Showing posts with label စီးပွားရေးဆောင်းပါး. Show all posts
Showing posts with label စီးပွားရေးဆောင်းပါး. Show all posts

Friday, October 26, 2012

မြန်မာအစိုးရကြိုက်တဲ့စင်ကာပူ၊ မြန်မာFDI Law မူကြမ်း၊ မြန်မာ SME နဲ့ ခရိုနီ၊ နိုင်ငံတကာ MNC များကိုရောစပ်မွှေနောက်ကြည့် ခြင်း

                       
SME တွေဟာ MNC တွေကိုဖြည့်ဆည်းပေးရတဲ့နေရာမှာရှိတာပါ၊ MNC မထုတ်ချင်တဲ့ပစ္စည်းကို    SME တွေကပဲထုတ်လုပ်ကြရတာပါ။ MNC တွေလာချင်အောင် မြန်မာ FDI law ကိုပြင်ဆင်
ဖို့အခုလွှတ်တော်မှာဆွေးနွေးနေကြတယ်။ အကြံပေးဆရာဦးမြင့်က MNC တွေကိုမန်ချက်စတာ
ဘော်လုံးသင်းနဲ့ မြန်မာမိန်းခလေးအသင်းဘော်လုံးကန်သလိုမျိုးဖြစ်နေလိမ့်မယ်လို့နှိုင်းယှဉ်တင်
စားပြောခဲ့တယ်။သို့သော်မလာနိုင်အောင်လုပ်ထားရင်လည်းပြည်တွင်း ကခရိုနီတွေစားသွား
လိမ့်မယ်၊ ပြည်သူတွေကတော့ဘာမှမသိဘူး၊အလုပ်အကိုင်စားဝတ်နေရေးပြေလည်ဖို့ပဲသိတယ်။
ခရိုနီထက်စာရင်နိုင်ငံခြား MNCတွေလာစေချင်ပါတယ်။ဒါပေမဲ့ ဘယ်သူမှတော့ကောင်းမှာ
မဟုတ်ဘူး။ ရတဲ့အခွင့်အရေးအပေါ်အမြတ်ထုတ်တတ်ဖို့ပဲ။

အခုစင်ကာပူဆိုရင် ပြင်ပက၀င်လာမှာကိုအရမ်းတင်းကြပ်နေတယ်။ ရွှေတွေထဲက အရင် EP သမားတွေလည်းဆက်သက်တမ်းတိုးလို့မရတော့ပြန်တဲ့သူပြန်ကုန်ပြီ။ S pass အတန်းကိုဆင်း
လုပ်ရတဲ့သူတွေလုပ်နေရပြီ။ မြန်မာတွေအတွက်တော့မထူးဘူး၊နိုင်ငံခြားသားဟာနိုင်ငံခြားပဲ၊ ဘာအခွင့်အရေးမှပိုမရဘူး၊ စင်ကာပူဟာရှေရှောက် နိုင်ငံခြားသားအတွက် လာအလုပ်
ဖို့ကောင်းတဲ့ နို်င်ငံမဟုတ် တော့ဘူး၊ စီးပွားရေးပညာရှင်တွေက စင်ကာပူစီးပွားရေး
ကျဆင်းသွားလိမ့်မယ်ဆိုတာတောင်မရဘူး၊ ပြည်သူ့အင်အားဝန်ကြီးဌာနကနှို်င်  ငံခြားသားတွေများနေပြီ၊MRT နဲ့ ဘတ်စ်တွေမှာ လူကြပ်တယ်။အိမ်ဈေးတွေတက်တယ်၊ ဒါကသူတို့ ထင်လို့ပါ၊ နိုင်ငံခြားသားတွေဝယ်ခွင်ပြုထားတော့ ဘယ်သူမဆိုစင်ကာပူမှာ လာပြီးကွန်ဒိုဝယ်ထားကြတာပဲ။

စင်ကာပူနိုင်ငံသားပညာတတ်တစ်ယောက်ဟာ လခ ၅၀၀၀ လောက်မရရင်မလုပ်ချင်ဘူး၊ white collar  အဆင့်မှာပဲလုပ်ချင်ကြတယ်၊အောက်ခြေသိမ်း အလုပ်တွေ မလုပ်ချင်ကြဘူး၊
အောက်ခြေသိမ်းဆိုတာ D jobs တွေပြောတာမဟုတ်ဘူး၊ ဖိုမင်လို အိုဗာဆီယာ လို မျိုးတောင် မလုပ်ချင်ကြတာ။ စင်ကာပူ မှာ ရှိတဲ့ ကုမ္ဗဏီတိုင်း လိုလို ပဲ ၀န်ထမ်းတွေ အင်ဂျင်နီယာတွေ
လိုနေတယ်၊ နိုင်ငံခြားသား ကိုခန့်ချင်ရင်  S pass ကကိုတာနဲ့ထိန်းတယ်၊EP က လခနဲ့ထိန်းတယ်၊ နိုင်ငံခြားသား ကို ကုမ္ဗဏီတွေက ၄၀၀၀ကျော်လခမပေးချင်ကြဘူး။ EP လစာကအနည်းဆုံး၄၀၀၀ ကျော်ရမယ်လေ၊ နောင် ၂နှစ်လောက်ဆိုရင်စင်ကာပူ မှာ ဘယ်လိုများဖြစ်လာမလဲ
တော့မသိဘူး၊စင်ကာပူတွေလက်ကျောမတင်းတာတော့ လက်တွေ့တွေ့မြင်နေရတာပဲ။ ဒါကြောင့် မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်ပြည်သူတွေကိုပြောချင်တာကမြန်မာအတွက် နိုင်ငံစီးပွားရေးကောင်လာဖို့  potential အများကြီးရှိနေတယ်ဆိုတာကိုပါ၊ သို့သော် မြန်မာ မှာ က မစ္စတာလီကွမ်ယူလိုဦးနှောက်မျိုးနဲ့ခေါင်းဆောင်မရှိသလိုအကြံပေးထဲမှာ လည်းခေါင်းကောင်း တဲ့သူရှိချင်ရှိပေမဲ့ မိုယ်းကျရွှေကိုယ် အချင်းချင်းပဲယုံကြတဲ့ mind-set ကြောင့်နေရာရလာမှာ မဟုတ်ဘူး။

သို့သော်မြန်မာ SME တွေက နိုင်ငံတကာ NMC တွေလာရင်သူတို့တော့နေရာရှိတော့မှာမဟုတ်
ဘူးဆိုပြီး FDI law မူကြမ်းကိုဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ အကြောက်အကန်ဖြစ်နေရတာ
ဟာနှစ်ပေါင်း၂၀ - ၃၀လောက်အစိုးရဆီမှာ နို့သက်ခံစို့နေတဲ့အကျင့် ကမပျောက်
နို်င်လို့ပဲဖြစ်တယ်။ ဘယ်ပစ္စည်း ကိုသွင်းကုန်ပိတ်ပေးပါ၊ ကန့်သတ်ပေးပါ၊ ဆိုတာကမ္ဘာကုန်သွယ်
ရေးလောကမှာအလွန်အရုပ်ဆိုးပါတယ်။ productivityတက်လာအောင်လုပ်ဖို့ဆိုတာနည်းလမ်း
များစွာရှိပေမဲ့အစိုးရကို ကုလားချွဲ ချွဲ -- စားသုံးသူနဲ့ကိုင်ပေါက်ပြီး အသာစီးပဲရယူလိုကြပါတယ်။ MNC တွေရောက်လာရင် SME တွေအနေနဲ့ဘာအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာအရင်
သဘောပေါက်ဖို့လိုတယ်။

မြန်မာမှာကုန်သည်ပွဲစားအရေအတွက်ကများတယ်။ကုန်သည်ပွဲစားဆိုတာကုန်ပစ္စည်းထုတ်လုပ်
ရေးကိုစိတ်မ၀င်စားကြဘူး။ကုန်သည်ပွဲစားလုပ်တာကလည်ရင်လည်သလိုငွေအမြန်ဖြစ်အောင်
လုပ်နိုင်တယ်။လုပ်တတ်သလောက်အကျိုးကျေးဇူးဖြစ်ထွန်းတယ်။ဘယ်ကုန်သည်ပွဲစားကမှကုန်
ပစ္စည်းထုတ်လုပ်ရေးကိုစိတ်မ၀င်စားကြဘူး။တစ်ဖက်ကကြည်ရရင် ဘဏ်တွေဆိုတာအပေါင်
ပစ္စည်းကအဓိကမဟုတ်ဘူး၊လုပ်ငန်းကအဓိက---သူတို့ကလည်းကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်
တဲ့သူကိုမှ ငွေချေးချင်တာ--ကုန်သည်ပွဲစားကိုငွေမချေးချင်ကြဘူး--ဘာကြောင့်လဲဆိုတော့ကုန်
ပစ္စည်းဘယ်လိုထုတ်ရမလဲဆိုတာ မသိလို့--

household goods တွေထုတ်လုပ်ဖို့ဆိုရင်မြန်မာ SME တွေဂျပန်၊ကိုရီးယားတွေလောက်ကောင်း
အောင်လုပ်နိုင်မလား ? မြန်မာတွေသူတို့လောက်ကောင်းအောင်လုပ်နိုင်ပါမလား-မလုပ်နိုင်ဘူးဆို
ရင်ဈေးကွက်မှာဘယ်လိုမှမယှဉ်နိုင်ဘူး၊ကိုရီးယားကအိုးခွက်တွေထုတ်လုပ်တဲ့လုပ်ငန်းလာရင်းနှီး
မြုပ်နှံတယ်၊တရုတ်ပစ္စည်းနဲ့တော့ယှဉ်နိုင်တယ်၊ပြည်တွင်းဈေးကွက်မှာသုံးပျော်တော့ဝယ်သုံးကြ
တယ်၊ဒါပေမဲ့ high end market အတွက်ဆိုရင်တော့မယှဉ်နိုင်ဘူး။ငွေအရင်းအနှီး၊နည်းပညာလို
တယ်၊ဒါအပြင်အရေးကြီးဆုံးက R & D ပဲ။လူစွမ်းအားအရင်းအမြစ်လည်းရှားတယ်၊အစိုးရကလည်း
သိပ်အားမပေးဘူး။ မြန်မာမှာအများဆုံးလုပ်နေတာက trial and error method ပဲ။ ဆာဗေးကော
ရှိသလား ? ထန်းပင်ဆာဗေးတော့ရှိချင်ရှိမယ်။ MMRD တို့ ဦးမိုးကျော်တို့မေးကြည့်ပါ။မြန်မာ
ကုမ္ဗဏီတွေသူ့ဆီ R & D လုပ်ဖို့ market survey လုပ်ဖို့ ဘယ်လောက်လုပ်ငန်းလာအပ်သ
လဲလို့--- နိုင်ငံခြားကုမ္ဗဏီတွေပဲ အပ်ကြတာများတယ်။ R & D လုပ်မယ် survey လုပ်မယ်၊ ကိုယ်
ရဲ့ထုတ်လုပ်မှုနည်းပညာကဘယ်လိုလုပ်မယ်၊ ဈေးနှုန်းကို ဘယ် လို competitive ဖြစ်အောင်သပ်
မှတ်မယ်၊ ဈေးကွက်ဝေစုဘယ်လောက်ရှိသလဲ ? ပြိုင်ဖက်တွေကဘယ်သူတွေလဲ၊သူတို့ဘာတွေ
လုပ်နေသလဲ၊ထောက်လှန်းကြည့် ရမယ်၊သတင်းစုံစမ်းကြည့်ရမယ်၊ စတဲ့ အခြေခံ R & D လောက်တော့ လုပ်ဖို့လိုမယ်။

ရင်းနှီးမြုပ်နှံမှု ဥပဒေအပါအ၀င်ဥပဒေတွေအားလုံးတည်ငြိမ်မှုရှိအောင်လုပ်ရမယ်၊ ကံကောင်းတာ
ကကိုလိုနီ လက်ထက်ကရေးဆွဲထားတဲ့ ဥပဒေအချို့ ဆိုရင်နည်းနည်းပဲပြင်ရမယ်။ ဗြိတိသျှလက်
ထက်ကတည်းကဥပဒေတွေရှိတော့ မြန်မာနို်င်ငံဟာ ဥပဒေနဲ့ပတ်သက်လာရင်အထင်ကြီးမှုတော့
ရှိကြပါတယ်။ corporate lawyer တွေနဲ့ပတ်သက်ပြီးလူစွမ်းအားအရင်းအမြစ်မှာများများထွက်လာ
အောင်လုပ်ဖို့လိုမယ်နဲ့တူတယ်။ အထူးသဖြင့်အင်္ဂလိပ်စာ ကောင်းသောဥပဒေပညာရှင်တွေများများ
လိုပါတယ်။ဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လာရင်အရင်အစိုးရလက်
ထက်ကနံမည်တော်တော်ပျက်တယ်။ပြောင်းချင်သလိုပြောင်းတယ်၊သိသာထင်သာမြင်သာမရှိဘူး၊
နှုတ်မိန့်နဲ့လည်းပြောင်းတယ်၊ပြင်တယ်၊ဘာကြောင့်ပြောင်းတယ်ပြင်တယ်လဲမပြောဘူး၊ရွှေမျက်နှာ
တော်ကိုကြည့်နေရတယ်၊အလိုမကျပုံပေါ်ရင်ဘာမှဆက်မလုပ်ရဲဘူး၊ပြည်သူတွေအတွက်ဘယ်
လောက်ကောင်းပါစေ၊ ထိပ်ကနေထိုင်ပြီးမျက်နှာထားကြီးနဲ့ ဒါလုပ်လို့ပြောလိုက်ရင်ဘယ်သူကမှ
စောဒကမတက်ရဲဘူး၊မဖြစ်ဖြစ်အောင်လုပ်ပဲ။ ဒီလိုနဲ့မြန်မာနို်င်ငံရဲ့စီးပွားရေး၊နိုင်ငံရေးတွေမှာ မြန်မာ
ရဲ့ image ဟာတဖြည်းဖြည်းမှိန်လာခဲ့ပြီး ပြည်တွင်းကလူတွေဟာ မလုပ်တတ်မကိုင်တတ်ဖြစ် ခဲ့ကြရပါတယ်။

အခုအစိုးရသစ်မှာပြောင်းပြီဆိုရင်ဘယ်အဆင့်ထိပြောင်းမလဲ--ဒေသတွင်းအဆင့်လောက်ကိုမစဉ်း
စားနဲ့တော့--ကမ္ဘာအဆင့် ကိုပဲတက်လှမ်းကြရမယ်။ ဒေသတွင်းနိုင်ငံတွေရဲ့အားနည်းချက်တွေအား
သာချက်တွေကဘာတွေလဲဆိုတာလိုက်ကြည့်ရမယ်။ ဒါတွေက think tank အဖွဲ့အစည်းတွေရဲ့အ
လုပ်လို့ထင်တယ်။ သူတို့ကပြည်သူတွေကိုပြန်တင်ပြနေရမယ်၊အကြံတွေပေးနေရမယ်။စာစောင်
တွေစာအုပ်တွေထုတ်ပေါ့၊ သိချင်တဲ့သူက၀ယ်ဖတ်ကြမှာပါ။ ကိုယ်နိုင်ငံရဲ့ infrastructure တွေ
တဖြည်းဖြည်းတိုးတက်လာအောင်လုပ်ရမယ်။လမ်း၊တံတား၊လျှပ်စစ်၊ဆက်သွယ်ရေး၊တွေက
ဦးစားပေးရမဲ့အပိုင်းတွေပဲ၊ နောက်ဝန်ဆောင်မှုလုပ်ငန်း ဘဏ်ငွေကြေးလုပ်ငန်း၊သယ်ယူပို့ဆောင်
ရေး၊ပညာရေး၊ကျန်းမာရေး၊ တွေမှာ လည်းကမ္ဘာအဆင့်မှီရမယ်။ ကိုယ့်နို်င်ငံသားတွေဟာကမ္ဘာ
အဆင့်မှီတဲ့ပညာတွေတတ်ထားရမယ်။ပညာ တော်သင်အယောက်၁၀၀လောက်လွှတ်လိုက်လို့
လူ ၅၀ပဲ ပြန်လာပါစေ၊ဒီ ၅၀နဲ့တိုးတက်ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်မယ်၊သမ္မတကြီးလည်းပြောပြီး
ပြီ၊ လူငယ်တွေအတွက် vocational training schoolတွေအများကြီးလိုမယ်။အစိုးရလည်းဖွင့်၊
ပုဂ္ဂလိကလည်းဖွင့် အတတ်ပညာရှင်လေးတွေအများကြီးပေါ်လာဖို့ ရေတိုနည်းနဲ့အမြန်လိုက်ရမယ်၊ အချိန်တိုအတွင်းထုပ်လုပ်နိုင်ရမယ်၊ နောက်မှာ advance courses တွေထပ်တက်ခိုင်းပြီး သူတို့တ
တွေရဲ့ capacity ကိုမြှင့်ရမယ်။ ကမ္ဘာပေါ်မှာလုပ်နေတဲ့လုပ်နည်းစနစ်တွေအကုန်လုံးမြန်မာနိုင်ငံမှာ
ရှိနေအောင်လုပ်ရမယ်၊ မြန်မာနည်းမြန်မာဟန်ဆိုတာယဉ်ကျေးမှုတစ်ခုမှာပဲရှိသင့်တော့တယ်။
အာလုံးကမ္ဘာအဆင့်မှီအောင်လုပ်ထားရမယ်။ လုပ်နိုင်အောင်စနစ်တကျအစီအမံထားရှိရမယ်။
ဒါတွေလုပ်ဖို့နှစ်ပေါင်း ၂၀လောက်လိုမယ်ထင်တယ်။နောင်၂၀၃၃ခုနှစ်ကြရင်မြန်မာဟာဒေသ
တွင်းနိုင်ငံတွေနဲ့ယှဉ်နိုင်လိမ့်မယ်ထင်တယ်။ဦးမြင့်ကတော့ ၂၀၃၀ မှာမောင်တိုင်ပင်မှန်းတာ
ထက်တောင်အဆင့်နိမ့်သေး--သူတို့တွေပြောတဲ့အာရှကျား--ကျားပေါက်အဆင့်
လောက်တော့ဖြစ်ဖို့နေနေသာသာ--၊အင်း-- အခု ကစလုပ်မှဖြစ်နိုင်မလားမသိ--သမ္မတသက်တမ်း ၄ဆက်လောက်ဒီ လိုမပြောင်းလဲတဲ့ အတွေးအခေါ်မျိုးတွေနဲ့ဆက်လုပ် သွားဖို့လိုပါတယ်။  နောက်ပြန်
လှည်တယ်၊ဆိုတာဒါမျိုး ကိုပြောတာပါ။လမ်းတခြမ်းခင်းအောင်သိန်းလင်းလိုလူမျိုးများ သမ္မတဖြစ်လို့ ကတော့ နောက်ပြန်လှည့်သွားမှာ သေချာပါတယ်။

ဒီကနေ့ဖြစ်နေတာကဒေသခံခရိုနီတွေက နိုင်ငံတကာ MNC တွေဝင်လာမှာကြောက်ကြတယ်။
MNC ကလည်းသူတို့ အမေရိကန်နဲ့ အီးယူက ကျဉ်ထားတဲ့ ခရိုနီဆိုတာသိလေတော့ သူတို့နဲ့မပေါင်းချင်ကြဘူး၊အဲတော့ဝင်လာရင်သူတို့ရဲ့ ပြိုင်ဖက်ဖြစ်မှာသေချာတယ်။ သူ
တို့လာရင်အရိုးအရင်းနဲ့ အရိုးနားကပ်နေတဲ့ အသားလောက်ပဲ စားရမှာ-- နောက်တစ်ခုက FDI law မှာ ပြည်တွင်းက၅၀% ပါဆိုရင်လည်း MNC တွေရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏကသိပ်ကြီးတော့
သူတို့ ရှယ်ယာ ထည့် ဖို့ အခက်အခဲရှိနိုင်တယ်။ MNC ကလာရင်ကမ္ဘာအဆင့်မီစီမံခန့်ခွဲမှု လုပ်တတ်သူတွေပဲဦးစားပေးမှာလေ-- ဘာလို့လဲဆိုတော့ ခရိုနီဆိုတာသူ့ဆွေမျိုးသားချင်း၊ နောက် မနိုင်ရင်ကာလူတွေရဲ့ အမျိုးအနွယ်တွေ ပဲခန့်ထားတာဆိုတော့တကယ်ယှဉ်ရတော့မယ်ဆိုရင်
ဘယ်ယှဉ်နိုင်ပါ့မလဲ--

