Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Friday, November 30, 2018
ကျန်းမာရေးအယူအဆသစ်
အင်တာနက်မှာစာတွေရှာဖတ် health talk တွေနားထောင်တော့မှအသက်ကြီးလာသူတိုင်းဟာ ကျန်းမာရေးကိုအထောက်အကူဖြစ်စေဖို့ သင့်တင့်မျှတတဲ့စားစရာနဲ့တင်မလုံလောက်တော့ပဲ ဖြည့်စွက်အစားအစာ supplement တွေလည်းအကူဖြစ်စေဖို့အတွက်စားပေးဖို့လိုတယ်-Functional medicine လို့ခေါ်ကြောင်းဒေါက်တာခင်နွယ်ဝင်း ရေးတဲ့ကျန်းမာရေးဆောင်းပါးတွေမှာဖတ်ရပါတယ်။-Vitamin D3, Magnesium, CQo10, Vitamin B 12, Probiotic, Super K စတဲ့ supplement တွေလည်းချင့်ချိန်စားပေးဖို့လိုပါတယ်-- ဒီနေ့ဒီအချိန်ခါမှာ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ substance တွေမလွတ်ကင်းတာများလာလေလေရွေးချယ်စားသုံးရခက်လေလေပါပဲ--အရင်တုံးကတော့ Centrum သောက်ပေးရင်ကို လုံလောက်နေပြီလို့ ထင်မိခဲ့တာ အခု Centrum ကိုယ်တိုင်တောင် supplement တွေအမျိုးမျိုးပါဝင်တဲ့ products တွေတောင်ထုတ်လုပ်ဖို့ကြိုးစားလာတာကို တွေ့ လာရပါတယ်--ဒီဖြည့်စွက်အစာ တွေကိုသောက်ရင်း မြန်မာမှာ FAME ရှိလာတာကို ဂုဏ်ယူလာပါတယ်--သူကတော့ herbal treatment ဆိုပေမဲ့သူတို့လည်းကောင်းစွာသုတေသနပြုလုပ်ပြီးSupplement တွေထုတ်လုပ်လာပါတယ်-- နိုင်ငံတကာနဲ့ ယှဉ်နိုင်တာကတော့ pricing ပါ-- ဒေါက်တာခင်မောင်လွင်ကိုအ
ကြံပြုလိုတာက Fame products တွေကို on line marketing လုပ်ဖို့ပါပဲ-- iHerb.com ဟာနံမည်ကျော် supplement အတွက် on line marketing လုပ်နေတာပါ-- ယှဉ်ကြည့်ရင်တော့ Fame ကဈေးသက်သာနေဆဲပါ--
မင်းအင်တာနက်မှာစာတွေရှာဖတ် health talk တွေနားထောင်နဲ့ လျှောက်လုပ်မနေနဲ့ လို့မပြောပါနဲ့-- လူနာဟာပထမဆရာ ဆိုတဲ့စကားကိုမှတ်မိကြမှာပါ-- ကိုယ်တိုင်သောက်ကြည့်ပြီး တိုးတက်မှုရှိလာလို့သာ ကိုယ့်အတွေ့အကြုံကို share ခြင်းဖြစ်ပါတယ်  လိုက်လုပ်ချင်လုပ်  မလုပ်ချင်နေပါ--ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ မဂင်ယု တို့လိုသူငယ်ချင်းကတော့ ကောင်းချီးသြဘာပေးနေမှာပါ-- တကယ်တော့ ကိုယ်တို့တတွေဟာ game over နေပါပြီ-- 
Thursday, November 29, 2018
တကိုယ်ရေကျန်းမာရေး
Immune system is an interactive net work of organs, cells, and protein that protect body from viruses and bacteria or any foreign substances.
