ)ပလေဒီယံရုံ စတော ကကြည့်ရင် ၁ကျပ်ခွဲ ဒီစီက ၂ကျပ်ခွဲ နောက်သမ္မတရုံမှာဒါထပ်မြင့်တာက ၅ ကျပ်( နံမည်မေ့နေပြီ) စတောက ၁ ကျပ်ခွဲ ဆိုတော့ အာလုံးပေါင်းလိုက်ရင် ၃ ကျပ် ၃ ကျပ်ခွဲပဲကုန်တယ်။
အဖေမှာ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဦးဘစန်း တဲ့--ကုန်သွယ်ရေးမှာ အမြဲတန်းအတွင်းဝန်-အဖေတို့ အဆင့် selection grade တွေ ကားတင်သွင်းခွင့် လိုင်စင်လျှောက်လို့ ရတယ်ဆိုတော့ ၁၉၅၆လောက်ကထင်တယ်-သူဆီလျှောက်လွှာတင်လိုက်တယ်။အဲဒီအချိန်က အင်္ဂလိပ်လုပ်တဲ့ကားမှ ကားထင်တာ-- ဘောက်ဆော၊အော်စတင်၊ ဖီးယက်၊ ကောင်ဆယ်၊ အိုပယ်၊ဟီလ်းမင်း၊မာစီဒီး စတဲ့ ကားတွေ ဟာနံမည်ကြီး-ဂျပန်ကားဘယ်နားနေမှန်းမသိဘူး--- ဥရောပက show room တွေရန်ကုန်မှာအကုန်ရှိတယ်၊ အဖေ ကားလိုင်စင်ရတယ် လည်းသိရော စာတိုက်ကနေ ကားကုမ္ပဏီတွေကကားကတ်တလောက်တွေပို့ လိုက်တာ --လှမှလှ-- အကုန်နောက်ဆုံးပေါ် မော်ဒယ် တွေချည်းပဲ-- ဂျာမဏီကကားသစ် VW လိပ်ခုံးဆိုရင် ၅၀၀၀ ကျပ်
ကြိုက်တဲ့ အချိန်ဝယ် လို့ ရတယ်။ နောက် လင့် ရိုဘာ လည်း ၅၀၀၀ ပဲ။သူက အမတ်တွေ ကိုရောင်းပေးတယ်--
ကျနော်တို့တတွေ ကားကတ်တလောက်တွေကြည့်ပြီး ရွေးကြတာပေါ့ -- ကျနော်တို့ ကငယ်
သေးတော့ ဘာမှ မသိဘူး-- အီတလီ က ဖီးယက် ဆိုရင် ရဲကားတွေ ဝါယာလက်ကားကအစခန့်ခန့်ညားညားပဲ--အိုပယ်၊ကောင်ဆယ်၊ နဲ့ ဗေါက်ဆော တို့ထဲကရွေးတော့ ဗေါက်ဆောဗစ်တာလေးကလှမှလှ -- harvest yellow အဝါ
ရောင်လေး ရွေးလိုက်တယ်၊ WHO ပြောတဲ့ Auto Cars ကပေါ့-- အခု Park Royal Hotel နေရာမှာ--မှတ်မိတာတော့ CIF 12000 MMK လောက်ကျတယ်။ service ကောင်းပုံများကတော့ အိမ်တိုင်ရာရောက် Auto Cars ကအင်ဂျင်နီယာ ကိုယ် တိုင်မောင်းပြီးလိုက်ပို့တယ်--မှတ်မိတာ ကတော့ Steel Bros လည်းရှိတယ်-- အင်္ဂလိပ်ကုမ္ပဏီပဲ။
အဲဒီအချိန်က ပါမောက္ခတစ်ယောက်ဟာ အိမ်စရိတ် ၃၀၀-၃၅၀လောက်ဆို ရင် မိသားစု ၅ ယောက် ကောင်းကောင်းလောက်တယ်။ ရွှေ ၁ ကျပ်သားလောက်စု နိုင်တယ်။ ဘဏ်ကငွေချေးပေးပေမဲ့ အဖေကအတိုးပေးရတယ်ကွာဆိုပြီးချက်ချင်းချက်လက်မှတ် နဲ့ ငွေချေဝယ်တယ်။ ဘဏ်ဆိုတာ Standard Chartered Bank ကိုပြောတာ။ အဖေ တို့လက်ထပ် က Thomas Cook တို့ Chartered Bank တို့ လောက်မှ ဘဏ်ထင်တာ၊ အဲဒီအချိန်က တည်းက အဖေ ကဘဏ်မှာပဲငွေထားတယ်။ အစိုးရဘဏ်ပေါ့--လခလည်း cheque နဲ့ ပဲထုတ်တယ်။