အရေးကြီးဆုံးကSME ပင်ဖြစ်စေခေတ်မီစီမံခန့်ခွဲမှု နဲ့ နည်းပညာပဲ။ မြန်မာမှာ ကမ္ဘာ့ အဆင့်
မှီမှီရှိနေပြီလား--မရှိသေးပါဘူး၊ ရင်းနှီးမြုပ်နှံဖို့ ၀င်လာသူတွေနဲ့အတူတွဲလုပ်ရင်းသိအောင်နား
လယ်အောင်လုပ်ယူရမှာ--၅နှစ်တန်သည် ၆ နှစ်တန်သည် အတူတွဲလုပ်ကြမှ အော်ဒါပါလား
ဆိုပြီးသိလာမယ်--ဒါတောင်သင်လို့တတ်လွယ်တဲ့capacity ရှိတဲ့လူငယ်တွေကောကိုယ့်
လက်ထဲမှာ များများစားစားရှိနေပြီလားအမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစာဖြစ်နေတဲ့ပတ်
ဝန်းကျင်မှာမျိုးဆက်သစ်တွေရဲ့ mindsetကိုလည်းတစ်ဖက်ကပြင်ရအုံးမယ်။သင်လွယ်တတ်လွယ်
တဲ့လူငယ်တွေကတော့ပတ်ဝန်းကျင် ကောင်းတစ်ခုကိုဖန်တီးပေးလိုက်ယုံနဲ့ ထိုးတက် သွားနိုင် ပါတယ်။

စင်ကာပူမှာခဏလာနေပြီး စင်ကာပူကိုတစေ့တစောင်းကြည့်၊ မြန်မာရဲ့အနာဂါတ်စီးပွားရေးကို
စိတ်ကူးနဲ့ပုံဖေါ်၊ အမျိုးမျိုးရောစပ်မွှေနှောက်ကြည့်တဲ့အခါ မချင့်မရဲဖြစ်တဲ့စိတ်တွေပဲပေါ်လာပြီး
ဝေလေလေပဲဖြစ်သွားပါတယ်ခင်ဗျား----








Saturday, August 4, 2012

စင်ကာပူမှခေတ္တနှုတ်ဆက်မှာတမ်း


မောင်တိုင်ပင်ချေးတွင်းထဲကိုခဏပြန်ရအုံးမယ်။သမီးနဲ့လာနေ၊မြေးလာထိန်းနေတယ်ဆိုပေမဲ့မောင်တိုင်ပင်
အဖို့ရန်ကုန်မှာမပြီးမပြတ်သောလုပ်ငန်းတွေရှိနေတယ်မဟုတ်လား။ဒီမှာလာနေတဲ့ ၃ လတာကာလမှာတစ်
                               
ခုထူးခြားတာကမောင်တိုင်ပင်ရန်ကုန်မှာဘယ်လို ၀ိတ်ချချ ပေါင် ၁၈၀ကျော်ကမကျဘူး။ ဒီမှာတော့ စားတဲ့
သောက်တဲ့နေရာမှာ လည်းdietလုပ်တယ်။ အချိုတွေဘာတွေသိပ်မစားဘူး။ စိတ်ထဲမှာဘာ stress တွေဝင်
နေလဲဆိုတော့ health concious stress ကျန်းမာရေးအတွက်စိတ်မှာပူပန်တဲ့ စိတ်ဝင်နေတယ်။ သွားကိုက်
ရင်ဖြစ်ဖြစ်၊သွေးတိုးရင်ဖြစ်ဖြစ်၊ နုလုံးဖေါက်မောတာဖြစ်ဖြစ် တစ်ခုခုဖြစ်ရင်ဆရာဝန်ဆီသွားရမယ်၊ foreigner ဖြစ်နေတော့ပိုက်ဆံအများကြီးကုန်မယ်။အဲဒီလိုမျိုးပူပန်စိတ်တွေဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်းကိုယ်ကျန်း
မာအောင် healthy life style နေခဲ့တာဖြစ်ပါတယ်။သမီးတို့ကတော့မပူဘူး၊သူတို့ ၃ ယောက်လုံး health
insurance ကရှိပြီးသား-- ဆေးခန်းသွားရရင်အလုပ် မှာပြန် claim လုပ်လို့ရတယ်။ပြန်ခါနီး ၀ိတ်ချိန်
ကြည့်တော့ ၁၆၇ ပေါင်ရှိတယ်။အမှန်တော့ ကိုယ်လိုချင်တာက ပေါင်၁၇၀--ဒါပေမဲ့၇န်ကုန်ပြန်ရောက်ရင်
တစ်လအတွင်း ပေါင်ပြန်တက်လာနိုင်ပါတယ်။ စင်ကာပူမှာ မနက်တိုင်း၃-၅ကီလိုမီတာလမ်းလျှောက်ဖြစ်
တယ်။ မနက် ၆း၄၅ ကနေ ၈း၀၀ အထိပဲ။တနင်္ဂနွေတစ်ရက်ပဲနားတယ်။ စင်ကာပူမှာလေကရှုလို့ကောင်း
တယ်။သန့်လည်းသန့်တယ်။ လေကအမြဲလိုလိုတိုက်နေတော့ လမ်းလျှောက်ရင်းလေရှုရတာတော်တော်
ကောင်းတယ်။စင်ကာပူ National Environmental Agency ကကမ္ဘာနိုင်ငံမြို့တော်တွေထဲမှာစင်ကာပူ
ကလေဟာတော်တော်ကိုသန့်ရှင်းတယ်လို့ကြွားထားတယ်။ဟုတ်လည်းဟုတ်ပါတယ်။

တောအုပ်ထဲက လူလျှောက်တဲ့လမ်းမှာလျှောက်တော့စင်ကာပူရောက်နေတယ်လို့တောင်မထင်ရဘူး
  
မောင်တိုင်ပင်တို့ကမြန်မာပြည်အပြင်ဖက်ရောက်ရင်ချေးတွင်းအပြင်ဖက်ရောက်တယ်လို့တင်စားပြော

တတ်
တယ်။ဟုတ်တယ်လေ၊မီးမမှန်၊အင်တာနက်ကနှေး၊အခုတစ်ခါ traffic jam ကိုတွေ့အုံးမယ်။ ရန်ကုန်မှာ
၁၂ရာသီးကားကျပ်တာက လူတွေစည်းကမ်းမဲ့မှုကြောင့်ပါ။ ဘတ်စ်ကားလည်းဘတ်စ်ကားသမားမို့၊တက်စီ
လည်းတက်စီကားသမားမို့၊လမ်းအသုံးပြုသူတွေကအစအားလုံးပါပါတယ်။ စင်ကာပူမှာမောင်တိုင်ပင်က
ရုံးချိန်ကိုရှောင်တယ်။အဲတော့ MRT စီးစီး ဘတ်စ်စီးစီး နဲနဲချောင်ချောင်ချိချိသွားလို့ရတယ်။ အလုပ်လာလုပ်
သူတွေများတဲ့အတွက်ရုံးချိန်မှာ လူကြပ်နေတတ်ပါတယ်။ဒါကြောင့်လည်း စလုံးတွေကအရင်လိုမဟုတ်
တော့ဘူး၊နိုင်ငံခြားသားတွေကိုငြိုညင်လာကြတယ်။ဒီမှာတစ်စေ့တစ်စောင်းကြည့်မိတယ်။engineering works ကိုလုပ်တဲ့ဖိုမင်၊ကျွမ်းကျင်လုပ်သားတွေထဲမှာ စလုံးတရုတ် က တော်တော်နည်းတယ်။မလေး
တွေဘကုံးကုလားတွေ၊ပဲလုပ်နေတာတွေ့တယ်။ တရုတ်ဆိုရင်တောင် စလုံးတရုတ်တွေမဟုတ်ဘူး၊ပြည်
ကြီးတရုတ်တွေပဲလုပ်နေကြတာ။စလုံးတရုတ်တွေကအရောင်းအ၀ယ်အလုပ်တွေ၊ဘဏ်အလုပ်တွေ၊ရှေ့
နေရှေ့ရပ်အလုပ်တွေ၊ white collar အလုပ်တွေပဲလုပ်ကြတာများတယ်။ blue collar အလုပ်လုပ်တဲ့
boiler suit ၀တ်ထားပြီးအပြင်ပရိုဂျက်လုပ်ငန်းအလုပ်တွေမှာ စလုံးတွေနည်းပါတယ်။ blue collar
မလုပ်ချင်ကြတာကတော့ သူများဖွံ့ဖြိုးတိုးတက်ပြီးနို်င်ငံတွေနဲ့ယှဉ်ရင်လခ နည်းလို့ပါပဲ။ဘွဲ့တွေဘာတွေရ
လိုက်ရင် စတိုင်ကျကျ white collar အလုပ်လုပ်ရလိမ့်မယ်လို့သူတို့စိတ်ထဲမှာရှိနေတယ်။ဒါကြောင့်စင်
ကာပူဟာနိုင်ငံခြားအလုပ်သမားတွေကိုသူတို့ရဲ့ projects တွေပေါ်မှာမူတည်ပြီးလိုကိုလိုနေမှာဖြစ်ပါတယ်။
ဒါအပြင်maintenance jobs တွေမှာ လည်းလိုနေမှာဖြစ်ပါတယ်။ ဥပမာGardens By the Bay project
ပြီးသွားတော့ မြန်မာအလုပ်သမားတွေအင်ဂျင်နီယာတွေတော်တော်များများအိမ်ပြန်ကြရတယ်။ သူတို့မှာ ၀င်ငွေရအောင်လုပ်ရမဲ့ပရိုဂျက်တွေကို ပဲစဉ်းစားနေရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ သဘာဝသယံ
ဇာတအရင်းအမြစ်ကသူများနိုင်ငံလိုပေါကြွယ်ဝခြင်းမှ မရှိတာကိုး။လွန်ခဲ့သော၃-၄ နှစ်က casino,
marina bay sands, Garden By the Bay စတဲ့ပရိုဂျက်တွေစလုပ်ခဲ့စဉ်က အင်ဂျင်နီယာတွေ၊ကျွမ်းကျင်
အလုပ်သမားတွေအများကြီးလိုတော့ပြည်ပကနေအများကြီးခေါ်ခဲ့ရတယ်။အခုတော့စင်ကာပူမှာ ပရိုဂျက်တွေ
တော်တော်နည်းသွားပြီ။ လုပ်ပြီးတဲ့ ပရိုဂျက်တွေကနေ ၀င်ငွေရလာအောင်လုပ်ရမယ်လေ။
အခုချိန်ဟာဝင်ငွေကတော့မျှော်မှန်းထားတဲ့အတိုင်းပဲ ရနေတယ်နဲ့တူတယ်။



နောက်တစ်ခုလေ့လာမိတာကတော့စင်ကာပူမှာ ကွန်ဒိုတွေနေရာအနှံ့မှာဆောက်ကြတယ်။သတင်းစာကြော်
ငြာတွေမှာ လည်းပါတယ်။ဈေးကလည်းကြီးတော့ဘယ်သူတွေများဝယ်ပါလိမ့်လို့မောင်တိုင်ပင်စဉ်းစားကြည့်
မိတယ်။အလားတူအစိုးရကလည်း ပြည်သူတွေနေဖို့အတွက် HDB flat တွေဆောက်ပေးထားကြတယ်။ အဟောင်း
တွေကို ဖြိုဖျက်ပြီးအသစ်တွေဆောက်ကြတယ်။ အဟောင်းဆိုပေမဲ့မောင်တိုင်ပင်တို့အမြင်မှာ
တော့အကောင်းကြီးရှိပါသေးတယ်။အမြဲတန်းသစ်လွင်နေအောင်လုပ်ချင်တာနဲ့တူတယ်။ငွေရှိတဲ့အ
ခါကြတော့အားလုံး ဖြစ်ချင်တာကိုလုပ်နိုင်ကြပါတယ်။ဆိုလိုတာကတော့ property market ကိုဖွံဖြိုးအောင်လုပ်
ကြတယ်။ ဒါပေမဲ့စီးပွားရေးလုပ်တဲ့အခါ အကွက်မြင်ဖို့လိုတယ်၊ စီးပွားရေးကိုစီးပွားရေးလိုသဘောထားရမယ်။
လုံခြုံရေး၊ ကိုတာဝန်ရှိတဲ့သူတွေလုပ်လိမ့်မယ်။ စင်ကာပူမှာက့ွန်ပျူတာ အင်တာနက်ကောင်းတော့ လူတစ်ယောက်
ရဲ့ မှတ်တမ်းမှတ်ရာဆိုတာ သူတို့ကွန်ပျူတာတွေထဲမှာ အသီးသီး သွင်းထားတယ်။ တစ်ခုနှင်တစ်ခုလည်း link
ရှိကြတယ်။ မြန်မာလိုဝန်ကြီးဌာနတွေတစ်ခုနှင့်တစ်ခု ဘာလုပ်နေတယ်ဆိုတာ link မရှိကြဘူး။ တချို့ ကပြောတယ်။
စင်ကာပူဟာ အာဏာရှင်နိုင်ငံပဲတဲ့။ ဒါပေမဲ့ people centered ဖြစ်တယ်
၊ပြည်သူလူထုကိုအဓိကထားတယ်။ အဲတော့ အာဏာရှင်ဖြစ်ပေမဲ့လည်း အာဏာရှင်ဆိုတာမေ့နေကြတယ်။
စင်ကာပူကအိမ်ယာအဆောက်အဦးတွေနဲ့ ပတ်သက်တဲ့စံချိန်စံညွှန်းတွေရှိတယ်။အဲဒီအတိုင်းအဆင့်မှီ
အောင်ဆောက်ကြရတယ်။ စစ်ဆေးရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကလည်းသေချာစစ်ဆေးတယ်၊
လာဘ်ပေးဘာဘ်ယူလုပ်ဖို့တော်တော်ခဲယဉ်းတယ်။

တလောက The Strait Times ထဲမှာလာဘ်ပေးလာဘ်ယူကိစ္စတွေဟိုးလေးတကျော်ကျော်ပါ
လာတယ်။ Mount Blanc ဖေါင်တိန်လက်ဆောင်ပေးတာယူမိလို့အရေးယူခံခဲ့ရတယ်။ property market ဘာကြောင့်ဖွံဖြိုးလဲဆိုတော့ နိုင်ငံခြားသားတွေကို ကွန်ဒို ၀ယ်ခွင့်ပြုထားတယ်။စီးပွားရေးမျက်စေ့နဲ့ကြည့်
တာပေါ့လေ။ နိုင်ငံခြားကငွေရှိသူတွေကစင်ကာပူမှာကွန်ဒိုတွေဝယ်ထားပြီးရင်းနှီးမြုပ်နှံထားတယ်။ တချို့ နိုင်ငံတကာ
multinational ကုမ္ဗဏီ တွေကလည်း ပြည်တွင်းမှာ ရှိတဲ့ ကုမ္ဗဏီတွေ ကို merger and acquisition ပြုလုပ်ပြီး
ရင်းနှီးမြုပ်နှံထားကြတယ်။ စင်ကာပူ မှာ ကုမ္ဗဏီတွေ merger and acquisition လုပ်ဖို့အခြေအနေက သူများ
နိုင်ငံတွေထက်အားသာတယ်။ အဲတော့ property နဲ့ပတ်သက်
ရင်ဈေးကအမြဲ dynamic ဖြစ်နေတာပေါ့။ နိုင်ငံသားတွေအတွက်က တန်ဖိုးနည်း HDB flat တွေရှိတယ်။
စင်ကာပူ PR ဖြစ်နေသူလင်မယား ၂ ယောက်ကို ဆိုရင်  resale HDB flat တွေဝယ်ခွင့်ပြုထားတယ်။နေဖို့အ
တွက်ပဲ။ တချို့ ကတစ်အိမ်လုံးဝယ်ထားပြီးငှားစားတယ်။အခုမရတော့ဘူး၊ကိုယ်တိုင်နေဖို့အတွက်ပဲရတော့
မယ်။ ငှားချင်ရင် ကွန်ဒိုတွေဝယ်လေ၊ အပြိုင်အဆိုင်များတော့ လူငှားရဖို့ အတော်ခက်တယ်၊ အကုန်လုံးက
စာတတ်ကုန်ကြပြီလေ။ အနောက်ကလူတွေကလည်းကွန်ဒိုတွေဝယ်နေကြတယ်။ ဘာပဲပြောပြောစီးပွားရေး
မှာ အမြဲရှင်သန်အောင်စင်ကာပူအစိုးရ ကအမြဲစဉ်းစားလုပ်ဆောင်နေတာကိုပြောတာပါ။

သူတို့နိုင်ငံမှာ national security ကိုတော့အမြဲဦးစားပေးပါတယ်။စီးပွားရေးမှာတော့ xenophobia ဆိုတဲ့
နိုင်ငံခြားသားကိုမယုံသင်္ကာစိတ်နဲ့စောင့်ကြည့်တာတိုတော့အတော်နည်းတယ်။ အနောက်ကလာတဲ့မျက်
နှာဖြူ တွေကိုတော့ဦးစားပေးဆက်ဆံကြတာများပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုကိုပိုမိုဦးစားပေးတယ်၊
အစိုးရဟာသူ့ပြည်သူတွေရဲ့လူနေမှုပုံစံကိုတော့အမြဲအလေးထားပါတယ်။ စင်ကာပူပညာတတ်တွေကအာဏာရ
ပါတီနဲ့အစိုးရအဖွဲ့က လူတွေကိုတော့အမြဲဝေဖန်တယ်။ ဒါပေမဲ့ မဲပေးချိန်ကြရင် အာဏာရပါတီကိုပဲမဲ
ပေးကြတယ်။ဒီပါတီကပဲလောလောဆယ် လုပ်နိုင်ကိုင်နိုင်နေသေးတယ်လို့ယူဆကြတယ်။ စင်ကာပူ
လည်းတစ်နေ့ကြရင် လီကွမ်ယူ ဒိုင်နတ်စတီများဖြစ်လာနိုင်မလားလို့မောင်တိုင်ပင်စဉ်းစားကြည့်မိတယ်။
အာရှမှာ ကအစဉ်အဆက်အုပ်ချုပ်တယ်ဆိုတာအဆန်းမှ မဟုတ်တော့တာ။သူတို့နိုင်ငံရေးက
တော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်၊မောင်တိုင်ပင်တို့ ဒီမိုကရက်တစ်နိုင်ငံပြောင်း
လဲဆောင်ရွက်နေချိန်ဖြစ်တော့ အတုယူစရာတွေအများကြီးလည်းရှိပါတယ်။

people centered government ဆိုတဲ့အတိုင်းလူထုနေရေး၊သွားရေး၊လာရေး၊စားရေးသောက်ရေးအတွက်
အကုန်ဖန်တီးပေးထားပါတယ်။ SMRT ဆိုတဲ့အောက်မှာ ရထား၊ဘတ်စ်ကား၊တက်စီကား တွေနဲ့ပတ်သက်
တာတွေအကုန်ကုမ္ဗဏီခွဲအဖြစ်ထောင်ထားတယ်။ public listed ကုမ္ဗဏီပဲ။ တလောက MRT ရထားသွား
နေတုံးအလယ်မှာ ရပ်နေပြီး ခရီးသည်တွေဒုက္ခရောက်ခဲ့ကြတယ်။ အသက်ရှုကြပ်လာလို့ရထားမှန်ပြူတင်း
ပေါက်တောင်ခွဲပစ်လိုက်ရတယ်။ ဒီကိစ္စကိုပြည်သူတွေကြားထဲမှာဟိုးလေးတကျော်ကျော်ဖြစ်ပြီးကတ်ဘီ
နက်မှာ ပြောကြဆိုကြဆွေးနွေးကြတာပေါ့၊ တလောကပဲ SMRT ကိုဒဏ်ငွေ စင်ကာပူဒေါ်လာ ၂သန်း
ဆောင်ခိုင်းလိုက်တယ်။ နောက်ဆုံး SMRT အကြီးအကဲကိုလဲပစ်လိုက်တယ်။ ရထားဆိုတာကတချို့
နေရာတွေမှာ မောင်းတဲ့လူတောင်မပါဘူး။ သစ်တဲ့လိုင်းလည်းသစ်တယ်၊ဟောင်းတဲ့လိုင်းလည်းရှိတယ်။
ဒိုဘီဂေါက်ဆိုတဲ့ ဘူတာဆိုအကြီးကြီးပဲ၊ ရထားလမ်းကြောင်း ၃ ဆင့်ရှိတယ်။ရထားပြောင်းစီးနိုင်တာပေါ့။
 မြေအောက်ထဲမှာပဲလျှောက်သွားလို့ရတော့မိုးရွာနေပူ မှာ လူသက်သာတယ်။ MRT ဘူတာအ၀င်အထွက်
ကလည်း အကုန်autoပဲ။ပိုက်ဆံအိတ်လေးဘတ်ဆိုကပ်လိုက်ရင်ရပြီ။ဓါတ်လှေကားကောescalatorကော
နှစ်မျိုးစလုံးရှိတယ်။ရိုးရိုးတက်ဆင်းလှေကားတွေလည်းရှိပါတယ်။

