Showing posts with label ကုန်သွယ်မှု. Show all posts
Showing posts with label ကုန်သွယ်မှု. Show all posts
Monday, November 26, 2018
ကုန်သွယ်ရေးနှင်သတင်းအချက်အလက်
စီးပွားရေး၊ကုန်သွယ်ရေး၊ငွေရေးကြေးရေး လုပ်ငန်းတွေဆောင်ရွက်တဲ့အခါ သတင်းအချက်အလက်တွေအခြေခံပြီးတွက်ချက်လုပ်ဆောင်ကြရပါတယ်။ CNA, CNN,Bloomberg, CNBC စတဲ့တီဗီ ချယ်နယ်လ်တွေမှာလည်း စီးပွားရေး၊ငွေကြေး၊စတော့ရှယ်ယာ စတဲ့သတင်းတွေအမြဲတန်းလွှင့်ပေးနေပါတယ်။မောင်တိုင်ပင်အစိုးရအလုပ်လုပ်ကိုင်ခဲ့စဉ်ကစီးပွားရေးသတင်းအချက်အလက်တည်ဆောက်တဲ့လုပ်ငန်းစဉ်မှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။ commerce journal ပုံနိုပ်ခဲ့ပါတယ်။ လက်ဆင့်ကမ်းပေးခဲ့မှုအရ ကောမာစ်ဂျာနယ် ဟာယနေ့ထိထုတ်ဝေဆဲရှင်သန်နေဆဲပါပဲ။publication ၁၀၀၀၀ ကျော်လောက်အပတ်စဉ်ပုံနိုပ်ထုတ်ဝေနိုင်ဖို့ မနည်းလုပ်ကိုင်ခဲ့ရပါတယ်။
စီးပွားရေး ကိုထောက်မနေတဲ့ pillars တွေအထဲမှာ သတင်းအချက်အလက် pillar ဟာအတော်အရေးပါပါတယ်။ သို့ သော်ဒီအပိုင်းကိုသက်သက်လုပ်တဲ့ သတင်းဌာနတွေမရှိသေးပါဘူး။ဟိုးအရင်စစ်အစိုးရလက်ထက်ကဆိုရင် လယ်ယာထွက်ကုန်ဈေးနှုန်းသတင်းအချက်အလက်တွေ ရေဒီယို တီဗီမှာပါဖို့ ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းလို့တောင်မရခဲ့ပါဘူး။ အဲတော့စိုက်ပျိုးရေးဝန်ကြီးဌာနကလယ်ယာစီးပွားသတင်းစဉ်ကိုအပတ်စဉ်ထုတ်ရပါတယ်။မြန်မာပြည်တွင်းမှာရှိတဲ့လယ်သမားအားလုံးလက်ထဲရောက်အောင်မဖြန့် ချီနိုင်ခဲ့ပါဘူး။ ကောမာစ်ဂျာနယ်ထုတ်ခဲ့တာလည်းကုန်သည်လုပ်ငန်းရှင်တွေသတင်းအချက်အလက်များရရှိရေးကိုရည်ရွယ်ခဲ့ပါတယ်။ဒါလည်းဖြန်ချီရေးမှာအခက်တွေ့ ခဲ့ပြီး UMFCCI ညီနောင်အသင်းအဖွဲ့ တွေအတွင်းမှာတဆင့် ဖြန့်ချီနိုင်အောင်လုပ်ခဲ့ရပါတယ်။ ဆိုလိုချင်တာကတော့ ကုန်သည်လုပ်ငန်းရှင်များဟာပြည်တွင်းပြည်ပကရရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာအခြေခံတွက်ချက်လုပ်ကိုင်တာအလွန်နည်းပြီး အာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ ဝင်ဆန့် ဖို့ ကိုသာအလေးထားပြီးprivilege ရရှိနိုင်ရေး ကိုသာအလေးထားဆောင်ရွက်ရင်းကြီးပွားလာကြတာကြောင့် level playing field မှာကစားတတ်ဖို့ အတွက်တောင်မလုပ်တတ်ကြတော့တဲ့အခြေအနေမှာရှိနေလျက်ပါပဲ။
စီးပွားရေးသတင်းအချက်အလက်သက်သက်ကိုပဲရေးသားထုတ်ဝေနေတဲ့ဂျာနယ်ဟာရပ်တည်နိုင်ဖို့အတွက်အတော်ကြိုးစားကြရပါတယ်။ ကောမာစ်ဂျာနယ်ထုတ်ဝေနေဆဲမှာပဲနောက်ထပ်ဂျာနယ်တစ်