ဗေါက်ဆောဗစ်တာလေးကို ၃ နှစ်လောက်စီးပြီး ပြန်ရောင်းလိုက်တယ်။ ကတ်တလောက်တွေရောက်လာတုံးက Morris Minor လေးလဲပါတယ်။ အခု Mini Cooper မိခင်ကုမ္ပဏီ လို့ ပြောနိုင်တယ်။ တစ်ခုလွတ်သွားတာက ဗေါက်ဆောဗစ်တာ မှာပြီးမှ Morris Minor ကားကတ်တလောက်ကရောက်လာတာ-- အဖေ ကMorris Minor ကားလေးကိုတော်တော်ကြိုက်သွားတာလေ--၁၉၅၉လောက်မှာ ဗေါက်ဆောကားရောင်းပြီး အဲဒီ မောရစ် မိုင်နာ လေးဝယ်စီးတာ နှစ် ၃၀ ကျော်ကြာတယ်။ ရိုရိုသေသေစီးတာ ကားမမောင်းနိုင်တော့မှ ရောင်းပစ်တာ--
အဲဒီခေတ်လေးတွေကမကြာလိုက်ပါဘူးဗျာ စစ်အာဏာရှင်နေဝင်းတက်လာပြီါ်တိုင်းပြည်ဝရုံးသုန်းကားဖြစ်တော့တာပါပဲ--အဲဒီအရှိန်က ၃ - ၄ နှစ်လောက်တော့ ခံသဗျ-- သိပ်မဆင်းရဲသွားသေးဘူး--အဲဒီအချိန်လေး တစ်ဖန် ပြန်ပြီးရောက်ချင်သေးတယ်ဗျာ ဒီမိုကရေစီခေတ် စစ်စစ်လေးဗျ-.

Vaxhall Victor 1957 model (Harvest yellow)

စနစ်ဆိုတာလေးပြောပါရစေ

ကျွန်တော်စဉ်းစားမိတာလေးပြောပါရစေ။
NLD ကမဲဆွယ်တဲ့အခါမှာ မြန်မာပြည်ရဲ့ စနစ်ကြီးကိုပြောင်းလဲပစ်မယ်လို့ ပြောကြတယ်။
ကျနော်တို့တိုင်းပြည်မှာစနစ် မရှိဘူးလား? စနစ်ကောင်းတွေရှိပါတယ်။ ပြုပြင်ဖို့ လိုတဲ့စနစ်တွေရှိသလိုခေတ် နဲ့ အညီပြောင်းလဲပစ်ဖို့ လိုတဲ့စနစ်ကောင်းတွေရှိပါတယ်။ micro level ကော macro level အားလုံးမှာ လုပ်နည်းစနစ်တွေရှိပါတယ်။အင်္ဂလိပ်ကိုလိုနီအောက်ကရုန်းကန်ထွက်လာ ခဲ့တဲ့ မြန်မာပြည်ပဲဗျာ။ အင်္ဂလိပ်တည်ဆောက်ခဲ့ တဲ့ စနစ်တွေရှိနေဆဲပါ။ ခေတ်အဆက်ဆက် အာဏာရယူ ထားတဲ့အာဏာရှင်တွေကအဲဒီစနစ်ကောင်းတွေကိုဖျက်ဆီး
လိုက်ကြတာပါလို့ ကျနော်ပြောရင် မှားသလားဗျာ--
စစ်အာဏာရှင်ဦးနေဝင်းလက်ထက်ကစလို့ စနစ်ကောင်းတွေနဲ့ အသားကျနေတဲ့ မြန်မာပြည် ကိုဖျက်ဆီးခဲ့တာ
ပါ။သူ့အစဉ်အဆက် ဆက်ခံလာတဲ့အာဏာရှင်တွေဟာသူတို့ စိတ်ကူးထဲမှာပေါ်လာတဲ့ အတိုင်းစနစ်တွေမည်
မျှပင်ကောင်းစေကာမူ သူတို့ လုပ်ချင်သလိုလုပ်ခဲ့ ကြတော့ ဒီတိုင်းပြည်မှ မပျက်ဘယ်တိုင်းပြည်ပျက်ပါတော့မလဲ--