ရန်ကုန်မြို့မှာ ဘတ်စ်ကား၊တက်စီကားတွေကို မောင်တိုင်ပင် တို့ငယ်ငယ်ကလို အစိုးရကတာဝန်ယူလိုယူ--
မယူချင်ရင်စနစ်တကျ အများပိုင်ကုမ္ဗဏီဖွဲ့စည်း--ဒရိုင်ဘာတွေကိုလစာကောင်းကောင်းပေး
ထားပါ။ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီမောင်းရမယ်ဆိုသတ်မှတ်ထားမယ်။ ကိုယ်ရကိုယ်ယူဆိုလို့ကတော့ဒီကနေ့အခြေအနေမျိုးပဲဖြစ်နေမှာပဲ။ လက်မှတ်ရောင်းရငွေကို ခိုး လို့
ဘတ် လို့မရအောင် electronic transfer စက်တွေနဲ့လုပ်ပါ။  စင်ကာပူမှာ ဘတ်ကားဒရိုင်ဘာcaptain
လို့ခေါ်တယ်။ အထိုက်အလျောက်လုပ်ပိုင်ခွင့်ရှိတယ်။ တခါ သမီး ကမြေး ကိုချီပြီး တက်လာတော့ bus captain
ကထိုင်ခုံကထလာပြီး reserved ထိုင်ခုံမှာထိုင်နေတဲ့သူတစ်ယောက်ထခိုင်းပြီး သမီး ကို ထိုင်ခိုင်းတယ်။မောင်တိုင်ပင်
ကတော့ မြန်မာပီပီအားနာတာပေါ့။ ထခိုင်းခံရတဲု့သူကလည်းလျောလျောလျူလျူ ထပေးပါတယ်။ ထများ
 မပေးရင်ကားပေါ်ကနှင်ချမယ်နဲ့တူတယ်။ သူ ကreserved seat မှာ ထိုင်နေတာကိုး။ရန်ကုန်မှာ နတ်ပိုက်ဆံဆိုတာ
point of sale POS ငွေလက်ခံ ဘောက်စ် မှာ ကဒ် ကို ဖြတ် လိုက်ပြီးငွေနှုတ်ယူ
လိုက်တာဖြစ်တယ်။ စင်ကာပူမှာ က MRT ကောဘတ်စ်ကော ကို sensor ပေးမှာ ကပ်လိုက်တာပါပဲ။ “တွိ“
ဆိုမြည်သွားပြီး ကျသင့်ငွေကိုနှုတ်လိုက်တာပါ။ sensor ကအားကောင်းတော့ ပိုက်ဆံအိတ်ထဲကတောင်
ထုတ်စရာမလိုဘူး၊ ပိုက်ဆံအိတ် လိုက်ကပ် လိုက်ယုံပဲ။ ဒီလိုလုပ်တာတွေအားလုံးပြည်သူတွေသက်သာစွာ
တစ်နေရာကတစ်နေရာ ကိုသွားနိုင်အောင်လုပ်ပေးထားတာပဲ။ တခြားပြည်သူဗဟိုပြုလုပ်ငန်းတွေလည်းရှိပါ
တယ်။ HDB flat complex တွေအောက်မှာ hawker centres တွေထားပေးထားတာလည်းစားဝတ်နေရေး
ကောအလုပ်အကိုင်အခွင့်အလန်း ဖန်တီးပေးထားတာဖြစ်ပါတယ်။စားပြီးပန်းကန်သိမ်းတာကအစ အောက်
ခြေလူတန်းစားတွေအိနြေ္ဒရရ အလုပ်လုပ်နိုင်ဖို့ job creation လုပ်ပေးထားတာပါ။





နောက်တစ်ခုစင်ကာပူမှာကြိုက်တာကသစ်ပင်တွေကြည့် လိုက်ရင် စိမ်းစိုပြီးအမြဲလှနေတယ်။ သစ်ပင်တိုင်း ကိုယ် ပိုင်
နံပါတ်ရှိတယ်။ကိုယ်ပိုင်ဝန်းခြံထဲမှာရှိနေပေမဲ့ကိုယ်ခုတ်ချင်သလိုခုတ် လို့မရဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို
အကြောင်းကြားရတယ်သူတို့လာကြည့်ပြီးမှ ခုတ်ခွင့်ပြုတယ်။အောက်ခြေ ကိုပဲချိုင်ထားပြီးအပေါ်ကအရွက်တွေက
ဖြာထွက်နေတော့တော်တော်ကြည့်ကောင်းပါတယ်။ အရင်က ရန်ကုန် ကို green ဖြစ်တယ်ဆို ပြီးစည်ပင်သာယာ
ကကြွားတော့အဟုတ်ကြီးမှတ်နေတာ၊ အခု စင်ကာပူကိုလာကြည့်ကြအုံး --ဘယ်လိုပတ်ဝန်းကျင်ကို ထိန်းသိမ်းသလဲဆိုတာ--


people centered ဆိုတာကပြည်သူတွေကိုငွေလည်းလုံလောက်အောင်ပေးထားတယ်။ သုံးနိုင်အား
(buying power) လည်းရှိအောင်လုပ်ထားတော့ငွေတွေက လှည့်ပတ်နေတယ်။ပိုက်ဆံရှိတဲ့သူတွေမှာ
ပဲငွေကစုပုံမနေပဲ လုပ်အားခရလိုက်သုံးစွဲလိုက်နဲ့ ငွေတွေဟာလည်ပတ်နေတာကြောင့် စီးပွားရေးအခြေ
အနေဟာအမြဲတန်းရှင်သန်နေအောင်လုပ်ထားတာပါ။ ဒီလိုမျိုးအခြေအနေ ဟာ အရှိန်ရသွားရင်ဖြစ်
သွားတာပါပဲ။လူတစ်စုလက်ထဲမှာ နိုင်ငံရဲ့စီးပွားရေးအင်အားဟာစုပုံမနေပဲ လူအများ လက်ထဲကနေ
ဝင်လိုက်ထွက် လိုက်ဖြစ်အောင်လုပ်ထားတော့ဒီပုံစံမပျက်သရွေ့ စီးပွားရေးဟာရှင်သန်နေမှာပါပဲ။ မြန်မာ
ရဲ့လက်ရှိအခြေအနေကဘယ်ကနေအစဆွဲထုတ်ရမလဲဆိုတဲ့အခြေအနေမျိုးပါ။ လူမှုရေး၊ဘာသာရေး၊လူမျိုး
ရေး၊တွေတည်ငြိမ်အေားချမ်းသွားရင်တော့စီးပွားရေးအောင်မြင်ဖို့အစဆွဲထုတ် လို့ရမယ်ထင်တယ်။ လက်ရှိ
မောင်တိုင်ပင်တို့ ကအလုပ်အကိုင်အခြေအနေများများဖန်တီးဖို့ဖြစ်နေလေတော့ labour intensive industry တွေများများဝင်လာဖို့ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကြည့်ရင် လည်းဒီအခြေအနေကနေစခဲ့
တာဖြစ်ပါတယ်။ ရေနံ၊ဓါတ်ငွေ့၊ သတ္တူတွင်းထွက်တို့ဆိုတာအစိုးရအနေနဲ့ပဲလုပ်သင့်သေးတယ်ထင်တယ်။
မသကာပုဂ္ဂလိကအခန်းကဏ္ဍကိုမြှင့်တင်ချင်တယ်ဆိုရင်sub contract ပေးလို့ရတာပဲ။ မြန်မာမှာ ကုမ္ဗဏီ
လုပ်ငန်းအများစု က family business နဲ့ အစုစပ်တွေများတယ်။ SME အဆင့်ပဲရှိတယ်။အစိုးရကဘေးက
နေပံ့ပိုးပေးလိုက်မယ်၊ကိုယ့်ဖါသာရှင်သန်အောင်လုပ်သွားကြရမှာပါပဲ။ modern management ပုံစံမရှိ
သေးဘူး။လုပ်သလိုဖြစ်နေတော့ ဖြစ်သလိုလုပ်နေမယ်။ စာရင်း ဇယားအတိအကျ မှန်မှန်ကန်ကန်မရှိဘူး။ လာဘ်ပေးလာဘ်ယူနည်းနဲ့ဖြေရှင်းမယ်။ စာရင်ဇယားမှန်မှန်ကန်ကန် လုပ်ပြီး ၀င်ငွေခွန်မှန်မှန်ဆောင်တဲ့
သူက အရူးပဲ။ technology မရှိဘူး၊ innovation မရှိဘူး၊ ၂၀၁၅ ကြရင် AFTA လာမှာ ကိုကြောက်တယ်။
အဆင်သင့်လည်းမပြင်ဆင်ထားချင်ကြဘူး အစိုးရကို ညည်းပြတယ်။အစိုးရက ပြည်တွင်းစက်မှုလုပ်ငန်း
တွေအကာအကွယ်ပေးဖို့---ဘယ်လိုအကာအကွယ်ပေးရမလဲ-- သူတို့ထုတ်ကုန်တွေဝင်မလာအောင်တား
ဆီးဖို့--ဒါတွေက ၂၁ရာစုမှာ ဒိတ်တော်တော်အောက်နေပါပြီ။ ကိုယ် လုပ်ငန်း ဘယ်လို productivity တက်
လာအောင်လုပ်မလဲ-- transaction cost တွေ ဘယ်လောက်ရှိနေလဲ-- ဘယ်လိုလျှော့ချရမလဲ--
ရောင်းအားတက်လာအောင်ကိုယ်ကဘယ်လိုထုတ်လုပ်မလဲ-- တဆိတ်ရှိ အစိုးရ ကပိတ်ပေးပါဆိုတာတော်
တော်ခေတ်ဟောင်းနေတဲ့အတွေးခေါ်ပါ။ တစ်ခုရှိတယ်၊ အစိုးရ ဘက်ကသူကောင်းသားတွေက ဘာတွေ
လုပ်လို့ ကိုင်လို့ မရအောင် barriers တွေလုပ်ထားသလဲ--ဒါကိုတော့တွေ့တိုင်းပြော--လူကြီးတွေ့ ရင်အော်--
ဒါမျိုးတွေကတော့ မြန်မာပြည်မှာ လုပ်ဖို့ လိုတယ်။ ကဲဟိုရောက်ဒီရောက်ပါပဲ၊ ပြည်တော်မပြန်ခင် ချေးတွင်း
ထဲပြန်မ၀င်ခင် စင်ကာပူ မှာ ရေးလိုက်တာပါ။ အနည်းဆုံးတော့ တစ်လခွဲလောက်  blog ကဖြစ်စေ FB ဖြစ်စေ
ပျောက်နေပါအုံးမယ်---






Sunday, July 15, 2012

အများပိုင်ကုမ္ဗဏီနှင့်အရင်းအနှီးဈေးကွက် (၂)




အရင်အပတ်ကစင်ကာပူမှာ Pte Ltd ကုမ္ဗဏီတွေဘယ်လိုစာရင်းဝင်အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲ
ခဲ့ကြတယ်ဆိုတာ မောင်တိုင်ပင် နားလည်သလောက်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ The Strait Times သတင်းစာကိုကြည့်လိုက်ရင် စီးပွားရေးကဏ္ဍတွေမှာ multinational ကုမ္ဗဏီကြီးတွေဟာစင်ကာပူ၊ မလေးရှား၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေမှာIPO တွေရောင်းချမယ်ဆိုတဲ့သတင်း တွေဟာထိပ်တန်းကပါနေ
ပါတယ်။

စင်ကာပူမှာ ယနေလုပ်ငန်းလုပ်ကိုင်နေတဲ့ အလတ်စားပုဂ္ဂလိကကုမ္ဗဏီ ( Pte.Ltd) တစ်ခုဟာအများ
ပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲလိုတဲ့အကြောင်းရင်းများစွာရှိပါတယ်။ အမြဲတန်းအသစ်သစ်တွေပေါ်နေတဲ့ဒီက
နေ့ခေတ်မှာ ဒီဇိုင်းအသစ်တွေထုတ်လုပ်နိုင်ဖို့ငွေကြေးအရင်းအနှီးလိုအပ် လာပါတယ်။ကုမ္ဗဏီ ဟာ turn over ဘယ်လောက်ပေါ်မှာလုပ်နေပါတယ်ဆိုတဲ့ငွေကြေးပိုင်းဆိုင်ရာရပ်တည်မှုလည်းမြင့် မားလာချင်ကြ
ပါတယ်။

စားသုံးသူပြည်သူအများစုအနေနှဲ့ ကုမ္ဗဏီကိုဖြစ်စေ၊ ကုမ္ဗဏီကထုတ်လုပ်သောပစ္စည်းကိုဖြစ်စေ စိတ်ပါဝင်စားမှုနှင့် အာရုံစို်က်မှု များကိုရရှိ လိုကြပါတယ်။ ဒီအချက်တွေကြောင့်စာရင်းဝင်အများပိုင်ကုမ္ဗဏီ ( public listed company) ဖြစ်လိုကြတယ်လို့သုံးသပ်ကြ ပါတယ်။ သို့သော်ပုဂ္ဂလိကကုမ္ဗဏီအများစု
ကတော့ public listed ကုမ္ဗဏီ တွေဖြစ်လာဖို့ အတွက်အရည်အသွေးတွေလိုအပ်နေဆဲပါ။ အချို့သော
ပုဂ္ဂလိကကုမ္ဗဏီများဟာ အများပိုင်ကုမ္ဗဏီအဖြစ်မပြောင်း လဲလိုပေမဲ့ သူတို့ကုမ္ဗဏီရဲ့အစုရှယ်ယာ ဟာ ၅၀ ဦးထက်ကျော်လာပြီဖြစ်တဲ့အတွက် ကုမ္ဗဏီမှတ်ပုံတင်ရုံးကပြောင်းခိုင်းလို့ပြောင်းရတာဖြစ်ပါတယ်။

IPO ရောင်းပြီးအများပိုင်ကုမ္ဗဏီလုပ်တာကအချိန်ကြာပါတယ်။၁-၂နှစ်လောက်ကြာပေမဲ့လိုချင်တဲ့အရင်း
အနှီးကိုရောက်မလာနိုင်ဘူး။ နောက်လုပ်နည်းတစ်ခုကမြန်တယ်။အဲဒါကို Reverse Takeover RTO လို့ခေါ်ကြတယ်။လက်ရှိစာရင်းဝင်အများပိုင်ကုမ္ဗဏီနဲ့ Pte Ltd ကုမ္ဗဏီ တို့ပေါင်းလိုက်ကြတာပဲ။ merging
and acquistionလို့ခေါ်ကြတယ်။ စာရင်းဝင်အများပိုင်ကုမ္ဗဏီကို shell company လိုခေါ်တယ်။ဆိုလိုတာ
ကခရုခွံ လိုမျိုးပေါ့။ပေါင်းလိုက်ကြတဲ့အခါတော့ Pte Ltd ကုမ္ဗဏီဟာ စာရင်းဝင်အများပိုင်ကုမ္ဗဏီ
 ( public listed co) ဖြစ်သွားပါတယ်။ အဲလိုလုပ်တော့ဘာအကျိုးကျေးဇူးတွေရလာလဲ ? public listed co ဖြစ်သွားတော့ အလိုလိုတန်ဖိုးတက်လာတယ်။ အရင်းအနှီးစုစည်းရတာလွယ်ကူလာတယ်။ ပေါင်းတာ၊
ရယူတာကို ရှယ်ယာအလွှဲအပြောင်းနဲ့လုပ်လိုရတယ်။ ငွေကြေးအများကြီးမလိုအပ်ဘူး၊ IPOလုပ်ပြီးအရင်း
အနှီးစုရတာထက်အချိန်ကုန်သက်သာတယ်၊IPOလုပ်တာထက်ကုန်ကျစရိတ်အများကြီးသက်သာတယ်၊
IPO မှာရှယ်ယာဝယ်ယူမှုဟာဈေးကွက်အခြေအနေပေါ်မူတည်ပြီးအချိန်မရွေးနောက်ဆုတ်သွားနိုင်တော့
 RTO ကစွန့်စားရမှုနည်းတယ်။ မြန်မာနိုင်ငံမှာတော့ IPO တောင်ပီပီပြင်ပြင်ဖြစ်မလာသေးပါ။

မြန်မာနိုင်ငံမှာအများပိုင်ကုမ္ဗဏီတွေဖွဲ့စည်းဖို့ဆောင်ရွက်တဲ့အခါလျော့ရဲရဲရှိပါတယ်။ဒါကလည်းအပြစ်ပြော
လို့မရပါဘူး။စည်းမျဉ်းစည်းကမ်းလည်းတိတိပပ ထင်သာမြင်သာအောင်ရေးဆွဲထားတာမရှိ တဲ့အပြင်ဆိုင်ရာ
ဌာနတွေကစနစ်တကျကွပ်ကဲမှုတွေကိုမလုပ် နိုင်ကြပါဘူး။ MMSX (Myanmar Stock Exchange) ပေါ်လာ
တဲ့အချိန်ဆိုရင်တော့စည်းမျဉ်းစည်းကမ်းတွေရေးဆွဲပြီးလောက်ပါပြီ။အဲဒီကြရင်အများပိုင်ကုမ္ဗဏီတွေစနစ်တကျဖွဲ့စည်းနိုင်လိမ့်မယ်ထင်ပါတယ်။

public listed ကုမ္ဗဏီတစ်ခုဖြစ်ပြီးမောင်တိုင်ပင်လုပ်ခဲ့တဲ့ဘဏ်ကိုပဲနမုနာပြပါစေ။ ဒီဘဏ်ဟာအစိုးရနဲ့ပြည်
သူရှယ်ယာတစ်ဝက်စီပိုင်ကြ ပါတယ်။ စာရင်းဝင် (listed) ဆိုတာ စတော့အိတ်ချိန်းရှိနေလို့မဟုတ်ပါဘူး။
Myanmar Security Exchange Centre MSEC မှာစာရင်းဝင်တာကိုပြောတာပါ။ အဲဒီ MSEC အကြောင်း
အရင်အပတ်ကပြောပြ ပြီးပြီ။ စါရင်းဝင် (listed) က သစ်တောဖက်စပ်နဲ့ ဘဏ်နှစ်ခုပဲရှိပါတယ်။