စောင်ထုတ်ဝေပြီးစီးပွားရေးသတင်းအချက်အလက်ကျယ်ကျယ်ြပန့် ပြန့် ထုတ်ဝေနိုင်ဖို့အတွက်နောက်ထပ် The Business Today ဂျာနယ်ကိုထုတ်ဝေခဲ့ပါတယ်။အချက်အလက်ရှာဖွေရေးသားခြင်းနှင့်
ပတ်သက်ပြီးကောမာစ်ဂျာနယ်မှာအတွေ့ အကြုံရပြီးဖြစ်လို Business Today ထုတ်ဝေတဲ့အခါ အခက်အခဲတော့မရှိလှပါဘူး။ ဒါပေမဲ့ ကိုယ်ရောက်ချင်တဲ့လူတန်းစားဆီရောက်ရှိရေးအတွက်ဆက်
သွယ်ဆောင်ရွက်တဲ့အခါအခက်အခဲအများကြီးကြုံတွေ့ ရပါတယ်။ လက်ပွေ့ သမားတွေဆို - စောင်လောက်တောင်မယူချင်ကြပါဘူး။ Business Today လည်း နှစ်ကျော်လောက်အရှုံးနဲ့ ထုတ်ဝေ
ခဲ့ပြီး ထိုင်းနိုင်ငံ UT media နဲ့ တွေဆုံခဲ့ပြီး Myanmar Business Today ဆိုပြီး မြန်မာအင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။ management ကအစ ထိုင်းUT media ကပဲတာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ သူတို့လည်း နှစ်လောက်အရှုံးနဲ့ ပဲထုတ်ဝေနေခဲ့ရာမှ ၂၀၁၅ ကစပြီးအမြတ်ပေါ်ခဲ့ပါတယ်။ဒီဂျာနယ်ကတော့ ထိုင်း၊လာအို၊ရန်ကုန်မှာ ထုတ်ဝေတာဖြစ်ပြီး business သက်သက်ပဲရေးသားထုတ်ဝေတာဖြစ်ပါတယ်။ နိုင်ငံခြားသားများအကြားမှာရေပန်းစားလာပြီး business journal တစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
စီးပွားရေးဆောင်ရွက်တဲ့အခါ သတင်းအချက်အလက်ကအရေးပါတယ်ဆိုသော်လည်း တီဗီ ရေဒီယို ဂျာနယ်များမှာ  business နဲ့ ပတ်သက်ပြီးပါဝင်မှုကအကန့် အသတ်နဲ့ ပဲရှိနေပါသေးတယ်။ business လုပ်ငန်းသက်သက် ကိုပဲသတင်းလိုက်ရေးတဲ့ သတင်းထောက်တောင်မရှိသလောက်ပါပဲ။အခြားလူကြိုက်များတဲ့သတင်းတွေနဲ့ တွဲမလုပ်ရင်ထမင်းငတ်သွားနိုင်တယ်လေ။ အမှန်တော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးရေးစရာတွေအများကြီးရှိပါတယ်။ မောင်တိုင်ပင် ကြီးကြပ်ထုတ်ဝေခဲ့ဘူးတဲ့ ကောမာစ်ဂျာနယ်လည်းအရည်အသွေးကျမသွားသေးပါဘူး။ သတင်းအချက်အလက်တွေပါရှိနေဆဲပါ။
စီးပွားရေးသမားဂျော့ဆိုရောစ်ဆိုရင်သတင်းအချက်အလက်တွေကိုစုဆောင်းသုံးသပ်ပြီး သူဘာလုပ်မယ်ဆိုတာကိုဆုံးဖြတ်ပြီးလုပ်တာဖြစ် လို့ သူဝင်လာပြီဆိုရင် တစ်စုံတစ်ယောက်သူ၊တစ်စုံတစ်ခုသော
အပိုင်းမှာတော့ထိခိုက်သွားနိုင်ပါတယ်။သူ့ နောက်မှာ သူမွေးထားတဲ့ Think tank တွေဘယ်လောက်တောင်ရှိမလဲမသိနိုင်ဘူး။ ရန်ကုန်မြို SME Development Center မှာတောင်သူ့ ရုံးရှိနေပါတယ်။