ကဲစနစ်တွေအကြောင်းပြောပြီးပြီ။ စနစ်တွေကရှိနေပါပြီ။ စနစ်တွေအတိုင်းလိုက်မလုပ်ရင်အရေးယူဆောင်ရွက်
မဲ့ enforcement တွေကောရှိသလား-- Rule of Law ပေါ့ဗျာ--စနစ်တွေဘယ်လိုကောင်းအောင်ပြင်ပါစေ--
Rule of law မရှိရင်လည်းအလကားပဲဗျ။ အမြန်လမ်းမှာ ကားကိုခဲနဲ့ ထုတဲ့ကောင်တွေဖမ်းမိလို့ ပြည်သူ့ရဲ
Website မှာအောက်ကတစ်ယောက်ကမန့် ထားတယ်။ခဲ နဲ့ပစ်တဲ့ ပစ်မှုတင်မကဘူး။ လူသေစေရန်ုကြိုတင်
ကြံစည်မှုအပါအဝင်ပုဒ်မပေါင်းတတ်လို့ ရသမျှတတ်ပြီးအရေးယူသင့်ကြောင်း လူမြင်ကွင်းမှာကရိန်းနဲ့ ဆွဲပြီး
ကြိုးပေးသတ်ဖို့အထိပါတယ်။တော်တော်များများမန့်ထားတာက ပြန်လွှတ်လိုက်မှာပါတဲ့ --
မကြာသေးခင်ကပဲတရားစီရင်ရေးအာဏာကိုအုပ်ချုပ်ရေးအာဏာကဝင်ရောက်စွက်ဖက်ပြီးအထိမ်းအမှတ်
လည်းမရှိ တရုတ်ကိုလွှတ်ပေးချင်တာနဲ့ ရာဇဝတ်သားတော်တော်များများလွှတ်ပေးခဲ့တယ်။လွှတ်ပေးခဲ့သူ
တွေကပဲ ရက်မဆိုင်းဘူး။ ပြစ်မှုအသီးသီး ပြန်လည်ကျူးလွန်ကြတယ် လို့ သတင်းတွေထွက်လာတယ်။ ကဲ
အဲတော့ စနစ်ရှိနေတာကိုမလေးစားဘူး။Rule of Law မရှိဘူး။ ဥပဒေအကြံပေးတွေနဲ့ လည်းမတိုင်ပင်ဘူး။
တရားစီရင်ရေးအာဏာပိုင်တွေနဲ့ လည်းမညှိနိုင်းဘူး။ရှိပြီးသားစနစ်တောင် ဥပဒေအတိုင်းမလုပ်နိုင်တော့
စနစ်ကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားမဲ့အစားတစ်ဖက်မှာလည်း စနစ်အတိုင်းမဆောင်ရွက်သူတွေကို အပြစ်ပေး နိုင်
ဖို့ Rule of Law လွှမ်းမိုး နိုင်အောင်ကြိုးစားမှ တန်ယုံကြမယ်ထင်ပါတယ်။ ၁၉၆၅ တစ်ဝိုက်က မစ္စတာ လီ
ကွမ်းယူလည်းစနစ်တွေတည်ဆောက်ပြီး မလိုက်နာသူတွေကိုကျောသားရင်သားမခွဲခြားပဲ အပြတ် နှိမ်နှင်း
ခဲ့ လို့ ဒီနေ့ စင်ကာပူ ဟာFirst World Country အဆင့်ရောက်နေတာပါ။ ဦးသိန်းစိန် အစိုးရကို နောက်ပိုင်းလူ
ကြိုက်နည်းလာရတာကလည်း စနစ်အတိုင်းမလုပ်နိုင်တဲ့သူတွေကို နှိမ်နှုင်းမှုအပိုင်းမှာ အားနည်းခဲ့ လို့ပါ။
အခု ၃ လ နီးပါးလောက်သက်တမ်းကျန်ပါသေးတယ်။ စနစ်အတိုင်းမလုပ်နိုင်တဲ့ သူတွေကို ဘယ် လိုပြင်းပြင်း
ထန်ထန်အရေးယူ လိုက်တယ်ဆိုတာ လူသိရှင်ကြားသာ ပြောနိုင်လို့ ကတော့ opinion poll မှာတောင် မဲတွေ