ကျနော်တို့ လိုအဖိုးအိုတွေဟာ immune system ကိုကောင်းအောင် လုပ်ထားရင် တော်ယုံရောဂါကာကွယ် နိုင်ပါတယ်  နောက်တစ်ခုရောဂါပေါင်းစုံထိုးနှက်လာတဲ့အခါ နေ့စဉ် supplement တွေနဲ့အတူအစားအသောက်အနေအထိုင်ကို စနစ်တကျဆောင်ရွက်ဖို့ လည်းလိုပါတယ်--မနာအောင်နေနိုင်ရင်အကောင်းဆုံးပေါ့ဗျာ
မိတ်ဆွေတွေကမေးကြတယ် လမ်းလျှောက်တာတွေမတင်တော့ exercise လုပ်သေးလား တဲ့ -- စလုံးမှာကနေ့စဉ်အနည်းဆုံး steps ၈၀၀၀ လောက်လျှောက်ရပါတယ် -- မြေးတွေကျောင်းပို့ကျောင်းကြိုလုပ်ရတာနဲ့ တိုလီမိုလို ဟိုလုပ်ဒီလုပ်တွေနဲ့ တခါတရံ steps ၁၀၀၀၀ရောက်ပါတယ် အရေးကြီးတာက အကျောအချင်ပြေစေတဲ့ stretching လုပ် နိုင်ဖို့ပါ-- ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်သင့်ဘူးလို့ health websites တွေမှာရေးထားပါတယ်-- ငယ်ရွယ်စဉ်ကကိုယ်အပြင်းအထန်ဆုံးလုပ်ခဲ့တာ က တင်းနစ်ရိုက်တာနဲ့ ဂေါက်သီးကစားတာပဲရှိတော့ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ဖို့ မလိုဘူးလို့ ကိုယ်ဖါသာသုံးသပ်ပါတယ်  လူတစ်ယောက်နဲ့ တစ်ယောက် metabolism မတူပါဘူး-- စောနကပြောတဲ့ stretching ကတော့ ကိုယ့်အတွက် အလိုအပ်ဆုံးပါ-- ရန်ကုန်မှာနေစဉ် က ကားပေါ်မှာအချိန်ကုန် ရတဲ့အခါ ဇော်ဝင်းဦးတို့ ဖိတ်တဲ့ သူတို့ကစားတဲ့ Gym မှာ stretching machine တွေရှိတော့ သွားကစားရပါတယ်--စလုံးမှာ ကပင်လယ်ကိုဖြတ် တိုက်လာတဲ့ လေကို ရှုရတာ ကိုကသန့်ရှင်းနေပါတယ်  ကားအရေအတွက်ကလည်း ကန့်သပ်ထားတော့ pollution နည်းပါတယ်-- သစ်ပင်ပန်းပင်လည်းရန်ကုန်ထက်ပိုများပါတယ် -- တစ်ခုပါပဲ-- နှစ်တစ်နှစ်ရဲ့ နှစ်ကုန်ပိုင်းရောက်လာတော့ မုတ်သုံဝင်လာလို့ လားမသိ ညနေပိုင်းဆို မှန်မှန် မိုးရွာပါတယ်-- 
ဒီနေ့မနက်စောစော immune system အကြောင်းဖတ်ရင်း ဒေါက်တာ ခင်နွယ်ဝင်း ရဲ့ health talk video တွေကိုကြည့် ရင်းခေါင်းထဲမှာပေါ်လာတဲ့ အတွေးတွေပါ--ဆန်စပါး  စီးပွားရေး  ဘဏ်နဲ့ငွေကြေးကိစ္စတွေလည်း မျက်ချေမပြတ်အောင် တစ်ဖက်ကလည်း လုပ်နေရပါတယ်--ခေါင်းထဲပေါ်လာတဲ့ အတွေးတွေကိုချရေးရင် စဆရက လုပ်ပါတယ်--ကိုယ်က ကိုယ့်ကိုကိုယ် think tank လို့ယူဆထားတာ လက်တွေ့တော့ဘယ်လုပ်နိုင်မလဲ -- လုပ်ရရင်လည်း generation gap ကြောင့် stress and strain တွေရလာမှာအသေအချာပါပဲ--အဲတော့ သိချင်တာတွေ  ပြောချင်တာတွေ လုပ်ချင်တာတွေ လျှော့တော့--ဒါကြောင့်လည်းသက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ အပြောင်အပျက် တွေပြောနေတာဟာ စိတ်ထွက်ပေါက်တစ်ခုကိုရှာနေတာပါ--
Trigger finger ဖြစ်နေပါတယ်