ပွားကူးသန်း မှာဖွဲ့ စည်းပုံပြောင်းပြီဆိုတော့ စါးသုံးသူရေးရာဌာန ကဘာတွေဆောင်ရွက်နေလဲဆိုတာမသဲကွဲဘူး။ဈေးကွက်သတင်းအချက်အလက်က အဲဒီဌာနအောက်မှာပဲရှိတာလား? ဆိုလိုချင်တာကတော့ဖွဲ့ စည်းပုံပြောင်းလိုက်တာနဲ့အမျှ vision လည်းလိုက်ပြောင်းရမှာပဲ။ အခုကုန်သည်တွေပြောနေကြတယ်။စီးပွားရေးက dull ဖြစ်နေတယ်။သွက်သွက်လက်လက်ရှိလာစေချင်တယ်။ ကဲ-- ဒါဆိုရင် ဘာလုပ်မလဲ? လိုင်စင် on line ပေးတယ်ဆိုတာ မောင်တိုင်ပင်တို့ လက်ထက်ကတည်းကလုပ်နေတာ အခုမှ ထွင်လုပ်နေတာမဟုတ်ဘူး။ export declaration ED import declaration ID နဲ ပဲသွားမလား? documentation process ကိုဘယ်လိုမြန်အောင်ဘယ်လိုစနစ်တည်ဆောက်မလဲ? Custom, port ဌာနတွေနဲ့ ဘယ်လို coordination လုပ်မလဲ ? အရင်သမ္မတ လက်ထက်မှာတော့ ဝန်ကြီးဌာနတွေ coordination မရှိဆုံးပဲ။ အခုလည်းဒီ လူတွေ mind set တွေ မပြောင်းသရွေ  coordination မရှိဆုံးပဲဖြစ်နေအုံးမှာ။ NLD manifesto မှာပါတဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့အချက်က အကြမ်းဖျင်းပဲ။ အဲဒါကိုအခြေခံပြီးဗျူဟာတွေ tactics တွေဖေါ်ထုတ်မယ်။ မူဝါဒတွေရေးဆွဲမယ်။ ကိုယ်နဲ့ ဆိုင်တဲ့ commodity ကိုသေချာသုံးသပ်မယ်။ 
သကြားတွေ re-export ပြုလုပ်ခွင့်ပြုတယ်။ တစ်ဦးချင်းအကျိုးအမြတ်ကတော့သေချာပေါက်ရှိမယ်။သို့ သော်နိုင်ငံအတွက်အကျိုးအမြတ်ရှိလား။ ဒီ commodity ကိုဦးစားပေးလုပ်နေတာနဲ့ တခြားကုန်သွယ်မှုတွေထိခိုက်မှုရှိသလား? ဒါတွေသုံးသပ်ချက်ရှိသလား? Export တိုးချင်တယ်ဆိုရင် resources တွေပဲပို့ မှာလား? value adding products တွေပို့မှာလား? နယ်စပ်ကုန်သွယ်မှုကိုပဲအားပြုမှာလား? oversea normal ကုန်သွယ်မှုကိုအားပြုမှာလား? ဆိပ်ကမ်းတွေကော developed လုပ်မှာလား? တရုတ်နယ်စပ်က ပစ္စည်းမျိုးစုံ  ဘာတွေဝင်လာသလဲ? Data base တည်ဆောက်ထားသလား? အလားတူ ထိုင်းနယ်စပ်ကကော တူတူပဲလား ? သတင်းအချက်အလက်တွေရှိ ဖို့ လိုတယ်။
ချင်တာက စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ချင်တယ် ဆိုရင် သတင်းအချက်အလက် ကိုလစ်လျှူရှုထားလို မရဘူး။တယ်လီဖုန်းအင်တာနက်ခေတ်ကြီးမှာ သတင်းအချက်အလက်ထိန်ချန် လို့ မရတော့ပါဘူး။
သတင်းအချက်တွေထုတ်ပေးနေဖို ကျွမ်းကျင်တဲ့ သူတွေကလည်းသုံးသပ်ပြနေ ဖို့ အရေးပါလာနေပါပြီ---
တရုတ်မြန်မာကုန်သွယ်ရေး