တက်လာနိုင်စရာရှိပါတယ်--

IQ နဲ့ EQ ဘယ်ဟာပိုအရေးကြီးသလဲ


မိဘတွေကိုယ့်ခလေးတွေကိုစာသင်နေတာမြင်ရကြားရတော့ကိုယ့်အယူအဆလေးတစ်ခုကိုတင်ပြပါ
ရစေ။ဒါကလည်းအဆင့်၂၃ ဆိုတဲ့Facebook ပိုစ့်လေးကိုဖတ်မိရင်းခေါင်းထဲမှာပေါ်လာတာပါ--
မြန်မာမိဘတွေ၊ကမ္ဘာအရပ်ရပ်မှာရှိတဲ့မိဘ တွေဟာသားသမီးတွေကိုပညာတော်တဲ့ခလေးတွေဖြစ်စေချင်ကြပါတယ်။ မိဘ
များဟာခလေးနဲ့အတူစာလိုက်လုပ်ပြီးခလေးတွေကိုစာသင်ကြဖို့ကျိုးစားကြပါတယ်။ခလေးတွေထူးချွန်ထက်မြက်
လာအောင်ကျူရှင်တွေပေးကြတယ်။study guide တွေထားပြီးကြပ်ကြပ်မတ်မတ်စာသင်ပေးကြတယ်။
မောင်တိုင်ပင် ၁၀ တန်းမဖြေခင် မှတ်မှတ်ရရသူငယ်ချင်းချာလီသက်ရှည်အိမ်မှာလာပြီးစာတူတူကျက်တယ်။၂ယောက်သား
စာဆွေးနွေးကြတယ်။မောင်တိုင်ပင်မိဘ ၂ ပါးစလုံးစာသင်တာ၊စာကျက်ဖို့တိုက်တွန်းတာ၊ homework စစ်တာ
တောင်မလုပ်ခဲ့ပါ။ ၁၀ တန်းအောင်ပြီးအမှတ်ထွက်လာတော့ချာလီသက်ရှည်အိမ်မှာလာတည်းပြီးအမှတ်ထုတ်တယ်။ ၂ယောက်လုံးဆေးကျောင်းမီတယ်။သူကဆေးကျောင်းလျှောက်မယ်၊ မောင်တိုင်ပင်ကတော့ ဝါသနာမပါ
ဘူး၊စက်မှုတက္ကသိုလ်လျှောက်တယ်။ အိမ်ကအမေအဖေကလည်းဘာလျှောက်ပါ ညာလျှောက်ပါ ဘာမှမပြောဘူးဒီလိုနဲ့ပဲအင်ဂျင်နီယာဖြစ်လာတာပါပဲ။
အသက် ၂၇ နှစ်ကစပြီးအင်ဂျင်နီယာအလုပ်စလုပ်တယ်။အလုပ်ထဲမှာ ပေါင်းသင်းဆက်ဆံရေးညက်တော့ အထက်အောက်ဘေးဘီအကုန်အဆင်ပြေပြေနဲ့လုပ်နိုင်ခဲ့တယ်။အဆင့် ၂၃ ဆိုတဲ့ ပိုစ်
လေးမှာ သူ့သမီးလေးဟာစာသိပ်မတော်ပေမဲ့သူ့သူငယ်ချင်းအတန်းဖေါ်တွေကသူ့ကိုချစ်ကြတယ် ကြိုက်ကြတာ
ကိုသူ့ဆရာမကသွားတွေ့တယ်ဒီနေရာမှာစဉ်းစားဖို့ကောင်းတာကခလေးဟာစာမှာထူးချွန်တာထက်လူမှုဘဝပတ်ဝန်းကျင်မှာ ဝင်ဆန့် တာကခလေးဘဝတလျှောက်လုံးအတွက်ပိုမိုကောင်းမွန်ပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။
မောင်တိုင်ပင်လည်းအလုပ်လုပ်ရင်းတဖြည်းဖြည်းနဲ့ ထိပ်ကိုရောက်လာခဲ့တာပါပဲ။ ယုံကြမလားတော့ မသိဘူး-- မောင်တိုင်ပင်အလုပ်မှာ ဘယ်သူကိုမှမဖါးခဲ့ဘူးပါ။ ယုတ်စွအဆုံး ဘယ်ဆရာသမားမှ သီတင်းကျွတ်မ
ကန်တော့ဘူးပါဘူး။ကိုယ့်ဖါသာပဲအလုပ်ကိုစနစ်တကျလုပ်တယ်--အလုပ်နဲ့ပတ်သက်ဆက်ဆံရသူတိုင်းနဲ့ ပေါင်း