လွန်ခဲ့သော၂- ပတ်လောက်ကရက်မမှတ်မိ-- နံနက်အိပ်ရာအထမှညာဖက်လက်ညှိုးကိုကွေးလိုက်ရာသူအလိုလိုပြန်ဆန့်မရတော့ပဲဘယ်လက်အကူအညီနဲ့သာပြန်ဆန့်လို့ရပါတော့တယ်-- အစပထတော့မောင်တိုင်ပင်ပေါ့ပေါ့လေးပဲနေမိပါတယ်-- ဘာဖြစ်မှန်းလည်းမသိပါ၊ ယူရစ်အက်ဆစ်များလာ၍လက်ဆစ်တွေကိုက်ခဲတာလို့ပဲထင်မိပါတယ်၊အိမ်မှာအသင့်ရှိနေတဲ့ Allopurinol ဆေးကို -ရက်လောက်ဆက်သောက်သော်လည်းမသက်သာပါ--ဘာဖြစ်မှန်းမသိတော့  လက်ရှိတစ်အိမ်လုံးဘာဖြစ်ြဖစ်ပြနေတဲ့ ဂျီပီဆရာဝန်ထဲသွားကြတော့မှ Trigger finger ဖြစ်ကြောင်းသိခဲ့ရပါတယ်--ဆရာဝန်ကအမြဲတန်းရောဂါတစ်ခုခုဖြစ်၍သွားရောက် consult လုပ်လျှင်ထိုရောဂါအကြောင်းသိသင့်သိထိုက်သော information leaflet တစ်စုံပါထုတ်ပေးလေ့ရှိပါတယ်--ဆာဝန်ကတော့ ဆေးပေးလိုက်မယ်exercise လုပ်ပေးပါ-- ဆက်နာနေသေးရင်ဖြစ်သည့် နေရာကို စတီရွိုက်ဆေးထိုးမည်-- အဲဒါမှမသက်သာရင် minor operation  လုပ်ရမယ်လို့ မှာလိုက်ပါတယ်--
ရောဂါဘာဆိုတာသိလာရတော့မှ အင်တာနက်မှာ ရှာကြည့်တဲ့ အခါ ဆရာဝန်တွေက exercise လုပ်နည်းတွေ ဘာကြောင့်ဖြစ်သလဲဆိုတာမသိရသော်လည်းဆီးချို ရောဂါရှိသူတွေဖြစ်တတ်ကြောင်းပြော
ဆိုင်ရာပညာရှင် Chris Leong ကလည်း trigger finger ဖြစ်ရင် ဘယ်နေရာကို နိုပ်ပေးပါဆိုပြီး video clip လေးတစ်ခုထွက်လာပါတယ်-- link ပေးထားပါတယ်--
trigger finger ဖြစ်ခဲ့ရင်ထထသွားသွား ရောဂါတစ်ခုဖြစ်တာမို့အနေရခက်ပါတယ်-- you tube မှာလည်း trigger finger လို့ search မှာရိုက်ကြည့် လိုက်ရင် exercise လုပ်နည်းလေးတွေလည်းပါတာကြောင့်အကျိုးရှိပါတယ်-- ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုဖြစ်တာလဲ ? ဆိုတဲ့အကြောင်းတော့ မောင်တိုင်ပင်လိုက်မကြည့်ပါ- ကိုယ်ကလူနာဆိုတော့ ဘယ်လိုလုပ်ရင်ပျောက်မလဲ ဆိုတာပဲ-စိတ်ဝင်စားတယ်လေ--  _
Saturday, March 11, 2017
လမ်းလျှောက်ခြင်းအရသာ
တရုတ်နှစ်သစ်ကူးနေ့ နံနက်၈:၃၀ လောက်ပဲရှိသေးတယ် အရင်က လမ်းပေါ်မှာလူတွေ ပျားပမ်းခတ်မျှလှုပ်ရှားနေတဲ့ အချိန်-- လူတစ်ယောက်စ နှစ်ယောက်စလောက်ပဲတွေ့ တယ်-- လမ်းတစ်ခုလုံးလည်းရှင်းနေတာပဲ--Clementi MRT station ရောက်တော့ ခရီးသွားလာတဲ့လူတွေအတော်နည်းသွားတယ်--
ဒီနေ့ စနေနေ့ မောင်တိုင်ပင်အရင်က Lake side မှာလျှောက်နေကြ-- Jurong Lake ကိုအကြီးစားပြင်ဆင်နေတာနဲ့ မရောက်တော့တာ--လူတွေက ပင်လယ်ကမ်းစပ်တို့ ကန်ဘေးတို့ မြစ်ဘေး ချောင်းဘေးတွေမှာလမ်းလျှောက်ရတာတော်တော် နှစ်သက်ကြတယ်--မောင်တိုင်ပင်လည်းလေကောင်းလေသန့်ရှုရတော့ တော်တော် ကြိုက်တယ် -- တစ်နာရီလောက်ကန်ဘေးက လေ ကိုရှု ရင်းလမ်းလျှောက်လိုက်ရရင် လူလည်းလန်းသွားတယ်--
MRT နဲ့ Lake side မှာဆင်းတယ်--Jurong Lake ကပြင်နေဆဲပဲ--လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း တရုတ်မိသားစု ယောက် အပန်းဖြေ ခုံပေါ်မှာထိုင်နေတာတွေ့လိုက်ရတယ်--အနားကပ်လာတော့ Myanmar Idol tv clip ဖွင့်နေတာကြားလိုက်တော့ မှ"အော်မြန်မာတွေပါလား" လို့ သိလိုက်ရတော့တယ် --စလုံးမှာ မြန်မာကဘယ်နေရာရောက်ရောက်မလွတ်ဘူး--