ဘဏ်ရဲ့ authorised capital ကိုယခုနှစ်ဘဏ္ဍာနှစ်စမှာ တိုးမြှင့် ခဲ့ပါတယ်။ အမှန်တော့ paid- up capital ကိုတဖြည်းဖြည်းချင်းတိုးသွားရမှာပါ။ ဘဏ်ကအရင်းအနှီးတိုးလာအောင်လုပ်တော့ ဘာလုပ်မလဲဆိုတဲ့ prospectus ကိုကျေညာရပါတယ်။ နိုင်ငံခြားငွေ authorised dealer license လျှောက်ဖို့အတွက်
အရင်းအနှီးလိုပါတယ်။အမေရိကန်ဒေါ်လာ ၅ သန်းပါ။ နိုင်ငံခြားငွေကိုင်တွယ်လုပ်ကိုင်ခွင့်ရပါ
ကနိုင်ငံခြားဘဏ်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလန်းများရလာနိုင် ပြီးလုပ်ငန်းများတိုးချဲ့ နိုင်ပါတယ်။လက်ရှိဘဏ်အဆောက်အဦဟာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အတွက်ဟောင်းနေပြီဖြစ်ပါတယ်။ဘဏ်ကိုဖြိုဖျက်ပြီးဘဏ်နှင့်အတူနိုင်ငံတကာအဆင့်မှီအထပ်မြင့်ရုံးခန်းများပါဝင်သော ၁၈ ထပ်ရှိ tower
ဆောက်လုပ်ရန်အရင်းအနှီးလိုပါတယ်။

နိုင်ငံတကာမှ လာရောက်မည့်ကုမ္ဗဏီများကို ၇ုံးခန်းများငှားရမ်းခြင်းဖြင့်ဝင်ငွေရရှိနိုင်ပါတယ်။ စီးပွားရေး
အချက်အချာကျသည့်ဒေသများတွင်ဘဏ်ခွဲများဖွင့်လှစ်ရန်ဖြစ်ပါတယ်။ဘဏ်၏၀န်ဆောင်မှုလုပ်ငန်ကိုနိုင်ငံတကာအဆင့်မှီအောင်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ မောင်တိုင်ပင်ဘဏ်က အနားမယူခင်
ကဆောင်ရွက်ခဲ့တာကိုနမူနာအဖြစ်တင်ပြခြင်းဖြစ်ပါတယ်။

ဘဏ်ရဲ့ ရှယ်ယာကိုထုတ်ရောင်းခဲ့တာ ၂-၃ လလောက်အတွင်းကုန်သွားခဲ့ပြီးနောက်ထပ် authorised
capital ထပ်တိုးဖို့တောင်လုပ်နေကြတယ်လို့သတင်းတွေကြားနေရပါတယ်။ ဘဏ်မှာအရင်တုံးကတော့ dividend ဘယ်လောက်ပေးသလဲဆိုတာ ရင်းနှီးချင်တဲ့သူတွေ ပထမဆုံးစုံစမ်းတဲ့အချက်ပါ။ ဒီဘဏ်ဟာ
ဘဏ်တိုး၁၂%ဖြစ်တုံးက dividend ၂၅% လောက်ပေးနိုင်ခဲ့ပါတယ်။ဘဏ်တိုးထက် ၂ဆလောက်ဖြစ်နေ
တော့ဒီဘဏ်ရဲ့ရှယ်ယာကိုဝယ်ချင်သူတွေများခဲ့ပါတယ်။ အခုတော့အတိုးနှုန်းလည်းလျော့လာတော့ အဲဒီပမာဏ ကိုမပေးနို်င်တော့ပါ။ မောင်တိုင်ပင်တို့မြန်မာပြည်သူတွေဟာငွေပိုငွေလျံလေးတွေရှိနေရင်ဘဏ်
တိုးတွေကောင်းခဲ့တုံးကဘဏ်မှာ saving account ဖွင့်ပြီးအပ်နှံထားကြပါတယ်။သိန်း၁၀၀၀လောက်အပ်
ထားလို့ကတော့ဘဏ်တိုးကောင်းတုံးကဆိုရင်အိမ်ထောင်စုတစ်စုအနေနဲ့ကောင်းကောင်းထိုင်စားနိုင်ပါ
တယ်။အပေါင်နဲ့ ၃ိတိုး အပေါင်မပါ ၅ိ တိုးတို့ဆိုတာအချိန်မရွေးဆုံးသွားနိုင်ပါတယ်။

တခြားရင်းနှီးမြုပ်နှံမှုအခွင့်အလန်းတွေမရှိတော့ ပြည်သူတွေဟာရှယ်ယာခေါ် ပြီဆိုရင်ခေါင်းထောင်ကြည့်
ကြပါတယ်။ ဒီဘဏ်ရဲ့IPOနှင့်ပတ်သက်ပြီးနောက်မှသိလာရတာကတော့ဘဏ်ရဲ့ရှယ်ယာတန်ဖိုးဟာ
အနိမ့်ဆုံးမှာဖြစ်သင့်တာကိုပါ။ဘဏ်ရဲ့ ယခင်ရှယ်ယာတန်ဖိုးက ၅၀၀၀ ကျပ် ပါ။ နောက်တစ်သိန်းကျပ်
ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ အမှန်တော့ရှယ်ယာတန်ဖိုးကိုအနိမ့်ဆုံးထားတာ အကောင်းဆုံးဖြစ်
ပါတယ်။စင်ကာပူမှာ IPO စရောင်းပြီဆိုရင် ဆင့်၂၀ မှ ၃၀ အတွင်း (မြန်မာကျပ်ဆိုရင် ၁၃၀ ကျပ် -၁၈၀ ကျပ်)မှာပဲသတ်မှတ်ကြပါတယ်။ MMSX ပေါ်လာရင်ရှယ်ယာဟာ ၅၀၀၀ကျပ်ကနေ ၇၀၀၀ - ၈၀၀၀ လောက်အထိဝယ်လိုအားပေါ်မူတည်တက်သွားရင်ရာခိုင်နှုန်းကများပါတယ်။ အခုရှယ်ယာက
 ၁ သိန်းကျပ်ဆိုတော့ ၁၀၀၀၀ ကျပ်လောက်တက်တောင်မှ ရာခိုင်နှုန်း ကနည်းနည်းပဲတက်လာနိုင်တယ်။ ဒါတွေဘာကြောင့်ပြောနေရသလဲဆိုတော့ သင်္ခဏ်းစာယူနိုင်အောင်ပါ။ အတွေ့အကြုံတွေအရလက်တွေ့ လုပ်ရင်းကိုင်ရင်းနဲ့ သိလာတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တော့ဒီဘဏ်ဟာ public listed co ဖြစ်တဲ့အတွက် public listed မဖြစ်သေးတဲ့ အခြားဘဏ်တစ်ခုခု က RTO စနစ်နဲ့ merger and acquistion လာလုပ်နိုင်ပါတယ်။ IPO ရောင်းပြီ:လုပ်တဲ့စနစ် ထက်မြန်နိုင်တာပေါ့။                        

ပြည်သူတွေဟာကုမ္ဗဏီတွေရှယ်ယာရောင်းမယ်ဆိုရင်နီးစပ်ရာကျွမ်းကျင်တဲ့သူတွေကိုဒီရှယ်ယာဝယ်ထား
ရင်ကောင်းမလားနဲ့တိုင်ပင်ကြပါတယ်။  အခုလိုရှယ်ယာခေါ်တယ်၊အများပိုင်ကုမ္ဗဏီတွေထောင်မယ်
 ဆိုရင် လူလတ်တန်းစားတွေကရင်းနှီးဖို့စဉ်းစားကြပါတယ်။ ဘယ်သူကိုမေးရမလဲ၊ ဘယ်အချက်အလက်
တွေကိုကြည့်ရမလဲ၊အကျိုးရှိပါမလား၊အစုပေါ်ကအမြတ်ငွေနှစ်ကုန်တဲ့အခါအစုပေါ်က ၀င်ငွေ ဘယ်လောက်
ရမလဲ၊ အဲလိုကျေညာတဲ့အချိန်ကြရင်မစားရ၀မခန်းပါ။ လွန်ခဲ့သော နှစ်တော်တော်ကြာကြာက ယနေ့နံမည်
ကြီးစီးပွားရေးသမား ဦး ဆောင်တဲ့အများပိုင်ကုမ္ဗဏီမှာအစုရှယ်ယာကိုမောင်တိုင်ပင်ဝယ်ထား ဘူးပါတယ်။

ပထမတစ်နှစ်တော့အစုအပေါ်အမြတ်ငွေခွဲဝေပေးမှုရခဲ့ပါတယ်။နောက်တစ်နှစ်ဘဏ်တိုးလောက်တောင်
မရခဲ့ပါ။နောက်ပိုင်းမရခဲ့တဲ့နှစ်တွေလည်းရှိပါတယ်။လူလည်ကြီးသားသမီးများကတော့ချမ်းသာပြီးရင်းချမ်း
သာခဲ့ပေမဲ့မောင်တိုင်ပင်တို့ခမျာများမှာတော့--- အမယ်အဆောက်အဦနေရာထိုင်ခင်းကတော့အပျံစားပဲ၊
အဲတော့မောင်တိုင်ပင်အထင်ကြီးမိတာပေါ့လေ၊နောက်တော့လုပ်ငန်းရှင်တစ်ယောက်ကိုရှယ်ယာပြန်လွှဲ
ပြောင်းရောင်းချလိုက်လို့ အရှုံးနည်းနည်းသက်သာခဲ့ပါတယ်။ဒါကိုဘာကြောင့်ပြောနေရလဲဆိုတာ အများပိုင်ကုမ္ဗဏီထောင်မယ်ဆိုရင်ပြည်သူအများစုကစိတ်ဝင်စားကြတယ်။ ရှယ်ယာဝယ်ပြီးရင်း
နှီးမြုပ်နှံချင်ကြတယ်။ အဲဒီလို အများပိုင်ကုမ္ဗဏီထောင်မယ်လို့ကျေညာပြီးထောင်တဲ့အခါစည်း
မျဉ်းစည်းကမ်းနဲ့မဟုတ်ပဲမျက်နှာလွှဲခဲပစ်လုပ်ခဲ့ ရင်ရှယ်ယာရှင်တွေပဲနစ်နာဆုံးရှုံးရတာဖြစ်ပါတယ်။

အခုလည်း ပဲအသင်း၊ရွှေအသင်း ကဦးဆောင်ကာအများပိုင်ကုမ္ဗဏီတွေဖွဲ့ကြမယ်ဆိုပြီးအင်တာနက်သတင်း
တွေမှာဖတ်ရပါတယ်။ ဆန်စပါးအသင်းဆိုရင်လည်းလွန်ခဲ့သော လအနည်းကအများပိုင်ကုမ္ဗဏီဖွဲ့ဖို့စတင်
ကြိုးပမ်းခဲ့ကြပြီးသက်ဆိုင်ရာကုမ္ဗဏီမှတ်ပုံတင်ရုံးမှာတင်ပြထားပြီလို့သိရပါတယ်။MMSX မပေါ်ပေါက်ခင်
မှာအခုလိုအသင်းတွေကနေအများပိုင်ကုမ္ဗဏီတွေဖွဲ့ဖို့ စိုင်းပြင်းလာကြခြင်းဟာဒီအသင်းလုပ်ငန်းမှာပါဝင်
ပတ်သက်နေတဲ့ stakeholdersအားလုံးပါဝင်ခွင့်ရအောင်ဖန်တီးမှာဖြစ်တဲ့အပြင် အသေးစား၊အလတ်စား
အကြီးစားရင်းနှီးမြုပ်နှံမှုပြုလုပ်ချင်ကြတဲ့ပြည်သူအများစုရဲ့ ပြင်းပြတဲ့ဆန္ဒတွေကိုဖြည့်ဆည်းရာရောက်ပါ
တနည်းအားဖြင့်ကိုယ့်ငွေလေးဆုံးရှုံးသွားမှာကြောက်ပြီး ဘဏ်လည်းမအပ်ရဲကိုယ့်အိပ်ရာဖျာအောက်မှာ
သိမ်းဆည်းထားတဲ့ငွေကြေးတွေဟာအကျိုးရှိရှိရှယ်ယာဝယ်ရင်းနှီးမြုပ်နှံနိုင်မှာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေ
ဟာမြန်မာမှာအကြီးဆုံးလုပ်ငန်းတွေလို့ဆိုရင်မမှားပါဘူး။ ဆန်စပါးအများပိုင်ကုမ္ဗဏီဖွဲ့ ဖို့ဆွေးနွေးစဉ်တုံး
ကတော့ နိုင်ငံခြား ကအတွေ့အကြုံရှိပြီးသား CEO တောင်ငှားမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ လုပ်ငန်ကြီးတွေဖြစ်တဲ့အပြင်အသင်းအဖွဲ့တွေကတာဝန်ရှိသူတွေဦးဆောင်လုပ်မှာဆိုတော့ပြည်သူတွေက
ယုံကြည်ပြီးရှယ်ယာတွေဝယ်ကြလိမ့်မယ်လို့ထင်ပါတယ်။ 

Aussino ၏ဆိုင်တစ်ဆိုင်


စင်ကာပူမှာ အများပိုင်ကမ္ဗဏီတွေအကြောင်းဖေါက်သည်ချရရင် The Aussino Groupဟာမျက်နှာသုတ်
ပုဝါ၊အိပ်ရာခင်းစတဲ့လူအသုံးအဆောင်ပစ္စည်းများထုတ်လုပ်တဲ့ကုမ္ဗဏီဖြစ်ပါတယ်။ဒီကုမ္ဗဏီဟာ မြန်မာက ဦးဇော်ဇော် အုပ်စုဖြစ်တဲ့ Max Strategic Investments ကုမ္ဗဏီပိုင်ရှယ်ယာများကိုဝယ်ယူပြီးမြန်မာနို်င်ငံမှာ
 လောင်စာဆီဆိုင်များဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါတယ်။Max Strategic Investments ကုမ္ဗဏီ
ဟာစင်ကာပူမှာpublic listed ကုမ္ဗဏီအဖြစ်မှတ်ပုံတင်ထားရှိပြီးစင်ကာပူ စတော့အိတ်ချိန်းမှာ
ရှယ်ယာအရောင်းအ၀ယ်လုပ်လျှက်ရှိပါတယ်။Aussino ကယင်းသို့ဝယ်ယူရာတွင် Reverse Takeover RTO စနစ်ဖြင့်ဝယ်ယူသွားမှာဖြစ်ပါတယ်။အဲဒီစနစ် ကိုနောက်ပိုင်းမှာ အသေးစိပ်ဆက်လက်ရှင်း
လင်းသွားပါမယ်။Aussino Group ဟာအဆိုပါလုပ်ငန်းအတွက် စင်ကာပူဒေါ်လာ ၆၀ သန်းရင်းနှီးမြုပ်နှံမယ်
လို့ကျေညာပြီးနောက်ပိုင်းမှာ Aussino ရဲ့ရှယ်ယာများဟာ  ၁၅ လကျော်အတွင်း၂၂% တက်လာခဲ့ပါတယ်။

ဒီအချက်ကိုအထူးမီးမောင်းထိုးပြလိုတာက မြန်မာ ဟာ emerging market အဆင့်ကိုရောက်စပြု
နေပြီဆိုတာပါ။မြန်မာရဲ့ သယံဇာတကြွယ်ဝမှုဟာလည်း အခုချိန်မှာနို်င်ငံတကာကုမ္ဗဏီတွေအတွက်စိတ်
ဝင်စားစရာကောင်းနေပါတယ်။ ဒါကြောင့်မြန်မာကုမ္ဗဏီအများစုဟာပြည်တွင်းဈေးကွက်မှာပဲ ကျင်လည်မနေသင့်တော့ပဲပြင်ပကမ္ဘာမှာဘာတွေဖြစ်နေတယ်ဆိုတာထွက်လေ့ လာဖို့ကောင်းနေပါပြီ။










Friday, June 15, 2012

အများပိုင်ကုမ္မဏီနှင့်အရင်းအနှီးဈေးကွက်

ဒီလ၁၃ရက်နေ့ထုတ် The Strait Times သတင်းစာမှာ စင်ကာပူမှာအပေါင်ဆိုင်လုပ်ငန်း၌အကြီး
ဆုံးဖြစ်သည့် Maxi-Cash Financial Service Corporation Ltd  ကုမ္ဗဏီ၏ IPO ကြော်ငြာကိုဖတ်
လိုက်ရပါတယ်။Maxi-cash သည်စင်ကာပူတစ်ဝှမ်းအပေါင်ဆိုင်လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်လျှက်ရှိပါ
တယ်။Maxi-Cash ကုမ္ဗဏီဟာလုပ်ငန်းတိုးချဲ့ရန်အတွက်အရင်းအနှီးစုဆောင်းလိုသောကြောင့် The Strait Times သတင်းစာနောက်ကျောမှနေ၍ Initial Public Offering( IPO) မိမိပိုင်ကုမ္ဗဏီမှာအမျုားပြည်သူ
သို့ရှယ်ယာစတင်ရောင်းချခြင်းကိုဆောင်ရွက်မည်ဖြစ်ကြောင်းမျက်နှာပြည့်ကြော်ငြာတာ ဖြစ်ပါတယ်။ရှယ်
ယာပေါင်း၅၆၀၀၀၀၀၀ကိုစင်ကာပူဒေါ်လာဝ.၃၀ဖြင့်ထုတ်ရောင်းမည်ဟုကြော်ငြာထားပါတယ်။ နို်င်ငံတကာ
တွင်အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲလုပ်ကိုင်ရန်အတွက် ရှယ်ယာများစတင်ထုတ်ရောင်းပါ က”IPOလုပ်သည်”ဟုသုံးနှုန်းပါတယ်။အဲဒီသတင်းစာမှာပဲအရှေ့တောင်အာရှ IPOဈေးကွက်ဟာအတော်
အားကောင်းနေတယ်လို့ဆိုထားပါတယ်။ မလေးရှားကFelda Global Venturing Holdings ဟာ IPO ပေါင်းအမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့် မကြာခင်မှာရောင်းချမယ်လိုသိရပါတယ်။အဲဒီလိုပဲအရှေ့တောင်
အာရှနိုင်ငံရှိကုမ္ဗဏီများရဲ့ IPO ရောင်းချရမှုဟာသိသိသာသာတိုးတက်လာခဲ့တယ်လို့ Deutsche Bank ကခန့်မှန်းပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲလွန်ခဲ့သောအပတ် Voice ဂျာနယ်မှာမန္တလေးမှာမြို့သစ်စီမံကိန်းလုပ်ကိုင်ရန်အတွက်
နံမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဦးဆောင်ပြီး မန္တလေးဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ဗဏီ
အဖြစ်ဖွဲ့စည်းလုပ်ကိုင်မှာဖြစ်တဲ့အတွက် IPO ရှယ်ယာတစ်စုလျှင်၁၀၀၀၀ကျပ်ထည့်ဝင်နိုင်ကြောင်း၊
၂၀၁၂ နှစ်ကုန်လျှင်IPO ကိုစတင်ရောင်းချမှာဖြစ်ကြောင်း၊အမေရိကန်ဒေါ်လာ ၂ ဘီလီယံ
( မြန်မာကျပ် ၁၇၀၀ ဘီလီယံ)ကုန်ကျမည်ဟုခန်မှန်းထားကြောင်းပြောကြားခဲ့တယ် လို့ The Voice ၈ျာနယ်
မှာ ဖတ် လိုက်ရပါတယ်။ဒါလောက်များတဲ့ငွေကြေးဆိုတော့စနစ်တကျစည်းကမ်းနဲ့လုပ်သင့်သလိုသိသာမြင်သာ
ထင်သာစေရမှာဖြစ်ပါတယ်။