တရုတ်နှင့်ကုန်သွယ်ရာတွင်အထူးသဖြင့်နယ်စပ်ကုန်သွယ်ရေးတွင်သူတို့၏ concept သည် နှစ်နိုင်ငံနယ်စပ်နေပြည်သူအချင်းချင်းကုန်သွယ်ကြခြင်းဖြစ်၍ နိုင်ငံတကာကုန်သွယ်မှု incoterm  များမလိုဟုဇောင်းပေးဆွေးနွေးကြပါတယ်-- မြန်မာကုန်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများကလည်းနယ်စပ်ကုန်သွယ်ရေးကို အီးယူဥရောပနိုင်ငံများအချင်းချင်းကုန်သွယ်မှုပြုလုပ်ကြသလိုနှစ် နိုင်ငံကုန်သွယ်မှု ကို အပြည်ပြည်ဆိုင်ရာငွေပေးငွေယူရှင်းတမ်းများဖြင့်ဆောင်ရွက်လိုကြောင်းဆွေးနွေးခဲ့သော်လည်းအချိန်အတော်ကြာလက်မခံခဲ့သဖြင့် နှစ် နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို တရုတ်ကအသာစီးရယူခဲ့သည့်အနေအထားတွင်ရှိနေဆဲဖြစ်ပါတယ်--နောက်ဆုံးမြန်မာဖက်က ၁၀၅မိုင်ကုန်သွယ်ရေးဇုန် ကိုတည်ဆောက်၍မြန်မာဖက်၌ကုန်သွယ်မှုလုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သောကြောင့် ရှင်သန်နေခြင်းဖြစ်ပါတယ်--
သို့သော်ယခုအချိန်၌ ရေနံဓါတ်ငွေ့ပိုက်လိုင်းကဲ့သို့ တရုတ်၏အကျိုးစီးပွားများမြန်မာနိုင်တွင်ရှိနေသည့်ပြင်ကျောက်ဖြူရေနက်ဆိပ်ကမ်းကလည်းတရုတ်၏မဟာဗျူဟာအတွက်အရေးပါလျှက်ရှိနေသောကြောင့်ကုန်သွယ်မှုကိစ္စရပ်များဆွေးနွေးရာတွင်ယခင်ဆယ်စုနှစ်ကျော်ကရှိနေသောအခြေအနေထက်မြန်မာဘက်ကအားသာမှုရှိ နိုင်ပါတယ်--
စီးပွားရေးလေ့လာသူတွေ researchers တွေပြောလေ့ရှိကြတာကတော့မြန်မာနိုင်ငံသည်အင်အာုးကီးနှစ်နိုင်ငံအကြားတည်ရှိနေသောကြောင့်ကုန်သွယ်မှု အခွင့်အလန်းများရှိနေတယ်လို့ပြောလေ့ရှိုကပါတယ်--နိုင်ငံကြီးများ၏ဗိုလ်ကျစိုးမိုးမှုလည်းရှိနိုင်သည်ကိုလည်းတစ်ဖက်ကသတိထားရပါမယ်--မြန်မာသည်ရာစုနှစ်အတွင်းစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာသည့် တရုတ်နှင့်ကုန်သွယ်မှုဆက်ဆံရာတွင်တရုတ်အစိုးရပိုင်းမှအစဉ်အမြဲအသာစီးရယူလိုမှု -- တရုတ်စီးပွားရေးသမားများသည်မြန်မာကဲ့သို့အင်အားချီနဲ့သည့် ကုန်သွယ်ဖက်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရာ၌အားနည်းမှု--နိုင်ငံတကာ business ethic ကိုအလေးမထားမှု--win-win situation အစားတစ်ဖက်သပ်ကုန်သွယ်မှုအသာစီးများရလိုမှု--များကြောင့်မြန်မာကုန်သည်လုပ်ငန်းရှင်များသည်ကြိုတင်ပြင်ဆင်မှုများလုပ်ထားရန်လိုပါတယ်--