သင်းဆက်ဆံရေးပြေပြစ်အောင်နေတယ်။ဒါတွေဟာအခုပြန်သုံးသပ်ကြည့်တဲ့ အခါ အောင်မြင်မှုတစ်ခုပါပဲ။ လူတစ်ယောက်
ရဲ့ဘဝမှာ IQ အရေးကြီးသလို EQ လည်းအရေးကြီးတယ်ဆိုတာမောင်တိုင်ပင် ဘဝ နဲ့ယှဉ်ပြီးသုံးသပ်ကြည့်တာပါ။
ဒါကြောင့်ခလေးတွေကိုပညာထူးချွန်အောင်မိဘတွေကအချိန်ပြည့်လုပ်နေကြတာအရေးပါသလို ခလေးတွေရဲပေါင်းသင်းဆက်ဆံရေးအပိုင်းမှာကောင်းဖို့ ပြေပြစ်နေဖို့ လမ်းညွှန်ပြသ ပေးဖို့အရေးကြီး ပါတယ်။ကျောင်းမှာဆရာ၊ဆရာမတွေနဲ့ ဆက်ဆံရေး၊ ကျောင်းသားကျောင်းသူအချင်းချင်းဆက်ဆံရေး၊ ပြင်ပလောကရောက်လာရင် ကြီးကြီးငယ်ငယ်ပေါင်းသင်းဆက်ဆံရေးတွေကိုဘယ်လိုလုပ်သင့်တယ်၊ဘယ်လို
ပြောသင့်တယ်၊ဘယ်လိုပြုမူသင့်တယ်၊ဆိုတာတွေ သင်ပေးဖို့ကအဓိကအရေးကြီးတယ်လို့ထင်ပါတယ်။ဒီခလေးကြီးလာတဲ့
အခါ လူမှုပတ်ဝန်းကျင်လောကကြီးထဲမှာ ဝင်ဆန့်တဲ့ သူဖြစ်လာပြီးဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ဖို့ လိုပါတယ်။IQ မြင့်လာဖို့ ထက် EQ မြင့်လာအောင်လုပ်ပေးနိုင်ရင်ခလေးဘဝတလျှောက်လုံးအပေါင်းအသင်း
ဝင်ဆန့်ကာအောင်မြင်မှုလမ်းကြောင်းပေါ်ရောက် နိုင်လိမ့်မယ်ဆိုတာသတိပြုမိစေချင်ပါတယ်။
လွတ်လပ်စွာသဘောကွဲနိုင်ပါတယ်---

သူရဲစတိုရီ နဲ့ ဟနွိုင်းပျိုဖြူ

ဒီကနေ့ high tea မှာစတိုရီ တယ်လား တိန်းကြောင် ကစတိုရီ ၂ ပုဒ် ပြောပြတယ်။ တစ်ပုဒ်ကတော့သူ့အဖေ ဆင်ဆရာကြီး အရေးပိုင်မင်းကိုယ်တွေ့ ကြုံတာ။ နောက်တစ်ခုကတော့ ညစ်ပတ်ပေမဲ့ နောက်အပတ်ထဲ ဟနွိုင်းသွားလည်မဲ့ ဘတ်ခွ ကိုညွှန်းတာဖြစ်တယ်။ဒါကြောင့် ရေးကိုရေးရမယ်။ဂျာမဏီခဏခဏသွားရတဲ့ တိန်းကြောင်ကိုဂျာမန်မိတ်ဆွေတွေကပြောပြတာ။
ဆင်ဆရာကြီးအရေးပိုင်မင်းဦလှကျော်ရဲ့ ကိုယ်တွေ့နာနာဘာဝတွေနဲ့ဆိုင်တယ်။အင်္ဂလိပ်လက်ထက်မြို့ပိုင်ဘဝ--စစ်ကိုင်းတိုင်းပင်လယ်ဘူးမြို့ မှာရှိတဲ့ ဗိုလ်တဲ ဟာသူရဲအရမ်းခြောက်တယ်လို့နံမည်ကြီးတယ်
မြို့ပိုင်ဘဝလှည့်လည်စစ်ဆေးရင်ဗိုလ်တဲမှာဘယ်တော့မှမအိပ်ဘူး။နောက်ဖက်ကအစောင့်တဲမှာအိပ်တယ်။
တစ်ခါတော့ ခရိုင်ဝန်မင်း မစ္စတာဆလော့စ် ပါပင်လယ်ဘူးမြို့ကိုရောက်လာပါတယ်။အလုပ်တွေပြီးတော့ ဦးလှကျော်တို့ဆရာတပြည့် ၂ ယောက်သားအရေးပိုင်မင်းကို အိပ်ရာခမ်းနားတွေသေချာပြင်ဆင်ပေးပြီးသူတို့ ၂ ယောက်ကတော့ နောက်ဖက်ကအစောင့်အိမ်လေးမှာအိပ်မဲ့ အကြောင်းပြောပြပြီး ခပ်မြန်မြန်ပဲဗိုလ်တဲ
ပေါ်ကဆင်းလာခဲ့တယ်။ညဥ့်ကြတော့ ဗိုလ်တဲပေါ်မှာ ဝုန်းဒိုင်းကျဲပြီးသူရဲခြောက်နေတာကိုအစောင့်အိမ်ကနေမြင်နေကြားနေရတော့ဘယ်အချိန်ငါတို့ခေါ်မလဲဆိုပြီးတထင့်ထင့်နဲ့ အိပ်ကြရတာပေါ့။
နံနက်ကြတော့အရေးပိုင်မင်းမစ္စတာဆလောစ်ကို ကော်ဖီဘာညာနံနက်စာလုပ်ပေးတော့ ဆလောစ်က"လူကလေးမောင်လှကျော်မင်းတို့စီစဉ်ပေးတဲ့ magician အရမ်းတော်တယ်ကွာ။ ငါ့ကိုအမျိုးမျိုး လုပ်ပြတာငါ့ မှာအိပ် လို့တောင်မရဘူး။ မနက်လင်းခါနီးမှအိပ်ပျော်သွားတယ်။ ရော့ -- ငွေ ၅ ကျပ်-- အဲဒီ magician ကိုဆုချလိုက်ကွာ" လို့ပြောတော့ ဦးလှကျော်က သူရဲခြောက်တာပါ လို့ လည်းမပြောရဲဘူး။အသာလေး ၅ ကျပ်တန်
လေးအိပ်ထဲထည့်ပြီးခပ်ကုတ်ကုတ် နဲ့ ဗိုလ်တဲပေါ်ကဆင်းလာတယ်။
ဦးလှကျော်ကသူ့သားတိန်းကြောင်ကိုပြောပြတာကတော့ " သူရဲက ဘုန်းကြီးသူရဲ နဲ့ တူတယ်ကွ။အရေးပိုင်ကိုခြောက်တာအရေးပိုင်ကခြောက်မှန်းမသိတော့ သူရဲလည်းစိတ်ပျက်သွားပြီး နောက်ပင်လယ်ဘူးမြို့ ကဗိုလ်တဲ သူရဲခြောက်တယ် လို့ မကြားတော့ ဘူး" လို့ပြန်ပြောပြတယ်။
နောက်စတိုရီလေးကတော့တိန်းကြောင်ဂျာမဏီသွားတော့သူ့လုပ်ဖေါ်ကိုင်ဖက်ဂျာမန်တစ်ယောက်ကပြောပြတာ--ဟဲရစ်စ် လို့ခေါ်တဲ့ဂျာမန်တစ်ယောက်သူတို့ အလုပ်ရုံမှာရှိတယ်။အသက် ၂၅ နှစ်လောက်မှာ ပြင်သစ် ပဲရစ်ကိုတစ်ပတ်လောက်သွားလည်တာပေါ့။ရုပ်ကလည်းချော စကားပြောကလည်းကောင်းတော့ပြင်သစ်မလေးတွေနဲ့ တရုန်းရုန်းပေါ့-- တရုန်းရုန်းဆိုတာနားလယ်တယ်မှုတ်လား--ပြင်သစ်ကပြန်လာ
တော့ စက်ရုံ pub မှာ'Paris' is 'Paris' man .. 'Harris' is 'Harris' and 'Penis' is 'Penis' ... ပြင်သစ်မှာ ဘယ်လိုပျော်ခဲ့သလဲဆိုတာ အပ်ကြောင်းထပ်အောင်ကိုပြောပြတာပေါ့။နောက် နှစ် ၂၅ လောက်ကြာတော့ ဟဲရစ်စ်တစ်ယောက်အသက် ၅၀ ရှိလာပါကော။အဲဒီအချိန်မှာ ဟဲရစ်စ် လည်း ပြင်သစ် ကိုတစ်ခေါက်ထွက်ခဲ့ပါရော။တစ်ပတ်လောက်ကြာတော့ ပြန်ရောက်လာတယ်။ အလုပ်ရုံက pub မှာ မစ္စတာ ဟဲရစ်စ် တစ်ယောက်က ဂလိုညည်းညူပါလေရော။'Paris' is 'Paris' man .. 'Harris' is no 'Harris' and 'Penis' is no more 'Penis' ... လို့ ညည်းပြပါလေရော။ 