 IPO ရောင်းပြီဆိုရင် ကုမ္ဗဏီအကြောင်း(coporate profile)ဘယ်အပိုင်းမှာရင်းနှီးမြုပ်နှံမယ်( investment highlights)ဘာတွေအကျိုးခံစားရမယ်(prospectous)ဆိုတာတွေကိုအကျဉ်းလောက်ဖြစ်ဖြစ်ဖေါ်ပြပေးရမှာ
ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ခြင်းဟာအများပိုင်ကုမ္ဗဏီတည်ထောင်ခြင်းရဲ့အစပိုင်းသိသာမြင်သာထင်သာ
အောင်လုပ်ခြင်းဖြစ်ပါတယ်။စင်ကာပူမှာတော့ဒီလိုကိစ္စတွေဆောင်ရွက်နိုင်ဖို့ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း
စည်းကမ်းတွေအသေအချာရေးဆွဲထားပြီးစည်းကမ်းလည်းအင်မတန်တင်းကြပ်ပါတယ်။အခုဆိုရင်ကုန်
သွယ်မှုဆိုင်ရာအငြင်းပွားမှု( arbitration)အတွက်စင်ကာပူဟာနိုင်ငံတကာမှာအကောင်းဆုံးလို့အ
သိအမှတ်ပြု ထားပြီးတောတော်များများ ကစင်ကာပူဥပဒေကိုလက်ခံပြီးပဲလုပ်တာကိုင်တာဟာတရား
မျှတတယ်လို့ယူဆလာကြပါတယ်။


၂၀၁၅ခုနှစ်၌မြန်မာနို်င်ငံတွင်စတော့အိတ်ချိန်းများရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင်တည်ထောင်ရန်
၁၉၉၆ခုနှစ်ကတည်းကမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ဒိုင်ဝါသုတေသနဌာန၊တိုကျိုစတော့အိတ်ချိန်း
နှင့်မြန်မာနိုင်ငံဗဟိုဘဏ်တို့အကြားနားလည်မှုစာချွန်လွှာကိုသဘောတူလက်မှတ်ရေးထိုးခဲ့သည့်သတင်း
များ မကြာသေးမီကထွက်ပေါ်ခဲ့ပါတယ်။အများပိုင်ကုမ္မဏီ၊စတော့အိတ်ချိန်း၊အရင်းအနှီးဈေးကွက်
များမြန်မာနိုင်ငံတွင်ပေါ်ပေါက်လာရေးကိုကြွေးကျော်နေခဲ့သည်မှာဆယ်စုနှစ်တစ်စုကျော်လောက်ကြာ
ခဲ့ပြီထင်ပါတယ်။၁၉၉၆ ခုနှစ်ကဒိုင်ဝါသုတေသန Securities နဲ့မြန်မာစီးပွားရေးဘဏ်တို့အကြားစာချုပ် ချုပ်ဆိုပြီး Myanmar Securities Exchange Centre ထူထောင်ခဲ့သော်လည်း အများပိုင်စာရင်းဝင်ကုမ္မဏီသည်ယနေ့ထိ
 ၂ ခုသာရှိခဲ့ပါတယ်။ အများပိုင်စာရင်းဝင်ကုမ္မဏီများများမရှိသည့်အတွက် အရင်းအနှီးဈေးကွက်
လည်းမြန်မာတွင်ပေါ်ပေါက်မလာခဲ့ပါ။သက်ဆိုင်ရာကဆန္ဒမစောပါနှင့်လို့တွင်တွင်ပြောလာခဲ့သည်မှာဆယ်
စုနှစ်တစ်စုသာကျော်လာခဲ့သည်၊ဘာမှဖြစ်မလာခဲ့ပါ။လုပ်လည်းမလုပ်၊နားလည်တဲ့သူကိုလည်းဆရာမတင်ပဲနေခဲ့တယ်။ အတိုးများများပေးပြီးတရားမ၀င် အရင်းအနှီးစုဆောင်းခဲ့သည့်ကုမ္မဏီများပေါ်ပေါက်လာခဲ့ရာပြည်သူများ
သည်ခဲမှန်ဘူးသည့်စာသူငယ်ကဲ့သို့ အယုံသွင်း ခံရကာမရှိမဲ့ရှိမဲ့စုဆောင်းထား
သောငွေများအလိမ်ခံရမည်ကိုစိုးရိမ်ပူပန်နေသောကြောင့်အများပိုင်ကုမ္ဗဏီဆိုလျှင်ခပ်လန့်လန့်ဖြစ်နေကြ
ပါတယ်။

အဲဒီလိုကုမ္မဏီတွေမဟုတ်တာလုပ်ခဲ့တော့ထုံးစံအတိုင်းပြောစရာကရသွားပြီး လိမ်တဲ့ကုမ္မဏီတွေပေါ်လာ
မှာစိုးလို့ဆိုကာ အများပို်င်ကုမ္မဏီပေါ်ပေါက်လာရေး ကိုအားမထုတ်တော့ ပဲချောင်ထိုးခဲ့ပါတယ်။
ဒါအပြင်အကြောင်းရင်းကိုမရှာ သိမ်းကျူံးပြီးဘာမလုပ်ရညာမလုပ်ရနဲ့ ပိတ်ပင်တဲ့စည်းမျဉ်း(barriers) တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာလွယ်နေတာအားလုံးခက်သွားပြီးပြည်သူတွေမညည်းရဲ မညူရဲ နဲ့ လုပ် ခဲ့ကြရတာတွေကိုစာဖတ်သူများမေ့လိမ့် ကြအုံးမယ်မထင်ပါ။

မောင်တိုင်ပင်တို့ ကိုတစ်ဖွဖွပြောနေတာက ပြည်သူတွေရဲ့ဖျာအောက်ကငွေတွေကိုအရင်းအနှီးဈေးကွက်
ထဲရောက်အောင်လုပ်ရမယ်ဆိုသော်လည်း  လုပ်ငန်းရှင်တွေကတော့   ဆာလာအိတ်တွေနဲ့ တစ်နေရာ
မှတစ်နေရာကိုငွေတွေသယ်၊ဘဏ်တွေရှေ့မှာဆာလာအိတ်တွေကိုဘဏ်အစောင့်တွေကသယ်၊အသွင်း
အထုတ်လုပ်ပြီးထရန်ဆက်ရှင်တွေလုပ်ကြရပါတယ်။ဒေသတွင်းမှာ ဘယ်နိုင်ငံမှာ မှ မတွေ့ရတဲ့မြင်ကွင်း
တွေကို ယနေ့တိုင်တွေ့နေရဆဲပါ။(တစ်သောင်းတန်ထုတ်လိုက်တော့ငွေတွေကျစ်သွားလိမ့်ထင်ပါတယ်)
သူဌေးတွေသူကြွယ်တွေရဲ့ငွေတွေလည်းရွှေဖက်ရောက်လိုက်၊ကားဖက်ရောက်လိုက်၊အိမ်ခြံမြေတိုက်ခန်း
ဈေးကွက်ရောက်လိုက်နဲ့ငါးပွက်ရာငါးစာချခဲ့ကြပြီး မတည်ငြိမ်သောဈေးကွက်များဖန်တီးခြင်းသာ
အဖတ်တင်ခဲ့ပါတယ်။

တလောကဆိုပါကအစိုးရရဲ့မူဝါဒအလွှဲအပြောင်းကိုမခန်းမှန်းနိုင်တဲ့အတွက်(သို့မဟုတ်အငိုက်မိသွား
သည့်အတွက်) လုပ်ငန်းရှင်များကားဈေးကွက်မှာ သိန်းပေါင်းသောင်းချီရှုံးခဲ့ကြခြင်းဟာ ဈေးကွက်ပုံပျက်
သွားခြင်းရဲ့အကျိုးဆက်တစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။လုပ်ငန်းရှင်တွေနစ်နာခြင်းဟာတိုင်းပြည်နစ်နာခြင်းပါပဲ။ တာကိုတော့နောင်ကာလတွေမှာသတိထားသင့်ပါတယ်။နောက်တစ်ခုကခိုင်မာသောပေါ်လစီတစ်ရပ်
မချမှတ်နိုင်ပဲလက်တန်းလျှောက်လုပ်နေတဲ့သဘောများပါဝင်နေ တာကိုတွေ့ရပါတယ်။

အိမ်ခြံမြေဈေးမှာလည်းအာဆီယံနိုင်ငံများအနက်အမြင့်ဆုံးအဆင့်၌ရောက်ရှိခဲ့ပြီးနို်င်ငံခြားရင်းနှီးမြုပ်နှံမှုများကိုအဟန့်အတားသဖွယ်ဖြစ်စေခဲ့ပါတယ်။စတော့ဈေးကွက်ပေါ်ပေါက်လာရေးအတွက်မောင်တိုင်ပင်မဆွေး
နွေးလိုပါ။အများပိုင်ကုမ္မဏီမရှိရင်စတော့ဈေးကွက်ကြီးဘယ်လိုမှမပီပြင်နိုင်ပါ။ ဒါကြောင့်မောင်တိုင်ပင်
အနေနဲ့စတော့ဈေးကွက်ကိုအသာထား-ပညာရှင်တွေအများကြီးပဲ၊သူတို့ဆွေးနွေးကြလိမ့်မယ်။မောင်တိုင်ပင်
ကတော့အများပိုင်ကုမ္မဏီများ စနစ်တကျပေါ်ပေါက်လာရေးကိုပဲတင်ပြလိုပါတယ်။

မြန်မာကုမ္မဏီများသည်မိသားစုစီးပွားရေးလုပ်ငန်များဖြစ်ကြပြီးအချို့မှာအစုစပ်ပုဂ္ဂလိကကုမ္မဏီများ (private company)ဖြစ်ကြပါတယ်။ ကုမ္မဏီများလုပ်ငန်းတိုးချဲ့လိုသည့်အခါ ရန်ပုံငွေ (fund) ရရှိရေးအတွက်ပြင်ပမှ
အတိုးနှုန်းမြင့်မြင့် ဖြင့်ချေးငှားကြရသလိုအချို့ မရွှေ့မပြောင်းနိုင်သောအိမ်တိုက်တာမြေများ
ရှိပါကဘဏ်တွင်အပေါင်ထား၍ငွေချေးကြရပါတယ်။ သို့သော်အိမ်ခြံမြေဈေးနှုန်း valuation သည်book value မဟုတ်ပဲ market value ပေါ်အခြေခံချေးရပါတယ်။ ဘဏ်များအနေဖြင့် risk အလွန်များပြီး NPL (non performing loan) များဖြစ်သွားနိုင်ချေရှိပါတယ်။ စင်ကာပူကဲ့သို့နိုင်ငံ၌ အရင်းအနှီးရရှိရေး (fund raising) အတွက် ပုဂ္ဂလိကကုမ္မဏီ (private )များသည် အများပိုင်ကုမ္မဏီ (public listed company)အဖြစ်သို့ စနစ်တကျပြောင်းလဲ
ကြရပါတယ်။ဤသို့ပြောင်းလဲရာတွင်လုပ်ငန်းစဉ်များသည်ရှုပ်ထွေးလှပါတယ်။သတ်မှတ်ထားသည့်ပုံစံ
ဝင်စေရန်ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းများ(financial advisory firms ) ကော်ပိုရိတ်ဥပဒေအကြံပေးအဖွဲအစည်းများ( coporate law firms)၏အကြံဥာဏ်ကိုရယူပြီးစတော့အိတ်ချိန်းတွင်မိမိကုမ္မဏီဈေးကွက်ဝင်စေရန်
လုပ်ဆောင်ရပါတယ်။

 ကနဦးရှယ်ယာများကိုမည်မျှနှင့်ရောင်းချသင့်သည်(initial public offering, IPO)ကိုလည်းအဆိုပါအဖွဲအ
စည်းများထံမှာအကြံဥာဏ်များရယူဆောင်ရွက်ရပါတယ်။စတော့အိတ်ချိန်းတွင်အခြေအနေကောင်းပါက
ရှယ်ယာများကိုအလုအယက်ဝယ်ယူခြင်းကြောင့်ကုမ္မဏီဟာ၆လ မှ၉ လအတွင်းမိမိလိုချင်သည့်အရင်း
အနှီးများရရှိလာနိုင်ပါတယ်။

မြန်မာကုမ္မဏီအများအပြားအနေဖြင့် အများပိုင်ကုမ္မဏီအဖြစ်ပြောင်းလဲလုပ်ကိုင်လိုကြသော်လည်းမည်
သို့ဆောင်ရွက်ရမည်ကို သိရှိနားလည်သည့်ကုမ္မဏီအတော်နည်းပါလိမ့်မည်။ တစ်ဖက်၌လည်းသက်ဆိုင်ရာ
ဥပဒေ၊နည်းဥပဒေများပြဌါန်းသတ်မှတ်ထားခြင်းမရှိသေးသည့်ပြင်ခို်င်မာတိကျသောလုပ်ငန်းစဉ် (well established procedures)လည်းမရှိသေးပါ။ ယင်းနှင့်သက်ဆိုင်သောအဖွဲအစည်းများပြည်တွင်း၌ ဖွဲ့စည်းတည်ထောင်ရေးအတွက်ယခုအချိန်ကတည်းကအားပေးဆောင်ရွက်သင့်ပါတယ်။ယင်းသို့ဆောင်
ရွက်ရာတွင် Financial advisory Firms, Corporate law firms, Audit firms များစသည့် နိုင်ငံတကာအဆင့်မီ အထောက်အကူပြုကုမ္မဏီများ များများစားစားပေါ်ပေါက်လာရန် လိုပါတယ်။
မြန်မာနိုင်ငံ၌ကုမ္မဏီတော်တော်များများသည် စာရင်း(book)နှစ်ခုထားကြတာကိုဒေသတွင်းနိုင်ငံ
တော်တော်များများကသိနေကြပါတယ်။ အခွန်ပေးရဖို့သက်သာအောင်စာရင်းနှစ်ခုထားနိုင်အောင်လည်း
Audit firms များကလုပ်ပေးကြပါတယ်။(နံမည်ရှိပြီးAudit firmsများမပါဝင်ပါ)။

 မြန်မာနိုင်ငံမှာကုမ္မဏီများနှင့်ပတ်သက်၍တိတိကျကျလုပ်ကိုင်နိုင်သည့်အလေ့အကျင့်များရလာမှသာလျှင် အများပိုင်ကုမ္မဏီများအဖြစ်ပြောင်းလဲလုပ်ကိုင်ရာတွင်ဒေသတွင်းနို်င်ငံများရှိကုမ္မဏီများနည်းတူရင်ဘောင်တန်း
လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ အများပိုင်ကုမ္မဏီပြောင်းလဲခြင်း (go public) ကိုဆောင်ရွက်ရာတွင်မည်သည့်အစိုးရ
အဖွဲ့အစည်းမှတာဝန်ယူဆောင်ရွက်ပေးမည်ကိုပီပီပြင်ပြင်ကျေညာထားသင့်ပါတယ်။ အဆိုပါအပိုင်း၌
 အစိုးရကဖြစ်စေ၊UMFCCI ကဲ့သို့ civil societies တွေကဖြစ်စေ အာဆီယံနိုင်ငံအတွင်းမှ အဆိုပါအဖွဲ့အစည်းများကို မြန်မာနိုင်ငံတွင်ရုံးခွဲများလာရောက်ဖွင့်လှစ်၍လုပ်ငန်းများဆောင်ရွက်နိုင်ရန်အခွင့် အလန်းများဖွင့်
 ပေးချိန်တန်ပါပြီ။ ဥပဒေမရှိသေးဘူး၊လုပ်မဲ့ကုမ္မဏီမရှိသေးဘူး ဆိုသည့်ဆင်ခြေတွေပေးမနေသင့်တော့ပါ။

ဒါပြီးမှ ဒါလုပ်မယ်ဆိုပြီး sequencing ကိုစဉ်းစားနေလို့ကတော့ မောင်တိုင်ပင်အကြောက်ဆုံးမှာ စတော့အိတ်ချိန်း ကြီးပီပီပြင်ပြင်ဖွင့်ပြီးခါ မှ listed companies သည်တစ်ခု နှစ်ခုသာရှိနေမည်ဆိုလျှင် တို့ရွှေတွေတော်တော်ညံ့ရာကျပေတော့မည်။ကမ္ဘောဒီးယားစတော့အိတ်ချိန်းသည် listed companies အလွန်နည်းပါးနေသည်ဟုသတင်းကြားသိနေရပါတယ်။

 ယခုအချိန်ကတည်းက family business companies တွေကို ဘယ်လိုpublic listed companies သို့ဘယ်လိုပြောင်းလဲမလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ? နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကကောမြန်မာ public listed companies တွေရဲ့ရှယ်ယာတွေကိုဝယ်ခွင့်ပြုမှာ လား ?Myanmar stock exchange တည်ထောင်တာနဲ့တပြိုင်နက်တည်းအခြား ဆက်စပ်လုပ်ငန်းတွေကိုတည်ထောင်ဖို့အတွက်ယခုအချိန်မှာ
 မြန်မာ၌ capacity မရှိပါ။ ရှိ လျှင်လည်းအလွန်နည်းပါတယ်။ တခြားမကြည့်ပါနဲ့ corporate law firms, audit firms တွေကိုကြည့်ပါ၊နိုင်ငံတကာအဆင့်မှီတာတွေဘယ်လောက်ရှိပါသလဲ ?