စီးပွားကူးသန်းကဲ့သို့ အစိုးရအဖွဲ့အစည်းများအနေဖြင့်လည်း OBOR One belt one road ကိုသီးခြား  desk တစ်ခုဖွင့်ထားပြီးအစဉ်မပြတ် think tank အဖွဲ့များနှင့်လေ့လာနေကာ စီးပွားကူးသန်းဌာန၏ mouth piece ဖြစ်သော Commerce Journal ကတဆင့် data information အချက်အလက်များကိုသက်ဆိုင်ရာလုပ်ငန်းရှင်များသို့ဖြန့်ဝေပေးနိုင်ရန်ယခုကတည်းကဆောင်ရွက်ထားသင့်ကြောင်းအကြံပြုပါတယ်--
Sunday, June 4, 2017
ဈေးကွက်သဘော
စလုံးမှာ ဘာပစ္စည်းပဲဖြစ်ဖြစ် ခိုးပြီးသွားရောင်းလို့ရတဲ့ သူခိုးလက်ခံဆိုင်မရှိအောင် လုပ်ထားတော့ ပစ္စည်းတွေအပျောက်အရှနည်းတယ် --စလုံးမှာအနေကြာပြီး maintenance ကိုင် တဲ့ မြန်မာအင်ဂျင်နီယာတစ်ယောက်ကပြောဘူးတယ် -- မြောင်းဖုံးသံကျွတ်တွေများ ခိုးချင်စရာ--လူသူုပြတ်တဲ့နေရာမှာတောင် မပျောက်မရှဘူး--ဆိုင်ဖွင့်မရအောင်လုပ်ထားတဲ့စနစ် က ရှိနေတော့ ခိုးရောင်းတာတွေမရှိသလောက်ပဲ-
တယ်လီဖုန်း I pad used ပြန်ဝယ်တဲ့ ဆိုင်တွေရှိတယ်-- သွားရောင်းရင် IC မှတ်ပုံတင်ပြရတယ်-- မပြနိုင်ရင်ဘယ်သူမှမဝယ်ရဲဘူး--cash converter လိုပစ္စည်း အဟောင်းဝယ်ရောင်းတဲ့ဆိုင်တွေရှိတယ် -တရားဝင်ဖွင့်ထားတာ--အပေါင်ဆိုင်သဘောမျိုး ပဲ--ကင်မရာတို့ဘာတို့ ပြန်ရောင်းချင်ရင်ဈေးအရမ်းနှိမ်တယ် --ပစ္စည်းအသစ်တွေလည်းဈေးပေါပေါ နဲ့ရောင်းတယ်--model တို့ date တို့ အောက်တဲ့ ပစ္စည်းတွေ lot လိုက် လက်ကားဝယ်ပြီးပြန်ရောင်းတော့ ဈေးသက်သာတယ်-- Daiso လိုဘာယူယူ ၂ ဒေါ်လာဆိုင်မှာလည်းအိမ်သုံးပစ္စည်းလေးရောင်းတော့ စလုံးကသာမန်လူတန်းစားအများစုကလာဝယ်ကြတယ်( ရန်ကုန်မှာလည်း Daiso ဖွင့်ထားပါတယ်) ဘာပစ္စည်းဖြစ်ဖြစ် စလုံးတွေ အလုအယက်ဝယ်နေပြီဆိုရင် တကယ်လျှော့ဈေးနဲ့ ရောင်းလို့ပဲ--သူတို့အချင်းချင်းဘယ်ပစ္စည်းဘယ်ဈေးနဲ့ ဘယ်တုံးကဝယ်လို့ ရတယ်ဆိုတာအချင်းချင်း အသိပေးလေ့ရှိတယ်-- ဒါကြောင့်ထင်တယ်-- စလုံးက နံမည် ကြီး branded ဆိုင်တွေက တခါတရံ ၁ ရက်ထဲပဲ လျှော့ဈေးနဲ့ ရောင်းတယ်-- နောက်နေ့ အပြေးအလွှားသွားကြည့် အရင်ဈေး ပြန်ဖြစ်သွားရော--branded ဆိုင်ကြီးတွေက လျှော့ဈေးနဲ့ ရောင်းခဲတယ်-- သူတို့ marketing strategy ကရောင်းလိုက်တဲ့ပစ္စည်း ဟာအစစ်အမှန်ဖြစ်ကြောင်း authentication ပေးတာပါပဲ-- တချိန် မွဲသွားလို့ pawn shop မှာသွားပေါင်ရင် authentication ရှိရင် ငွေပိုရတာပေါ့--