ဒါက ဘတ်ခွ ဟနွိုင်းသွားလည်မယ် လုပ်တော့ လွန်ခဲ့တဲ့ နှစ် အစိတ်လောက် က ဗီယက်နမ် ရီဖြူဂျီ ကမ့် ကိုရောက်ဘူးတယ်။ ဗီယက်နမ်သူတွေက ဖြူဖြူချောချောပိန်ပိန်လေးတွေအရမ်းကိုယ်လုံးကိုယ်ပေါက်လှကြောင်းပြောတော့ စတိုရီတယ်လာ တိန်းကြောင် က အထက်ကပုံပြင်ကိုပြောပြပြီး-- Hanoi is Hanoi .. 'Butgwa' is no 'Butgwa ' and 'Penis' is no more 'Penis' ... ဖြစ်လာလိမ့်မယ်ဆိုတဲ့ အကြောင်း ပြန်လာရင်အတွေ့ အကြုံကို ဖေါက်သည်ချရမယ်ဆိုတဲ့ အကြောင်းနဲ့ ဘတိခွ ကို ဂုဏ်ပြု လိုက်ပါတယ်။

သူရဲရှိတဲ့ဘန်ကောက်ကဟိုတယ်


ယုံချင်ယုံ-မယုံချင်နေ-ကိုယ်တွေ့တော့မဟုတ်ဘူး။ သူတွေ့ဒါပေမဲ့အဲဒီမိတ်ဆွေကအပိုပြောတတ်တဲ့သူမဟုတ်ဘူးဆိုတာကိုယ်ကသိနေတော့ကိုယ်လည်း 
ဘန်ကောက်သွားရမှာ ယနေ့ထိ ကြောက်မိသား--
ကိုယ့်မိတ်ဆွေတစ်ယောက်ဆိုပါစို့--၂၀၁၄ ကထိုင်းနိုင်ငံ- ဘန်ကောက် မှာမြန်မာနိုင်ငံ ရဲ့ လက်ရှိစီးပွားရေးခြေအနေတွေ အကြောင်းထိုင်းလုပ်ငန်းရှင်တွေကို presentation လုပ်ဖို့
ဘိတ်ကြားခံရတယ်။ ဒီပုဂ္ဂိုလ်ကလည်းဘုရားတရားကြည်ညိုတတ်တဲ့သူ--မနက်တိုင်းပရိတ်ရွတ်--ပဌါန်းရွတ်--တတ်တဲ့သူပါ။
ဘန်ကောက်ကိုနေ့လည်မှထွက်လာရတော့မနက်ကရန်ကုန်အိမ်မှာ ဘုရားတရားလုပ်စရာရှိတာတွေအကုန်လုပ်ပြီးမှလေဆိပ်ဆင်းလာခဲ့တာ။ ဖိုရမ် ကျင်းပမဲ့နေရာက ဘန်ကောက် မှာရှိတဲ့ နံမည်ကြီး 5 stars hotel ပါပဲ။ နံမည်တော့မပြောပါရစေနဲ့။ သူတို့ဖက် ကဘိတ်ကြားတာဆိုတော့ junior suite အခန်းမှာထားပေးထားတယ်။ hotel facilitiesတွေ လိုလေသေးမရှိ အကုန်ထားပေးတဲ့အပြင် အခန်းကလည်းအကျယ်ကြီးပဲ။ ကိုယ့် မိတ်ဆွေကလည်း ဘယ်မှမသွားတော့ပဲ နက်ဖြန် presentation လုပ်မဲ့ power point ကိုပဲ လိုအပ်တာတွေထပ်ဖြည့် တာတွေဘာတွေလုပ်နေခဲ့တယ်။ယုတ်စွအဆုံး ထမင်းတောင်ဆင်းမစားတော့ပဲ အခန်းထဲကနေမှာ စား လိုက်တော့တယ်။ဒီ လိုနဲ့ ည ၁၂ နာရီထိုးတော့အားလုံးလုပ်စရာရှိတာလုပ်ပြီး မနက်အတွက်ကွုန်ပျူတာကိုအဆင်သင့်လုပ်ထားခဲ့ပါတယ်။ 