၂၀၁၅ ရောက်လျှင်မြန်မာ SME တွေဟာအာဆီယံနို်င်ငံက၀င်လာမဲ့ SME တွေနဲ့မယှဉ်နိုင်တော့ပဲပျောက်
ကွယ်သွားလိမ့်မယ်လို့ပြောနေကြပါတယ်။ တချို့နိုင်ငံခြား ကုမ္မဏီတွေကလည်းပြည်တွင်းမှာ local partnerတွေရှာပြီး joint venture လုပ်ဖို့ကိုစိုင်းပြင်းနေကြပါတယ်။ နိုင်ငံခြားကုမ္မဏီများဟာ ကုန်သွယ်မှုကိုခွင့်မပြုထားတော့ ပြည်တွင်းမှာပဲ local partners တွေရှာပြီး ထုတ်လုပ်ရရှိတဲ့ပစ္စည်းတွေကို ရောင်းချနိုင်ဖို့အတွက်ကြံဆ
ကြခြင်းဖြစ်ပါတယ်။ရင်းနှီးမြုပ်နှံမဲ့နိုင်ငံခြားကုမ္မဏီတွေကို တော့ကုန်သွယ်မှုလုပ်ငန်းခွင့်ပြု တယ်လို့သိရပါတယ်။

ဒါပေမဲ့ ဒီအချက်အလက်တွေအားလုံးဟာအခုအချိန်မှာပြင်ဖို့ လိုပြီလား ? ဒေသတွင်းနို်င်ငံတွေမှာ ဘာတွေလုပ်နေလဲ ? စတာတွေကိုတစေ့တစောင်းကြည့်ပြီးပြင်စရာရှိရင် (အရင်ကဘယ်လိုရှိရှိ)ပြင်ဖို့တော့ကောင်းနေပါပြီ။
ကုန်သွယ်မှုမူဝါဒ ကိုတခြား က့ဏ္ဍတွေ ပြုပြင်ပြောင်းလဲတဲ့ reform များအတိုင်းပြောင်းလဲကျင့်သုံးဖို့ လိုနေပါပြီ။ ကုန်သွယ်မှုမူဝါဒကောင်စီ လက်ထက်က မူဝါဒအတိုင်းမပြင်မဆင်ဆက်လက်ကျင့်သုံးနေလို့ကတော့ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်ဖို့ အများကြီးလုပ် ရအုံးမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာဒေသတွင်းရှိကုမ္ဗဏီများသာမက
နိုင်ငံတကာကုမ္ဗဏီကြီးများအပါအ၀င် IPO ဈေးကွက်များဖြစ်ပေါ်လာခဲ့ကြောင်းMorgan Stanley ကတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။ ၂၀၁၂ခုနှစ်အတွင်းကမ္ဘာအဆင့်မီကုမ္ဗဏီများဟာစင်ကာပူ၊
မလေးရှားအင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ IPO များရောင်းချပြီးအရင်းအနှီးများစုဆောင်းလျက်ရှိပါတယ် လို့သူဆက်လက်ပြောပြပါတယ်။ အဆိုပါဒေသတွင်းနိုင်ငံတွေမှာ ကုမ္ဗဏီအများအပြားဟာအများပိုင်
ကုမ္ဗဏီကြီးတွေအဖြစ်ပြောင်းလဲလုပ်ကိုင်နေကြာတာ အားရစရာကောင်းလှပါတယ်။

 မြန်မာမှာစတော့အိတ်ချိန်းက ၂၀၁၅ လောက်ပေါ်မယ်လို့မှန်းထားတော့ အမြင်ကျယ်တဲ့မြန်မာကုမ္ဗဏီတွေ
ဟာအရင်းအနှီးရလိုတဲ့အတွက်စင်ကာပူ SGX မှာမှတ်ပုံတင်နိုင်အောင် go public လာလုပ်နေကြပါပြီ။ အဲဒီထဲက Yoma Strategic Holdings ကတော့စင်ကာပူကလူတွေတော်တော်သိနေကြပြီးIPO ဟာ စင်ကာပူဒေါ်လာ ၀.၂၂ ကနေအခုဆိုရင် ၀.၃၂လောက်ထိတဖြည်းဖြည်းတက်လာတာကိုတွေ့ရပါတယ်။မြန်မာလုပ်ငန်းရှင်တွေ
အမြင်ကျယ်ကြစမ်းပါ၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီရှား၊သြစတေးလျစတဲ့နိုင်ငံတွေမှာသူတိုစည်းမျဉ်း
စည်းကမ်းများအရ IPO များရောင်းချပြီး go public လုပ်ကြစမ်းပါ။ မြန်မာမှာresources တွေအများကြီးရှိပါတယ်၊
resources တွေလို့ကြား လိုက်တာနဲ့သူတို့တစ်တွေမျက်လုံးပြူး၊နားစွင့်ခေါင်းထောင်လာမှာသေချာပါတယ်၊ လုပ်တတ်ဖို့ပဲလိုပါတယ်----


ခရိုနီလားတိုင်းရင်းသားလုပ်ငန်းရှင်လား


ဒီကနေ့အချိန်မှာယခင်ကစစ်တပ်ကဗိုလ်ချုပ်တွေနဲ့နီးစပ်ခဲ့ကြတဲ့ မြန်မာနို်င်ငံ ခရိုနီများ ကို အလွှာအသီးသီးမှာ
 ရှိတဲ့ မြန်မာပြည်သူများက အမြင် မကြည်လင်ကြပါဘူး။စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် ကခရိုနီ တွေကို
တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက်တစ်နည်းတစ်ဖုံအသုံးချသင့်တယ်လို့ ဆိုလိုက်တဲ့အခါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။မြန်မာခရိုနီတွေ သူတို့ကို ခရိုနီ လို့ခေါ် ခံကြရတာကိုမနှစ်သက်ကြပါဘူး
နိုင်ငံတော်ကတော့သူတို့ကိုတိုင်းရင်းသားလုပ်ငန်းရှင်ဆိုပြီးခေါ်ဝေါ်ပါတယ်။အမှန်တော့ နိုင်ငံတကာကူးသန်းရောင်း
ဝယ်ရေးမှာဝင်ဆန့်တဲ့တိုင်းရင်းသားစီးပွားရေးသမားတွေကိုမွေးထုတ်ချင်တာပါ။တကယ်လည်း သူတို့ဟာစွမ်းဆောင်
ရည်ရှိတဲ့အတွက်ဒီကနေ့ဒီနေရာကိုရောက်လာတယ်ဆိုတာဘယ်သူမှ မငြင်းနိုင်ပါ။တချို့သောခရိုနီတွေရဲ့အနေအထိုင်
မတတ်မှုလည်းပါ ပါ တယ်။ဒီခေတ်မှာ မီဒီယာ မျက်စေ့မှောက်အောင် မနေသင့်ဘူး၊သာမန်လူမဟုတ်တော့ဘူးဆိုတာ
မေ့လို့မရပါဘူး။သူတို့ဟာအခွင့်အရေးတစ်ခုရသော်လည်းအဲဒီအခွင့်အရေးထက်တူညီသောပေးဆပ်မှုတစ်ခုကိုပေးရ
ပါတယ်။အဲဒီပေးဆပ်မှုဟာအများအတွက်ဖြစ်ကောင်းဖြစ်မယ်၊တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အတွက်ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ အများအတွက်ဆိုရင်တော့ ခရိုနီတွေဟာလိပ်ပြာသန့်နိုင်ပေမဲ့ individual အတွက်ဆိုရင်တော့ ဒီ ခရိုနီ
ဟာဆယ်စုနှစ်ပေါင်းကြာလာတဲ့အခါသူကိုယ်တိုင်ကကို ဘာလုပ်ပေးရတယ်ဆိုတာဖေါ်ထုတ်လာမှာပဲဖြစ်တယ်။

 ”ခရိုနီ”ကိုအင်္ဂလိပ်အဘိဓါန်မှာအဓိပ္ဗါယ်ဖွင့်ဆိုထားတာက" the practice of unfairly giving the best jobs to your friends when you are in a position of power( cronyism) "လို့ဖြစ်ပါတယ်။စီးပွားရေး အင်္ဂလိပ်စာအသင့်အတင့်
သာကြွယ်ဝတဲ့မောင်တိုင်ပင်အဖို့ ဒီစကားလုံးကိုပထမဆုံးကြားဘူးတာက လွန်ခဲ့တဲ့ ၂ - ၃ နှစ်လောက်ကအမေရိကန် Harvard Kennedy School ကပညာရှင်တွေနဲ့ဆန်စပါးအကြောင်းဆွေးနွေးခဲ့စဉ် မြန်မာစီးပွားရေးအခြေအနေကိုသူ
တို့ကိုရှင်းလင်းပြောပြခဲ့တဲ့အခါမောင်တိုင်ပင် ကအစိုးရဆီကအခွင့်အရေးတွေရလေ့ရှိတဲ့စီးပွားရေးသမား  တွေကို tycoons လို့သုံးနှုန်းပြီးပြောခဲ့တာကိုသူတို့က cronies ဆိုပြီးပြင်ပေးခဲ့တာ ကနေ ခရိုနီ ဆိုတဲ့စကားရပ်ကိုအကျွမ်း
တ၀င်ရှိ လာခဲ့ ပါတယ်။

 crony capitalism ကိုကြည့် လိုက်ရင် နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ဒုတိယကမ္ဘာစစ်ပြီးစကဂျပန်မှာ keiretus ကိုင်ရီတပ်စ်ဆိုပြီးခရိုနီတွေပေါ်လာဘူးပါတယ်။ မောင်တိုင်ပင်အလုပ်လုပ်တုံးကဆန်စက်တွေတည်ဆောက်ဖို့ မြန်မာကဂျပန်ဆီကနေOECF loanများဆိုရှယ်လစ်ခေတ်ကယူခဲ့ဘူးပါတယ်၊(တစ်နေ့ကလျော်ပစ်လိုက်
တဲ့ကြွေးကအဲဒီတုံးကယူခဲ့တာတွေလည်းပါ လိမ့်မယ်ထင်တယ်) loan ယူခဲ့တော့အဲ့ဒီတုံးကကုန်သွယ်ရေးဝန်ကြီးအ
ပြောကောင်းတာနဲ့ grant ဆိုပြီးဆန်စပါးရိတ်သိမ်းချိန်လွန်နည်းပညာဌာန တစ်ခုကိုတည်ထောင်ဖို့ထောက်
ပံ့ငွေပါပေးခဲ့ပါတယ်။ဌာနတည်ဆောက်ဖို့ ဂျပန်OECF အေဂျင်စီကတာဝန်ရှိတဲ့ အတိုင်းဂျပန်ဆောက်
လုပ်ရေးလုပ်ငန်းရှင်တွေကိုlimited tender ခေါ်ယူပြီးရွေးခဲ့ပါတယ်။၎ - ၅ ဦးလားမသိဝင်ပြိုင်ကြပါတယ်။
တင်ဒါနောက်ဆုံးအဆင့်ရွေးချယ်ပွဲမှာမြန်မာသံရုံးကိုတောင်ဖိတ်ခဲ့သေးတယ်။အဲဒီမှာသူတို့ပေးချင်တဲ့ ခရိုနီ ကုမ္မဏီကိုပဲလျှို့ဝှက်တင်ဒါစနစ်နဲ့ရွေးချယ်ပေးခဲ့တာပါ ပဲ။ အခြားကုမ္ဗဏီတွေ ပါဝင်ခိုင်းတာအိမ်ဖြည့်တဲ့သဘောမျိုး လုပ်တာပါ။အဲဒီအချိန်ကဂျပန်ကစီးပွားရေးတောင့်တင်းနေတဲ့အချိန်ဆိုတော့ပြည်ပ ကိုပေးတဲ့ grant တွေ 
loans တွေအရ အခြေခံအဆောက်အဦတွေတည်ဆောက်ပေးတဲ့အခါ ဂျပန်ဆောက်လုပ်ရေးကုမ္မဏီများဖြစ်တဲ့ Kajima, Mitsui တို့ဟာဂျပန်အာဏာရပါတီတွေရဲ့ ခရိုနီတွေပဲဖြစ်ပါလိမ့်မယ်။

အလားတူပဲကိုးရီးယားမှာဆိုရင်ချေဘိုလ်(chaebol) တွေပေါ်ခဲ့တယ်။Dawoo,Samsung တို့ Hyundai တို့ဆိုတာ
 South Korean conglomerates  (ခရိုနီ)တွေပဲ။တာပေမဲ့ multinationals company တွေဖြစ်ကြပြီးစီးပွားရေး
အင်အားကတော်တော်ခိုင်မာပြီးအားကောင်းကြတယ်။ နိုင်ငံရေးမှာ လည်းတော်တော်သြဇာရှိတဲ့ ကုမ္ဗဏီတွေဖြစ်
တယ်။ အိန္ဒိယမှာလည်း TaTa မိသားစုကုမ္ဗဏီဟာလည်းနိုင်ငံစီးပွားရေးမှာ တော်တော်ကြီးတဲ့ကုမ္ဗဏီကြီးတစ်ခုဖြစ်
တယ်။ စင်ကာပူမှာ ဆိုရင်Temasek Holdings ဟာအစိုးရပိုင်တယ်လို့ဆိုပေမဲ့အများပြောနေကြတာကလီကွမ်ယူမိ
သားစုကပဲရှယ်ယာအများစုကိုချုပ်ကိုင်ထားကြပါတယ်။အဲတော့ခရိုနီကုမ္ဗဏီတွေဟာပုံစံအမျိုးမျိုးနဲ့တိုင်း
ပြည်တိုင်းမှာရှိ ကြပြီးသူတို့တွေရဲ့လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်တွေကြောင့်သာစီးပွားရေးမှာ ဦးဆောင်ခွင့်ရနေတာပါ။ မြန်မာခရိုနီ ကုမ္ဗဏီတွေဟာမိသားစုတွေများပြီးလုပ်ရည်ကိုင်ရည်မရှိတဲ့ တွေမျိုးတွေ
၊မနိုင်ရင်ကာတပ်ကလာတဲ့ဗိုလ်တွေ၊သူတို့သားသမီးတွေရှိနေပေမဲ့ အရေးပါတဲ့နေရာတွေမှာတော့မရှိဘူးထင်ပါတယ်။
ဒါကြောင့် ခရိုနီကုမ္ဗဏီတွေကို အများပိုင်ကုမ္ဗဏီပြောင်းပစ်ပါ။ go public လုပ်ပါ။မိမိကတော့ရှယ်ယာအများစုကိုင်
ထားပေါ့။ capacity မရှိတဲ့ကောင်တွေဖယ်ရှားပစ်ပါ။ဒီလိုနဲ့တည်ဆောက်ယူရင် ခရိုနီ တွေဟာတိုင်းရင်းသားလုပ်ငန်း
ရှင်အဖြစ်အသိအမှတ်ပြုလာလိမ့်မယ် လို့ယုံကြည်ပါတယ်။

တစ်ချိန်ကမြန်မာမှာအာဏာရလူတန်းစားနဲ့စီးပွားရေးလုပ်ငန်းရှင်များအကြားတစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုပျက်ပြားခဲ့ပါတယ်။ဒီလိုယုံကြည်မှုပျက်ပြားခဲ့တာဟာခရိုနီတွေလက်ချက်မကင်းဘူးလို့လူတွေက
ထင်ကြပါတယ်။၂၀၀၄ခုနှစ်မတိုင်မီလောက်ထိမြန်မာကုန်သွယ်မှုပို့ကုန်သွင်းကုန်လုပ်ငန်းကိစ္စတွေဟာအ
ဆင်ပြေပြေချောချောမွေ့မွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးသမားတွေထဲမှာရှိတဲ့စုန်းပြူးတွေဟာအာဏာပိုင်တွေ
ဆီကိုအမျိုးမျိုးသောသတင်းမှားတွေ ကိုရည်ရွယ်ချက် ရှိရှိနဲ့ ပို့ခဲ့ ကြတာကြောင့်ကုန်သွယ်မှုလုပ်ငန်းတွေ
 ဆောင်ရွက်တဲ့အခါမှာbarriersတွေတစ်ခုပြီးတစ်ခုပေါ်လာပြီး အများစုအနေနဲ့လုပ်ငန်းအဆင့်တိုင်းလိုလိုမှာ လုပ်ရကိုင်ရတာကြပ်ညှပ်ကုန် ပြီး transaction cost တွေတက်လာခဲ့ပါတယ်။ ဒီအထဲမှာအာဏာပိုင်
တွေနဲ့နီးစပ်တဲ့ ခရိုနီအုပ်စု တွေမပါ ပါဘူး။သူတို့ကတော့ special privileges တွေရကြတာကြောင့် ပုံမှန်လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ဖို့မလိုပါဘူး။အဲဒီခေတ်က၀န်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းရှင်
တွေတွေ့တဲ့အခါ”ခင်ဗျားတို့ပဲသွားသွားပြောကြတာမဟုတ်လား”လို့ပြန်ပြောတာတွေကြားရတော့
သူတို့ထဲမှာအထက်ကိုမျက်နှာလိုအားရသွားသွားတင်ပြသူတွေရှိနေပြီဆိုတာလုပ်ငန်းရှင်တွေသိလာကြရော။ ဒီလိုမဟုတ်တမ်းတရားတင်ပြချက်တွေကိုယုံကြည်ပြီးကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ ပုံမှန်မဟုတ်တဲ့ barriers တွေ ခဏခဏ ပေါ်လာခဲ့တာလို့အများကယုံကြည်နေကြပါတယ်။

တိုင်းပြည်ထဲမှာရှိတဲ့လူတိုင်းမသိနိုင်တဲ့လုပ်ငန်းတွေ၊ ဒီလုပ်ငန်းအကျိုးရှိနိုင်တယ်ဆိုတာ လူအချို့သိနေသော်လည်း အထက်ကိုမပေါက်မရောက်နိုင်တဲ့အတွက်ဒီတိုင်းကြည့်နေရတဲ့လုပ်ငန်းတွေ-ဒီလုပ်ငန်းတွေကိုခရိုနီတွေပဲတိတ်တိတ်
ဆိတ်ဆိတ်လုပ်ကိုင်ခွင့်ရကြပါတယ်။ဒီလိုလုပ်ကိုင်ခွင့်ရတဲ့အခါ ခရိုနီတွေ ဟာ Rule of Lawအတိုင်းမဆောင်ရွက်ကြပဲ
 သိသိသာသာ ကိုစည်းကမ်းဖေါက်ဖျက်လုပ်ကိုင်ခဲ့တာကြောင့် အများအမြင်မှာမျက်စိစပါးမွှေးစူးပြီးလူထူရဲ့အမြင်
ကတ်မှု ကိုခံခဲ့ ရတာဖြစ်ပါတယ်။  နေပြည်တော်ကြီးတည်ဆောက်ချိန်တုံးကဒီသာဓကတွေကိုတွေ့ကြရမှာပါ။
လုပ်ငန်းတော်တော်များများဟာသိသာမြင်သာထင်သာဖြစ်အောင်လုပ်ပြီးပြိုင်ဆိုင်လုပ်ကိုင်ခွင့်ရကြရတာမဟုတ်ပါဘူး။
ဒါပေမဲ့လည်းဒီလိုအဖြစ်အပျက်တွေဟာမဆန်းတော့ပါဘူး၊နို်င်ငံတကာမှာလည်းအစိုးရလုပ်ငန်းကြီးတော်တော်များများကိုအစိုးရယုံကြည်တဲ့သူတွေကိုပဲ limited tender ကန်သတ်တင်ဒါခေါ်ယူပြီး လုပ်ခိုင်းလေ့ရှိပါတယ်။

မျက်မျက်လေးစားရမဲ့ လုပ်ငန်းဆိုရင် လုပ်ငန်းရှင်တိုင်း ရကြတာမဟုတ်ပဲ အာဏာပိုင်တွေကခရိုနီဖြစ်လာမဲ့သူ
တွေကိုအရင်လုပ်ခဲ့ဘူးတဲ့လုပ်ငန်းအတွေအကြုံတွေပေါ်မှာအခြေခံကာလုပ်ငန်းတွေကိုကန်ထရိုက်ပေးခဲ့တာဖြစ်ပါ
တယ်။ကန်ထရိုက်ရကြတဲ့ခရိုနီတွေကပဲနေပြည်တော်မှာ national park မှာသူ့အပိုင်းနဲ့သူအလကားပြန်လုပ်ပေး
ရပါတယ်။ 

ဒါတောင်လုပ်ငန်းရှင်တစ်ဦးနေပြည်တော်လမ်းမကြီးတစ်ခုကိုကရော်ကမယ်ခင်းခဲ့တာကြောင့်ပြန်ရော်ရတဲ့အပြင်
နံမည်မပျက်အောင်မနည်းလုပ်ခဲ့ရတယ်။ဒီအဖြစ်အပျက်တွေဟာသိသိသာသာကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။အာဏာ
ပိုင်တွေဘက်ကတော့စွမ်းဆောင်ရည်ပြည့်ဝတဲ့ယုံကြည်စိတ်ချရတဲ့တိုင်းရင်သားလုပ်ငန်းရှင်(ခရိုနီ)တွေကိုမွေး
ထုတ်နိုင်ခဲ့ တယ်လို့ဆိုပါတယ်။ပြည်သူတွေဘက်ကကြည့်ရင်ခရိုနီဖြစ်ပေမဲ့အစိုးရဘက်ကကြည့်ရင်နိုင်ငံတကာ
မှာဝင်ဆန့်ပြီးလုပ်ငန်းစွမ်းဆောင်ရည်အပြည့်အ၀ရှိတဲ့တိုင်းရင်းသားလုပ်ငန်းရှင်တွေလို့မြင်ပါတယ်။(တိုင်းရင်းသား
လို့သာဆိုတာပါ၊သူတို့အထဲမှာတရုတ်အနွယ်တွေတစ်မတ်သားငါးမူးသားရှိသူတွေအများကြီးပါနေပါတယ်)

အခုခေတ်ကအဘအဘမလုပ်တတ်ရင်စီးပွားရှာရတာမလွယ်ပါဘူး။ အဲတော့ခရိုနီအသေးစားတွေ၊အလတ်
စားတွေ၊အကြီးစားတွေပေါ်လာပြီးစီးပွားရေးသမားတိုင်းအာဏာပိုင်တွေနဲ့နီးစပ်အောင်ပေါင်းသင်းနေထိုင်ကြ
ရတာပါ။သူတိုအထဲမှာ တောင်ပြောနေကြတာတွေရှိပါတယ်။ဝေးဝေးလည်းမနေနဲ့၊ နီးနီးလည်းမနေနဲ့၊
 ခေါ်ရင်ကြားလောက်တဲ့နေရာကနေပါတဲ့၊မခေါ်မပြောမထိမတွေ့လို့ကတော့မရတာကိုး။ဒါပေမဲ့အနေမှန်ပြီး
အောင်မြင်တဲ့စီးပွားရေးသမားအချို့လည်းရှိပါသေးတယ်။ဒါပေမဲသူတို့လည်းနဲနဲတော့လုပ်ရသေးတယ်လို့နီး
စပ်သူတွေကပြောပါတယ်။ဝင်လို့ကောင်းအောင်လုပ်ရတဲ့အခါအရင်တုံးကသီတင်ကျွတ်လောက်ပဲ“ဂါ”ကြ
တာပါ။အခုခေတ်တော့ခရစ်စမတ်၊နယူးရီးယား၊မြန်မာနှစ်သစ်ကူး၊တရုတ်နှစ်သစ်ကူး၊အကုန်လုံးထွေးပြီး
ဆိုင်ဆိုင်မဆိုင်ဆိုင်”ဂါ”ကြရပါတယ်။ မင်္ဂလာဆောင်တို့၊ happy birthdayတို့ကတော့အကောင်းဆုံး “ဂါ” နိုင်တာပေါ့ဗျာ့။