မောင်တိုင်ပင်နေတဲ့ ကလင်မင်တီ က အပေါင်ဆိုင် မှာအပေါင်ဆုံးပစ္စည်းတွေက ရွှေ ငွေ စိန်ထည်လက်ဝတ် လက်စားတွေသာမက အမျိုးသမီး ကိုင် LV အိတ် Chanel အိတ် တွေကို showcase ပြထားပါတယ် -- ဈေးကလည်းမသေးဘူး-- နှစ်တစ်နှစ်ကုန်ခါနီးရင် ဥပမာ နှစ်စပိုင်းမှာ model အောက်တော့မဲ့ ပစ္စည်းတွေကိုဈေးလျော့ရောင်းပါတယ်--shopping spree လို့ပြောလို့ရတဲ့ ကာလက စင်ကာပူမှာ ဇွန် လ တစ်လလုံးဖြစ်ပါတယ် GSS Great Singapore Sales ပေါ့-- တချို့  မြန်မာက ဘောစိတွေကအဲဒီအချိန်နဲ့ ကိုက်ပြီး စင်ကာပူ ကိုဈေးလာဝယ်ကြတယ်-- အောချတ်လမ်းတစ်လျှောက်လူအစည် ကားဆုံးအချိန်ပေါ့--လူသဘောကိုနားလယ်ကြတဲ့ သူတွေက ဈေးကွက် ကိုဖန်တီးကြတယ်-market promotion တို့ ဆိုတာထုတ်လုပ်လာတဲ့ ပစ္စည်းတစ်ခုကို ပေါက်အောင်ရောင်းနိုင်တာပဲ-- အမေရိကန်က ကုမ္ပဏီတွေဆိုရင် တစ်နှစ်မှာ ပစ္စည်း အသစ် တစ်ခုခု တော့ ထုတ် လုပ်ကြတာပဲ--မထုတ်နိုင်ရင် ကုမ္ပဏီက ကြာကြာမခံ တော့ဘူး--ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာလူကြိုက်များအောင် ဘာထည့်မလဲ ဒါဟာ marketing strategy ပဲ-- တက္ကသိုလ်တွေမှာ marketing နဲ့ပတ်သက်တဲ့ module ကိုလူအများစိတ်ဝင်စားကြတယ်-- ဆိုင်အသစ်အသစ် တွေပေါ်လာတယ်-- နောက်ပျောက်သွားတယ်-- မိမိ brand တစ်ခု အရှည်သဖြင့် ရပ်တည်နေအောင် လုပ်ရတာမလွယ်ပါဘူး-- advertising agency တွေကလည်း ပစ္စည်းတစ်ခု ဘယ်လိုပေါက်အောင်ကြော်ငြာ ရမလဲဆိုတာ ခေါင်းအစားဆုံး ပဲ- ပေါက်သွားတဲ့ ကြော်ငြာတွေ မှတ်မိကြမှာပါ-- ဈေးကွက်တစ်ခုရဲ့ အခြေခံသဘောတရားမှာ advertising လည်းပါတယ် -- တခါမှာ ထုတ်လုပ်သူတစ်ယောက်က သူ့ ပစ္စည်း ကိုလူတွေသိနေပါပြီ-- ကြော်ငြာဖို့ သိပ်မလိုတော့ ဘူးထင်တယ်ဆိုပြီး ကြော်ငာ ပိုင်းကို လျှော့ လိုက်တာ ဈေးကွက် ဝေစု အတော်ဆုံးရှုံးသွားလို့ မနည်းပြန်တင်ရတာ အရင်ထက်တောင်ပိုမိုကုန် ကျသွားသေးတယ်--ဈေးကွက်သဘော ဆိုတာ ဒီလိုမျိုး--
UNIQLO ဆိုရင် လူလတ်တန်းစားတွေဝတ် နိုင်တဲ့အဝတ်အထည်တွေရောင်းတယ် -- တစ်ရက်တစ်ရက်ကို ယောက်ျား မိန်းမ အဝတ်အထည်တစ်ခုခု ကို limited sales ဆိုပြီးဈေးနည်းနည်းလျော့ရောင်းတယ်--လူငယ်ကြိုက်တွေများတယ်-- ချုပ်ပြီးအထည်တွေဈေးကွက်ကနိုင်ငံတိုင်းမှာရှိတယ် -- ချုပ်စက်တွေကဖြုတ်ရတပ်ရလွယ်တော့ အခြေအနေပေးရင်ပေးသလို ဖွံဖြိုးဆဲ နိုင်ငံတွေမှာပြောင်းပြောင်းပြီးရင်းနှီးမြုပ် နှံကြတယ်--ဒီဇိုင်း၊ ချုပ်ခ၊ အချိန်မီပြီးစီးမှု၊ export import operation လုပ်ရတာလွယ်ကူမှု တွေပေါ်မူတည်ပြီး branded ကုမ္ပဏီတွေဟာ ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှု တွေလုပ်ကြရပါတယ် -- ဒီလို labour intensive industry တွေဟာအရင်စစ်အာဏာရှင်လက်ထက်ကခက်ခက်ခဲခဲ နဲ့ ရုန်းကန်ခဲ့ရပြီး US sanction ကြောင့်အပြင်မိမိဖါသာ ပိတ်တဲ့sanction တွေကြောင့် လုပ်ငန်းလုပ်ကိုင်ရတာအတော်ကိုခက်ခဲသွားတဲ့အခြေအနေမျိုး ကြုံ တွေ့ခဲ့ရပါတယ်-မိမိလုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိတဲ့အခြေအနေမျိုး ဖန်တီးမပေးဘူး--ခိုးလိမ့်မယ်--ဝှက်လိမ့်မယ် -- အမြင်တွေနဲ့ barrier တွေ တိုးပြီးရင်းတိုးလာလိုက်တာ နောက်ပိုင်း ပြည်တွင်း က impose လုပ်တဲ့ sanction ကပိုဆိုးတယ်ဆိုပြီးပြောစမှတ်ဖြစ်ခဲ့တာပါ--ကုန်သွယ်ရေး မှာ operation ကို လွယ်ကူအောင်လုပ်ပေးတာဆိုရင် တပ်ပိုင်တဲ့ စီးပွားရေးအင်အားစုတွေ နဲ့ သူတို့ အခေါ် တိုင်းရင်းသား လုပ်ငန်းရှင် ( ပြည်သူကတော့ ခရိုနီ) တွေအတွက်ပဲ-- ခွဲခြားဆက်ဆံမှုတွေ ကျင့်သုံးခဲ့ပါတယ်--အခုချိန်မှာတော့ labour intensive industry တွေပဲတွင်တွင်ကျယ်ကျယ်လုပ် ရမဲ့ အချိန်ဖြစ်ပေမဲ့မြန်မာအလုပ်သမားတွေရဲ့ capacity တွေ skill တွေဟာ သူများနိုင်ငံတွေ ကအလုပ်သမားတွေနဲ့ ယှဉ် လိုက်ရင်အတော်ကျိုးစားရမဲ့အနေအထားပါ-- ဒီလိုင်းတွင်မဟုတ်ပါဘူး-- လိုင်းပေါင်းစုံမှာ skilled labour ဆိုရင် တကယ်ကျွမ်းကျင်တဲ့သူတွေများများထွက်လာအောင်လုပ်ဖို့ လိုနေပါတယ်--
ကဲ-- ဈေးကွက်တွေရဲ့ သဘောတရားတွေကိုပြောရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ကုန်သွယ်မှုဘက်ရောက်ကုန်ပါပြီ -- စဆရက လုပ်တာတော့ မဟုတ်ပါဘူး-- သင်္ကြန်တွင်း မှာ နားနားနေနေ နေရင်း ငါ့တိုင်းပြည် ငါကြိုက်တဲ့ အစိုးရ တစ်ရပ်တင်လိုက်တာ ဘာလို့ တိုင်းပြည် စီးပွားရေး က overall မှာ အဆင်မပြေဖြစ်ရတာလဲ ကိုတွေးမိလို့ ပါ--ပစ္စည်းတွေကို ဈေးရအောင် စားသုံးသူတွေအလုအယက်ဝယ်အောင် လုပ်ရတာ ဟာ marketing ပဲ--demand and supply မှာdemand မရှိရင်ဘာမှလုပ်လို့ မရနိုင်ပါ--demand တွေ တက် လာအောင် လုပ်ရမဲ့ အလုပ်ကsupply ဘက်မှာသူ့အပိုင်းနဲ့သူရှိနေတော့ အားလုံးကိုလုပ်နိုင်မှအောင်မြင်နိုင်မှာဖြစ်ပါတယ်--ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ကော်ဖီ၊လက်ဘက်၊စတဲ့ထုတ်ကုန်တွေကို value adding လုပ်ပြီးဘယ်လိုရောင်းကြမလဲ စတဲ့ အလုပ်တွေဟာစိတ်ဝင်စားစရာလည်းကောင်းပါတယ် -- စိန်ခေါ်မှု လည်းဖြစ်ပါတယ်--