ကန်ဘေးတစ်လျှောက် လမ်းလျှောက်ရတတော်တော်ကောင်းတယ် Chinese Garden MRT ကိုဦးတည်နေတာပဲ-- Chinese Garden ထဲရောက်တော့ မှာဗမာသံတွေနဲ့ ဆူညံနေတာပဲ--ဥယျာဉ်ထဲဓါတ်ပုံလာရိုက်နေကြတာ--မောင်တိုင် ပင်က ထိုင်စရာခုံလေးလိုက်ရှာနေတာ--ဝစီပိတ် ဆရာတော် စွန့်ကြဲလက်ဆောင်ပေးလိုက်တဲ့ ပဋ္ဌါန်းစာအုပ် ကျောပိုးအိတ်ထဲထည့် ယူလာတယ်-- အောင်စိုးသာ လှုထားတာ-- ဒီစာအုပ်ကို သွားလေရာယူသွားတာ ကျောပိုးအိတ်ထဲအမြဲထည့် ထားတယ်--I phone 7 ထဲလည်းပါချုပ်ဆရာတော် ဟောတဲ့ ပဌါန်းပစ္စည်းအကြောင်းအခွေအမြဲရှိတယ် -- နားကြပ်ပါရင် နားထောင်တယ်--ဝစီပိတ် ဆရာတော်ဘုရားချီုးမြှင့်တဲ့ လက်ဖွဲ့ လေးလည်းအသိမ်းလွန်သွားတော့ -- မသန့် တဲ့ နေရာဝင်မိရင် ချွတ်သိမ်းထားတတ်တာလေ--တလောက ဇော်ဝင်းဦး နဲ့ ကျိုင်းတုံသွားဖြစ်ရင်ဆရာတော်ဆီကပြန်စွန့်ပါအုံး လျှောက်ပြီးပြန်တောင်းမယ် စိတ်ကူးထားတာ အစီအစဉ်ကပျက်သွားရော--ဆရာတော်ကျောင်းလည်းရောက်ချင်သေးတယ် -- ကဗျာအသစ်တွေဖတ် ချင်လို့--အရမ်းစိတ်ချမ်းသာဖို့ ကောင်းပါတယ်--
ကဲဒီနေ့ ကပဋ္ဌါန်းအဓိဌါန်နောက်ဆုံးနေ့Chinese Garden ထဲက ဘုံကျောင်းမှာ သေချာထိုင်ရွတ်ပါမယ်-- သတ္တဝါ အပေါင်းကျန်းမာကြပါစေ-- ချမ်းသားကြပါစေ--
Friday, April 23, 2010
Gallstones ရှိနေသူများအတွက် ဆေးနည်းကောင်းတစ်ခု
Gallstones နှင့်ပတ်သက်ပြီး ရောဂါခံစားနေရသူများအတွက် Gallstones removal နည်းလမ်းကောင်းလေး ကိုမျှဝေလိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းပျောက်ကင်းခဲ့ပါတယ်။ လက်လှမ်းမီသမျှ သူငယ်ချင်းအချို့ ကိုဒီနည်းလမ်းပေးခဲ့ရာ ပျောက်ကင်းသွားကြကြောင်း သတင်း ပြန်ပေးကြပါတယ်။ ဒီနည်းလမ်းကို စိန်အုန်း ဆီက ရပါတယ်။ သူ့ဇနီး ဒေါက်တာနုနုမော် ဆီကရတာပါ။ သူကိုယ်တိုင်အရင်မစမ်း သေးပဲ ကျွန်တော် ကို အရင် စမ်းခိုင်း ပါတယ်။ ကျွန်တော်ပျောက်ပြီဆိုမှ သူစမ်းပါတယ်။သူကတော့ ဆရာဝန်မ ယောင်္ကျားဆိုတော့ ultra sound တွေဘာတွေရိုက်ပြီးမှ စမ်းတာပါ။ သူလည်းပျောက်ပါတယ်။ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ မျောက်ဖြူ စိုးမြင့် ကို ဒီနည်းလမ်းအရင်ပေးပါတယ်။ သူလည်း စနစ်တကျစမ်း သပ်ပြီး ပျောက်သွားပါ တယ်။ အခြားသူငယ်ချင်းတွေလည်း ဆော်သြရေးမှုး WHO ၀င်းထိန်ဦး ကတဆင့် ဖြန့်ဝေထားပါတယ်။ RIT ကသူငယ်ချင်း တွေသာမက အခြားမိတ်ဆွေတွေလည်းသိရအောင် သတင်းပေးလိုက်ပါတယ်။
Something good to share
This is a useful piece of information that you may have received before. This is true and it works. You can 'google' Dr Lai Chiu-Nan to find out more about her and the feedbacks of this treatment. ps. as always, spread the good things Pictures first, explanation and procedure follows:
1. Liver
2. Common Bile Duct
3. Gallstones
4. Gallbladder
REMOVING GALLSTONES NATURALLY by Dr Lai Chiu-Nan
It has worked for many. If it works for you please pass on the good news.
Chiu Nan is not charging for it, so we should make it free for everyone. Your reward is when someone, through your word of mouth, benefits from the regime.
Gallstones may not be everyone's concern. But they should be because we all have them. Moreover, gallstones may lead to cancer. "Cancer is never the first illness," Chiu Nan points out. "Usually, there are a lot of other problems leading to cancer. In my research in China , I came across some materials which say that people with cancer usually have stones. We all have gallstones. It's a matter of big or small, many or few. One of the symptoms of gallstones is a feeling of bloatedness after a heavy meal. You feel like you can't digest the food.. If it gets more serious, you feel pain in the liver area." So if you think you have gallstones, Chiu Nan offers the following method to remove them naturally.
The treatment is also good for those with a weak liver, because the liver and gallbladder are closely linked.
Regimen:
1. For the first five days, take four glasses of apple juice every day. Or eat four or five apples, whichever you prefer. Apple juice softens the gallstones. During the five days, eat normally.
2. On the sixth day, take no dinner.
3. At 6 PM, take a teaspoon of Epsom salt (magnesium sulphate) with a glass of warm water.
4. At 8 PM, repeat the same. Magnesium sulphate opens the gallbladder ducts.
5. At 10 PM, take half cup olive oil (or sesame oil) with half cup fresh lemon juice. Mix it well and drink it. The oil lubricates the stones to ease their passage.
PS. 1cup=250ml, 1/2 cup lemon juice=3 lemons (aprox.)
The next morning, you will find green stones in your stools. "Usually they float," Chiu Nan notes. "You might want to count them. I have had people who passes 40, 50 or up to 100 stones. Very many."
PASS THIS AND YOU MAY HELP OTHERS!
ဝမ်းနှင်အတူပါလာသော gallstones များ
မီလီမီတာ နှင့် အရွယ်အစားကိုတိုင်းပြထားပုံ
ကိုယ်တိုင်စမ်းသပ်ချက်အရ ၀မ်းနှင့် အတူကျဆင်းလာသော gallstones