Wednesday, October 19, 2011

Pareto principle 80-20 rule theory

တနေ့သ၌မောင်တိုင်ပင်ဟာမတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်များနံနက်ပိုင်းစုဝေးရာ
Feel(Taste) ဆိုင်သိုရောက်သွားခဲ့ပါတယ်။ အခုတလော ရန်ကုန်မှာရေပန်းစားနေတဲ့ money changer
ရဲ့သတင်းအမျိုးမျိုးကိုရှုဒေါင့်အစုံကနေပြောဆိုငြင်းခုံ နေရင်းကနေကိုကျော်မျိုးထွန်း က Pareto principle
လို့ခေါ်တဲ့ 80-20 rule ကိုစတင်ဆွေးနွေးလာပါတယ်။ ဒီအကြောင်းရဲ့နောက်ခံအချက်အလက်ကိုပြောရရင်
Pareto ဆိုတဲ့ ပုဂ္ဂိုလ်ဟာအီတလီနိုင်ငံသားဖြစ်ပြီး တစ်ချိန်မှာ သူ့လေ့လာချက်အရ အီတလီနိုင်ငံရဲ့မြေ ၈၀%
ကိုအီတလီနိုင်ငံသား ၂၀%ကပိုင်ဆိုင်နေတာကိုတွေ့ရပါတယ်။
ဒါနဲ့ သူလည်းတခြားနိုင်ငံရဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါအံသြဖွယ်ရာကောင်းလောက်အောင်
တူညီနေတာကိုတွေ့ရပါတယ်။ ၁၉၉၂ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ UNDP report တစ်ခုမှာဖေါ်ပြခဲ့တာကတော့
ကမ္ဘာ့ အချမ်းသာဆုံး ၂၀%ဟာ ကမ္ဘာကြွယ်ဝချမ်းသာမှု စုစုပေါင်းရဲ့ ၈၀%ကိုပိုင်ဆိုင်ကြတယ်လို့ဖေါ်ပြ
ထားတာကိုတွေ့ရပါတယ်။အောက်ကဇယားကိုကြည့်ပါ။

Distribution of World GDP (1989)

Population Income

Richest 20% 82.70%
Second 20% 11.75%
Third 20% 2.30%
Fourth 20% 1.85%
Poorest 20% 1.40%

ဒါကြောင့်စီးပွားရေးလုပ်ငန်းကိုအကောင်အထည်ဖေါ်ဆောင်ရွက်တဲ့အခါအားလုံးကိုကြည့်စရာမလိုဘူး၊ အဓိကကျတဲ့ ၂၀%လောက်ဖေါ်ထုတ်ပြီးကျကျနနစီမံအုပ်ချုပ်သွားဖို့လိုတယ်လို့ ကိုကျော်မျိုးထွန်းက
ထောက်ပြခဲ့ပါတယ်။အတွေ့အကြုံနဲ့ theory ကိုပေါင်းစပ်ပြောဆိုဖို့အခွင့်အလန်းတစ်ခုဖြစ်တာကြောင့်
မောင်တိုင်ပင်လည်းအစိုးရအလုပ်ကိုလုပ်ခဲ့စဉ်က လုပ်ငန်းတစ်ခုခုအကောင်အထည်ဖေါ်ရတော့မယ်ဆို
ရင်ဝန်ထမ်းအားလုံးရဲ့ ၂၀%လောက်ကိုပဲအားကိုးလုပ်ကိုင်ရတာကြောင့် Pareto principle ဟာမှန်ကန်
တယ်လို့ထင်ကြောင်းပြောပြပါတယ်။

စီးပွားရေးအပိုင်းနဲ့ပြောရရင်-----------

- အမြတ်စုစုပေါင်းရဲ့ ၈၀% ဟာ ဖေါက်သည်စုစုပေါင်း ရဲ့ ၂၀% ဆီကလာတာဖြစ်ကြောင်း---
- ဒါအပြင် တောင်းဆိုချက်( complaint) စုစုပေါင်း ရဲ့ ၈၀% ဟာလည်း ဖေါက်သည် စုစုပေါင်းရဲ့
၂၀%ဆီကလာတာဖြစ်ကြောင်း-----
- မိမိအမြတ်စုစုပေါင်းရဲ့ ၈၀%ဟာမိမိစုစုပေါင်းအသုံးပြုခဲ့တဲ့ အချိန်စုစုပေါင်း ၂၀%ကြောင်ရ
လာတာဖြစ်ကြောင်း-----
- မိမိရောင်းရ ၀င်ငွေရဲ့ ၈၀%ဟာ မိမိထုတ်ကုန်စုစုပေါင်းရဲ့ ၂၀%ကလာတာဖြစ်ကြောင်း
- အဲဒီ ရောင်းရ၀င်ငွေရဲ ၈၀%ဟာ မိမိအရောင်းဝန်ထမ်းစုစုပေါင်းရဲ့ ၂၀%ရဲ့ကြိုးပမ်းအားထုတ်
မှုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် Pareto principle နဲ့ပတ်သက်ပြီး Wikipedia မှာ ဖေါ်ပြထားတာကတော့----
Many businesses have an easy access to dramatic improvements in profitability
by focusing on the most effective areas and eliminating, ignoring, automating,
delegating or re-training the rest as appropriate.

ဖြစ်ပါတယ်။ ဒီအချက်ကို လက်တွေ့စီးပွားရေးလုပ်နေတဲ့ Feel ပိုင်ရှင်ကအလေးအနက်ထောက်ခံခဲ့ပါတယ်။
သူ Feel ကိုဝန်ထမ်း ၂၀-၃၀လောက်နဲ့စခဲ့စဉ်က ၈၀-၁၀၀လောက်ဖြစ်လာရင်ငါဘယ်လိုလုပ်ရပါလိမ့်ဆိုပြီး
တွေးကြောက်နေခဲ့တယ်။ 80-20 rule လိုသဘောမျိုးဆောင်ရွက်နိုင်ခဲ့တာကြောင့် ၀န်ထမ်း ၁၀၀၀
လောက်ဖြစ်လာတဲ့ အချိန်မှာ မကြောက်တော့ဘူးတဲ့။ အခုသူအောင်မြင်နေတဲ့ ၁၁၅ မိုင်Feel Express
ကိုအစပထမပိုင်းမှာ သိပ်ဂရုမစိုက်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ လူလွှတ်တာတောင်ပထမတန်းစားကိုမလွှတ်
ခဲ့ကြောင်း၊ အခု Feel Express ကအောင်မြင်လာတဲ့အခါကြတော့မှ ပဲ 80-20 rule ကိုလက်တွေ့အသုံးချ
ရတော့မယ်ဆိုတာသိလာရကြောင်း share လုပ်ပါတယ်။အဲတော့ efficient ဖြစ်တဲ့ခေါင်းဆောင်ကိုလွှတ်
တယ်၊ ဆိုင် decoration ဟာလည်းသူရဲ့ တခြား Feel ဆိုင်တွေလိုမဟုတ်ဘူး၊ ၂၄ နာရီ လူကျလွန်းတာ
ကြောင့်နည်းနည်းညစ်ပတ်တာမြန်ကြောင်း၊ဒါကြောင့် interior decorator စေလွှတ်ပြီးပြင်းခိုင်းနေရကြောင်း
ပြောပြခဲ့ပါတယ်။

ဒီလို Feel ပိုင်ရှင်ရဲ့ ဆောင်ရွက်ခဲ့တာကိုကြည့်ရင် 80-20 rule theory ကိုအခြေခံသလိုဖြစ်နေခဲ့ပါတယ်။
မောင်တိုင်ပင်တို့အစိုးရ ရဲ့ ဗြူရိုကရက် အပိုင်းမှာ လည်း ဒီ theory ဟာမှန်လိမ့်မယ်လို့ထင်ပါတယ်။ နိုင်ငံ
တော်ဖွံဖြိုးတိုးတက်ဖို့အတွက် ၂၀%သောဘယ်အပိုင်းတွေကအရေးပါသလဲဆိုတာဖေါ်ထုတ်နိုင်ဖို့လိုပါ
တယ်။ Pareto principle 80-20 rule ကိုအစဖေါ်ထုတ်ခဲ့တဲ့ ကိုကျော်မျိုးထွန်းကိုကျေးဇူးတင်ပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်နေတဲ့မိတ်ဆွေအပေါင်းလည်း efficient အဖြစ်ဆုံးဖြစ်တဲ့ ၂၀% ကိုဖေါ်ထုတ်နိုင်
ပြီးအာရုံစူးစိုက်ဆောင်ရွက်မယ်ဆိုရင်အကျိုးအမြတ်များရရှိလာနိုင်မယ်ဆိုတာယုံကြည်မိပါတယ်။

Sunday, October 9, 2011

NANIWAလိုကုမ္ဗဏီမျိုးကိုသတိထားကြပါ

လွန်ခဲ့သောနှစ် ၂၀ လောက်က မော်တော်ကားကိုလွတ်လပ်စွာတင်သွင်းခွင့်ပြုထားပါတယ်။သင်္ဘောသား
တွေ၊နိုင်ငံခြားပညာတော်သင်သွားတဲ့သူတွေ၊နိုင်ငံတော်ခွင့်ပြုချက်နဲ့နိုင်ငံခြားမှာ အလုပ်သွားလုပ်သွား
လုပ်သူတွေဟာစလွန်းကားတွေ၊ပစ်ကပ်ကားတွေတင်သွင်းခွင့်ရခဲ့ကြပါတယ်။ စလွန်းကားကသွင်းကုန်ခွန်
၃၀၀%မို့လို့သိပ်မသွင်းကြပါဘူး။ ပစ်ကပ်ကားက ၅၀%ဆိုတော့ပစ်ကပ်ကားတွေအမြောက်အများသွင်း
ခဲ့ကြပြီး နံမည်ကျော်တိုယိုတာဟိုင်းလတ်ကားဟာအဲဒီအချိန်ကခေတ်အစားဆုံးပါပဲ။

အဲဒီအချိန်က used cars တင်သွင်းပေးတဲ့ဂျပန်ကုမ္ဗဏီတွေအမျာအပြားပေါ်ပေါက်လာပါတယ်။ ရန်ကုန်မှာ
ရုံးခွဲတွေဖွင့်ခဲ့ပါတယ်။ ရန်ကုန်ကတောင်ရုံးခွဲကိုသွားပြီး ကားမှာ လို့ ရပါတယ်။ ဈေးကွက်စီးပွားရေးစတင်
ကျင့်သုံးတဲ့ကာလဖြစ်တာမို့မြန်မာတွေထဲကကားတင်သွင်းခွင့် ကိုကျွမ်းကျွမ်းကျင်ကျင်လုပ် နိုင်တဲ့သူရှား
တယ်။အဲဒီအချိန်မှာ NANIWA ဆိုတဲ့ကားကုမ္ဗဏီတစ်ခုရှိပါတယ်။ အစပထမပိုင်းမှာသူရဲ့ performance
ကတော်တော်ကောင်းသလိုဈေးလည်းတော်တော်သက်သာပါတယ်။ မော်တော်ယဉ်ပေါင်းတော်တော်များ
များတင်သွင်းပေးပြီးအဲဒီ ကုမ္ဗဏီဟာဒေ၀ါလီခံသွားပါတယ်။ နိုင်ငွတကာကုန်သွယ်မှုကိုမကျွမ်းကျင်သေးတဲ့
အချိန်ဆိုတော့ကားမှာ ထားတဲ့မြန်မာအများစုဟာ ဘာလုပ်လို့ဘာလုပ်ရမှန်းကို မသိကြတော့ဘူး။ သင်္ဘော
သားတွေ၊ပညာတော်သင်သွားတဲ့သူတွေနိုင်ငံခြားမှာ ခြစ်ခြစ်ခြုပ်ခြုပ်စုဆောင်းလာတာတွေကုန်ပါရောပဲ။

ဘာဖြစ်လို့ဒေ၀ါလီခံသွားတယ်ဆိုတာဘယ်သူမှမသိပါ၊ သူကို လုပ်နိုင်တာကတော့ blacklist လုပ်နိုင်တာ
ပဲရှိမယ်။ မြန်မာပါသလားလည်းမသိ၊ နောက်ကုမ္ဗဏီတစ်ခုမှတ်ပုံတင် လိုက်ရင်အလွယ်လေး။ အဲဒါ
တွေကြောင့်မြန်မာ မှာ barrier တွေတစ်ခုပြီးတစ်ခုပေါ်လာတာပေါ့။ တစ်နေ့က ရန်ကုန်မှာ ၀န်ကြီးတစ်ဦး
ကကုမ္ဗဏီမှတ်ပုံတင်တာနဲ့ပတ်သက်ပြီးကုန်သည်တစ်ဦးရဲ့ အမေးကိုဖြေသွားတယ်။ barrier တွေဘာ
ကြောင့်ထားရသလဲဆိုတာ၊ကုမ္ဗဏီအသစ်တစ်ခု register လာလျှောက်ရင် ရဲစခန်းစစ်ခိုင်းရတယ်ဆိုတာ
အကြောင်းရှိတယ်။ ကုမ္ဗဏီအသစ်ဖွင့်ပြီးရင် သွင်းကုန်တွေတစ်လပြီးတစ်လသွင်းတယ်၊တစ်ခါတစ်လေ
ဒေါ်လာသိန်းချီပြီးသွင်းတယ်။ ၆လ ၇လလောက်လည်းကြာရောအဲဒီကုမ္ဗဏီမရှိတော့ဘူး၊ လိပ်စာမှာကို
မရှိတော့တာ၊ ၀င်ငွေခွန်မပေးချင် လိုရှောင်တိမ်းတာလေ။ စင်ကာပူမှာကုမ္ဗဏီဖွင့်ချင်ရင်နာရီပိုင်းပဲ၊
အွန်လိုင်းကနေလျှောက်ယုံပဲ။ဒါကိုလည်းသိပါတယ်။ လွှတ်တော်မှာမေးခွန်းမေးဘူးတယ်။
မဟုတ်တာလုပ်တဲ့ကုမ္ဗဏီတွေကို အရေးယူလို့မရဘူးလားတဲ့။ ၀န်ကြီးကဖြေသွားပါတယ်။
သူကိုလူကြီးတစ်ဦးကပြောဘူးပါတယ်တဲ့၊ တို့ဆီမှာပြည်သူတွေကုမ္ဗဏီတွေထောင်လာပြီး
စနစ်တကျလုပ်ကိုင်လာချင်အောင်ဆွဲဆောင်ရတာကုမ္ဗဏီပေါင်းမှ ၅၀၀၀ - ၁၀၀၀၀ ဖြစ်
လာအောင်မနည်းကိုစည်းရုံးနေရတယ်။မဟုတ်တာလုပ်တဲ့ကုမ္ဗဏီကိုအရေးယူရင်ဘယ်ကုမ္ဗဏီမှ
လွတ်မှာ မဟုတ်ဘူး။ဒါကြောင့်ညှာညှာတာတာလေးလုပ်နေရတယ်လို့ အရင်အပတ်ကပြောသွားခဲ့ပါတယ်။
ဆိုလိုချင်တာကကုမ္ဗဏီတွေဖက်မှာ business enthic ရှိဖို့လိုတယ်ဆိုတာပြောချင်တာပါ။

အခုလည်းလာပါပြီ၊ ကားတင်သွင်းခွင့်အကျိုးဆောင်ပေးတဲ့ ၀န်ဆောင်မှုကုမ္ဗဏီတွေတစ်ဖွဲဖွဲပေါ်လာနေပါပြီ။
အရင်အခြေအနေမျိုးမဟုတ်တော့ပါ၊ရျပန်မှာ မြန်မာတွေရောက်နေပါပြီ၊ကောင်းတဲ့လူတွေရှိသလိုအခွင့်
အရေးပေါ်ကနေအမြတ်ထုတ်ချင်တာလည်းပါမယ်ထင်တယ်။

NANIWA လိုကုမ္ဗဏီမျိုးမပါလာဘူး လို့မပြောနိုင်ဘူး။သက်ဆိုင်ရာတွေကဘာတွေလုပ်ပေးကြမလဲ၊
လုပ်ပေးခဲ့ပေမဲ့ ပေးကားပေး၏ မရ ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်။

Saturday, October 1, 2011

တရုတ်မြန်မာစီးပွားရေးအဆက်အဆံ

မြစ်ဆုံရေကာတာစီမံကိန်းကိုမြန်မာအစိုးရကကိုယ့်ငွေနဲ့ကိုယ်စိုက်ထုတ်ကျခံပြီးကချင်ပြည်နယ်နဲ့အခြားဒေသတွေအတွက်တည်ဆောက်မယ်ဆိုရင်ဒါလောက်ဆန့်ကျင်မှုတွေရှိချင်မှရှိနိုင်မယ်။တရုတ်ငွေနဲ့ဆောက်ပြီးတရုတ်ကိုလျှပ်စစ်ဓါတ်အားပံ့ပိုးရောင်းချပေးရမဲ့စီမံချက်ဖြစ်တာကြောင့်ဆန့်ကျင်မှုတွေဟာ
တတိုင်းတပြည်လုံးကထွက်ပေါ်လာတာဖြစ်တယ်လို့ယူဆမိပါတယ်ဘာကြောင့်လဲဆိုတော့အခုချိန်မှာမြန်မာတော်တော်များများရဲ့စိတ်ထဲမှာတရုတ်ကိုချဉ်နေတဲ့မသိစိတ်တွေကိန်းအောင်းနေတာအမှန်ပါ။အထူးသဖြင့်မန္တလေးကမန္တလေးသားတွေမှာဒီမသိစိတ်ကတော်တော်များများရှိနေမယ်လို့ထင်ပါတယ်။မြန်မာမှာနှစ်ပေါင်းများစွာနေပြီးမြန်မာတပိုင်းဖြစ်နေတဲ့တရုတ်တွေအပေါ်မှာဒါလောက်အာဃာတမရှိပေမဲ့မြန်မာစကားမပြောတတ်တဲ့မန္တလေးကတရုတ်တွေ
ကိုတော့မန္တလေးသူမန္တလေးသားတွေကတော့မျက်စေ့ထဲမှာကြည့်မရတော့တာတော်တော်ကြာပါပြီ။