သွားတိုက်မျက်နှာသစ်ပြီး Queen Size အိပ်ရာပေါ်အိပ်မယ်လည်း လုပ်ရောရွတ်နေကြပရိတ် နဲ့ ပဌါန်းကိုမရွတ် ရသေးကြောင်း သတိရလာပါတယ်။ ဒါပေမဲ့ မနက် က ရန်ကုန်အိမ်မှာ ရွတ်ဖတ်ပြီး ပြီလေဆိုပြီးအိပ်ချင်စိတ်ကြောင့်အိပ်ရာပေါ်လှဲ ချ လိုက်မိပါတယ်။ အိပ်တော့တစောင်းလေးပဲအိပ်မိတယ်။နာရီဝက်လောက်ကြတဲ့နောက်အိပ်ပျော်သွားသလိုလို အိမ်မက်မက်နေသလိုမျိုးဖြစ်လာတယ်။ အဲဒီအချိန်မှာ အိပ်ရာတစ်ဖက်က လွတ်နေတဲ့ အပိုင်းမှာ လူတစ်ယောက်ယောက်အိပ်ချလိုက်သလိုမျိုးခံစားရတယ်။ မွေ့ယာနိမ့်ဆင်းသွားတာမျိုးပေါ့--သူကမကြောက်တတ်တော့ တစ်ဖက်ကိုလှည့် ကြည့် လိုက်တာ ယောက်ျားတစ်ယောက်အိပ်နေတာကိုတွေ့ လိုက်ရပါတော့တယ်။ သူလည်းခေါင်းနပမ်းကြီးသွားပြီးအိမ်မက်မက်နေသလား အိပ်ချင်မူးတူးဖြစ်နေသလား နဲ့မိတ်ဆွေက ကဗျာကရာ လူးလဲထပြီး ” ဟဲ့ ငါ့အိပ်ရာပေါ်ဘာလာလုပ်နေတာလဲ” ဆိုပြီးအော်ငေါက်လိုက်တော့ အဲဒီယောက်ျားကြီး ကမျက်နှာညှိုးငယ်စွာနဲ့ လူးလဲထလာတယ်၊ မိတ်ဆွေက မကြောက်တတ် ပဲ အခန်းထဲကြည့် လိုက်တဲ့အခါ အားလုံးမျက်နှာတွေညှိုးငယ်စွာနဲ့ တခြားယောက်ျား၊မိန်းမ၊ခလေး ၁၅ ယောက်လောက် အခန်းနရံ ကိုမှီထိုင်နေကြတာကိုတွေ့ လိုက်ရပါတယ်။ မိတ်ဆွေလည်း ကြက်သီးထပြီး ” အားလုံးကို ငါ့ အခန်းထဲကထွက်သွားကြ ” ဆိုပြီးမောင်းထုတ်ပါတယ်။ အခန်းတံခါးကိုလည်းဖွင့်ပေးလိုက်တယ်၊သူတို့အားလုံး ဘာမှ ပြန်မပြောပဲ အခန်းတံခါးကထွက်သွား ကြပါတယ်။ ဝေးဝေးတော့မသွားဘူး၊ အဲဒီ ကော်ရစ်ဒါ မှာ ပဲ မျက်နှာ ညှိုးငယ်စွာနဲ့ ထိုင်နေကြတယ်။ မိတ်ဆွေလည်း မီးတွေဖွင့် တီဗီဖွင့် ပြီး တစ်ညလုံးမအိပ်တော့ပဲ ရွက်နေကြ ပရိတ် နဲ့ ပဌါန်း ကို ဆက်ရွက်ပြီး မိုးလင်းခဲ့ရပါတယ်။ ကဲ ဘယ်လောက်ကြက်သီးထစရာကောင်းလဲ-- မိတ်ဆွေ သူ့နေရာက စဉ်းစားကြည့်ပါလား--
မယုံမရှိ နဲ့မိတ်ဆွေ--ထိုင်းနိုင်ငံမှာဒါမျိုးက ရိုးနေပြီတဲ့--လွန်ခဲ့သော၁၀နှစ်လောက်ကမောင်တိုင်ပင် မလေးရှားဘားနပ်စ် က မိတ်ဆွေ တွေ လာတုံး-- ရန်ကုန်မြို့  ကဟိုတယ်တစ်ခုမှာ ကုတင်ပေါ်ကနေခြေထောက်ဆွဲချခံ ရလို့ အခန်းကိုချက်ချင်းပြောင်းပေးခိုင်း လိုက်ရတယ်။ ကဲ ကဲ မဲဆွယ်တာတွေရန်ကုန်မြို့ ကြီး စိတ် မချရတော့ တာတွေကြောင့် စိတ်ရှုပ်နေကြတဲ့ မိတ်ဆွေတွေအတွက်သူရဲ တစ္စေ အကြောင်း ကြက်သီးထစရာလေး ကို ဖေါက်သည်ချ လိုက်ရပါတယ်။