မြစ်ဆုံရေကာတာစီမံကိန်းကိုခေတ္တ၅နှစ်တာကာလရပ်ဆိုင်းလိုက်ပေမဲ့ တရုတ်ရဲ့ ရထားလမ်းစီမံကိန်း၊ကျောက်ဖြူ
ရေနံဓါတ်ငွေ့ပိုက် လိုင်းစီမံကိန်းတွေဟာအချိန်မရွေးပေါက်ကွဲလာနိုင်တဲ့မီးပွားတွေပဲဖြစ်ပါတယ်။တရုတ်ခေါင်းဆောင်
ပိုင်းရဲ့စိတ်ထဲမှာ မြန်တင့်ဟာတရုတ်ပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာမသိမသာခံယူထားကြပါတယ်။မြန်မာရှေး
ဘုရင်လက်ထက်ထဲက မြန်မာကိုမကြာခဏကျူးကျော်လေ့ရှိတာကြောင့်တရုတ်ဆိုတဲ့မြန်မာစကားအဓိပ္ဗါယ်ဟာ
ကျူးကျော်သူဖြစ်တယ်ဆိုတာဖေါ်ပြထားပါတယ်။တရုတ်ဟာစူပါပါဝါဖြစ်လာတာနဲ့အမျှအမေရိကန်ကိုခွာရာတိုင်းလာ
ပါတယ်။ဒါပေမဲ့တရုတ်ဟာအမေရိကန်ကိုဘယ်ဖက်ကပဲယှဉ်ယှဉ် မယှဉ်နိုင်သေးပါဘူး။ တရုတ်ပစ္စည်းတွေကိုဈေးချို
ချိုနဲ့ထုတ်လုပ်ပြီးဈေးပေါပေါနဲ့ကမ္ဘာကိုဖြန့်ချီတင်ပို့နေတာကြောင့်တရုတ်ပစ္စည်းတင်သွင်းမှုကိုနိုင်ငံတိုင်းလိုလို
ကပဲကန့်သတ်မှုတွေလုပ်ခဲ့ပါတယ်။ တရုတ်ကလည်းသူ့ပစ္စည်းတွေဈေးချိုချိုနဲ့ပို့နိုင်အောင်သူ့ယွမ်ငွေတန်ဖိုးကို
ခပ်ပျော့ပျော့ ဖြစ်အောင်လုပ်ထားပါတယ်။

အမေရိကန်အပါအ၀င်အနောက်နိုင်ငံတွေကဒါကိုပဲထောက်ပြပြောဆိုခဲ့ကြပြီးနည်းမျိုးစုံနဲ့
လှန့်ခဲ့ကြပါတယ်။ တရုတ်ကလည်းသူ့အကြံနဲ့သူပါပဲ။ မြန်မာကတော့ US sanction, EU sanction
တွေကြောင့်စီးပွားရေးထင်သလောက်မလုပ်နိုင်ခဲ့တဲ့ အပြင်ခရိုနီစီးပွားရေးလက်ဝါးကြီးအုပ်မှုတွေကြောင့်  တစ်ဦးချင်း
ရဲ့wealthဟာတစ်ဖက်စောင်းနင်းဖြစ်ခဲ့ပြီးဆင်းရဲမွဲတေသူများပြားလာခဲ့ပါတယ်။လူလတ်တန်းစားဆိုတာတဖြည်း
ဖြည်းပျောက်ကွယ်လျော့နည်းခဲ့ပြီးဝန်ထမ်းလောကမှာကောပုဂ္ဂလိကအပိုင်းမှာပါလာဘ်စားမှုတွေအမြစ်တွယ်လာခဲ့
ပါတယ်။မြန်မာ့စီးပွားရေးဟာတဖြည်းဖြည်းနဲ့တရုတ်ကိုမှီခိုအားထားလာခဲ့ရပြီးပေါချောင်ကောင်းပစ္စည်းတွေအတွက်
ဒေါ်လာတွေကိုသုံးခဲ့ရပါတယ်။တရုတ်က တခါးမရှိဓါးမရှိ ၀င်လာတဲ့စားစရာတွေကြောင့်ပြည်တွင်းစားစရာထုတ်
လုပ်မှုလုပ်ငန်းတွေထိခိုက်ခဲ့ရပါတယ်။ အထူးသဖြင့်စားစရာတွေဟာ expiry date လွန်ခါနီးတွေဝင်လာတော့မြန်မာ
ဟာတရုတ်ပစ္စည်းတွေရဲ့ dumping အဖြစ်တစ်စတစ်စနဲ့ရောက်လာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်လျှပ်စစ်
ပစ္စည်းတွေဆို operating instruction ကအစတရုတ်လိုပဲရေးထားတာ။ မြန်မာအတွက်သီးခြားထုတ်လုပ်တာမဟုတ်
ပဲသူတို့ဆီမှာ model out ရင် မြန်မာဖက်ကိုရောက်လာတော့တာပါ။ဈေးပေါတော့လည်းမြန်မာစာသုံးသူတွေကမညီး
မညူသုံးနေကြရတယ်။ပစ္စည်းချင်းတူရင်ယိုးဒယားပစ္စည်းကမှအရည်အသွေးပိုကောင်းတော့ဈေးမျာချင်များပါစေ
ယိုဒယားပစ္စည်းကိုပဲစားသုံးသူတွေကသုံးချင်ကြတယ်။

တရုတ်ကမြန်မာနဲ့ကီလိုမီတာထောင်ပေါင်းများစွာဆက်စပ်နေတာကြောင့်သူနဲ့စီးပွားရေးအဆက်အဆံမလုပ်ဖို့ဆိုတာ
တော်တော်ခက်ခဲတဲ့အလုပ်ပါ။အစိုးရအနေနဲ့တရုတ်ကိုချစ်ရင်လည်းပေါင်းရမှာပဲ၊မုန်းရင်လည်းပေါင်းရမှာပါ။လောလော
ဆယ်တော့အာဏာချိန်ခွင်ရှာညှိဖို့ အမေရိကန်နဲ့အီးယူနိုင်ငံတွေရဲ့မျက်နှာသာပေးမှုပြန်ရရှိရေးကိုကြိုးပမ်းနေကြတာ
အထင်အရှားပါ။ဒီလိုအခြေအနေမျိုးမှာ မြန်မာနဲ့တရုတ်စီးပွားရေးအဆက်အဆံကိုဘယ်လိုလုပ်သင့်တယ်ဆိုတဲ့
projection ကိုသက်ဆိုင်ရာဝန်ကြီးဌာနများကလေ့လာပြီးနှစ်တိုနှစ်ရှည်စီမံကိန်းများရေးဆွဲသုံးသပ်တင်ပြသင့်နေပါ
ပြီ။တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်ထွက်ပေါက်ဟာ ( ၄)ခုရှိနေပေမဲ့မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ
အရေးပါဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ မြန်မာကလည်း၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဖွင့်လှစ်ပြီးမြန်မာဖက်
မှာဈေးကွက်ဖြစ်ပေါ်လာအောင်လုပ်ခဲ့ပါတယ်။ယခုအထိတရုတ်ကလည်းသူဖက်ကြယ်ခေါင်၊ရွှေလီမှာဈေးကွက်ဖြစ်
အောင်အကွက်ချဆောင်ရွက်နေပါတယ်။ မြန်မာဖက်ကတော့တရုတ်မြန်မာစီးပွားရေးပေါ်လစီ ကိုသတ်သတ်မှတ်
မှတ်ချဟန်မတူပါ။ အာဆီယံတရုတ်နန်နင်းဆိုလည်းဝင်ပါလိုက်တယ်။ နန်နင်းမှာမြန်မာကုန်သွယ်ရေးရုံးတစ်ရုံး
တည်ထောင်ဖွင့်လှစ်ထားတယ်။ပုဂ္ဂလိကနဲ့အစိုးရကြားသူလုပ်မလိုကိုယ်လုပ်မလိုနဲ့ လစ်ဟာနေပါတယ်။ကွမ်ရှီး
ပြည်နယ်ဟာတရုတ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးပေးထားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။နှစ်အနည်းငယ်အတွင်းလျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ ရပါတယ်။ယူနန်ပြည်နယ်ကတော့မြန်မာနဲ့အိမ်နီးချင်းပြည်နယ်ဖြစ်ပါတယ်။
တရုတ်ပြည်ထဲမှာမဖွံဖြိုးမတိုးတက်သေးသောပြည်နယ်အဖြစ်သတ်မှတ်ထားပါတယ်။အစပထမပိုင်းမှာတရုတ်ကမြန်မာ
ကိုယူနန်ပြည်နယ်အဆင့်လောက်နဲ့တန်းတူထားဆက်ဆံချင်ကြတယ်။မြန်မာဝန်ကြီးဌာနတစ်ခုခုကိုဘီကျင်းက၀န်ကြီးဌာနကတန်းတူမဆက်ဆံချင်ကြဘူး။ယူနန်ပြည်နယ်က၀န်ကြီးဌာနတစ်ခုကတိုက်ရိုက်ဆက်ဆံလာတာမျိုးရှိခဲ့ဘူးတယ်။မြန်မာဘုရင်လက်ထက်ကဘုရင်အနေနဲ့ဂရိတ်ဗြိတိန်ဘုရင်မကြီးနဲ့တိုက်ဆက်ဆံခဲ့ချင်ပေမဲ့အရှေအိန္ဒိယဘုရင်ခံနဲ့သာဆက်ခံခဲ့ရတဲ့အဖြစ်မျိုးလိုပါပဲ။နောက်ပိုင်းကြမှမြန်မာအစိုးရကတင်းခံနေလို့အစိုးရသဘောထားကိုသိလာပြီးနောက်ပိုင်းဆက်ဆံရေးအဆင်ချောလာခဲ့တယ်။ မြန်မာကလည်းမရဘူး၊တန်းတူဖြစ်တဲ့မြို့တော်ဝန်ကိုဘိတ်ခိုင်းတာတို့ကြိုခိုင်းတာတို့ကို protocol အရ လုပ်တော့မှမြန်မာသဘောထားကိုသိလာခဲ့ကြတယ်။ဒီအကြောင်းတွေကမြန်မာနဲ့တရုတ်စီးပွားရေးဆိုင်
ရာ projection တွေ ရေးဆွဲတဲ့အခါ စဉ်းစားနိုင်အောင် လို့ဖြစ်ပါတယ်။

တရုတ်တွေကမြန်မာမှာ ဒေါ်လာ၎-၅ သန်းတန်အသေးစားရင်းနှီးမြုပ်နှံမှုတွေ မလုပ်ချင်ကြဘူး။အကြီးစားတွေပဲသူတို့လုပ်ချင်ကြတယ်။အသေးစားကိုသူတို့ဖက်မှာပဲရင်းနှီးမြုပ်နှံမယ်။ လိုအပ်တဲ့ကုန်ကြမ်းကမြန်မာကနေဈေးပေါပေါနဲ့ရနိုင်တယ်။ ဈေးကြီးနေရင်နည်းနည်း မူ ပြလိုက်ရင် မြန်
မာကုန်သည်တွေသူတို့ခွင်ထဲရောက်သွားရော။ ဖရဲသီး၊သရက်သီးဆိုရင်မျှော်မှန်းသလောက် အကျိုးအမြတ်မရဘူး။
ဒါကြောင့်သရက်သီးဆိုရင် oversea နဲ့တင်ဖို့ လိုင်းပြောင်းကြရတယ်။ ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ထဲမှာ မြန်မာကုန်
ပစ္စည်းတွေ ဈေးကွက်ဖြစ်ပေါ်ရေးကိုမြန်မာတွေဖက်ကအမျိုးမျိုးကြိုးစားကြတယ်။ ဒါပေမဲ့မြန်မာကုန်သည်တွေကအရင်း
အနှီးထုတ်နိုင်မှုအင်အားနည်းတော့တရုတ်တွေရဲ့ဝယ်လက်ဖြစ်ရင်ဖြစ်သွားမယ်။ဈေးတင်းခံနေတော့မြေပြန့်ကိုပြန်မ
သယ်ချင်တော့ပေးတဲ့ဈေးနဲ့ချရောင်းသွားကြရတယ်။ logan သီးတွေကိုကြည့်လေ၊ မြန်မာကနေထွက်သွားပြီး မြန်မာ ကိုပဲ preserved သီးနှံ (snack) တွေအဖြစ်ပြန်ရောက်လာကော။ ပြောင်းတွေလည်းအများအပြားရောက် လာရင်
အစိုဓါတ်များတယ်၊အာဖလာတော့ဆင်များတယ်ဆိုပြီးဈေးဖမ်းနှိမ်တာပဲ။

ဒီအချက်တွေကအောက်ချေမှာဖြစ်ပျက်နေတာတွေပါ။ တရုတ်ဖက်ကနယ်စပ်ကုန်သွယ်ရေးကိုအပြည်ပြည်ဆိုင်ရာ
ကုန်သွယ်မှုတစ်ခုလို့မသတ်မှတ်ချင်ဘူး။နယ်စပ်နေ နှစ်နိုင်ငံကပြည်သူတွေကုန်သွယ်ကြတာလို့မှတ်ယူထားတယ်။
မြန်မာကနယ်စပ်ကုန်သွယ်ရေးဟာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလို့မှတ်ယူထားတယ်။ ဒီ လိုအခြေခံအမြင်ချင်း
မတူညီတာကြောင့် ကနဦးနယ်စပ်နယ်စပ်ကုန်သွယ်ရေးကိုချောချောမွေ့မွေ့ ဖြစ်အောင်အကောင်အထည်ဖေါ်ဆောင်
ရွက်တဲ့အခါတော်တော်ပြောဆိုခဲ့ရပါတယ်။ဟခုအခါမှာတော့ မြန်မာအစိုးရသဘောထား ကိုသိလာရပြီဖြစ်တဲ့အတွက်
တရုတ်နဲ့ကုန်သွယ်မှုမှာအဆင်ပြေစပြုလာပါပြီ။ဈေးကွက်အသာစီးရရေးမှာ တော့တရုတ်နဲ့ယှဉ်ပြိုင်ကြိုးစားကြတဲ့အခါ
မြန်မာကနောက်တန်းမှာပဲရောက်နေရတာကိုတော့ဝန်ခံရမှာဖြစ်ပါတယ်။စိတော့ကုန်သွယ်ရေးမဟာဗျူယာချမှတ်တဲ့အခါမှာစဉ်းစားရမဲ့အချက်တော်တော်များများရှိနေပါတယ်။ ဥပမာရွှေဆိုရင်မြန်မာပြည်မှာထွက်တယ်။ဘယ်လောက်ထွက်
သလဲတော့စာရင်းဇယားအတိအကျမသိရဘူး။ကမ္ဘာရွှေဈေးကမြင့်ပြီး ပြည်တွင်းရွှေဈေးနိမ့်နေတဲ့အခါ မြန်မာရွှေတွေ
တရုတ်နယ်စပ်ရောက်လာပါတယ်။ရွှေက ကုန်ကျစ်ဆိုတော့သယ်ရပြုရတာလွယ်တယ်။ နယ်စပ်ရွှေလီမှာမြန်မာရွှေ ကိုရောင်းပြီး ရတဲ့ဒေါ်လာကိုအဝေးလွှဲနဲ့ ရန်ကုန်ကိုပြန်ပို့တော့ရန်ကုန်မှာ ဒေါ်လာဈေးကရွှေလီက မြန်မာရွှေဝယ်တဲ့
တရုတ်တွေလက်ထဲမှာပဲရှိတယ်။ ရန်ကုန်ဒေါ်လာဈေးကွက်ကရွှေလီကနေသတင်းအချက်အလက်မရပဲမဖွင့် ရဲကြဘူး။
ရန်ကုန်သားကုန်သည်တွေကဒေါ်လာဈေးကွက်ကိုသူတို့ exporters တွေကလက်ထဲမှာ မရှိ လိုအောင့်သက်သက်ဖြစ်
နေကြတာပေါ့။

တရုတ်ကနယ်စပ်ကုန်သွယ်ရေးကို normal trade မလုပ်ချင်ဘူး။ Letter of credit, Telegraphic Transfer နဲ့ငွေ
ကြေး transaction လုပ်ဖို့တော်တော်ကိုပြောနေရတယ်။ အမေရိကန် sanction ကြောင့်လည်းတကြောင်းပါတာပေါ့၊
အရေးရယ်အကြောင်းရယ်ဆိုရင် တရုတ်လည်းငွေကြေးနဲ့ပတ်သက်လာရင် မြန်မာကို မကူညီပါဘူး။ စင်ကာပူကမှ တင်းတင်းကြပ်ကြပ်နဲ့ မြန်မာကို ကူညီသေးတယ်။ အမေရိကန်ဖိအားပေးတော့ဒေါ်လာကို ဖြုတ်ပစ်တယ်လေ။ ယူရို
နဲ့တော့ လုပ်နိုင်သေးတယ်။မြန်မာကုန်သည်တွေလောကမှာ ၂ ရင်းရင်းရတယ်ဆိုတဲ့ဖြစ်စဉ်ပေါ်ပေါက်လာပြီးကုန်သွယ်
မှုအရင်းအနှီး ကို အကန့်အသတ် ဖြစ်စေတာပါ။ ဒီကြားထဲမှာကုန်သည်တွေဖက်ကမသမာမှုတွေလုပ်တယ်ဆိုပြီးပို့ကုန်
သွင်းကုန်လိုစင်လျှောက်ရင် barrier တွေပြုလုပ်ခဲ့တယ်။ ဒီအချက်တွေကြောင့် transaction cost တွေများလာပြီးလုပ်ရကိုင်ရတဲ့အခါမှာတွက်ချေမကိုက်တောဘူး။နယ်စပ်ကုန်သွယ်ရေးကိုလုပ်နေတဲ့ကုမ္ဗဏီတွေ
ကexport လုပ်ချင်တဲ့သူုတွေဆီကကော်မရှင်ယူပြီးသူတို့နံမည်ခံ export ပေးတယ်။ ပဲတီစိမ်း export လုပ်ချင်
တဲ့သူက ပဲတီစိမ်း တန် ၅၀၀ ကို တရုတ်ဆီ export လုပ်ချင်ရင် အမည်ခံကုမ္ဗဏီ နဲ့ညှိနိုင်းပါတယ်။ အမည်ခံကုမ္ဗဏီ
ကလိုင်စင်လျှောက်ပေးတယ်။အမည်ခံကုမ္ဗဏီနဲ့လက်ဝါးရိုက်ထားတဲ့ တရုတ်ကုမ္ဗဏီက မြန်မာအမည်ခံကုမ္ဗဏီ ထံ
ဒေါ်လာ ကို TT နဲ့ထည့်ပေးလိုက်တယ်။ အမှန်ကတော့ အမည်ခံကုမ္ဗဏီ ရဲ့ငွေတွေပါပဲ။ အဲတော့ တစ်ရင်းရင်းလိုက်ရ
ပြီ၊ နောက်တစ်ရင်းကတော့ပြည်တွင်းမှာ ပဲတီစိမ်းဝယ်ရတဲ့ အရင်းပေါ့။အစစ်အဆေးခံတာတို့ဘာတို့လုပ်ပြီး လိုင်စင်ကျ
လာရင်ပို့လို့ရပြီ။ လိုင်စင်လျှောက်တဲ့အခါ ပစ္စည်းဖိုးငွေ TT အရင်ဝင်ရပါတယ်။ နိုင်ငံခြားဝယ်လက် ဖြစ်တဲ့ဘယ်တစ်
စိမ်းကုမ္ဗဏီ ကမှ TT ကြိုပို့ ဖို့ဆိုတာ ဖြစ်နိုင်ချေအနည်းဆုံးဆိုတာ နိုင်ငံတကာကုန်သွယ်ရေးလုပ်နေသူတိုင်း
သိပါတယ်။ အမည်ခံ ကုမ္ဗဏီကနေ တဆင့်ခံ လုပ်ရရင် ၂ ရင်းမရင်းရတော့ ဒီလုပ်နည်းစနစ်ကိုတော်တော်ကြိုက်ကြ
တယ်။တစ်ဖက်နိုင်ငံတရုတ်နဲ့အဆက်အသွယ်ရှိသူတွေဘယ်လောက်အလုပ်ဖြစ်လဲကြည့်ပါ။ အစိုးရ ဘက်ကစဉ်းစား
လုပ်ဆောင်ကြတဲ့အခါမှာလည်းဘာတွေစဉ်းစားကြသလဲ၊ ကိုယ့်ကုန်သည်ကို ကိုယ်သတ်နေတာတွေလည်းဖြစ်သွား
နိုင်ပါတယ်။ ဒီမြေပြင်အခြေအနေတွေသိပေမဲ့ဘာလုပ်ရမှန်းမသိလို့လားတော့မသိဘူး။ ကုန်သည်တွေကတော့ငါးပွက်
ရာငါးစာချနေတာနဲ့ပဲ စီးပွားရေးကိုဆောင်ရွက်နေရပါတယ်။